အရှိန်မထိန်းနိုင်သည့်ကား အင်ကြင်းပန်းအဝိုင်းအား ဒဲ့ခုန်တက်


နေပြည်တော် မတ် ၁၃

နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်းအဝိုင်းတွင် မတ် ၁၂ ရက် ည ၇ နာရီခွဲက အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။



အောင်ကို (ပြန်/ဆက်)

Myanmaalinn

.....................................


နေပြည်တော် မတ် ၁၃

နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်းအဝိုင်းတွင် မတ် ၁၂ ရက် ည ရ နာရီခွဲက အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရာဇသင်္ဂဟလမ်း အတိုင်း မြောက်မှ တောင်သို့ ယာဉ် မောင်း ဦးကျော်ထူး (၅၁) နှစ် မောင်းနှင်လာသော ဟွန်ဒါဖစ် အနက်ရောင် ယာဉ်အမှတ် YGN/ 7H---- ယာဉ်သည် အရှိန်မထိန်းနိုင် ဘဲ အင်ကြင်းပန်းအဝိုင်းအား တိုက်မိ ပြီး အဆိုပါအဝိုင်းပေါ်သို့ ဒဲ့ထိုးတက် သွားခဲ့ရာ ယာဉ်၏ ရှေ့ပိုင်းတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး ယာဉ်မောင်း ဦးကျော်ထူးမှာ ဒဏ်ရာရရှိကာ နေပြည်တော်ခုတင်(၁ဝဝဝ)ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)