ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဆေးရုံကြီးတွင် မတ်လ ၇ ရက်နေ့ က
....................................
ကာကွယ်ဆေးထိုးရာမှ ကလေးငယ်သုံးဦး သေဆုံး
နှစ်ဦး စိုးရိမ်ဖွယ်ရှိ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဆေးရုံကြီးတွင် မတ်လ ရ ရက်နေ ့က
မွေးကင်းစ ကလေးငယ် ၂၈ ဦးကို ကာကွယ်ဆေးထိုးရာမှ လေးပတ်သား အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ယနေ့ (မတ်လ ၉ ရက်)
နံနက်ပိုင်းကကလေးငယ်နှစ်ဦးထပ်မံသေဆုံးခဲ့သည့်အပြင် နောက်ထပ်
ကလေးငယ်နှစ်ဦးမှာစိုးရိမ်ဖွယ်ရှိသဖြင့်ရန်ကုန်ဆေးရုံကြီးသို ့ပို ့ဆောင်
ကုသရန် ပြင်ဆင်နေကြောင်း ပဲခူးမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဟန်လင်းအောင်က ပြောကြားသည်။
"မတ်လရရက်နေ ့ကကာကွယ်ဆေးထိုးတာ။ ဆေးရုံမှာ မွေးဖွား ထားတဲ့ကလေးတွေကို ကာကွယ်ဆေးထိုးပြီး မကြာဘူး
တစ်ယောက် ဆုံးတယ်။ ဒီနေ ့(မတ် ၉ ) မှာ ကလေးနှစ်ယောက် ထပ်ဆုံးတယ်" ဟု ၄င်းက ဆက်လက်ပြောကြားသည်။
အသည်းရောင်အသာဝါကာကွယ်ဆေးထိုးရာမှ ကလေးငယ် အချို့သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီးပဲခူးခရိုင်ဆေးရုံအုပ်ကြီး
ဒေါက်တာရဲမြင့်အောင်ကို The Voice က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍မရခဲ့သော်လည်း ဒေသခံသတင်းသမားများကို နေပြည်တော်
ကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးရေးအဖွဲ ့များ ရောက်ရှိလာမှသာလျှင် အတိအကျပြောဆိုနိုင်ကြောင်း ပြန်လည်ဖြေကြားထားသည်။
" ကလေးတွေ ဆေးထိုးပြီး သေဆုံးတယ်ဆိုတာ ကြားတယ်။
အတည်ပြုချက်က ခုထိမရသေးဘူး။ ကျွန်တော်တို ့အုပ်ချုပ်ရေးအဖွဲ့
ကလည်း ဒီသတင်းကို စောင့်နေပါတယ်" ဟု ပဲခူးခရိုင် အုပ်ချုပ်ရေးမှုး ဦးခင်သိန်းမောင်က ပြောကြားသည်။
Social Action for Women - SAW
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)