ရန္ကုန္ၿမိဳ႕တြင္း ၿမိဳ႕နယ္ ၃ ခုရွိ ရပ္ကြက္အခ်ိဳ႕တြင္ ငါးရက္ခန္႔ ေရျပတ္ေတာက္မည္


ရန္ကုန္ၿမိဳ႕တြင္း ၿမိဳ႕နယ္ ၃ ခုရွိ ရပ္ကြက္အခ်ိဳ႕တြင္ မတ္လ ၃ ရက္မွစတင္ကာ ငါးရက္ၾကာသည္အထိ ေရျပတ္ေတာက္မည္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၏ ေရသန္႔ဌာနမွ သိရွိရသည္။

ေရျပတ္ေတာက္မည့္ ၿမိဳ႕နယ္မ်ားတြင္ မရမ္းကုန္းၿမိဳ႕နယ္ အမွတ္ (၅)၊ (၆)၊ (၇)ႏွင့္ (၈)ရပ္ကြက္မ်ား၊ ဗဟန္းၿမိဳ႕ နယ္ ေရႊေတာင္ၾကား (၁)ရပ္ကြက္၊ ေရႊေတာင္ၾကား (၂)ရပ္ကြက္ႏွင့္ ဆရာစံရပ္ကြက္မ်ား၊ ကမာရြတ္ၿမိဳ႕နယ္ အမွတ္(၉)ရပ္ကြက္ႏွင့္ အမွတ္(၁၀)ရပ္ကြက္မ်ား ျဖစ္ေၾကာင္း သိရသည္။

“ဂ်ပန္နဲ႔စီမံကိန္းအရ ေလွာ္ကားက ေရပိုက္လုိင္းကို ကမာၻေအးဘုရားလမ္း တစ္ေလွ်ာက္နားမွာ ေရပိုက္ကို ျပန္ဆက္ေနလို႔ပါ။ သက္တမ္းၾကာလာေတာ့ ေရယိုစိမ့္တာေတြမ်ားလို႔ ပိုက္အသစ္ ျပန္ဆက္တာေပါ့။ စည္ပင္က ပိုက္အေဟာင္းနဲ႔ ဂ်ပန္က ေရပိုက္အသစ္ အစားထိုး ျပန္ဆက္တာပါ” ဟု ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ေရသန္႔ဌာနမွ လက္ေထာက္ဌာနမွဴး ေဒၚသြဲ႔ႏိုင္ဦးက ေျပာသည္။

ဂ်ပန္ႏုိင္ငံအစုိးရ၏ အေထာက္အပံ့ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့ေသာ ကမာၻေအးဘုရား လမ္းတစ္ေလွ်ာက္ ၁၀၀၀ ဒိုင္ယာမီလီမီတာ ေရပုိ႔ပုိက္လိုင္း ဆက္သြယ္ျခင္း လုပ္ငန္းမ်ားမွာ ၿပီးစီးေတာ့မည္ ျဖစ္၍ လက္ရွိပိုက္လိုင္းႏွင့္ လုိင္းေပါင္း ဆက္သြယ္ျခင္း လုပ္ငန္းကို မတ္လ ၃ ရက္ နံနက္ ၈ နာရီမွ မတ္လ ၇ ရက္ နံနက္ ၈ နာရီအတြင္း ၿပီးစီးေအာင္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဆိုပါ ေနရာမ်ားတြင္ ေနထိုင္သူမ်ားအေနျဖင့္ ေရျဖတ္ေတာက္ထားသည့္ ကာလအတြင္း ကိုယ္ပိုင္ အစီအစဥ္ျဖင့္ ေရႀကိဳတင္ စုေဆာင္းထားရန္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက ေၾကညာထားသည္။

သတင္း - MMK
Photo - Zwe Htet
The Ladies News
https://www.facebook.com/News.TheLadies

................................................................


ရန်ကုန်မြို့တွင်း မြို့နယ် ၃ ခုရှိ ရပ်ကွက်အချို့တွင် မတ်လ ၃ ရက်မှစတင်ကာ ငါးရက်ကြာသည်အထိ ရေပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ရေသန့်ဌာနမှ သိရှိရသည်။

ရေပြတ်တောက်မည့် မြို့နယ်များတွင် မရမ်းကုန်းမြို့နယ် အမှတ် (၅)၊ (၆)၊ (၇)နှင့် (၈)ရပ်ကွက်များ၊ ဗဟန်းမြို့ နယ် ရွှေတောင်ကြား (၁)ရပ်ကွက်၊ ရွှေတောင်ကြား (၂)ရပ်ကွက်နှင့် ဆရာစံရပ်ကွက်များ၊ ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များ ဖြစ်ကြောင်း သိရသည်။

“ဂျပန်နဲ့စီမံကိန်းအရ လှော်ကားက ရေပိုက်လိုင်းကို ကမ္ဘာအေးဘုရားလမ်း တစ်လျှောက်နားမှာ ရေပိုက်ကို ပြန်ဆက်နေလို့ပါ။ သက်တမ်းကြာလာတော့ ရေယိုစိမ့်တာတွေများလို့ ပိုက်အသစ် ပြန်ဆက်တာပေါ့။ စည်ပင်က ပိုက်အဟောင်းနဲ့ ဂျပန်က ရေပိုက်အသစ် အစားထိုး ပြန်ဆက်တာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေသန့်ဌာနမှ လက်ထောက်ဌာနမှူး ဒေါ်သွဲ့နိုင်ဦးက ပြောသည်။

ဂျပန်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကမ္ဘာအေးဘုရား လမ်းတစ်လျှောက် ၁၀၀၀ ဒိုင်ယာမီလီမီတာ ရေပို့ပိုက်လိုင်း ဆက်သွယ်ခြင်း လုပ်ငန်းများမှာ ပြီးစီးတော့မည် ဖြစ်၍ လက်ရှိပိုက်လိုင်းနှင့် လိုင်းပေါင်း ဆက်သွယ်ခြင်း လုပ်ငန်းကို မတ်လ ၃ ရက် နံနက် ၈ နာရီမှ မတ်လ ရ ရက် နံနက် ၈ နာရီအတွင်း ပြီးစီးအောင် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ နေရာများတွင် နေထိုင်သူများအနေဖြင့် ရေဖြတ်တောက်ထားသည့် ကာလအတွင်း ကိုယ်ပိုင် အစီအစဉ်ဖြင့် ရေကြိုတင် စုဆောင်းထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာထားသည်။

သတင်း - MMK
Photo - Zwe Htet
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)