ရခိုင္ကမ္း႐ိုးတန္းသြား ရွပ္ေျပးအျမန္ေရယာဥ္မ်ားတြင္ သတ္မွတ္ခရီးသည္ႏွင့္ ကုန္စည္ထက္ ပိုမိုတင္ေဆာင္မႈ မ်ားရွိေန


ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ရွိ ရခုိင္ကမ္း႐ုိးတန္းသြား ပုဂၢလိက ရွပ္ေျပး အျမန္ ေရယာဥ္မ်ားအေနျဖင့္ သတ္မွတ္ထားသည့္ ခရီးသည္ႏွင့္ ကုန္ပစၥည္းမ်ားထက္ ပိုမိုတင္ေဆာင္ေနမႈမ်ားေၾကာင့္ အႏၱရာယ္မ်ား က်ေရာက္မည္ကို စိုးရိမ္ေနၾကေၾကာင္း ျပည္တြင္းခရီးသြား ကုန္သည္မ်ားထံမွ သိရွိရသည္။

“အခုေႏြရာသီဆို လိႈင္းၿငိမ္လို႔ မစိုးရိမ္ရေပမယ္႔ မိုးတြင္းဆိုအရမ္းစိုးရိမ္ရတယ္။ ေရယာဥ္၀မ္းေခါင္း၊ ေခါင္မိုးေဘးပတ္ပတ္လည္မွာ လူပိုခရီးသည္ေတြ၊ ကုန္စည္ေတြနဲ႔ က်ပ္ပိတ္သိပ္ၿပီး သြားလာေနရတယ္။ ဒီအတိုင္းသာ ဆက္သြားေနမယ္ဆိုရင္ ရခိုင္ျပည္နယ္မွာ ဒုတိယေျမာက္ ေအာင္တံခြန္အျဖစ္ဆိုးမ်ိဳး
ျဖစ္မွာက ေျမႀကီးနဲ႔ လက္ခတ္မလြဲဘူး” ဟု ေက်ာက္ျဖဴၿမိဳ႕ခံ ခရီးသြားကုန္သည္ ဦးျမတ္ထြန္းက ေျပာသည္။

လက္ရွိ ရခုိင္ကမ္း႐ိုးတန္း၊ စစ္ေတြ အေျချပဳ၍ ၿမိဳ႕ေပါင္း ဆယ္ၿမိဳ႕သုိ႔ ေျပးဆြဲေပးေနသည့္ မလိခ၊ ေရြျပည္တန္၊ ေမခ အျမန္ေရယာဥ္ေျခာက္စီးရွိၿပီး၊ တစ္စီးလွ်င္ ထုိင္ခုံအေရအတြက္ ၁၇၅ ခုံမွ ၁၈၀ ခုံ၀န္းက်င္ခန္႔သာ ရွိသျဖင့္ ခရီးသြားအင္အားႏွင့္ ထုိင္ခုံ မမွ်တမႈေၾကာင့္ ေန႔စဥ္ခရီးသည္ ေလးဆယ္ဦးမွ ငါးဆယ္ဦးခန္႔မွာ
ေခါင္မိုးေပၚမွ လိုက္ပါေနရျခင္း ျဖစ္ေၾကာင္း သိရသည္။

“အစုိးရ ကမ္း႐ိုးတန္း သေဘၤာေျပးဆြဲမႈ ရပ္ဆိုင္းလာတဲ့ ေနာက္ပိုင္းမွာ ကြ်န္ေတာ္တို႔အေနနဲ႔ ခရီးသည္ေတြနဲ႔ ကုန္စည္ ပိုမုိတင္ေဆာင္မႈ ကင္းရွင္းဖို႔အတြက္ သက္ဆိုင္ရာ ျပည္တြင္းေရေၾကာင္း ပို႔ေဆာင္ေရး ဦးစီးဌာန ေတြမွာ ခံ၀န္လက္မွတ္ ေရးထိုးထားရပါတယ္။ ဒါေပမဲ့ ခရီးသြားေတြရဲ႕ ဆႏၵကိုလည္း မလြန္ဆန္ႏိုင္တဲ့ အတြက္ တစ္ခါတေလ ပိုတင္ေဆာင္မႈေတြ ရွိေနပါတယ္” ဟု မလိခအျမန္ေရယာဥ္လိုင္း (ေက်ာက္ျဖဴ)လက္မွတ္ အေရာင္းဌာန၏ တာ၀န္ခံ ကိုေနေဇာ္လင္းက ေျပာသည္။

လူေပါင္းကိုးဆယ္ေက်ာ္ ေသဆုံးခဲ့သည့္ ေအာင္တံခြန္ ၃ တိမ္းေမွာက္ခဲ့သည့္ ၂၀၁၅ ခုႏွစ္၊ မတ္လ ၁၃ ရက္ေန႔ ေနာက္ပိုင္းမွစ၍ ျပည္တြင္းေရေၾကာင္း ပို႔ေဆာင္ေရးဝန္ႀကီးဌာနမွ သေဘၤာမ်ားၾက့ံခုိင္ေရး စစ္ေဆးမႈကို အေၾကာင္းျပ၍ စစ္ေတြ၊ ေျမပုံ၊ ေက်ာက္ျဖဴ၊ ေတာင္ကုတ္လိုင္းကို ယေန႔ထိ ရပ္ဆုိင္းထားၿပီး ျပန္လည္ ေျပးဆြဲမည္ဆိုပါက သေဘၤာ အသစ္တစ္စီး ၀ယ္ယူရမည္ ျဖစ္ေၾကာင္း ျပည္နယ္ေရေၾကာင္း ပုိ႔ေဆာင္ေရး ႐ုံး(စစ္ေတြ)မွ သိရသည္။

သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies

.........................................


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ရခိုင်ကမ်းရိုးတန်းသွား ပုဂ္ဂလိက ရှပ်ပြေး အမြန် ရေယာဉ်များအနေဖြင့် သတ်မှတ်ထားသည့် ခရီးသည်နှင့် ကုန်ပစ္စည်းများထက် ပိုမိုတင်ဆောင်နေမှုများကြောင့် အန္တရာယ်များ ကျရောက်မည်ကို စိုးရိမ်နေကြကြောင်း ပြည်တွင်းခရီးသွား ကုန်သည်များထံမှ သိရှိရသည်။

“အခုနွေရာသီဆို လှိုင်းငြိမ်လို့ မစိုးရိမ်ရပေမယ့် မိုးတွင်းဆိုအရမ်းစိုးရိမ်ရတယ်။ ရေယာဉ်ဝမ်းခေါင်း၊ ခေါင်မိုးဘေးပတ်ပတ်လည်မှာ လူပိုခရီးသည်တွေ၊ ကုန်စည်တွေနဲ့ ကျပ်ပိတ်သိပ်ပြီး သွားလာနေရတယ်။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ဒုတိယမြောက် အောင်တံခွန်အဖြစ်ဆိုးမျိုး
ဖြစ်မှာက မြေကြီးနဲ့ လက်ခတ်မလွဲဘူး” ဟု ကျောက်ဖြူမြို့ခံ ခရီးသွားကုန်သည် ဦးမြတ်ထွန်းက ပြောသည်။

လက်ရှိ ရခိုင်ကမ်းရိုးတန်း၊ စစ်တွေ အခြေပြု၍ မြို့ပေါင်း ဆယ်မြို့သို့ ပြေးဆွဲပေးနေသည့် မလိခ၊ ရွေပြည်တန်၊ မေခ အမြန်ရေယာဉ်ခြောက်စီးရှိပြီး၊ တစ်စီးလျှင် ထိုင်ခုံအရေအတွက် ၁၇၅ ခုံမှ ၁၈၀ ခုံဝန်းကျင်ခန့်သာ ရှိသဖြင့် ခရီးသွားအင်အားနှင့် ထိုင်ခုံ မမျှတမှုကြောင့် နေ့စဉ်ခရီးသည် လေးဆယ်ဦးမှ ငါးဆယ်ဦးခန့်မှာ
ခေါင်မိုးပေါ်မှ လိုက်ပါနေရခြင်း ဖြစ်ကြောင်း သိရသည်။

“အစိုးရ ကမ်းရိုးတန်း သင်္ဘောပြေးဆွဲမှု ရပ်ဆိုင်းလာတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့အနေနဲ့ ခရီးသည်တွေနဲ့ ကုန်စည် ပိုမိုတင်ဆောင်မှု ကင်းရှင်းဖို့အတွက် သက်ဆိုင်ရာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန တွေမှာ ခံဝန်လက်မှတ် ရေးထိုးထားရပါတယ်။ ဒါပေမဲ့ ခရီးသွားတွေရဲ့ ဆန္ဒကိုလည်း မလွန်ဆန်နိုင်တဲ့ အတွက် တစ်ခါတလေ ပိုတင်ဆောင်မှုတွေ ရှိနေပါတယ်” ဟု မလိခအမြန်ရေယာဉ်လိုင်း (ကျောက်ဖြူ)လက်မှတ် အရောင်းဌာန၏ တာဝန်ခံ ကိုနေဇော်လင်းက ပြောသည်။

လူပေါင်းကိုးဆယ်ကျော် သေဆုံးခဲ့သည့် အောင်တံခွန် ၃ တိမ်းမှောက်ခဲ့သည့် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နောက်ပိုင်းမှစ၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သင်္ဘောများကြ့ံခိုင်ရေး စစ်ဆေးမှုကို အကြောင်းပြ၍ စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူ၊ တောင်ကုတ်လိုင်းကို ယနေ့ထိ ရပ်ဆိုင်းထားပြီး ပြန်လည် ပြေးဆွဲမည်ဆိုပါက သင်္ဘော အသစ်တစ်စီး ၀ယ်ယူရမည် ဖြစ်ကြောင်း ပြည်နယ်ရေကြောင်း ပို့ဆောင်ရေး ရုံး(စစ်တွေ)မှ သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)