ဇနီးေမာင္ႏွံႏွစ္ဦး မူးျမစ္ထဲ ငါးဟင္းရွာေဖြရင္း ေရနစ္ေသဆံုး



ျမင္းမူ မတ္ ၁၃

ျမင္းမူၿမိဳ႕နယ္ ေပ်ာ့ရြာေက်းရြာ မူးျမစ္အတြင္း ေရနစ္ေသဆံုးေၾကာင္း မတ္ ၁၁ ရက္ မြန္းလႊဲ ၁၂ နာရီ ၁၅ မိနစ္ခန္႔က သတင္းအရ ဂံုညင္းဆိပ္ ရဲကင္းစခန္းမွဴးရဲအုပ္ တင္ေမာင္ေရႊ သြားေရာက္ စစ္ေဆးရာ ျမင့္ဦး (၃ဝႏွစ္)ခင္ပြန္းႏွင့္ဇနီးျဖစ္သူ မဇင္မာခုိင္ (၂၅ႏွစ္) ေပ်ာ့ရြာေက်းရြာ ျမင္းမူၿမိဳ႕နယ္ ေနသူတို႔သည္ မူးျမစ္အတြင္း ငါးရွာစဥ္ ေရနစ္ေသဆံုးေၾကာင္း စစ္ေဆး ေတြ႕ရိွရသည္။

''ခင္ပြန္းလုပ္သူက မူးျမစ္ထဲ ငါးရွာရန္ အရင္ဆင္းသြားတာ ၄င္းေရနစ္ ေနလို႔ ဇနီးျဖစ္သူက ေရထဲဆင္းဆယ္ရင္း ေရနစ္ၿပီးေသဆံုးရတာပါ။ ေရနစ္တဲ့ ေနရာက ေရအနက္ ၁ဝ ေပေလာက္ရိွတယ္။

ေအာက္ကလည္းသဲေတြရိွတယ္'' ဟု ေဒသခံမ်ားက ေျပာသည္။
ေသဆံုးသူမ်ားအား ျမင္းမူၿမိဳ႕ ျမတ္သုခက်န္းမာေရးႏွင့္ လူမႈကူညီေရး အသင္းယာဥ္ျဖင့္ ၿမိဳ႕နယ္ေဆး႐ံုသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ျမင္းမူၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးလ်က္ရိွေၾကာင္း သိရသည္။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

...............................


မြင်းမူ မတ် ၁၃

မြင်းမူမြို့နယ် ပျော့ရွာကျေးရွာ မူးမြစ်အတွင်း ရေနစ်သေဆုံးကြောင်း မတ် ၁၁ ရက် မွန်းလွှဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က သတင်းအရ ဂုံညင်းဆိပ် ရဲကင်းစခန်းမှူးရဲအုပ် တင်မောင်ရွှေ သွားရောက် စစ်ဆေးရာ မြင့်ဦး (၃ဝနှစ်)ခင်ပွန်းနှင့်ဇနီးဖြစ်သူ မဇင်မာခိုင် (၂၅နှစ်) ပျော့ရွာကျေးရွာ မြင်းမူမြို့နယ် နေသူတို့သည် မူးမြစ်အတွင်း ငါးရှာစဉ် ရေနစ်သေဆုံးကြောင်း စစ်ဆေး တွေ့ရှိရသည်။

''ခင်ပွန်းလုပ်သူက မူးမြစ်ထဲ ငါးရှာရန် အရင်ဆင်းသွားတာ ၄င်းရေနစ် နေလို့ ဇနီးဖြစ်သူက ရေထဲဆင်းဆယ်ရင်း ရေနစ်ပြီးသေဆုံးရတာပါ။ ရေနစ်တဲ့ နေရာက ရေအနက် ၁ဝ ပေလောက်ရှိတယ်။

အောက်ကလည်းသဲတွေရှိတယ်'' ဟု ဒေသခံများက ပြောသည်။
သေဆုံးသူများအား မြင်းမူမြို့ မြတ်သုခကျန်းမာရေးနှင့် လူမှုကူညီရေး အသင်းယာဉ်ဖြင့် မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မြင်းမူမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)