ပုဂံေဒသ ဇုန္၀င္ေၾကး ႏွင့္ ပုဂံေဒသဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ သုံးစဲြသည့္ စရိတ္မ်ား ကြာဟေန



ပုဂံေဒသ ဇုန္၀င္ေၾကး က်ပ္သိန္းေပါင္းေျခာက္ေသာင္းေက်ာ္ရွိေသာ္လည္း ပုဂံေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တစ္ႏွစ္စာသုံးစြဲမည့္ စရိတ္သည္ က်ပ္သိန္းေပါင္း ၁,၂၀၀ ေက်ာ္မွ်သာ ျဖစ္ေနျခင္းေၾကာင့္ ပုဂံေဒသ ထိန္းသိမ္းေစာင့္ေရွာက္ေရး အတြက္ ၀င္ေငြမ်ား ျပန္လည္စိစစ္ရန္ လိုအပ္ေၾကာင္း ခရီးသြားလုပ္ငန္းရွင္အခ်ိဳ႕က ေျပာဆိုေနၾကသည္။

ပုဂံဇုန္၀င္ေၾကး ၁၀၀ ရာခိုင္ႏႈန္းတြင္ ပုဂံေဒသ ထိန္းသိမ္းေစာင့္ေရွာက္ေရး အတြက္ ၂ ရာခိုင္ႏႈန္းသာရွိၿပီး မေကာင္းတတ္၍ ေပးရသည့္ ပုံစံမ်ိဳးျဖစ္ေနေၾကာင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အေနျဖင့္ ခရီးသြားလုပ္ငန္းကို ေစာင့္ေရွာက္ရန္အတြက္ လႊတ္ေတာ္တြင္ ေမးခြန္းမ်ား ေမးျမန္းသင့္ေၾကာင္း ပုဂံေဒသအတြက္ ၀င္သည့္၀င္ေငြ၊ ႏိုင္ငံေတာ္က ခရီးသြားလုပ္ငန္း အတြက္ ခ်ေပးသည့္ ဘတ္ဂ်က္၊ ခရီးသြားေဒသမ်ားကို မည္သို႕ထိန္းသိမ္းေစာင့္ ေရွာက္၍ ဘတ္ဂ်က္မည္မွ် သုံးစြဲေနသည္ကို ပုဂံေဒသကို အေျခထားၿပီး ေမးခြန္း ထုတ္သင့္ေၾကာင္း Nature Dream မွ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာေဒၚစပယ္ေအာင္က The Ladies သို႕ေျပာသည္။

“ပုဂံဇုန္၀င္ေၾကးက ပုဂံေဒသဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ဘယ္ေလာက္အထိ အက်ိဴးသက္ေရာက္မႈ ရွိလဲဆိုတဲ့ ေမးခြန္းေလးပဲ ေမးခ်င္တာပါ။ ပုဂံေဒသဖြံ႕ၿဖိဳးတိုးတက္ေရး နဲ႕ ပုဂံေဒသ ထိန္းသိမ္း ေစာင့္ေရွာက္ေရး ပုဂံကို အမွီျပဳၿပီးေတာ့ ခရီးသြားစီးပြား ရွာေဖြစားေသာက္ေနၾကတာ ဒါဇုန္၀င္ေၾကးတစ္ခုပဲရွိေသးတယ္။ အဲ့ဒီမွာမွ ပုဂံေဒသကို ဘယ္ေလာက္အထိ အက်ိဳးျပဳဖို႕ ဘယ္လိုသုံးစြဲဖို႕ ရွိပါသလဲေပါ့၊ အဲ့ဒီေမးခြန္းေလးပဲေမးခ်င္တာ”ဟု ေဒၚစပယ္ေအာင္က ေျပာသည္။

အစိုးရသစ္လက္ထက္တြင္ အစိုးရေဟာင္း၏ အေမြကို ဆက္ခံရမည္ျဖစ္ရာ ယင္းသို႕ ဆက္ခံခ်ိန္တြင္ အမွန္တကယ္ ႏိုင္ငံ့အက်ိဳး၊ ျပည္သူလူထုအက်ိဳး၊ ခရီးသြားအက်ိဳးကို လုပ္ေဆာင္ေပးရန္ေျပာလိုေၾကာင္းႏွင့္ ပုဂံေဒသသည္ ခရီးသြားလုပ္ငန္းအတြက္ အဓိကေနရာျဖစ္ၿပီး ေရရွည္ထိန္းသိမ္း ေစာင့္ေရွာက္ရမည့္ ေနရာ
လည္းျဖစ္သည္ဟု ေဒၚစပယ္ေအာင္က ဆက္လက္ေျပာသည္။

“ပုဂံေဒသဆိုတာ ေရရွည္ထိန္းသိမ္း ေစာင့္ေရွာက္သြားရမယ့္ေနရာေပါ့။ တိုးရစ္ေတြ အရမ္းမ်ားလာမယ္၊ အမိႈက္ေတြမသိမ္းေတာ့ဘူး၊ ဘုရားေတြၿပိဳတာ ပ်က္တာ မထိန္းသိမ္းေတာ့ဘူးဆိုရင္ ပုဂံေဒသက ေနာက္အႏွစ္ ၂၀ အႏွစ္ ၃၀ ဆို မလွပေတာ့ဘူး။ေရွးေဟာင္းေတြ ပ်က္စီးသြားတဲ့ အေနအထားမ်ိဳး ျဖစ္ႏိုင္တယ္။
ႏိုင္င္ငံတကာအကူအညီေတြကိုပဲ အားကိုးေနလို႕မရဘူး။ အခုဟာက ၀င္တဲ့၀င္ေငြေတြက ဇီးသီးဗန္းေမွာက္ျဖစ္ေနတယ္။ ပုဂံေဒသ ထိန္းသိမ္း ေစာင့္ေရွာက္ေရးအတြက္က ၂ ရာခိုင္ႏႈန္းပဲက်န္တယ္” ဟု ေဒၚစပယ္ေအာင္က ဆိုသည္။

ပုဂံဇုန္၀င္ေၾကးႏွင့္ ပတ္သက္၍ ၿပီးခဲ့သည့္ ၂၀၁၅ခုႏွစ္ ပုဂံၿမိဳ႕ ဧည့္၀င္စာရင္း(ခန္႕မွန္း) အေပၚအေျခခံထားသည့္ ၂၀၁၆ မတ္လ ၁ရက္မွ ၂၀၁၇ ေဖေဖာ္၀ါရီ ၂၈ ရက္အထိ တစ္ႏွစ္စာ အၾကမ္းဖ်င္း တြက္ခ်က္မႈ စာရင္းအရ ဧည့္သည္ဦးေရ ၂၄၇,၁၄၀ ရွိရာ တစ္ဦးလွ်င္ ၂၅,၀၀၀က်ပ္ျဖင့္ စုစုေပါင္း ေကာက္ခံရရွိမည့္ေငြမွာ က်ပ္သိန္းေပါင္းေျခာက္ သာင္းေက်ာ္ရွိေၾကာင္း၊ ႏိုင္ငံေတာ္အစိုးရသို႕ ေပးသြင္းရမည္ဆိုသည့္ ရာခိုင္ႏႈန္း ၉၀ ၏ စုစုေပါင္းမွာ က်ပ္သိန္းေပါင္းငါးေသာင္း ငါးေထာင္ေက်ာ္ျဖစ္ေၾကာင္း၊ MTF မွ ေကာက္ယူမည့္ ၁၀ ရာခိုင္ႏႈန္းသည္ က်ပ္သိန္းေပါင္း ေျခာက္ေထာင္ေက်ာ္ရွိေၾကာင္း၊ MTFမွ ပုဂံဇုန္၀င္ေၾကး ေကာက္ခံမႈတြင္ ၀န္ထမ္းခန္႕ျခင္းအပါ၀င္ သုံးစြဲမည့္စရိတ္စက ၅ ရာခိုင္ႏႈန္းမွာ က်ပ္သိန္းေပါင္းသုံးေထာင္ေက်ာ္၊ MTF မွ Tourism ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သုံးစြဲမည့္စရိတ္စက ၃ ရာခိုင္ႏႈန္းမွာ က်ပ္သိန္းေပါင္း တစ္ေထာင့္ရွစ္ရာေက်ာ္ ရွိၿပီး MTF မွ ထပ္မံခြဲျခမ္းေပးမည့္ ပုဂံေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သုံးစြဲမည့္ စရိတ္စကမွာ က်ပ္သိန္းေပါင္း တစ္ေထာင့္ႏွစ္ရာေက်ာ္သာ ရွိေနေၾကာင္း သိရသည္။

သတင္း - ေဇာ္မင္းထြန္း
Photo – Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies/

................................................................


ပုဂံဒေသ ဇုန်ဝင်ကြေး ကျပ်သိန်းပေါင်းခြောက်သောင်းကျော်ရှိသော်လည်း ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်စာသုံးစွဲမည့် စရိတ်သည် ကျပ်သိန်းပေါင်း ၁,၂၀၀ ကျော်မျှသာ ဖြစ်နေခြင်းကြောင့် ပုဂံဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ၀င်ငွေများ ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က ပြောဆိုနေကြသည်။

ပုဂံဇုန်ဝင်ကြေး ၁၀၀ ရာခိုင်နှုန်းတွင် ပုဂံဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ၂ ရာခိုင်နှုန်းသာရှိပြီး မကောင်းတတ်၍ ပေးရသည့် ပုံစံမျိုးဖြစ်နေကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ခရီးသွားလုပ်ငန်းကို စောင့်ရှောက်ရန်အတွက် လွှတ်တော်တွင် မေးခွန်းများ မေးမြန်းသင့်ကြောင်း ပုဂံဒေသအတွက် ၀င်သည့်ဝင်ငွေ၊ နိုင်ငံတော်က ခရီးသွားလုပ်ငန်း အတွက် ချပေးသည့် ဘတ်ဂျက်၊ ခရီးသွားဒေသများကို မည်သို့ထိန်းသိမ်းစောင့် ရှောက်၍ ဘတ်ဂျက်မည်မျှ သုံးစွဲနေသည်ကို ပုဂံဒေသကို အခြေထားပြီး မေးခွန်း ထုတ်သင့်ကြောင်း Nature Dream မှ အုပ်ချုပ်မှုဒါရိုက်တာဒေါ်စပယ်အောင်က The Ladies သို့ပြောသည်။

“ပုဂံဇုန်ဝင်ကြေးက ပုဂံဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘယ်လောက်အထိ အကျိူးသက်ရောက်မှု ရှိလဲဆိုတဲ့ မေးခွန်းလေးပဲ မေးချင်တာပါ။ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပုဂံဒေသ ထိန်းသိမ်း စောင့်ရှောက်ရေး ပုဂံကို အမှီပြုပြီးတော့ ခရီးသွားစီးပွား ရှာဖွေစားသောက်နေကြတာ ဒါဇုန်ဝင်ကြေးတစ်ခုပဲရှိသေးတယ်။ အဲ့ဒီမှာမှ ပုဂံဒေသကို ဘယ်လောက်အထိ အကျိုးပြုဖို့ ဘယ်လိုသုံးစွဲဖို့ ရှိပါသလဲပေါ့၊ အဲ့ဒီမေးခွန်းလေးပဲမေးချင်တာ”ဟု ဒေါ်စပယ်အောင်က ပြောသည်။

အစိုးရသစ်လက်ထက်တွင် အစိုးရဟောင်း၏ အမွေကို ဆက်ခံရမည်ဖြစ်ရာ ယင်းသို့ ဆက်ခံချိန်တွင် အမှန်တကယ် နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုး၊ ခရီးသွားအကျိုးကို လုပ်ဆောင်ပေးရန်ပြောလိုကြောင်းနှင့် ပုဂံဒေသသည် ခရီးသွားလုပ်ငန်းအတွက် အဓိကနေရာဖြစ်ပြီး ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရမည့် နေရာ
လည်းဖြစ်သည်ဟု ဒေါ်စပယ်အောင်က ဆက်လက်ပြောသည်။

“ပုဂံဒေသဆိုတာ ရေရှည်ထိန်းသိမ်း စောင့်ရှောက်သွားရမယ့်နေရာပေါ့။ တိုးရစ်တွေ အရမ်းများလာမယ်၊ အမှိုက်တွေမသိမ်းတော့ဘူး၊ ဘုရားတွေပြိုတာ ပျက်တာ မထိန်းသိမ်းတော့ဘူးဆိုရင် ပုဂံဒေသက နောက်အနှစ် ၂၀ အနှစ် ၃၀ ဆို မလှပတော့ဘူး။ရှေးဟောင်းတွေ ပျက်စီးသွားတဲ့ အနေအထားမျိုး ဖြစ်နိုင်တယ်။
နိုင်င်ငံတကာအကူအညီတွေကိုပဲ အားကိုးနေလို့မရဘူး။ အခုဟာက ၀င်တဲ့ဝင်ငွေတွေက ဇီးသီးဗန်းမှောက်ဖြစ်နေတယ်။ ပုဂံဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအတွက်က ၂ ရာခိုင်နှုန်းပဲကျန်တယ်” ဟု ဒေါ်စပယ်အောင်က ဆိုသည်။

ပုဂံဇုန်ဝင်ကြေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ပုဂံမြို့ ဧည့်ဝင်စာရင်း(ခန့်မှန်း) အပေါ်အခြေခံထားသည့် ၂၀၁၆ မတ်လ ၁ရက်မှ ၂၀၁၇ ဖေဖော်ဝါရီ ၂၈ ရက်အထိ တစ်နှစ်စာ အကြမ်းဖျင်း တွက်ချက်မှု စာရင်းအရ ဧည့်သည်ဦးရေ ၂၄၇,၁၄၀ ရှိရာ တစ်ဦးလျှင် ၂၅,၀၀၀ကျပ်ဖြင့် စုစုပေါင်း ကောက်ခံရရှိမည့်ငွေမှာ ကျပ်သိန်းပေါင်းခြောက် သာင်းကျော်ရှိကြောင်း၊ နိုင်ငံတော်အစိုးရသို့ ပေးသွင်းရမည်ဆိုသည့် ရာခိုင်နှုန်း ၉၀ ၏ စုစုပေါင်းမှာ ကျပ်သိန်းပေါင်းငါးသောင်း ငါးထောင်ကျော်ဖြစ်ကြောင်း၊ MTF မှ ကောက်ယူမည့် ၁၀ ရာခိုင်နှုန်းသည် ကျပ်သိန်းပေါင်း ခြောက်ထောင်ကျော်ရှိကြောင်း၊ MTFမှ ပုဂံဇုန်ဝင်ကြေး ကောက်ခံမှုတွင် ၀န်ထမ်းခန့်ခြင်းအပါ၀င် သုံးစွဲမည့်စရိတ်စက ၅ ရာခိုင်နှုန်းမှာ ကျပ်သိန်းပေါင်းသုံးထောင်ကျော်၊ MTF မှ Tourism ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲမည့်စရိတ်စက ၃ ရာခိုင်နှုန်းမှာ ကျပ်သိန်းပေါင်း တစ်ထောင့်ရှစ်ရာကျော် ရှိပြီး MTF မှ ထပ်မံခွဲခြမ်းပေးမည့် ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲမည့် စရိတ်စကမှာ ကျပ်သိန်းပေါင်း တစ်ထောင့်နှစ်ရာကျော်သာ ရှိနေကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
Photo – Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)