လားရွိဳးျမိဳ ့၏ အၾကီးဆံုး မူးယစ္ေဆး၀ါးျဖန္ ့ျဖဴးေရးတဲစခန္းကို စီးနင္းသိမ္းပိုက္မီးရွိဳ ့ဖ်က္ဆီး


လားရွိဳး။ မတ္ ၁၃ ။

လားရွိဳးျမိဳ ့၏ ့ အၾကီးဆံုး မူးယစ္ေဆး၀ါးျဖန္ ့ျဖဴးေရးစခန္းဟု ေျပာနိုင္သည့္ ေနရာအား ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ ့မွဴး ရဲမွဴးၾကီးအာင္ျမတ္မိုး ကိုယ္တိုင္ လိုက္ပါၾကီးၾကပ္ခဲ့သည့္ ရဲတပ္ဖြဲ ့၀င္မ်ားက မတ္လ (၁၃) ရက္၊ မနက္ (၉) နာရီခန္ ့တြင္ ႏွိမ္နင္းျဖိဳခြင္းႏိုင္ခဲ့ေၾကာင္း ရွမ္းျပည္နယ္ ဒုတိယ ရဲတပ္ဖြဲ႕မွဴးရံုးမွ အဆင့္ျမင့္ အရာရွိ တစ္ဦးကမတ္လ ၁၃ရက္ ေန႕လယ္ပိုင္းတြင္ ကေမၻာဇတိုင္း သတင္းဂ်ာနယ္သုိ႔ေျပာသည္။



" လားရွိဳးျမိဳ ့၊ ရပ္ကြက္ (၁၂) မန္နားတရုတ္သခ်ၤိဳင္းရဲ ့ လူသူျပတ္လပ္တဲ့ ေတာင္ေစာင္း လွ်ိဳေျမာင္ေတြမွာ လွ်ိဳ ့၀ွက္တည္ေဆာက္ထားတဲ့ မူးယစ္ေဆး၀ါးျဖန္ ့ျဖဴးေရး စခန္းၾကီးမွာ စနစ္တက် တည္ေဆာက္ထားတဲ့ တဲေတြ (၁၀)လံုးမက ရွိခဲ့ျပီး အဲဒီတဲေတြထဲမွာ ေဆးထိုးအပ္ေတြ ေတာင္ပံုရာပံုနဲ႕ ရာမေဆးျပားေတြ၊ မူးယစ္ေဆးေတြ အမ်ားအျပား ဖမ္းဆီးရမိခဲ့ပါတယ္။

အဲဒီတဲေတြကို ၀င္ေရာက္စီးနင္းတဲ့အခါ မူးယစ္ေဆး၀ါးသမားေတြက ကိုယ့္တဲကို မီးရွိဳ ့ျပီး ထြက္ေျပး ခဲ့ၾက ပါတယ္။


ရဲတပ္ဖြဲ ့၀င္ေတြ က လွ်ိဳ ေျမာင္ေတာၾကိဳအံုၾကားအထိ စနစ္တက် ပိုက္စိပ္တိုက္ ရွာေဖြဖမ္းဆီး ခဲ့တဲ့ အတြက္ မူးယစ္ေဆး၀ါး သံုးစြဲသူလို ့ယူဆရသူ အနည္းဆံုး (၂)ဦးကို ဖမ္းဆီးရမိခဲ့ျပီး မူးယစ္ေဆး၀ါးသံုးစြဲသူမ်ား၊
ေရာင္း၀ယ္ေဖာက္ကားသူမ်ား အသံုးျပဳတဲ့ ဆိုင္ကယ္ (၁၃)စီး၊ ကားတစ္စီးတို ့ကို သိမ္းဆည္းရမိခဲ့ပါတယ္။

ရဲမွဴးၾကီးေအာင္ျမတ္မိုး ကိုယ္တိုင္ဦးစီးျပီး အဲဒီမူးယစ္ေဆး၀ါးျဖန္ ့ျဖဴးးေနတဲ့ တဲစခန္းေတြကို ေျမလွန္ရွင္းလင္းျပီး ေနာက္ဆံုးမွာ အျပီးအပိုင္ မီးရွိဳ ့ဖ်က္ဆီးပစ္ခဲ့ပါတယ္" ဟု ၄င္းကေျပာသည္။

ေန႕သစ္ေမာင္

PHOTO BY – KBZT NEWS
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/
..............


လားရှိုး။ မတ် ၁၃ ။

လားရှိုးမြို ့၏ ့ အကြီးဆုံး မူးယစ်ဆေးဝါးဖြန် ့ဖြူးရေးစခန်းဟု ပြောနိုင်သည့် နေရာအား ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ ့မှူး ရဲမှူးကြီးအာင်မြတ်မိုး ကိုယ်တိုင် လိုက်ပါကြီးကြပ်ခဲ့သည့် ရဲတပ်ဖွဲ ့ဝင်များက မတ်လ (၁၃) ရက်၊ မနက် (၉) နာရီခန် ့တွင် နှိမ်နင်းဖြိုခွင်းနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးကမတ်လ ၁၃ရက် နေ့လယ်ပိုင်းတွင် ကမ္ဘောဇတိုင်း သတင်းဂျာနယ်သို့ပြောသည်။


" လားရှိုးမြို ့၊ ရပ်ကွက် (၁၂) မန်နားတရုတ်သချင်္ိုင်းရဲ ့ လူသူပြတ်လပ်တဲ့ တောင်စောင်း လျှိုမြောင်တွေမှာ လျှို ့ဝှက်တည်ဆောက်ထားတဲ့ မူးယစ်ဆေးဝါးဖြန် ့ဖြူးရေး စခန်းကြီးမှာ စနစ်တကျ တည်ဆောက်ထားတဲ့ တဲတွေ (၁၀)လုံးမက ရှိခဲ့ပြီး အဲဒီတဲတွေထဲမှာ ဆေးထိုးအပ်တွေ တောင်ပုံရာပုံနဲ့ ရာမဆေးပြားတွေ၊ မူးယစ်ဆေးတွေ အများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီတဲတွေကို ၀င်ရောက်စီးနင်းတဲ့အခါ မူးယစ်ဆေးဝါးသမားတွေက ကိုယ့်တဲကို မီးရှို ့ပြီး ထွက်ပြေး ခဲ့ကြ ပါတယ်။

ရဲတပ်ဖွဲ ့ဝင်တွေ က လျှို မြောင်တောကြိုအုံကြားအထိ စနစ်တကျ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီး ခဲ့တဲ့ အတွက် မူးယစ်ဆေးဝါး သုံးစွဲသူလို ့ယူဆရသူ အနည်းဆုံး (၂)ဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများ၊
ရောင်းဝယ်ဖောက်ကားသူများ အသုံးပြုတဲ့ ဆိုင်ကယ် (၁၃)စီး၊ ကားတစ်စီးတို ့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ရဲမှူးကြီးအောင်မြတ်မိုး ကိုယ်တိုင်ဦးစီးပြီး အဲဒီမူးယစ်ဆေးဝါးဖြန် ့ဖြူးးနေတဲ့ တဲစခန်းတွေကို မြေလှန်ရှင်းလင်းပြီး နောက်ဆုံးမှာ အပြီးအပိုင် မီးရှို ့ဖျက်ဆီးပစ်ခဲ့ပါတယ်" ဟု ၄င်းကပြောသည်။

နေ့သစ်မောင်

PHOTO BY – KBZT NEWS
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)