ရန္ကုန္ၿမိဳ႕တြင္း ၁၅ၿမိဳ႕နယ္ (၃)ရက္ၾကာ ေရျပတ္မည္


ဒီကေန႕ မတ္လ(၂၁)ရက္ေန႔ကေန (၂၃)ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕တြင္း(၁၅) ၿမိဳ႕နယ္ ေရျပတ္ေတာက္ သြားမယ္လုိ႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာဌာန ေရႏွင္႕သန္႔ရွင္းေရးမွ ထုတ္ျပန္ထားပါတယ္။ေလွာ္ကားေရေလွာင္ကန္မွ ရန္ကုန္ၿမိဳ႕တြင္းကို ေရေပးေ၀ေနတဲ့ ကြန္ကရစ္ေရပိုက္လုိင္း ခ်ဳိ႕ယြင္းမႈျဖစ္ကာ ေလွာ္ကားေရတြန္းစက္႐ုံရွိ ေရတြန္းစက္မ်ား ေမာင္းႏွင္မႈရပ္ထားတာေၾကာင့္ ေရေပးေ၀မႈ ရပ္ဆိုင္းထားတာျဖစ္တယ္လို႕ ေျပာပါတယ္။

ေရပိုက္လုိင္းျပဳျပင္ေနစဥ္အတြင္း မဂၤလာဒုံ၊ ေရႊျပည္သာ၊ အင္းစိန္၊ လႈိင္သာယာ၊ မရမ္းကုန္း၊ ရန္ကင္း၊ ဗဟန္း၊ တာေမြ၊ မဂၤလာေတာင္ၫြန္႔၊ သာေကတ၊ ပုဇြန္ေတာင္၊ ဗိုလ္တေထာင္၊ ပန္းဘဲတန္း၊ လႈိင္ၿမိဳ႕နယ္နဲ႔ ကမာရြတ္စတဲ့ ၿမိဳ႕နယ္ေတြ ေရျပတ္ေတာက္မွာ ျဖစ္ပါတယ္။(၃)ရက္တာအတြင္း ေလွာ္ကားကန္ေရေပးေ၀မႈသာ ေခတ္ၱရပ္ဆိုင္းမွာျဖစ္ၿပီး ဂ်ဳိးျဖဴ၊ ဖူးႀကီးနဲ႔ ငမိုးရိပ္ေရေလွာင္ကန္ေတြမွ က်န္ျမိဳ႕နယ္ေတြကို ေရေပးေ၀မွဳု ပုံမွန္အတိုင္း ေဆာင္ရြက္ သြားမယ္လို႕ သိရပါတယ္။

For Info News
https://www.facebook.com/forinfo
.............


ဒီကနေ့ မတ်လ(၂၁)ရက်နေ့ကနေ (၂၃)ရက်နေ့အထိ ရန်ကုန်မြို့တွင်း(၁၅) မြို့နယ် ရေပြတ်တောက် သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန ရေနှင့်သန့်ရှင်းရေးမှ ထုတ်ပြန်ထားပါတယ်။လှော်ကားရေလှောင်ကန်မှ ရန်ကုန်မြို့တွင်းကို ရေပေးဝေနေတဲ့ ကွန်ကရစ်ရေပိုက်လိုင်း ချို့ယွင်းမှုဖြစ်ကာ လှော်ကားရေတွန်းစက်ရုံရှိ ရေတွန်းစက်များ မောင်းနှင်မှုရပ်ထားတာကြောင့် ရေပေးဝေမှု ရပ်ဆိုင်းထားတာဖြစ်တယ်လို့ ပြောပါတယ်။

ရေပိုက်လိုင်းပြုပြင်နေစဉ်အတွင်း မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လှိုင်မြို့နယ်နဲ့ ကမာရွတ်စတဲ့ မြို့နယ်တွေ ရေပြတ်တောက်မှာ ဖြစ်ပါတယ်။(၃)ရက်တာအတွင်း လှော်ကားကန်ရေပေးဝေမှုသာ ခေတ်္တရပ်ဆိုင်းမှာဖြစ်ပြီး ဂျိုးဖြူ၊ ဖူးကြီးနဲ့ ငမိုးရိပ်ရေလှောင်ကန်တွေမှ ကျန်မြို့နယ်တွေကို ရေပေးဝေမှုု ပုံမှန်အတိုင်း ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

For Info News
https://www.facebook.com/forinfo
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)