အရပ်သားအစိုးရလက်ထက်တွင် အတိုက်အခံအဖြစ် ရပ်တည်သွားတော့မည်ဟု ရခိုင်အမျိုးသားပါတီ ပြောကြား(အရပ္သားအစုိးရလက္ထက္တြင္ အတုိက္အခံအျဖစ္ ရပ္တည္သြားေတာ့မည္ဟု ရခုိင္အမ်ဳိးသားပါတီ ေျပာၾကား)

သတင္း  ျပည္တြင္း
ေက်ာ္မင္း (စစ္ေတြ)

စစ္ေတြ၊  မတ္ ၂၇ ရက္ ။          ။ ရခုိင္ျပည္နယ္၀န္ႀကီးခ်ဴပ္ေနရာကုိ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဴပ္ ကုိယ္စားလွယ္ ဦးညီပုကုိ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္က အမည္စာရင္း တင္သြင္းခဲ့ၿပီး   ေနာက္တြင္ ရခုိင္အမ်ဳိးသားပါတီက အစုိးရအဖြဲ႔တြင္ လုံးဝပါဝျခင္းမျပဳဘဲ အတုိက္အခံအျဖစ္သာ ရပ္တည္သြားေတာ့မည္ ျဖစ္ေၾကာင္း ပါတီ၏ ေျပာေရးဆုိခြင့္ရွိသူ ဦးခုိင္ျပည္စုိးက မဇၩိမကို အတည္ျပဳ ေျပာၾကားလုိက္သည္။

“ဦးညီပုကုိ ဝန္ႀကီးခ်ဴပ္ မေပးနဲ႔လုိ႔ က်ေနာ္တုိ႔ ေျပာတာ မဟုတ္ဘူး။ ရခုိင္အမ်ဳိးသားပါတီက ျပည္နယ္တြင္းမွာ မဲအမ်ားဆုံးႏုိင္ထားတယ္။ က်ေနာ္တုိ႔ ရသင့္တယ္လုိ႔ ေတာင္းဆုိတာ။ ရသင့္ရထုိက္တာကုိ ေတာင္းဆုိတာပါ။ ဝန္ႀကီးခ်ဳပ္ကုိ မခန္႔အပ္ခင္မွာ ေတြ႔ဆုံေဆြးေႏြးေရးကုိ ေတာင္းဆုိခဲ့တယ္။ ဒါေပမယ့္ ျဖစ္မလာခဲ့ဘူး။ ခု ဒီအေနအထားမွာ က်ေနာ္တုိ႔ ေၾကညာခ်က္အတုိင္းပဲ အတုိက္အခံအျဖစ္ ရပ္တည္သြားဖုိ႔ ဆုံးျဖတ္ပါတယ္။” ဟု ၎ကေျပာသည္။

ရခုိင္အမ်ဳိးသားပါတီသည္ ျပည္နယ္လႊတ္ေတာ္ေနရာ ၂၃ ေနရာထိ အႏုိင္ရရွိထားၿပီး အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဴပ္မွာ ၈ ေနရာသာ အႏုိင္ရရွိခဲ့သည္။

ယင္းေနာက္ ဇန္န၀ါရီ ၁၉ ရက္ေန႔တြင္ ရခုိင္အမ်ဳိးသားပါတီက “ရခုိင္ျပည္နယ္ အစုိးရအဖြဲ႔ကုိ ဦးေဆာင္ဖြဲ႔စည္းခြင့္ႏွင့္ ရခုိင္ျပည္နယ္၀န္ႀကီးခ်ဴပ္ေနရာကုိ ရခုိင္အမ်ဳိးသားပါတီက ရရွိေရး” ေတာင္းဆုိခ်က္ ၁/၂၀၁၆ ကုိ ထုတ္ျပန္ခဲ့ၿပီး အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ႏွင့္ ေတြ႔ဆုံေဆြးေႏြးေရးကုိ ကမ္းလွမ္းခဲ့သည္။

ေၾကညာခ်က္ ၂ လၾကာသည့္တုိင္ ေတြ႔ဆုံ ေဆြးေႏြးမႈတစ္စုံတစ္ရာ မရွိခဲ့ဘဲ မတ္လ ၂၃ ရက္ေန႔တြင္ စစ္ေတြလူထုမွ ရခုိင္အမ်ဳိးသားပါတီ၏ ေၾကညာခ်က္ကို ေထာက္ခံေၾကာင္း အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဴပ္ကုိ ဆႏၵျပေတာင္းဆုိခဲ့သည္။

မတ္လ ၂၄ ရက္ေန႔တြင္ ေနျပည္ေတာ္ရွိ ရခုိင္အမ်ဳိးသားပါတီ၏ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၊ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္မ်ားႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ NLD အဖြဲ႔၀င္မ်ား ေတြ႔ဆုံမႈတရပ္ ျပဳလုပ္ခဲ့ေသာ္လည္း အစုိးရဖြဲ႔စည္းေရးကိစၥကုိ ေဆြးေႏြးခဲ့ျခင္း မရွိဟု သိရသည္။

ရခုိင္အမ်ဳိးသားပါတီအေနႏွင့္ ျပည္နယ္အစုိးရအဖြဲ႔တြင္ ပူးေပါင္းပါ၀င္ျခင္းမျပဳရန္ႏွင့္ ပူးေပါင္းသူ ANP ကုိယ္စားလွယ္မ်ားကုိ ပါတီမွ ထုတ္ပယ္မည္ဟု ဥကၠဌ ေဒါက္တာ ဦးေအးေမာင္က ေျပာၾကားခဲ့ၿပီးေနာက္ မတ္လ ၂၇ ရက္ ယေန႔တြင္ ေျမာက္ဦး၌ ANP ေၾကညာခ်က္ကုိ ေထာက္ခံေၾကာင္း လူထုဆႏၵေဖာ္ထုတ္ခဲ့သည္။

တဆက္တည္းမွာပင္ ယေန႔ မတ္လ ၂၇ ရက္ေန႔ ညေန ၆ နာရီတြင္ ရခုိင္အမ်ဳိးသားပါတီ ဗဟုိဌာနခ်ဴပ္ ပါတီ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႔က ANP ၏ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္မ်ားကုိ ေတြ႔ဆုံရန္ ေခၚယူထားသည္။
“ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ေတြကုိ ပါတီရဲ႕ ေၾကညာခ်က္ေတြအေပၚ အထူးလုိက္နာၾကဖုိ႔နဲ႔ ေရွ႕ဆက္ေဆာင္ရြက္ဖုိ႔ အေျခအေနေတြကုိ အသိေပးဖုိ႔ ေခၚယူတာ ျဖစ္ပါတယ္။”  ဟု ဦးခုိင္ျပည္စုိးက ေျပာသည္။

ယခုလုိ ရခိုင္အမ်ဳိးသားပါတီ၏ ရပ္တည္ခ်က္ႏွင့္ ပတ္သက္ၿပီး  “ႏွစ္ဘက္စလုံးက ရခုိင္ျပည္သူေတြအတြက္ အက်ဳိးရွိမယ့္ ကိစၥေတြကုိ ဦးတည္ၿပီးေတာ့ပဲ လုပ္ေစခ်င္ပါတယ္။ အတို္က္အခံလုပ္တာပဲ ျဖစ္ျဖစ္၊ ၀န္ႀကီးခ်ဴပ္ေနရာကုိ ယူတာပဲျဖစ္ျဖစ္ ျပည္သူတြက္ တကယ္အက်ဳိးရွိမယ္ဆုိရင္ လုပ္ႏုိင္ပါတယ္။ ဒါမွမဟုတ္ရင္ေတာ့ ပူးေပါင္းေဆာင္ရြက္ဖုိ႔ကုိပဲ လုိလားပါတယ္။ က်ေနာ့္အျမင္ရ လက္ရွိ ရခုိင္ျပည္နယ္ ႏုိင္ငံေရးအေနအထားအရေတာ့ လႊတ္ေတာ္တြင္းမွာ တစ္ဘက္ဘက္က အတုိက္အခံအျဖစ္ ရပ္တည္ဖုိ႔ မသင့္ဘူးလုိ႔ ျမင္ပါတယ္။ ျမန္မာႏုိင္ငံေရးအေျခအေန၊ ရခုိင္ျပည္ႏုိင္ငံေရးအေျခအေန ႏွစ္ရပ္စလုံးက အတုိက္အခံအျဖစ္ သြားဖုိ႔အခ်ိန္မဟုတ္ေသးပါဘူး” ဟု ထုိင္း-ျမန္မာနယ္စပ္အေျခစုိက္ ရခုိင္ျပည္လုံးဆုိင္ရာေက်ာင္းသားႏွင့္ လူငယ္မ်ားအစည္းအ႐ုံး ျပည္တြင္းဆက္ဆံေရးတာ၀န္ခံ ဦးတင္ဦးက ေျပာၾကားခဲ့သည္။

- See more at: http://mizzimaburmese.com/article/12849#sthash.ejE7BiJm.0bAjrnA0.dpuf
..........................................................
အရပ်သားအစိုးရလက်ထက်တွင် အတိုက်အခံအဖြစ် ရပ်တည်သွားတော့မည်ဟု ရခိုင်အမျိုးသားပါတီ ပြောကြား
သတင်း  ပြည်တွင်း
ကျော်မင်း (စစ်တွေ)

စစ်တွေ၊  မတ် ၂၇ ရက် ။          ။ ရခိုင်ပြည်နယ်ဝန်ကြီးချူပ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ကိုယ်စားလှယ် ဦးညီပုကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းခဲ့ပြီး   နောက်တွင် ရခိုင်အမျိုးသားပါတီက အစိုးရအဖွဲ့တွင် လုံးဝပါဝခြင်းမပြုဘဲ အတိုက်အခံအဖြစ်သာ ရပ်တည်သွားတော့မည် ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက မဇ္ဈိမကို အတည်ပြု ပြောကြားလိုက်သည်။

“ဦးညီပုကို ဝန်ကြီးချူပ် မပေးနဲ့လို့ ကျနော်တို့ ပြောတာ မဟုတ်ဘူး။ ရခိုင်အမျိုးသားပါတီက ပြည်နယ်တွင်းမှာ မဲအများဆုံးနိုင်ထားတယ်။ ကျနော်တို့ ရသင့်တယ်လို့ တောင်းဆိုတာ။ ရသင့်ရထိုက်တာကို တောင်းဆိုတာပါ။ ဝန်ကြီးချုပ်ကို မခန့်အပ်ခင်မှာ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ ခု ဒီအနေအထားမှာ ကျနော်တို့ ကြေညာချက်အတိုင်းပဲ အတိုက်အခံအဖြစ် ရပ်တည်သွားဖို့ ဆုံးဖြတ်ပါတယ်။” ဟု ၎င်းကပြောသည်။

ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော်နေရာ ၂၃ နေရာထိ အနိုင်ရရှိထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှာ ၈ နေရာသာ အနိုင်ရရှိခဲ့သည်။

ယင်းနောက် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီက “ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချူပ်နေရာကို ရခိုင်အမျိုးသားပါတီက ရရှိရေး” တောင်းဆိုချက် ၁/၂၀၁၆ ကို ထုတ်ပြန်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးရေးကို ကမ်းလှမ်းခဲ့သည်။

ကြေညာချက် ၂ လကြာသည့်တိုင် တွေ့ဆုံ ဆွေးနွေးမှုတစ်စုံတစ်ရာ မရှိခဲ့ဘဲ မတ်လ ၂၃ ရက်နေ့တွင် စစ်တွေလူထုမှ ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်ကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကို ဆန္ဒပြတောင်းဆိုခဲ့သည်။

မတ်လ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ ရခိုင်အမျိုးသားပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အဖွဲ့ဝင်များ တွေ့ဆုံမှုတရပ် ပြုလုပ်ခဲ့သော်လည်း အစိုးရဖွဲ့စည်းရေးကိစ္စကို ဆွေးနွေးခဲ့ခြင်း မရှိဟု သိရသည်။

ရခိုင်အမျိုးသားပါတီအနေနှင့် ပြည်နယ်အစိုးရအဖွဲ့တွင် ပူးပေါင်းပါ၀င်ခြင်းမပြုရန်နှင့် ပူးပေါင်းသူ ANP ကိုယ်စားလှယ်များကို ပါတီမှ ထုတ်ပယ်မည်ဟု ဥက္ကဌ ဒေါက်တာ ဦးအေးမောင်က ပြောကြားခဲ့ပြီးနောက် မတ်လ ၂၇ ရက် ယနေ့တွင် မြောက်ဦး၌ ANP ကြေညာချက်ကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ခဲ့သည်။

တဆက်တည်းမှာပင် ယနေ့ မတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီတွင် ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချူပ် ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ANP ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ဆုံရန် ခေါ်ယူထားသည်။
“ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီရဲ့ ကြေညာချက်တွေအပေါ် အထူးလိုက်နာကြဖို့နဲ့ ရှေ့ဆက်ဆောင်ရွက်ဖို့ အခြေအနေတွေကို အသိပေးဖို့ ခေါ်ယူတာ ဖြစ်ပါတယ်။”  ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

ယခုလို ရခိုင်အမျိုးသားပါတီ၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး  “နှစ်ဘက်စလုံးက ရခိုင်ပြည်သူတွေအတွက် အကျိုးရှိမယ့် ကိစ္စတွေကို ဦးတည်ပြီးတော့ပဲ လုပ်စေချင်ပါတယ်။ အတို်က်အခံလုပ်တာပဲ ဖြစ်ဖြစ်၊ ၀န်ကြီးချူပ်နေရာကို ယူတာပဲဖြစ်ဖြစ် ပြည်သူတွက် တကယ်အကျိုးရှိမယ်ဆိုရင် လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ပူးပေါင်းဆောင်ရွက်ဖို့ကိုပဲ လိုလားပါတယ်။ ကျနော့်အမြင်ရ လက်ရှိ ရခိုင်ပြည်နယ် နိုင်ငံရေးအနေအထားအရတော့ လွှတ်တော်တွင်းမှာ တစ်ဘက်ဘက်က အတိုက်အခံအဖြစ် ရပ်တည်ဖို့ မသင့်ဘူးလို့ မြင်ပါတယ်။ မြန်မာနိုင်ငံရေးအခြေအနေ၊ ရခိုင်ပြည်နိုင်ငံရေးအခြေအနေ နှစ်ရပ်စလုံးက အတိုက်အခံအဖြစ် သွားဖို့အချိန်မဟုတ်သေးပါဘူး” ဟု ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး ပြည်တွင်းဆက်ဆံရေးတာဝန်ခံ ဦးတင်ဦးက ပြောကြားခဲ့သည်။

- See more at: http://mizzimaburmese.com/article/12849#sthash.ejE7BiJm.0bAjrnA0.dpuf
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)