ေခ်ာင္းသာကမ္းေျခသို႔ လာေရာက္လည္ပတ္သူ ျပင္သစ္ႏုိင္ငံသား လင္မယားထံမွ ပစၥည္းလုယက္သူမ်ားကို ရန္ကုန္တြင္ ဖမ္းဆီးရမိ


ေခ်ာင္းသာကမ္းေျခသို႔ လာေရာက္ လည္ပတ္သည့္ ျပင္သစ္ႏုိင္ငံသား လင္မယားထံမွ ကင္မရာႏွင့္ အသံုးအေဆာင္ ပစၥည္းမ်ား ထည့္ထားေသာ အိတ္အား ဆြဲယူထြက္ေျပးခဲ့သူမ်ားကို မတ္လ ၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ပုသိမ္ၿမိဳ႕မ ရဲစခန္းက သိရွိရသည္။

ေခ်ာင္းသာကမ္းေျခရွိ ေရႊဟသၤာဟိုတယ္တြင္ တည္းခို ေနထိုင္သည့္ ျပင္သစ္ႏုိင္ငံသား လင္မယားသည္ ေဖေဖာ္၀ါရီလ ၂၄ ရက္ေန႔က တည္းခိုရာ ဟိုတယ္မွ ေက်ာက္ေမာင္ႏွမ ကမ္းေျခသို႔ အသြား လမ္းခုလတ္တြင္ ဆိုင္ကယ္ျဖင့္ လိုက္လာသူႏွစ္ဦးမွ လုယူခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“စက္ဘီး တစ္ေယာက္တစ္စီးနဲ႔ သြားတာမွာ အမ်ိဳးသားရဲ႕ စက္ဘီးျခင္းထဲမွာ ထည္႔ထား တာေတြကို လုၿပီး ထြက္ေျပးသြားတာပါ။ ေျမာက္ဒဂံု ရဲစခန္းက ကူညီဖမ္းဆီးေပးတာပါ” ဟု လိုက္လံ ဖမ္းဆီးခဲ့ေသာ ရဲတပ္ၾကပ္သူရ၀င္းက ေျပာသည္။

လုယူခဲ့သူႏွစ္ဦးသည္ ေခ်ာင္းသာ ကမ္းေျခအနီးရွိ ဘိလပ္ေျမ အုတ္ဖုတ္လုပ္ငန္းမွ အလုပ္သမားမ်ားျဖစ္ၿပီး ရန္ကုန္သို႔ ျပန္သြားေၾကာင္း စံုစမ္းသိရွိၿပီးေနာက္ ဖမ္းဆီးႏုိင္ခဲ့ျခင္း ျဖစ္ေၾကာင္း ပုသိမ္ၿမိဳ႕မ ရဲစခန္းက သိရသည္။

လက္ရွိ ဖမ္းဆီးရမိသည့္ ေက်ာ္စိုး (ခ) ရခိုင္ေလးႏွင့္ သန္းလြင္တို႔ ႏွစ္ဦးအား ပုသိမ္ၿမိဳ႕မ ရဲစခန္းမွ (ပ)၁၉/၂၀၁၆ ျပစ္မႈပုဒ္မ ၃၇၉ ျဖင္႔ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies

..............................................


ချောင်းသာကမ်းခြေသို့ လာရောက် လည်ပတ်သည့် ပြင်သစ်နိုင်ငံသား လင်မယားထံမှ ကင်မရာနှင့် အသုံးအဆောင် ပစ္စည်းများ ထည့်ထားသော အိတ်အား ဆွဲယူထွက်ပြေးခဲ့သူများကို မတ်လ ၁ ရက်နေ့က ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ်မြို့မ ရဲစခန်းက သိရှိရသည်။

ချောင်းသာကမ်းခြေရှိ ရွှေဟင်္သာဟိုတယ်တွင် တည်းခို နေထိုင်သည့် ပြင်သစ်နိုင်ငံသား လင်မယားသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တည်းခိုရာ ဟိုတယ်မှ ကျောက်မောင်နှမ ကမ်းခြေသို့ အသွား လမ်းခုလတ်တွင် ဆိုင်ကယ်ဖြင့် လိုက်လာသူနှစ်ဦးမှ လုယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စက်ဘီး တစ်ယောက်တစ်စီးနဲ့ သွားတာမှာ အမျိုးသားရဲ့ စက်ဘီးခြင်းထဲမှာ ထည့်ထား တာတွေကို လုပြီး ထွက်ပြေးသွားတာပါ။ မြောက်ဒဂုံ ရဲစခန်းက ကူညီဖမ်းဆီးပေးတာပါ” ဟု လိုက်လံ ဖမ်းဆီးခဲ့သော ရဲတပ်ကြပ်သူရဝင်းက ပြောသည်။

လုယူခဲ့သူနှစ်ဦးသည် ချောင်းသာ ကမ်းခြေအနီးရှိ ဘိလပ်မြေ အုတ်ဖုတ်လုပ်ငန်းမှ အလုပ်သမားများဖြစ်ပြီး ရန်ကုန်သို့ ပြန်သွားကြောင်း စုံစမ်းသိရှိပြီးနောက် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်မြို့မ ရဲစခန်းက သိရသည်။

လက်ရှိ ဖမ်းဆီးရမိသည့် ကျော်စိုး (ခ) ရခိုင်လေးနှင့် သန်းလွင်တို့ နှစ်ဦးအား ပုသိမ်မြို့မ ရဲစခန်းမှ (ပ)၁၉/၂၀၁၆ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)