ယာဥ္လမ္းေၾကာင္းလုရာမွ အျပန္အလွန္ ရုိက္နွက္မႈျဖစ္ပြား



လမ္းမေတာ္ၿမိဳ႕နယ္ ဘုန္းႀကီးလမ္းမီးပြဳိင့္အနီး အေနာ္ရထာလမ္းမေပၚတြင္ မတ္လ ၄ ရက္ ည ၈ နာရီခဲြဝန္းက်င္က ၁၂၄ ခရီးတင္လုိင္းကားႏွင့္ မစ္စူဘီရွီ လုပ္ငန္းသံုးယာဥ္ငယ္တုိ႔ ယာဥ္လမ္းေၾကာင္းလုရာမွ ကေတာက္ကစျဖစ္ပြားကာ ႐ုိက္ႏွက္မႈျဖစ္ပြားခဲ့သည္။


၁၂၄ ခရီးတင္လုိင္းကားမွ ယာဥ္ေမာင္း(ပါ )ယာဥ္ေနာက္လုိက္ ၃ ဦးနင့္ မစ္စူဘီရွီယာဥ္ေမာင္းတုိ႔ အျပန္အလွန္ ႐ုိက္ၾကရာ မစ္စူဘီရွီမွ ယာဥ္ေမာင္းမွာ ေခါင္းေပါက္ျပဲဒဏ္ရာရရိွခဲ့ၿပီး ခရီးသည္တင္ကားမွ ယာဥ္ေနာက္လုိက္ႏွစ္ဦးထြက္ေျပးသြားခဲ့ေၾကာင္း၊ ယာဥ္ေမာင္းအား
လမ္းမေတာ္ၿမိဳ႕နယ္ရဲစခန္းသုိ္႔ေခၚေဆာင္ထားေၾကာင္း၊ ယင္းအျပင္ ဒဏ္ရာရရိွသူကုိလည္း ရန္ကုန္ ျပည္သူ႔ေဆး႐ုံၾကီးသုိ႔ ပို႔ေဆာင္းထားေၾကာင္းသိရသည္။


ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မ်က္ျမင္သက္ေသမ်ားအား စစ္ေဆးေနျပီး အေသးစိတ္ မသိရေသးေၾကာင္း ရဲတပ္ဖဲြ႔ဝင္မ်ားထံမွ သိရသည္။

လင္းလင္းေအာင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal

.....................................


လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမီးပွိုင့်အနီး အနော်ရထာလမ်းမပေါ်တွင် မတ်လ ၄ ရက် ည ၈ နာရီခွဲဝန်းကျင်က ၁၂၄ ခရီးတင်လိုင်းကားနှင့် မစ်စူဘီရှီ လုပ်ငန်းသုံးယာဉ်ငယ်တို့ ယာဉ်လမ်းကြောင်းလုရာမှ ကတောက်ကစဖြစ်ပွားကာ ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။

၁၂၄ ခရီးတင်လိုင်းကားမှ ယာဉ်မောင်း(ပါ )ယာဉ်နောက်လိုက် ၃ ဦးနင့် မစ်စူဘီရှီယာဉ်မောင်းတို့ အပြန်အလှန် ရိုက်ကြရာ မစ်စူဘီရှီမှ ယာဉ်မောင်းမှာ ခေါင်းပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ခရီးသည်တင်ကားမှ ယာဉ်နောက်လိုက်နှစ်ဦးထွက်ပြေးသွားခဲ့ကြောင်း၊ ယာဉ်မောင်းအား
လမ်းမတော်မြို့နယ်ရဲစခန်းသို့်ခေါ်ဆောင်ထားကြောင်း၊ ယင်းအပြင် ဒဏ်ရာရရှိသူကိုလည်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်းထားကြောင်းသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေများအား စစ်ဆေးနေပြီး အသေးစိတ် မသိရသေးကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)