တုိက္ပြဲေတြေၾကာင့္ ရြာသားေတြ ဆက္လက္ထြက္ေျပး

တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးလာၾကတဲ့ စစ္ေျပးဒုကၡသည္ေတြ ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ဖတ္ကာေက်းရြာမွာ ခိုလံႈေနစဥ္။ Photo: Kan Thar/RFA
ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ ့နယ္မွာ အစိုးရတပ္မေတာ္နဲ႔ တအာင္းလြတ္ေျမာက္ေရးတပ္ေတြ တိုက္ပဲြေတြေၾကာင့္ ေက်းရြာသားေတြ ထြက္ေျပးလာတာ တစ္ေထာင္ေက်ာ္ေလာက္ရိွေနပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္ကာေက်းရြာ ေအာင္သေျပစုစည္းရပ္ကြက္က ဓမၼာရံုမွာ ဒုကၡသည္ေတြကို ယာယီေနရာခ် ထားေပးေနၿပီး စားနပ္ရိကၡာနဲ႔ အမိုးအကာေတြ လိုအပ္ေနတယ္လို႔ တအာင္းစာေပနဲ႔ ယဥ္ေက်းမႈအဖဲြ႔က ဦးေအာင္ျမတ္ က ေျပာပါတယ္။

"ဒီမွာရွိတဲ့ဒုကၡသည္ေတြက ၈ ရက္ကေန ဒီေန႔အထိ ေရာက္လာၾကတာေပါ့၊ ဓမၼာရံုေလးမွာပဲ ေနရာခ်ေပး ထားတာေလ၊ ေနာက္တျဖည္းျဖည္းနဲ႔ မ်ားလာတဲ့အတြက္ ဓမၼာရံုကလည္း မဆန္႔ဘူး၊ မဆန္႔ေတာ့ ပတ္ဝန္းက်င္မွာရွိတဲ့ ေနအိမ္ေတြမွာ တစ္အိမ္ကို ၁၄၊ ၁၅ ေယာက္ ခြဲၿပီးေတာ့ တည္းခိုင္းလိုက္တယ္"

ကြတ္ခိုင္ၿမိဳ ့နယ္ လြယ္စရမ္း၊ ဒိန္ဂရီ၊ မက္မိုင္၊ ဂ်ဳံးေနာ္ နဲ႔ ေငါ့ငါးေက်းရြာ အနီးတစ္၀ိုက္မွာ ၿပီးခဲ့တဲ့မတ္လ ၆ရက္နဲ႔ ၇ ရက္ေန႔ေတြက KIA၊ TNLA နဲ႔ အစိုးရစစ္တပ္တို႔ တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာပါ။

တိုက္ပြဲေတြေၾကာင့္ လက္နက္ႀကီးထိမွန္ၿပီး ဒဏ္ရာရရွိခဲ့တဲ့ မန္႔နိမ့္ေက်းရြာက ေဒသခံအမ်ိဳးသမီးတစ္ဦးကို နမ့္ဖတ္ကာတိုက္နယ္ေဆးရံုမွာ ေဆးကုသေပးေနတယ္လို႔လည္း သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese

............................................


တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ စစ်ပြေးဒုက္ခသည်တွေ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာမှာ ခိုလှုံနေစဉ်။ Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို ့နယ်မှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်တွေ တိုက်ပွဲတွေကြောင့် ကျေးရွာသားတွေ ထွက်ပြေးလာတာ တစ်ထောင်ကျော်လောက်ရှိနေပါတယ်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ အောင်သပြေစုစည်းရပ်ကွက်က ဓမ္မာရုံမှာ ဒုက္ခသည်တွေကို ယာယီနေရာချ ထားပေးနေပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ဦးအောင်မြတ် က ပြောပါတယ်။

"ဒီမှာရှိတဲ့ဒုက္ခသည်တွေက ၈ ရက်ကနေ ဒီနေ့အထိ ရောက်လာကြတာပေါ့၊ ဓမ္မာရုံလေးမှာပဲ နေရာချပေး ထားတာလေ၊ နောက်တဖြည်းဖြည်းနဲ့ များလာတဲ့အတွက် ဓမ္မာရုံကလည်း မဆန့်ဘူး၊ မဆန့်တော့ ပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်တွေမှာ တစ်အိမ်ကို ၁၄၊ ၁၅ ယောက် ခွဲပြီးတော့ တည်းခိုင်းလိုက်တယ်"

ကွတ်ခိုင်မြို ့နယ် လွယ်စရမ်း၊ ဒိန်ဂရီ၊ မက်မိုင်၊ ဂျုံးနော် နဲ့ ငေါ့ငါးကျေးရွာ အနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့မတ်လ ၆ရက်နဲ့ ရ ရက်နေ့တွေက KIA၊ TNLA နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲတွေကြောင့် လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့တဲ့ မန့်နိမ့်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးကို နမ့်ဖတ်ကာတိုက်နယ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)