ကရင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္သစ္

မတ္လ ၁၀ ရက္ေန႔မွာ ဒုသမၼတေတြရဲ့ အမည္စာရင္းေတြကို လႊတ္ေတာ္မွာ တင္သြင္းၿပီး သမၼတသစ္ေနရာ အတြက္ မဲေပး ေရြးခ်ယ္ ၾကမွာ ျဖစ္ပါတယ္။
သမၼတ ေရြးခ်ယ္ၿပီးရင္ ျပည္ေထာင္စု ဝန္ႀကီးေတြနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြကိုလည္း ခန္႔ထားဖို႔ ရွိပါတယ္။
ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ရာထူးေနရာ အတြက္ အမည္ စာရင္းတခ်ိဳ႕ သတင္းထြက္ေပၚလာပါတယ္။
အေရးပါတဲ့ ေနရာ တခ်ိဳ႕ကေတာ့ ကခ်င္ျပည္နယ္မွာ ေဒါက္တာ ခက္ေအာင္၊ ရွမ္းျပည္နယ္မွာ ေဒါက္တာ လင္းထြဋ္၊ ရခိုင္ျပည္နယ္မွာ ဦးညီပု၊ ကရင္ျပည္နယ္မွာ ေဒၚနန္းခင္ေထြးျမင့္၊ ရန္ကုန္တိုင္းမွာ ဦးၿဖိဳးမင္းသိန္း၊ ဧရာဝတီတိုင္းမွာ မန္းေဂ်ာ္နီ၊ စစ္ကိုင္းတိုင္းမွာ ေဒါက္တာ ျမင့္နိုင္တို႔ ျဖစ္ပါတယ္။
ဒီအမည္ စာရင္း အတြက္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ရဲ့ အတည္ျပဳခ်က္ေတာ့ မရရွိေသးပါဘူး။
ေဒၚနန္းခင္ေထြးျမင့္က သူ႔ကို ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ရာထူး အတြက္ လ်ာထားေၾကာင္း ၾကားသိရေပမယ့္ မတ္လ ၁၀ ရက္ေန႔မွ တရားဝင္ ေၾကညာခ်က္ ထြက္မယ္လို႔ ေျပာပါတယ္။
ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ျဖစ္ဖို႔ အလားအလာ အမ်ားဆုံး ျဖစ္ေနတဲ့ ေဒၚနန္းခင္ေထြးျမင့္ကို ဘီဘီစီက ဆက္သြယ္ၿပီး သူ႔ရဲ့ နိုင္ငံေရး အစဥ္အလာကို ေမးျမန္းထားပါတယ္။
ေဒၚနန္းခင္ေထြးျမင့္ဟာ ဖဆပလေခတ္ ကရင္ျပည္နယ္ ဝန္ႀကီးေဟာင္း ေဒါက္တာ ေစာလွထြန္းရဲ့ သမီး ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တိုင္းရင္းသား အခြင့္အေရးနဲ႔ ဖက္ဒရယ္ သေဘာတရား ဆိုတာဟာ ေဒၚနန္းခင္ေထြးျမင့္ အတြက္ ငယ္စဥ္ကတည္းက ၾကားေနက် အေၾကာင္းအရာေတြ ျဖစ္ခဲ့ပါတယ္။
စီးပြားေရး တကၠသိုလ္ ေက်ာင္းသူ ဘဝမွာ ေဒၚနန္းခင္ေထြးျမင့္ဟာ ဦးသန္႔အေရးအခင္း၊ အလုပ္သမား အေရးအခင္းေတြမွာ တက္ႂကြလွုပ္ရွားသူ ေက်ာင္းသား အျဖစ္ ပါဝင္ခဲ့ၿပီး အစိုးရက ေထာင္ဒဏ္ ၆ ႏွစ္ျပစ္ဒဏ္ ခ်မွတ္တာ ခံခဲ့ရပါတယ္။
ေထာင္ထဲမွာ ၃ ႏွစ္ပဲေနခဲ့ၿပီး ျပန္လြတ္လာတဲ့ေနာက္ ျပည္တြင္းအခြန္႐ုံးမွာ ဝင္ေရာက္ အမွုထမ္းခဲ့ပါတယ္။
၁၉၈၈ အေရးအခင္းႀကီး ေပၚေပါက္လာတဲ့ အခါ အမ်ားျပည္သူနဲ႔ အတူ ဆႏၵျပလွုပ္ရွားခဲ့တဲ့ အတြက္ ဖမ္းဆီး ခ်ဳပ္ေႏွာင္ခံရၿပီး အလုပ္ျပဳတ္ခဲ့ ပါတယ္။
အဲဒီေနာက္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွာ ပါဝင္ခဲ့ၿပီး ၁၉၉၀ ေရြးေကာက္ပြဲမွာ လႊတ္ေတာ္အမတ္ အျဖစ္အေရြးခံခဲ့ရပါတယ္။
ဒါေပမယ့္ လႊတ္ေတာ္ထဲ မေရာက္ခဲ့ဘဲ တျခား အမ်ိဳးသား ဒီမို ကေရစီ အဖြဲ႕ခ်ဳပ္ ပါတီဝင္ေတြနဲ႔ အလားတူ နိုင္ငံေရး ေလာကဓံ အမ်ိဳးမ်ိဳးကို ခံခဲ့ရပါတယ္။
၂၀၁၂ ခုႏွစ္မွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ နိုင္ငံလုံးဆိုင္ရာ ညီလာခံကေန ဗဟိုေကာ္မတီ အျဖစ္ ေရြးေကာက္ တင္ေျမႇာက္ခဲ့ၿပီး ဗဟိုအလုပ္ အမွုေဆာင္ အဖြဲ႕ဝင္ အျဖစ္ ပါတီဥကၠ႒က ေရြးခ်ယ္ တင္ေျမႇာက္ ခဲ့ပါတယ္။
BBC Burmese

ကရင်ပြည်နယ် ၀န်ကြီးချုပ်သစ်

မတ်လ ၁၀ ရက်နေ့မှာ ဒုသမ္မတတွေရဲ့ အမည်စာရင်းတွေကို လွှတ်တော်မှာ တင်သွင်းပြီး သမ္မတသစ်နေရာ အတွက် မဲပေး ရွေးချယ် ကြမှာ ဖြစ်ပါတယ်။
သမ္မတ ရွေးချယ်ပြီးရင် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကိုလည်း ခန့်ထားဖို့ ရှိပါတယ်။
ပြည်နယ် ဝန်ကြီးချုပ် ရာထူးနေရာ အတွက် အမည် စာရင်းတချို့ သတင်းထွက်ပေါ်လာပါတယ်။
အရေးပါတဲ့ နေရာ တချို့ကတော့ ကချင်ပြည်နယ်မှာ ဒေါက်တာ ခက်အောင်၊ ရှမ်းပြည်နယ်မှာ ဒေါက်တာ လင်းထွဋ်၊ ရခိုင်ပြည်နယ်မှာ ဦးညီပု၊ ကရင်ပြည်နယ်မှာ ဒေါ်နန်းခင်ထွေးမြင့်၊ ရန်ကုန်တိုင်းမှာ ဦးဖြိုးမင်းသိန်း၊ ဧရာဝတီတိုင်းမှာ မန်းဂျော်နီ၊ စစ်ကိုင်းတိုင်းမှာ ဒေါက်တာ မြင့်နိုင်တို့ ဖြစ်ပါတယ်။
ဒီအမည် စာရင်း အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အတည်ပြုချက်တော့ မရရှိသေးပါဘူး။
ဒေါ်နန်းခင်ထွေးမြင့်က သူ့ကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ရာထူး အတွက် လျာထားကြောင်း ကြားသိရပေမယ့် မတ်လ ၁၀ ရက်နေ့မှ တရားဝင် ကြေညာချက် ထွက်မယ်လို့ ပြောပါတယ်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ဖို့ အလားအလာ အများဆုံး ဖြစ်နေတဲ့ ဒေါ်နန်းခင်ထွေးမြင့်ကို ဘီဘီစီက ဆက်သွယ်ပြီး သူ့ရဲ့ နိုင်ငံရေး အစဉ်အလာကို မေးမြန်းထားပါတယ်။
ဒေါ်နန်းခင်ထွေးမြင့်ဟာ ဖဆပလခေတ် ကရင်ပြည်နယ် ဝန်ကြီးဟောင်း ဒေါက်တာ စောလှထွန်းရဲ့ သမီး ဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား အခွင့်အရေးနဲ့ ဖက်ဒရယ် သဘောတရား ဆိုတာဟာ ဒေါ်နန်းခင်ထွေးမြင့် အတွက် ငယ်စဉ်ကတည်းက ကြားနေကျ အကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။
စီးပွားရေး တက္ကသိုလ် ကျောင်းသူ ဘဝမှာ ဒေါ်နန်းခင်ထွေးမြင့်ဟာ ဦးသန့်အရေးအခင်း၊ အလုပ်သမား အရေးအခင်းတွေမှာ တက်ကြွလှုပ်ရှားသူ ကျောင်းသား အဖြစ် ပါဝင်ခဲ့ပြီး အစိုးရက ထောင်ဒဏ် ၆ နှစ်ပြစ်ဒဏ် ချမှတ်တာ ခံခဲ့ရပါတယ်။
ထောင်ထဲမှာ ၃ နှစ်ပဲနေခဲ့ပြီး ပြန်လွတ်လာတဲ့နောက် ပြည်တွင်းအခွန်ရုံးမှာ ဝင်ရောက် အမှုထမ်းခဲ့ပါတယ်။
၁၉၈၈ အရေးအခင်းကြီး ပေါ်ပေါက်လာတဲ့ အခါ အများပြည်သူနဲ့ အတူ ဆန္ဒပြလှုပ်ရှားခဲ့တဲ့ အတွက် ဖမ်းဆီး ချုပ်နှောင်ခံရပြီး အလုပ်ပြုတ်ခဲ့ ပါတယ်။
အဲဒီနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပါဝင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် အဖြစ်အရွေးခံခဲ့ရပါတယ်။
ဒါပေမယ့် လွှတ်တော်ထဲ မရောက်ခဲ့ဘဲ တခြား အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေနဲ့ အလားတူ နိုင်ငံရေး လောကဓံ အမျိုးမျိုးကို ခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ ဗဟိုကော်မတီ အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ပြီး ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် အဖြစ် ပါတီဥက္ကဋ္ဌက ရွေးချယ် တင်မြှောက် ခဲ့ပါတယ်။
BBC Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)