ဟဲဟိုးၿမိဳ႕၌ မိခင္ျဖစ္သူ၀မ္းဗုိက္အား ဓားျဖင့္ထုိးသတ္ကာ ပုဆုိးအား မီးရိႈ႕သျဖင့္ သားအမိႏွစ္ဦး ေသဆုံး



 ကေလာၿမိဳ႕နယ္၊ ဟဲဟိုးၿမိဳ႕၌ ေနအိမ္(၂)လုံးမီးေလာင္မႈျဖစ္ပြား

ေတာင္ႀကီး မတ္ ၁၈

ရွမ္းျပည္နယ္၊ ေတာင္ႀကီးခရုိင္၊ ကေလာၿမိဳ႕နယ္၊ ဟဲဟုိးၿမိဳ႕၊ ဟဲဟုိးေက်းရြာ အုပ္စု၊ လယ္ေခါင္းေက်းရြာတြင္ မတ္လ ၁၈ ရက္ နံနက္ ၁၀ နာရီ ၃၁ မိနစ္ ခန႔္က မီးေလာင္မႈျဖစ္ပြားေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ လယ္ေခါင္းေက်းရြာေန ေဒၚနန္းအုံ (ဘ)ဦးတုိး၊ အသက္(၆၀)ႏွစ္ ေနအိမ္တြင္ ၄င္း၏သားျဖစ္သူ ကုိဖုိးႀကီး (ဘ)ဦးတီမာ အသက္(၃၉)ႏွစ္သည္ အရက္အမွဴးလြန္ၿပီး ၄င္း၏မိခင္ျဖစ္သူ ေဒၚနန္းအုံႏွင့္ စကားမ်ားရန္ျဖစ္ရာမွ ကုိဖုိးႀကီးသည္ ၄င္း၏မိခင္ျဖစ္သူ၀မ္းဗုိက္အား ဓားျဖင့္ထုိးသတ္ကာ ပုဆုိးအားမီးရိႈ႕သျဖင့္ အိပ္ယာခင္းႏွင့္ ၾကမ္းခင္းမီးကူး စက္ေလာင္ကၽြမ္းရာမွ ေနအိမ္ပါမီးေလာင္၍ အနီးရွိ ဦးခ်စ္ပုိေနအိမ္ပါကူးစက္ေလာင္ ကၽြမ္းခဲ႔ေၾကာင္းသိရသည္။



မီးေလာင္ရာသုိ႔ ဟဲဟုိးနယ္ေျမမီးသတ္စခန္းမွ မိးၿငိမ္းသတ္ယာဥ္(၁)စီး၊ ေအာင္ပန္းနယ္ေျမမီးသတ္စခန္းမွ မီးၿငိမ္းသတ္ယာဥ္(၁)စီး၊ ဟဲဟုိးစည္ပင္မွ ေရသယ္ယာဥ္(၁)စီးႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ေဒသခံျပည္သူမ်ား ၀ုိင္း၀န္းၿငိမ္းသတ္သျဖင့္ ၁၀နာရီ ၄၈ မိနစ္ တြင္မီးၿငိမ္းႏုိင္ခဲ႔ေၾကာင္းသိရသည္။



အဆုိပါမီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ေဒၚနန္းအုံႏွင့္ ၄င္း၏သားျဖစ္သူ ဦးဖုိးႀကီးတုိ႔မွာ ေနရာတြင္မီးေလာင္ ေသဆုံးခဲ႔ၿပီး ေနအိမ္(၂)လုံး မီးေလာင္ဆုံးရႈံးခဲ႔ေၾကာင္းသိရွိရသည္။

ခရုိင္ျပန္/ဆက္
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
.............

 ကလောမြို့နယ်၊ ဟဲဟိုးမြို့၌ နေအိမ်(၂)လုံးမီးလောင်မှုဖြစ်ပွား

တောင်ကြီး မတ် ၁၈

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဟဲဟိုးကျေးရွာ အုပ်စု၊ လယ်ခေါင်းကျေးရွာတွင် မတ်လ ၁၈ ရက် နံနက် ၁၀ နာရီ ၃၁ မိနစ် ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ လယ်ခေါင်းကျေးရွာနေ ဒေါ်နန်းအုံ (ဘ)ဦးတိုး၊ အသက်(၆၀)နှစ် နေအိမ်တွင် ၄င်း၏သားဖြစ်သူ ကိုဖိုးကြီး (ဘ)ဦးတီမာ အသက်(၃၉)နှစ်သည် အရက်အမှူးလွန်ပြီး ၄င်း၏မိခင်ဖြစ်သူ ဒေါ်နန်းအုံနှင့် စကားများရန်ဖြစ်ရာမှ ကိုဖိုးကြီးသည် ၄င်း၏မိခင်ဖြစ်သူဝမ်းဗိုက်အား ဓားဖြင့်ထိုးသတ်ကာ ပုဆိုးအားမီးရှို့သဖြင့် အိပ်ယာခင်းနှင့် ကြမ်းခင်းမီးကူး စက်လောင်ကျွမ်းရာမှ နေအိမ်ပါမီးလောင်၍ အနီးရှိ ဦးချစ်ပိုနေအိမ်ပါကူးစက်လောင် ကျွမ်းခဲ့ကြောင်းသိရသည်။


မီးလောင်ရာသို့ ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ မိးငြိမ်းသတ်ယာဉ်(၁)စီး၊ အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ဟဲဟိုးစည်ပင်မှ ရေသယ်ယာဉ်(၁)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ၀ုိင်းဝန်းငြိမ်းသတ်သဖြင့် ၁၀နာရီ ၄၈ မိနစ် တွင်မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။


အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် ဒေါ်နန်းအုံနှင့် ၄င်း၏သားဖြစ်သူ ဦးဖိုးကြီးတို့မှာ နေရာတွင်မီးလောင် သေဆုံးခဲ့ပြီး နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)