ဧရာ၀တီျမစ္ေရ ႐ုတ္တရက္ျမင့္ တက္လာႏိုင္ဟု သတိေပးထား


မိုးေလ၀သနဲ႔ ဇလေဗဒဌာနက ဧရာ၀တီျမစ္ေရဟာ ျမန္မာႏိုင္ငံအထက္ပိုင္း ကခ်င္ျပည္နယ္၊ စစ္ကိုင္းတုိင္းနဲ႔မႏၱေလးတုိင္းေဒသႀကီးေတြမွာ႐ုတ္တရက္ ျမင့္တက္လာႏုိင္တယ္လို႔ ေအာက္ပါအတုိင္း သတိေပးထုတ္ျပန္လုိက္ပါတယ္။

၂၀၁၆ခုႏွစ္၊ မတ္လ (၃၁) ရက္၊ (၁၃း၀၀) နာရီအခ်ိန္ ထုတ္ျပန္ခ်က္ကို ေအာက္ပါအတိုင္း ထုတ္ျပန္ထားပါတယ္...

ဧရာ၀တီျမစ္ေရသည္ ၂၀၁၆ခုႏွစ္၊ မတ္လ (၃၀)ရက္ေန့တြင္ ျမစ္ၾကီးနား ၿမိဳ႕(၁၈)နာရီအတြင္း (၆)ေပခြဲခန့္ ျမင့္တက္ခဲ့ျပီး (၃၁.၃.၂၀၁၆)ရက္ေန့ (၁၂း၃၀)အခ်ိန္တိုင္းထြာခ်က္အရ(၂-ေပခန့္) ျပန္လည္က်ဆင္းခဲ့ျပီး ျဖစ္ပါသည္။

အဆိုပါျမစ္ေရသည္ဗန္းေမာ္ျမို့တြင္(၁)ရက္အတြင္း(၂)ေပခန့္ ျမင့္တက္ခဲ့သည္ကိုေတြ့ရွိရပါသည္။

ဧရာ၀တီျမစ္အထက္ပိုင္းတြင္ ျမင့္တက္ခဲ့ေသာ ျမစ္ေရမ်ားသည္ ေနာက္(၁) ရက္မွ (၂)ရက္ အတြင္း ဗန္းေမာ္ၿမိဳ႕ႏွင့္ ကသာၿမိဳ႕တို႕တြင္ (၂)ေပမွ (၅) ေပခန္႕၊ ေနာက္ (၃)ရက္မွ (၆) ရက္အတြင္း မႏၲေလးၿမိဳ႕၊ စစ္ကိုင္းၿမိဳ႕၊ ျမင္းမူၿမိဳ႕၊ ပခုကၠဴ ၿမိဳ႕ႏွင့္ ေညာင္ဦးၿမိဳ႕တို႕တြင္ (၂)ေပခြဲမွ (၃)ေပခြဲခန္႕ လက္ရွိေရမွတ္မ်ား အထက္ ျမင့္တက္လာႏိုင္ပါသည္။

သို႔ျဖစ္ပါ၍ ျမစ္ေၾကာင္းမ်ားအတြင္း သြားလာေနၾကမည့္ ေရယာဥ္၊ ေလွ၊ သေဘၤာ မ်ားအေန ျဖင့္ ဂရုျပဳသင္႔ပါေႀကာင္းနွင့္ ျမစ္ေရနည္းစဥ္ သဲေသာင္ခုံမ်ားတြင္စုိုက္ပ်ိဳးေနထိုင္ၾကသူမ်ားအေနျဖင့္လည္း ျမစ္ေရရုတ္တရက္ တိုးလာ နိုင္မႈကို ဂရုျပဳေနထိုင္သင့္ပါေၾကာင္း အႀကံျပဳအပ္ပါသည္။

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal

.............................................


မိုးလေဝသနဲ့ ဇလဗေဒဌာနက ဧရာဝတီမြစ်ရေဟာ မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းဒေသကြီးတွေမှာရုတ်တရက် မြင့်တက်လာနိုင်တယ်လို့ အောက်ပါအတိုင်း သတိပေးထုတ်ပြန်လိုက်ပါတယ်။

၂၀၁၆ခုနှစ်၊ မတ်လ (၃၁) ရက်၊ (၁၃းဝဝ) နာရီအချိန် ထုတ်ပြန်ချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်...

ဧရာဝတီမြစ်ရေသည် ၂၀၁၆ခုနှစ်၊ မတ်လ (၃၀)ရက်နေ့တွင် မြစ်ကြီးနား မြို့(၁၈)နာရီအတွင်း (၆)ပေခွဲခန့် မြင့်တက်ခဲ့ပြီး (၃၁.၃.၂၀၁၆)ရက်နေ့ (၁၂း၃၀)အချိန်တိုင်းထွာချက်အရ(၂-ပေခန့်) ပြန်လည်ကျဆင်းခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါမြစ်ရေသည်ဗန်းမော်မြို့တွင်(၁)ရက်အတွင်း(၂)ပေခန့် မြင့်တက်ခဲ့သည်ကိုတွေ့ရှိရပါသည်။

ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော မြစ်ရေများသည် နောက်(၁) ရက်မှ (၂)ရက် အတွင်း ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် (၂)ပေမှ (၅) ပေခန့်၊ နောက် (၃)ရက်မှ (၆) ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူ မြို့နှင့် ညောင်ဦးမြို့တို့တွင် (၂)ပေခွဲမှ (၃)ပေခွဲခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပါသည်။

သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြမည့် ရေယာဉ်၊ လှေ၊ သင်္ဘော များအနေ ဖြင့် ဂရုပြုသင့်ပါကြောင်းနှင့် မြစ်ရေနည်းစဉ် သဲသောင်ခုံများတွင်စိုုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေရုတ်တရက် တိုးလာ နိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)