မိသားစုကိစ္စ စကားများပြီး ကျွန်းပင်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး


မေကြးတိုင္းေဒသႀကီး ဂန္႔ေဂါ ၿမိဳ႕နယ္ ဟံသာဝတီရြာတြင္ အမ်ိဳးသားတစ္ဦးမိသားစုကိစၥႏွင့္ပတ္သက္ ၍စကားမ်ားၿပီးေနာက္ ႀကိဳးဆြဲခ် ေသဆံုးမႈ ယမန္ေန႔က ျဖစ္ပြား ခဲ့သည္။

ျဖစ္စဥ္မွာ အဆိုပါေန႔ နံနက္ ၇နာရီက ဟံသာဝတီရြာတြင္ လူ တစ္ဦးႀကိဳးဆြဲခ်ေသဆံုးေၾကာင္း သတင္းအရ ဟံသာဝတီရဲကင္း စခန္းမွ ဒုရဲအုပ္ မင္းမင္းထြန္း သြားေရာက္စစ္ေဆးခဲ့သည္။

 ေသဆံုး သူမွာ ဦးတင္ညိဳ အသက္(၅ဝ) ဟံသာဝတီရြာ ဂန္႔ေဂါၿမိဳ႕နယ္ ေနသူျဖစ္ၿပီး ဦးရာပို လယ္ကြက္ အနီး ေရေျမာင္းအစပ္ရွိ ေျမျပင္မွ အျမင့္ခုနစ္ေပခန္႔ရွိေသာ ကြၽန္းပင္၌ ေျမာက္ဘက္သို႔ထြက္ ေနေသာ လံုးပတ္ရွစ္လက္မခန္႔ရွိ ကြၽန္းကိုင္း တြင္ စက္ဘီးခ်ိန္းႀကိဳး အရွည္ႏွစ္ ေပသံုးလက္မခန္႔ျဖင့္ ကြင္းေလွ်ာ ခ်ည္ၿပီး ေျမာက္ဘက္သို႔ မ်က္ႏွာမူ ၍ ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ေတြ႕ရွိခဲ့သည္။

 ေသဆံုးသူမွာ အရက္ အလြန္အကြၽံေသာက္သံုးသူျဖစ္ကာ ၄င္း၏ဇနီးျဖစ္သူ ေဒၚခင္ေထြးႏွင့္ ယခုလ ၂၆ရက္ ည ၉ နာရီက မိသားစုကိစၥစကားမ်ား၍ ေနအိမ္မွ ထြက္သြားခဲ့ရာ နံနက္ မိုးလင္းေသာ အခါ ေနအိမ္သို႔ျပန္မလာသျဖင့္ သမီးျဖစ္သူ မသႏၲာလင္းက လိုက္ လံရွာေဖြခဲ့ရာ ကြၽန္းပင္၌ ႀကိဳးဆြဲခ် ေသဆံုးေနသည္ကို ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း အမႈစစ္၏ စစ္ေဆး ခ်က္အရ သိရသည္။

ယင္းအမ်ိဳးသားေသဆံုးမႈႏွင့္ ပတ္သက္၍ ဒုရဲအုပ္မင္းမင္းထြန္း က တရားလိုျပဳတုိင္ၾကားခဲ့ေသာ ေၾကာင့္ ဂန္႔ေဂါၿမိဳ႕နယ္ ကန္နယ္ ေျမရဲစခန္းက ေသမႈေသခင္း အမွတ္ စဥ္ ၂/၂ဝ၁၆ ျဖင့္ အမႈဖြင့္ထား သည္။

The Union Daily
http://uniondaily.net
.......................

မကွေးတိုင်းဒေသကြီး ဂန့်ဂေါ မြို့နယ် ဟံသာဝတီရွာတွင် အမျိုးသားတစ်ဦးမိသားစုကိစ္စနှင့်ပတ်သက် ၍စကားများပြီးနောက် ကြိုးဆွဲချ သေဆုံးမှု ယမန်နေ့က ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ရနာရီက ဟံသာဝတီရွာတွင် လူ တစ်ဦးကြိုးဆွဲချသေဆုံးကြောင်း သတင်းအရ ဟံသာဝတီရဲကင်း စခန်းမှ ဒုရဲအုပ် မင်းမင်းထွန်း သွားရောက်စစ်ဆေးခဲ့သည်။

 သေဆုံး သူမှာ ဦးတင်ညို အသက်(၅ဝ) ဟံသာဝတီရွာ ဂန့်ဂေါမြို့နယ် နေသူဖြစ်ပြီး ဦးရာပို လယ်ကွက် အနီး ရေမြောင်းအစပ်ရှိ မြေပြင်မှ အမြင့်ခုနစ်ပေခန့်ရှိသော ကျွန်းပင်၌ မြောက်ဘက်သို့ထွက် နေသော လုံးပတ်ရှစ်လက်မခန့်ရှိ ကျွန်းကိုင်း တွင် စက်ဘီးချိန်းကြိုး အရှည်နှစ် ပေသုံးလက်မခန့်ဖြင့် ကွင်းလျှော ချည်ပြီး မြောက်ဘက်သို့ မျက်နှာမူ ၍ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

 သေဆုံးသူမှာ အရက် အလွန်အကျွံသောက်သုံးသူဖြစ်ကာ ၄င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ထွေးနှင့် ယခုလ ၂၆ရက် ည ၉ နာရီက မိသားစုကိစ္စစကားများ၍ နေအိမ်မှ ထွက်သွားခဲ့ရာ နံနက် မိုးလင်းသော အခါ နေအိမ်သို့ပြန်မလာသဖြင့် သမီးဖြစ်သူ မသန္တာလင်းက လိုက် လံရှာဖွေခဲ့ရာ ကျွန်းပင်၌ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အမှုစစ်၏ စစ်ဆေး ချက်အရ သိရသည်။

ယင်းအမျိုးသားသေဆုံးမှုနှင့် ပတ်သက်၍ ဒုရဲအုပ်မင်းမင်းထွန်း က တရားလိုပြုတိုင်ကြားခဲ့သော ကြောင့် ဂန့်ဂေါမြို့နယ် ကန်နယ် မြေရဲစခန်းက သေမှုသေခင်း အမှတ် စဉ် ၂/၂ဝ၁၆ ဖြင့် အမှုဖွင့်ထား သည်။

The Union Daily
http://uniondaily.net
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)