အသိခက္ဆဲ ျမန္မာ့သမၼတေရြးခ်ယ္ပြဲ ေန႔ရက္မ်ား



    အေတြးအျမင္ ေဆာင္းပါး

Ref: The Diplomat
ေနျပည္ေတာ္လႊတ္ေတာ္ရုံးတြင္ က်င္းပလွ်က္ရွိသည့္ ၁၁ ၾကိမ္ေျမာက္ ျပည္သူ႔လႊတ္ေတာ္ပံုမွန္အစည္းအေ၀း ပထမဆံုးေန႔သို႔ တက္ေရာက္လာသည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္အား ၂၀၁၄ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္က ေတြ႔ရစဥ္။ ဓာတ္ပံု - ေဟာင္ဆာ(ရာမည)

ျမန္မာစစ္တပ္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္အၾကား ညွိႏိႈင္းအေျဖရွာမရေသးေသာ အေရးကိစၥမ်ား အမ်ားအျပားက်န္ရွိေန ေသးေသာ္လည္း ႏုိင္ငံေတာ္သမၼတႏွင့္ ဒုသမၼတမ်ားေရြးခ်ယ္သည့္လုပ္ငန္းကို မတ္လ၊ ၁၀ ရက္ေန႔တြင္ စတင္လုပ္ေဆာင္ ေတာ့မည္ ျဖစ္သည္။

မူလက မတ္လ၊ ၁၇ ရက္ေန႔တြင္ သမၼတေရြးခ်ယ္သည့္လုပ္ငန္းမ်ား လုပ္ေဆာင္မည္ဟုသတ္မွတ္ထားရာမွာ ေရွ႕တိုးျပီး မတ္လ၊ ၁၀ ရက္ေန႔တြင္ စတင္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း   ျပည္ေထာင္စုလႊတ္ေတာ္က မတ္လ၊ ၁ ရက္ေန႔တြင္ ေၾကညာခဲ့ျခင္း ျဖစ္သည္။

ေရြးေကာက္ပြဲအျပီးတြင္ NLD ႏွင့္ ၾကံ့ခိုင္ေရးပါတီတို႔သည္ ၃ ၾကိမ္ေတြ႕ဆံုေဆြးေႏြးခဲ့ျပီးျပီျဖစ္ျပီး သေဘာတူညီမႈ တစ္စံုတစ္ရာ ရရွိထားပံုမရေသးေခ်။ ထိုကဲ့သို႔ေသာ အေျခအေနတြင္   ေမးရန္ရွိလာသည္မွာ ပါတီႏွစ္ခုအေနႏွင့္ ေရွ႕လာမည့္ႏွစ္မ်ားတြင္ ယံုၾကည္မႈအေပၚအေျခခံျပီး တုိင္းျပည္အတြက္ ထိေရာက္အက်ိဳးရွိေသာ အာဏာခြဲေ၀မႈ တစ္ရပ္ကို ပံုေဖာ္ႏုိင္မည္လား၊ တစ္ဖက္ႏွင့္တစ္ဖက္ သံသယျဖင့္ေစာင့္ၾကည့္သြားမည့္ အတိုက္အခံမ်ား အျဖစ္ ဆက္ရွိသြားမည္လားဆိုသည့္ ေမးခြန္းပင္ျဖစ္သည္။

စစ္တပ္က တုိက္ရိုက္နည္း၊ သြယ္၀ိုက္ေသာနည္းတုိ႔ျဖင့္ ႏွစ္ေပါင္း ၅၀ အုပ္ခ်ဳပ္လာခဲ့ေသာ ႏုိင္ငံတစ္ႏုိင္ငံတြင္ အဆင္ေျပေျပ အာဏာခြဲေ၀သည့္ပံုစံတစ္ရပ္ ေပၚေပါက္ရန္မွာ မလြယ္ကူသည့္ ကိစၥျဖစ္သည္မွာအမွန္ပင္ ျဖစ္သည္။  ထို႔ျပင္ အေျပာင္းအလဲျဖစ္စဥ္တစ္ရပ္လံုး စိတ္ကူးေမွ်ာ္မွန္းခ်က္မ်ားအတိုင္း ျဖစ္လာရန္မွာလည္း ျဖစ္ႏုိင္ေခ်နည္းလြန္းလွ သည္။ လက္ရွိအေျပာင္းအလဲျဖစ္စဥ္ကို အာဏာရွင္ဗိုလ္ခ်ဳပ္မ်ားက ျပီးခဲ့ေသာဆယ္စုႏွစ္မ်ားအတြင္း ၎တို႔အသာ စီးရရွိရန္ အေသအခ်ာ ဂရုတစိုက္ျပင္ဆင္ထားေသာ အေျခအေနမွေန၍ စတင္လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

ပထမဆံုးအေနျဖင့္ စစ္အာဏာရွင္မ်ားသည္ ႏိုင္ငံေရးနယ္ပယ္တြင္ စစ္တပ္ကဆက္လက္ပါ၀င္ႏုိင္မည့္ အခ်က္မ်ား ကို အေျခခံဥပေဒတြင္ထည့္သြင္းေရးဆြဲခဲ့ရာ လက္ရွိအခ်ိန္တြင္ လႊတ္ေတာ္အသီးသီး၌ ေရြးေကာက္ခံမဟုတ္ေသာ တပ္မေတာ္သားကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္းက ေနရာယူထားလွ်က္ရွိသည္။

ထို႔ျပင္ ၂၀၀၈ အေျခခံဥပေဒအရ ျပည္ထဲေရး၊ ကာကြယ္ေရး ႏွင့္ နယ္စပ္ေရးရာ၀န္ၾကီးမ်ားကို သမၼတခန္႔အပ္ခြင့္မရွိဘဲ ကာကြယ္ေရးဦးစီးခ်ဳပ္ကသာ ခန္႔အပ္ခြင့္ ရွိသျဖင့္ အရပ္ဘက္အုပ္ခ်ဳပ္ေရး လုပ္ငန္းမ်ားေရာ၊ တုိင္းျပည္လံုျခံဳေရးလုပ္ငန္း မ်ားကိုပါ စစ္တပ္ကထိန္းခ်ဳပ္ပိုင္ခြင့္ ရွိထားသည္။ အေျခခံဥပေဒကို ျပင္ဆင္ရန္မွာလည္း လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္း၏   ေထာက္ခံမႈကိုလိုအပ္လွ်က္ရွိရာ အေျခခံဥပေဒကို မျပင္ဆင္ႏုိင္ေစရန္ စစ္တပ္က ၎၏ဗီတိုအာဏာကို အသံုးျပဳႏုိင္စြမ္း ရွိေနသည္။

စစ္တပ္၏ လိုက္ေလ်ာမႈ

လက္ရွိျမန္မာႏုိင္ငံသားမ်ားေရာ၊ ႏုိင္ငံတကာအသိုင္းအ၀ိုင္းကပါ ေတြ႕ျမင္ေနရသည့္ ျမန္မာ့ေႏြဦးမွာ စစ္အာဏာရွင္တို႔၏ ဆႏၵႏွင့္ ဆန္႔က်င္၍ေပၚေပါက္လာျခင္း မဟုတ္ဘဲ ၎တို႔ကအလိုရွိ၍ စတင္ေပၚေပါက္လာရသည့္ ေႏြဦးျဖစ္သည္။

၂၀၁၁၊ မတ္တြင္ သမၼတဦးသိန္းစိန္အာဏာစတင္ရယူျပီးေနာက္ ျမန္မာႏုိင္ငံတြင္ ယခင္စစ္အစိုးရေခတ္က မျမင္ေတြ႕ခဲ့ရ ဖူးသည့္ အေျပာင္းအလဲမ်ားစြာ ျမင္ေတြ႕လာရသည္။ သမၼတဦးသိန္းစိန္သည္ ႏုိင္ငံေရးအက်ဥ္းသား ၁၂၀၀ ခန္႔လႊတ္ေပးခဲ့ ျပီး သတင္းႏွင့္မီဒီယာဆင္ဆာကို ဖ်က္သိမ္းခဲ့သည္။ ထုိ႔ျပင္ NLD ကိုႏုိင္ငံေရးတြင္ ျပန္လည္ပါ၀င္ရန္ဖိတ္ေခၚခဲ့သလို စီးပြားေရးျပဳျပင္ေျပာင္းလဲမႈမ်ားလုပ္ေဆာင္ျပီး ႏုိင္ငံတကာရင္းႏွီးျမဳပ္ႏွံမႈမ်ားကိုလည္း ဖိတ္ေခၚခဲ့သည္။

ေနာက္ဆံုးအေနႏွင့္ ၂၀၁၅ ခုႏွစ္တြင္ လြတ္လပ္၍တရားမွ်တေသာေရြးေကာက္ပြဲမ်ားကို က်င္းပခဲ့ရာ အတုိက္အခံပါတီ NLD က စစ္တပ္ေက်ာေထာက္ေနာက္ခံျပဳ ၾကံ့ခိုင္ေရးပါတီကို အျပတ္အသတ္အႏိုင္ရရွိခဲ့သည္။

ထိုကဲ့သို႔ ေရြးေကာက္ပြဲတြင္ NLD ကေတာင္ျပိဳကမ္းျပိဳႏုိင္ခဲ့ျပီး အစိုးရဖြဲ႕ခြင့္ရရွိထားေသာ္လည္း ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္မွာမူ ပုဒ္မ ၅၉(စ) ႏွင့္ျငိစြန္းေနသျဖင့္ သမၼတအျဖစ္ ကိုယ္တိုင္တာ၀န္ထမ္းေဆာင္ရန္ ပိတ္ပင္ခံထားရလွ်က္ရွိသည္။ သို႔ေသာ္ ေဒၚေအာင္ဆန္းစုၾကည္က အေျခခံဥပေဒကို မျပင္ဆင္ႏုိင္ခဲ့လွ်င္လည္း သမၼတအထက္မွေန၍ တုိင္းျပည္ကိုဦးေဆာင္သြားမည္ဟု လူသိရွင္ၾကားေျပာၾကားထားရာ ထိုအခ်က္က အေျခခံဥပေဒကို ေစာင့္ေရွာက္မည္ဟုေၾကြးေၾကာ္ထားေသာ စစ္တပ္ႏွင့္ NLD အၾကား တင္းမာမႈမ်ားျဖစ္ေပၚလာမည့္ လမ္းစအျဖစ္ ျမင္ေတြ႕ေနရသည္။

ထို႔ေၾကာင့္ အေျပာင္းအလဲကာလေဆြးေႏြးပြဲမ်ားတြင္ ေဆြးေႏြးစရာေခါင္းစဥ္မ်ား အလံုအေလာက္ရွိေနျပီး ေကာလာဟလ မ်ားလည္း အမ်ိဳးမ်ိဳးေပၚထြက္လွ်က္ရွိသည္။ ထိုကဲ့သို႔ ထြက္ေပၚေနေသာ ေကာလာဟလမ်ားတြင္ ကခ်င္၊ ရွမ္း၊ ရခိုင္ ႏွင့္ ရန္ကုန္တို႔တြင္ ၀န္ၾကီးအဆင့္အၾကီးတန္းအရာရွိမ်ားကို စစ္တပ္ကခန္႔အပ္ခြင့္ရလွ်င္ ပုဒ္မ ၅၉(စ) ကို ပယ္ဖ်က္ရန္ သေဘာတူမည္ဟု ကာကြယ္ေရးဦးစီးခ်ဳပ္မင္းေအာင္လိႈင္က ကမ္းလွမ္းသည္ဟူေသာ ေကာလာဟလသတင္းတစ္ရပ္ လည္း ပါ၀င္ခဲ့သည္။ NLD အစိုးရအေနျဖင့္ တုိင္းသူျပည္သားမ်ားက ေမွ်ာ္လင့္ခ်က္ျမင့္ျမင့္မားမားထားရွိေနမႈ၊ စစ္တပ္၏ ကမ္းလွမ္းမႈတစ္ရပ္ရပ္ကိုလက္ခံလိုက္ပါက ေဒၚေအာင္ဆန္းစုၾကည္ကို ယံုၾကည္ကိုးကြယ္သူအခ်ိဳ႕ကို ဆံုးရံႈးရႏုိင္မႈ တုိ႔ႏွင့္လည္း ရင္ဆုိင္ရဖြယ္ရွိေနသည္။

NLD ေခါင္းေဆာင္ႏွင့္ စစ္တပ္အေနျဖင့္ ကာလရွည္ေစာင့္ေမွ်ာ္လာခဲ့ရေသာ ႏွစ္ဖက္သေဘာတူညီမႈတစ္ရပ္ ရရွိေအာင္ ေဆာင္ရြက္ရန္လိုအပ္မည္ျဖစ္သလို မျပီးေသာေသာျပည္တြင္းစစ္ပြဲမ်ား၊ ဆင္းရဲႏြမ္းပါးမႈႏွင့္ အာဏာရွင္စနစ္ကာလ ေခါက္ရိုးက်ိဳးမႈမ်ားအပါအ၀င္  အခက္အခဲအတားအဆီးမ်ားကိုလည္း ေက်ာ္ျဖတ္ရန္ က်န္ရွိေနေသးသည္။

ျငိမ္းခ်မ္းေရး ပဏာမ ေျခလွမ္းသစ္

သမၼတဦးသိန္းစိန္သည္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၈ ဖြဲ႕ႏွင့္ တစ္ႏုိင္ငံလံုးအပစ္ရပ္စာခ်ဳပ္ကို ၂၀၁၅ ခုႏွစ္၊ ေအာက္တုိဘာတြင္ လက္မွတ္ေရးထိုးႏုိင္ခဲ့သည္။ ထုိကဲ့သို႔ အပစ္ရပ္သေဘာတူညီမႈရရွိရန္ ၂၀၁၁ ၊ ၾသဂုတ္ ကတည္းက ညွိႏိႈင္းလာခဲ့ျခင္းျဖစ္ျပီး ထိုသေဘာတူညီမႈမွာ ဦးသိန္းစိန္အစိုးရသက္တမ္းအတြင္း အဓိကက်သည့္ ႏုိင္ငံေရးအက်ိဳးအျမတ္ တစ္ရပ္ျဖစ္ခဲ့သည္။ သုိ႔ရာတြင္ တုိင္းရင္းသားလက္နက္ကိုင္ ၁၅ ဖြဲ႕အနက္မွ ၈ ဖြဲ႕သာလက္မွတ္ထိုးႏိုင္ခဲ့ျပီး KIA၊ SSA၊ UWSA စသည့္ အင္အားၾကီးမားသည့္ အဖြဲ႕မ်ားႏွင့္မူ လက္မွတ္ေရးထိုးႏိုင္ျခင္း မရွိေသးေခ်။

ေဒၚေအာင္ဆန္းစုၾကည္ကမူ ျငိမ္းခ်မ္းေရးပဏာမေျခလွမ္းသစ္တစ္ရပ္အတြက္ ကတိျပဳထားျပီး လက္ရွိျပဳလုပ္ေနေသာ ျမန္မာ့အနာဂါတ္ေဆြးေႏြးပြဲမ်ားတြင္ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားပါ၀င္လာရန္ ဆႏၵရွိလွ်က္ရွိသည္။ ဦးသိန္းစိန္ ၏ ျငိမ္းခ်မ္းေရးၾကိဳးပမ္းခ်က္မ်ားကို တက္တက္ၾကြၾကြေထာက္ခံအားေပးခဲ့ေသာ စစ္တပ္မွာမူ ေဒၚေအာင္ဆန္းစုၾကည္၏   ျငိမ္းခ်မ္းေရးေျခလွမ္းမ်ားကို သတိၾကီးၾကီးထားျပီး ေစာင့္ၾကည့္သြားမည္ျဖစ္သည္။

ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားက ကာလၾကာရွည္ေတာင္းဆိုလာခဲ့ျပီး ျပီးခဲ့ေသာႏွစ္ပိုင္းအတြင္းက ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားတြင္မွ စစ္တပ္က အင္တင္တင္ႏွင့္လက္ခံခဲ့ေသာ ဖက္ဒရယ္စနစ္ လက္ေတြ႕က်က်ျဖစ္ေပၚလာရန္ စစ္ဗိုလ္ခ်ဳပ္မ်ားကိုမည္မွ်အထိ ဆြဲေခၚႏုိင္မည္ဆိုသည္မွာလည္း စိတ္၀င္တစား ေစာင့္ၾကည့္ရန္က်န္ရွိေနေသးသည့္ အခ်က္ျဖစ္သည္။

ျမင့္မားေနဆဲဆင္းရဲႏြမ္းပါးမႈ

သမၼတဦးသိန္းစိန္လက္ထက္တြင္ တုိင္းျပည္ဖြံ႕ျဖိဳးတိုးတက္မႈႏႈန္းျမင့္မားလာသည္မွာ မွန္ေသာ္လည္း ယင္း၏ အက်ိဳးေက်းဇူးကို ခံစားရသည္မွာ တုိင္းျပည္လူဦးေရႏွင့္ယွဥ္လွ်င္ လူနည္းစုသာရွိခဲ့သည္။ တုိးပြားလာေသာ လူလတ္တန္း စားမ်ားႏွင့္ ခရိုနီသူေဌးမ်ားသည္ အေျပာင္းအလဲကာလအက်ိဳးေက်းဇူးမ်ားကို ခံစားခြင့္ရခဲ့ေသာ္လည္း လူမ်ားစုျဖစ္သည့္ ေတာင္သူလယ္သမားမ်ားမွာမူ မခံစားခဲ့ရေခ်။

ဘာတဲလ္စ္မန္းေျပာင္းလဲမႈညႊန္းကိန္း အသစ္တစ္ရပ္အရ  ျမန္မာႏုိင္ငံတြင္ ၁၉၉၀ လြန္ႏွစ္မ်ားမွစ၍ စစ္တပ္လက္၀ါးၾကီးအုပ္ အရင္းရွင္စနစ္၊ အလ်ားလိုက္ မညီမွ်မႈ ( တုိင္းရင္သား လူမ်ိဳးမ်ားအၾကား) ႏွင့္ ေဒါင္လိုက္ မညီမွ်မႈ( စစ္အာဏာရွင္မ်ားႏွင့္ ၎တုိ႔ႏွင့္နီးစပ္ေသာ ခရိုနီအသိုင္းအ၀ိုင္းကတစ္ဖက္၊ က်န္ဆင္းရဲႏြမ္းပါးေသာ ျမန္မာလူထုက တစ္ဖက္) တို႔ ျမင့္တက္လာခဲ့သည္။

ျမန္မာႏိုင္ငံတြင္ လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းမွာ ေက်းလက္ေဒသတြင္ ေနထိုင္ေနဆဲျဖစ္ျပီး တုိင္းျပည္မွာ စိုက္ပ်ိဳးေရးႏိုင္ငံ အျဖစ္ ရွိေနဆဲျဖစ္ကာ ေတာင္သူလယ္သမားအမ်ားအျပားမွာ အလြန္နည္းပါးေသာ၀င္ေငြႏွင့္ ရပ္တည္ေနရဆဲျဖစ္သည္။ ထို႔ေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္က စိုက္ပ်ိဳးေရးက႑ဖြံ႕ျဖိဳးတုိးတက္ရန္အာရံုစိုက္လုပ္ေဆာင္သြားမည္ဟု ကတိျပဳထား ျပီး သူမ၏လုပ္ေဆာင္ခ်က္မ်ားက စစ္တပ္၏အက်ိဳးစီးပြားႏွင့္ပတ္သတ္ေနေသာ စီးပြားေရးလုပ္ငန္းၾကီးမ်ားကို မထိခုိက္သ၍ ထိုကိစၥအေပၚ သူမႏွင့္ စစ္တပ္အၾကား ထိပ္တိုက္ေတြ႕ဖြယ္ရာလည္း မရွိေခ်။

ၿဖိဳးမင္းသန္႔ (With Presidential Vote Looming, Myanmar Stares at Uncharted Waters By Marco Bunte ကိုဆီေလ်ာ္ေအာင္ ဘာသာျပန္ဆုိပါသည္)
- See more at: http://mizzimaburmese.com/article/11859#sthash.S8MUrJV8.oX77NzbC.dpuf
..............
အသိခက်ဆဲ မြန်မာ့သမ္မတရွေးချယ်ပွဲ နေ့ရက်များ

    အတွေးအမြင် ဆောင်းပါး

Ref: The Diplomat


နေပြည်တော်လွှတ်တော်ရုံးတွင် ကျင်းပလျှက်ရှိသည့် ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ပထမဆုံးနေ့သို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

မြန်မာစစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ညှိနှိုင်းအဖြေရှာမရသေးသော အရေးကိစ္စများ အများအပြားကျန်ရှိနေ သေးသော်လည်း နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများရွေးချယ်သည့်လုပ်ငန်းကို မတ်လ၊ ၁၀ ရက်နေ့တွင် စတင်လုပ်ဆောင် တော့မည် ဖြစ်သည်။

မူလက မတ်လ၊ ၁၇ ရက်နေ့တွင် သမ္မတရွေးချယ်သည့်လုပ်ငန်းများ လုပ်ဆောင်မည်ဟုသတ်မှတ်ထားရာမှာ ရှေ့တိုးပြီး မတ်လ၊ ၁၀ ရက်နေ့တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း   ပြည်ထောင်စုလွှတ်တော်က မတ်လ၊ ၁ ရက်နေ့တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအပြီးတွင် NLD နှင့် ကြံ့ခိုင်ရေးပါတီတို့သည် ၃ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးပြီဖြစ်ပြီး သဘောတူညီမှု တစ်စုံတစ်ရာ ရရှိထားပုံမရသေးချေ။ ထိုကဲ့သို့သော အခြေအနေတွင်   မေးရန်ရှိလာသည်မှာ ပါတီနှစ်ခုအနေနှင့် ရှေ့လာမည့်နှစ်များတွင် ယုံကြည်မှုအပေါ်အခြေခံပြီး တိုင်းပြည်အတွက် ထိရောက်အကျိုးရှိသော အာဏာခွဲဝေမှု တစ်ရပ်ကို ပုံဖော်နိုင်မည်လား၊ တစ်ဖက်နှင့်တစ်ဖက် သံသယဖြင့်စောင့်ကြည့်သွားမည့် အတိုက်အခံများ အဖြစ် ဆက်ရှိသွားမည်လားဆိုသည့် မေးခွန်းပင်ဖြစ်သည်။

စစ်တပ်က တိုက်ရိုက်နည်း၊ သွယ်ဝိုက်သောနည်းတို့ဖြင့် နှစ်ပေါင်း ၅၀ အုပ်ချုပ်လာခဲ့သော နိုင်ငံတစ်နိုင်ငံတွင် အဆင်ပြေပြေ အာဏာခွဲဝေသည့်ပုံစံတစ်ရပ် ပေါ်ပေါက်ရန်မှာ မလွယ်ကူသည့် ကိစ္စဖြစ်သည်မှာအမှန်ပင် ဖြစ်သည်။  ထို့ပြင် အပြောင်းအလဲဖြစ်စဉ်တစ်ရပ်လုံး စိတ်ကူးမျှော်မှန်းချက်များအတိုင်း ဖြစ်လာရန်မှာလည်း ဖြစ်နိုင်ချေနည်းလွန်းလှ သည်။ လက်ရှိအပြောင်းအလဲဖြစ်စဉ်ကို အာဏာရှင်ဗိုလ်ချုပ်များက ပြီးခဲ့သောဆယ်စုနှစ်များအတွင်း ၎င်းတို့အသာ စီးရရှိရန် အသေအချာ ဂရုတစိုက်ပြင်ဆင်ထားသော အခြေအနေမှနေ၍ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအနေဖြင့် စစ်အာဏာရှင်များသည် နိုင်ငံရေးနယ်ပယ်တွင် စစ်တပ်ကဆက်လက်ပါ၀င်နိုင်မည့် အချက်များ ကို အခြေခံဥပဒေတွင်ထည့်သွင်းရေးဆွဲခဲ့ရာ လက်ရှိအချိန်တွင် လွှတ်တော်အသီးသီး၌ ရွေးကောက်ခံမဟုတ်သော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက နေရာယူထားလျှက်ရှိသည်။

ထို့ပြင် ၂၀၀၈ အခြေခံဥပဒေအရ ပြည်ထဲရေး၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာဝန်ကြီးများကို သမ္မတခန့်အပ်ခွင့်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ကသာ ခန့်အပ်ခွင့် ရှိသဖြင့် အရပ်ဘက်အုပ်ချုပ်ရေး လုပ်ငန်းများရော၊ တိုင်းပြည်လုံခြုံရေးလုပ်ငန်း များကိုပါ စစ်တပ်ကထိန်းချုပ်ပိုင်ခွင့် ရှိထားသည်။ အခြေခံဥပဒေကို ပြင်ဆင်ရန်မှာလည်း လွှတ်တော်ကိုယ်စားလှယ် ရ၅ ရာခိုင်နှုန်း၏   ထောက်ခံမှုကိုလိုအပ်လျှက်ရှိရာ အခြေခံဥပဒေကို မပြင်ဆင်နိုင်စေရန် စစ်တပ်က ၎င်း၏ဗီတိုအာဏာကို အသုံးပြုနိုင်စွမ်း ရှိနေသည်။

စစ်တပ်၏ လိုက်လျောမှု

လက်ရှိမြန်မာနိုင်ငံသားများရော၊ နိုင်ငံတကာအသိုင်းအဝိုင်းကပါ တွေ့မြင်နေရသည့် မြန်မာ့နွေဦးမှာ စစ်အာဏာရှင်တို့၏ ဆန္ဒနှင့် ဆန့်ကျင်၍ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ၎င်းတို့ကအလိုရှိ၍ စတင်ပေါ်ပေါက်လာရသည့် နွေဦးဖြစ်သည်။

၂၀၁၁၊ မတ်တွင် သမ္မတဦးသိန်းစိန်အာဏာစတင်ရယူပြီးနောက် မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရခေတ်က မမြင်တွေ့ခဲ့ရ ဖူးသည့် အပြောင်းအလဲများစွာ မြင်တွေ့လာရသည်။ သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသား ၁၂၀၀ ခန့်လွှတ်ပေးခဲ့ ပြီး သတင်းနှင့်မီဒီယာဆင်ဆာကို ဖျက်သိမ်းခဲ့သည်။ ထို့ပြင် NLD ကိုနိုင်ငံရေးတွင် ပြန်လည်ပါ၀င်ရန်ဖိတ်ခေါ်ခဲ့သလို စီးပွားရေးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ခဲ့သည်။

နောက်ဆုံးအနေနှင့် ၂၀၁၅ ခုနှစ်တွင် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲများကို ကျင်းပခဲ့ရာ အတိုက်အခံပါတီ NLD က စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီကို အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

ထိုကဲ့သို့ ရွေးကောက်ပွဲတွင် NLD ကတောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး အစိုးရဖွဲ့ခွင့်ရရှိထားသော်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာမူ ပုဒ်မ ၅၉(စ) နှင့်ငြိစွန်းနေသဖြင့် သမ္မတအဖြစ် ကိုယ်တိုင်တာဝန်ထမ်းဆောင်ရန် ပိတ်ပင်ခံထားရလျှက်ရှိသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေကို မပြင်ဆင်နိုင်ခဲ့လျှင်လည်း သမ္မတအထက်မှနေ၍ တိုင်းပြည်ကိုဦးဆောင်သွားမည်ဟု လူသိရှင်ကြားပြောကြားထားရာ ထိုအချက်က အခြေခံဥပဒေကို စောင့်ရှောက်မည်ဟုကြွေးကြော်ထားသော စစ်တပ်နှင့် NLD အကြား တင်းမာမှုများဖြစ်ပေါ်လာမည့် လမ်းစအဖြစ် မြင်တွေ့နေရသည်။

ထို့ကြောင့် အပြောင်းအလဲကာလဆွေးနွေးပွဲများတွင် ဆွေးနွေးစရာခေါင်းစဉ်များ အလုံအလောက်ရှိနေပြီး ကောလာဟလ များလည်း အမျိုးမျိုးပေါ်ထွက်လျှက်ရှိသည်။ ထိုကဲ့သို့ ထွက်ပေါ်နေသော ကောလာဟလများတွင် ကချင်၊ ရှမ်း၊ ရခိုင် နှင့် ရန်ကုန်တို့တွင် ၀န်ကြီးအဆင့်အကြီးတန်းအရာရှိများကို စစ်တပ်ကခန့်အပ်ခွင့်ရလျှင် ပုဒ်မ ၅၉(စ) ကို ပယ်ဖျက်ရန် သဘောတူမည်ဟု ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်က ကမ်းလှမ်းသည်ဟူသော ကောလာဟလသတင်းတစ်ရပ် လည်း ပါ၀င်ခဲ့သည်။ NLD အစိုးရအနေဖြင့် တိုင်းသူပြည်သားများက မျှော်လင့်ချက်မြင့်မြင့်မားမားထားရှိနေမှု၊ စစ်တပ်၏ ကမ်းလှမ်းမှုတစ်ရပ်ရပ်ကိုလက်ခံလိုက်ပါက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးကွယ်သူအချို့ကို ဆုံးရှုံးရနိုင်မှု တို့နှင့်လည်း ရင်ဆိုင်ရဖွယ်ရှိနေသည်။

NLD ခေါင်းဆောင်နှင့် စစ်တပ်အနေဖြင့် ကာလရှည်စောင့်မျှော်လာခဲ့ရသော နှစ်ဖက်သဘောတူညီမှုတစ်ရပ် ရရှိအောင် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သလို မပြီးသောသောပြည်တွင်းစစ်ပွဲများ၊ ဆင်းရဲနွမ်းပါးမှုနှင့် အာဏာရှင်စနစ်ကာလ ခေါက်ရိုးကျိုးမှုများအပါအဝင်  အခက်အခဲအတားအဆီးများကိုလည်း ကျော်ဖြတ်ရန် ကျန်ရှိနေသေးသည်။

ငြိမ်းချမ်းရေး ပဏာမ ခြေလှမ်းသစ်

သမ္မတဦးသိန်းစိန်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထိုကဲ့သို့ အပစ်ရပ်သဘောတူညီမှုရရှိရန် ၂၀၁၁ ၊ သြဂုတ် ကတည်းက ညှိနှိုင်းလာခဲ့ခြင်းဖြစ်ပြီး ထိုသဘောတူညီမှုမှာ ဦးသိန်းစိန်အစိုးရသက်တမ်းအတွင်း အဓိကကျသည့် နိုင်ငံရေးအကျိုးအမြတ် တစ်ရပ်ဖြစ်ခဲ့သည်။ သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့အနက်မှ ၈ ဖွဲ့သာလက်မှတ်ထိုးနိုင်ခဲ့ပြီး KIA၊ SSA၊ UWSA စသည့် အင်အားကြီးမားသည့် အဖွဲ့များနှင့်မူ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးချေ။

ဒေါ်အောင်ဆန်းစုကြည်ကမူ ငြိမ်းချမ်းရေးပဏာမခြေလှမ်းသစ်တစ်ရပ်အတွက် ကတိပြုထားပြီး လက်ရှိပြုလုပ်နေသော မြန်မာ့အနာဂါတ်ဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များပါ၀င်လာရန် ဆန္ဒရှိလျှက်ရှိသည်။ ဦးသိန်းစိန် ၏ ငြိမ်းချမ်းရေးကြိုးပမ်းချက်များကို တက်တက်ကြွကြွထောက်ခံအားပေးခဲ့သော စစ်တပ်မှာမူ ဒေါ်အောင်ဆန်းစုကြည်၏   ငြိမ်းချမ်းရေးခြေလှမ်းများကို သတိကြီးကြီးထားပြီး စောင့်ကြည့်သွားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကာလကြာရှည်တောင်းဆိုလာခဲ့ပြီး ပြီးခဲ့သောနှစ်ပိုင်းအတွင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်မှ စစ်တပ်က အင်တင်တင်နှင့်လက်ခံခဲ့သော ဖက်ဒရယ်စနစ် လက်တွေ့ကျကျဖြစ်ပေါ်လာရန် စစ်ဗိုလ်ချုပ်များကိုမည်မျှအထိ ဆွဲခေါ်နိုင်မည်ဆိုသည်မှာလည်း စိတ်ဝင်တစား စောင့်ကြည့်ရန်ကျန်ရှိနေသေးသည့် အချက်ဖြစ်သည်။

မြင့်မားနေဆဲဆင်းရဲနွမ်းပါးမှု

သမ္မတဦးသိန်းစိန်လက်ထက်တွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှုန်းမြင့်မားလာသည်မှာ မှန်သော်လည်း ယင်း၏ အကျိုးကျေးဇူးကို ခံစားရသည်မှာ တိုင်းပြည်လူဦးရေနှင့်ယှဉ်လျှင် လူနည်းစုသာရှိခဲ့သည်။ တိုးပွားလာသော လူလတ်တန်း စားများနှင့် ခရိုနီသူဌေးများသည် အပြောင်းအလဲကာလအကျိုးကျေးဇူးများကို ခံစားခွင့်ရခဲ့သော်လည်း လူများစုဖြစ်သည့် တောင်သူလယ်သမားများမှာမူ မခံစားခဲ့ရချေ။

ဘာတဲလ်စ်မန်းပြောင်းလဲမှုညွှန်းကိန်း အသစ်တစ်ရပ်အရ  မြန်မာနိုင်ငံတွင် ၁၉၉၀ လွန်နှစ်များမှစ၍ စစ်တပ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်၊ အလျားလိုက် မညီမျှမှု ( တိုင်းရင်သား လူမျိုးများအကြား) နှင့် ဒေါင်လိုက် မညီမျှမှု( စစ်အာဏာရှင်များနှင့် ၎င်းတို့နှင့်နီးစပ်သော ခရိုနီအသိုင်းအဝိုင်းကတစ်ဖက်၊ ကျန်ဆင်းရဲနွမ်းပါးသော မြန်မာလူထုက တစ်ဖက်) တို့ မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် လူဦးရေ၏ ရ၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်နေဆဲဖြစ်ပြီး တိုင်းပြည်မှာ စိုက်ပျိုးရေးနိုင်ငံ အဖြစ် ရှိနေဆဲဖြစ်ကာ တောင်သူလယ်သမားအများအပြားမှာ အလွန်နည်းပါးသောဝင်ငွေနှင့် ရပ်တည်နေရဆဲဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အာရုံစိုက်လုပ်ဆောင်သွားမည်ဟု ကတိပြုထား ပြီး သူမ၏လုပ်ဆောင်ချက်များက စစ်တပ်၏အကျိုးစီးပွားနှင့်ပတ်သတ်နေသော စီးပွားရေးလုပ်ငန်းကြီးများကို မထိခိုက်သ၍ ထိုကိစ္စအပေါ် သူမနှင့် စစ်တပ်အကြား ထိပ်တိုက်တွေ့ဖွယ်ရာလည်း မရှိချေ။

ဖြိုးမင်းသန့် (With Presidential Vote Looming, Myanmar Stares at Uncharted Waters By Marco Bunte ကိုဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
- See more at: http://mizzimaburmese.com/article/11859#sthash.S8MUrJV8.oX77NzbC.dpuf
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)