မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္သစ္နဲ႔ ဆက္သြယ္ေမးျမန္းခန္း




မွန်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသူ ဦးမင်းမင်းဦးက မွန်ပြည်နယ်မှာ အဓိကကျတဲ့ ရာဘာထုတ်လုပ်မှု စီးပွားရေးလုပ်ငန်း ဦးမော့လာအောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပြီး၊ တချိန်တည်းမှာ မွန်ပြည်နယ်တွင်းက တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှု မြှင့်တင်ရေး အစီအစဉ်တွေကို ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။<မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ရာမှာ မွန်တိုင်းရင်းသား ကိုယ်စားလှယ်ထဲက ရွေးချယ် ခန့်ထားသင့်တယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။မေး - မွန်ပြည်နယ် ၀န်ကြီးချုပ်ကို ရွေးချယ်တဲ့အခါမှာ မွန်လူမျိုးထဲကပဲ ရွေးချယ် တင်မြှောက်သင့်တယ် ဆိုပြီးတော့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီလို ဝေဖန်မှုတွေအပေါ်မှာ ၀န်ကြီးချုပ် ဦးမင်းမင်းဦးအနေနဲ့က ဘာများပြောလိုပါသလဲခင်ဗျ။<ဖြေ - “ဟုတ်ပါတယ်။ ကျနော်လည်း ကြားပါတယ်။ မွန်ပြည်နယ်မှာ မွန်လူမျိုးဖြစ်သင့်တယ်ဆိုတဲ့ အနေအထားပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေမှာကို ဒီနေရာမှာ ကျနော့်ကို ရွေးဖို့အတွက် သူတို့ စဉ်းစားထားပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတကြီး ဦးထင်ကျော်ကိုယ်တိုင်က မွန် အနွယ်ဝင်ပါ။ နောက် တိုင်းရင်းသားဝန်ကြီးခန့်လိုက်တဲ့ နိုင်သက်လွင်လေ မွန်တိုင်းရင်းသားပါ။ ကျနော်လည်း အမှန်မှန် ပြောမယ့်သာပြောရတယ်။ မွန်ပြည်နယ်မှာမွေးတော့ ဗမာဆိုပေမဲ့ မွန်အနွယ်ပါ။ ဒီမှာ ဒါပေမဲ့ နောက်ပိုင်းကျတော့ မှတ်ပုံတင်ထဲမှာ ထည့်တော့ ဗမာ ဗုဒ္ဓဘာသာပဲ ထည့်ရတာပါ။ လုံးဝ ကင်းကင်းကြီးတော့ မဟုတ်ပါဘူး။ မွန်အနွယ်ပါပဲ။ ကျနော်တို့အဖိုးဘက်က နော်။ ဒါပေမဲ့ ဒီမှာက မွန်ပြည်နယ်မှာက အစွဲလေး နည်းနည်းရှိတော့လေ ဒါ ပြဿနာ မဟုတ်ပါဘူး။”မေး - အဲတော့ ဟုတ်ကဲ့ မွန်ပြည်နယ်ရဲ့ ၀န်ကြီးချုပ်ဖြစ်လာပြီဆိုတော့ ပြည်နယ် တိုးတက်ကောင်းစားရေးအတွက် ဘယ်လိုကဏ္ဍတွေကို အဓိက ဦးစားပေးလုပ်သွားဖို့ စိတ်ကူးထားပါသလဲခင်ဗျ။<ဖြေ - “မွန်ပြည်နယ်ရဲ့ အဓိကသွေးကြောက ရာဘာလုပ်ငန်းလေ။ ရာဘာတောင်သူတွေက အခု တော်တော်လေး ထိခိုက်နေတယ်။ ဒီဟာကို ကျနော် ဘယ်လို ပြန်မတင်နိုင်မလဲဆိုတာ စဉ်းစားတော့ စဉ်းစားနေတာပေါ့နော်။ ဒါပေမဲ့ မြန်မာနိုင်ငံက ဖြစ်နေတာက ရာဘာက ဒီမှာ ကုန်ကြမ်းထုတ်လုပ်နိုင်တဲ့ အဆင့်လောက်ပဲ ရှိသေးတယ်။ ကုန်ချောထုတ်လုပ်နိုင်တဲ့အဆင့် မရှိသေးတော့ ဒီအပိုင်းကို ကျနော် ဘယ်လိုကူညီနိုင်မလဲ။ ဒါကိုပဲ အဓိက ကျနော် စဉ်းစားနေတာပေါ့နော်။ ကျန်တဲ့အပိုင်းကတော့ ၀န်ကြီးဌာနတွေ ထွက်လာတဲ့အခါ သူတို့ရဲ့ အားနည်းချက် အားသာချက်ကို အခြေခံပြီးတော့ ဘယ်လိုကောင်းအောင်၊ ဘယ်လိုပြုပြင်ဖာထေးပြီး ကြိုးစားမလဲဆိုတာ ကျနော် စဉ်းစားပြီးသွားပါမယ်နော်။”မေး - အဲတော့လေ နောက်တခုက ဒီ မွန်ပြည်သစ်လို လက်နက်ကိုင်အဖွဲ့တွေရှိသလို၊ ကရင်လက်နက်ကိုင် အဖွဲ့တချို့ကလည်း ဒီမှာရှိပါတယ်။ ဆိုတော့ မွန်ပြည်နယ်တွင်းက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ၀န်ကြီးချုပ်အနေနဲ့ ဘာတွေစဉ်းစားထားပါသလဲ။ဖြေ - “အမှန်မှန်ကတော့ အားလုံး စေ့စပ်ညှိနှိုင်းအဖြေရှာပြီးတော့ သွားရမှာပါ။ ဒါကလည်း နိုင်ငံတော်အပိုင်းကလည်း လုပ်မှာပါ။ ကျနော်တို့ မွန်ပြည်နယ်မှာလည်း နိုင်ငံတော်ရဲ့ မူဝါဒအနေနဲ့ ကြည့်ပြီး၊ လိုက်လျောညီထွေ တိုင်းရင်းသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားလုံး လက်အတူ ယှဉ်တွဲပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရာ တိုးတက်ကြောင်းကို လုပ်သွားနိုင်အောင်တော့ အားလုံး ကြိုးစားမှာပါနော်။ အခုကတော့ နိုင်ငံတော်အပိုင်းက ဘယ်လိုသွားမလဲဆိုတဲ့ အပေါ်ရဲ့မူဝါဒကို ကျနော်တို့ကြည့်ပြီးတော့ အောက်မှာလည်း အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံရမှာပေါ့။”မေး - အဲတော့ ဒီ မွန်ပြည်နယ်မှာ မွန်လူမျိုးတွေအနေနဲ့ သူတို့ရဲ့ စာပေ၊ ယဉ်ကျေးမှု လွတ်လွတ်လပ်လပ်နဲ့ သင်ကြားခွင့်ရရေးတို့ အဲဒါနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုတွေ လွတ်လပ်ခွင့်ရရေးတို့ အစဉ်တစိုက် တောင်းဆိုခဲ့တာတွေရှိပါတယ်။ ဒီကိစ္စတွေမှာရော ၀န်ကြီးချုပ်က ဘယ်လိုတွေ ဆောင်ရွက်သွားပေးဖို့ ရှိပါသလဲ။ ဖြေ - “ဒါက ကူညီပေးရမယ့် အခြေအနေပဲလေ။ တိုင်းရင်းသားဘာသာစကား၊ သူတို့ကတော့ သူတို့တိုးတက်ရာ တိုးတက်ကြောင်း ကူညီပေးရမှာပါ။ တိုင်းရင်းသားဝန်ကြီးတွေလည်း ကျနော်တို့ထဲမှာ ရှိပါတယ်။ သူတို့ကိုလည်း မေးနေပါတယ်။ သူတို့ ဘယ်လောက်အထိ လုပ်ချင်တာလဲ။ ကျနော် ဘယ်လောက် လုပ်ပေးနိုင်မလဲ။ အဲဒီအပေါ်မှာ အခြေခံပြီးတော့မှ ကျနော်တို့ စဉ်းစား ဆုံးဖြတ်ရမှာပါနော်။ ဒီတိုင်းရင်းသားတွေအားလုံး တိုးတက်ရာ တိုးတက်ကြောင်းကတော့ ကျနော်တို့ရင်ထဲမှာ ရှိပြီးသားပါ။ မွန်မှမဟုတ်ဘူး။ ဒီမှာ ကရင်လည်းရှိတယ်လေ။ ပအို့ဝ်လည်းရှိတယ်။ သူတို့ရဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အကုန်လုံးဟာ ဒါ တိုးတက်ချင်ကြတာပဲ။ ကျနော်တို့ကတော့ ဒါ ကူညီဆောင်ရွက်ပေးရမှာပဲလေနော်။” မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ၁၉၈၈ လူထုလှုပ်ရှားမှုမှာ စတင်ပါဝင်ခဲ့ပြီး၊ B.E အင်ဂျင်နီယာဘွဲ့ ရထားသူတဦးဖြစ်သလို ၊ NLD ပါတီရဲ့ ဘီးလင်းမြို့နယ် ဒုဥက္ကဌတာဝန်ကို ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဘီးလင်းမဲဆန္ဒနယ် အမှတ်-၂-ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူလည်း ဖြစ်ပါတယ်။
ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

.................................................................................................................................

မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ ျဖစ္လာသူ ဦးမင္းမင္းဦးက မြန္ျပည္နယ္မွာ အဓိကက်တဲ့ ရာဘာထုတ္လုပ္မႈ စီးပြားေရးလုပ္ငန္း ဦးေမာ့လာေအာင္ လုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုလိုက္ၿပီး၊ တခ်ိန္တည္းမွာ မြန္ျပည္နယ္တြင္းက တိုင္းရင္းသားေတြရဲ႕ စာေပယဥ္ေက်းမႈ ျမႇင့္တင္ေရး အစီအစဥ္ေတြကို ႀကဳိးပမ္း ေဆာင္ရြက္သြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ကုိ ေရြးခ်ယ္ရာမွာ မြန္တိုင္းရင္းသား ကုိယ္စားလွယ္ထဲက ေရြးခ်ယ္ ခန္႔ထားသင့္တယ္ဆိုၿပီး ေ၀ဖန္မႈေတြ ထြက္ေပၚေနခ်ိန္မွာ အခုလို ေျပာဆိုလုိက္တာပါ။ မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးမင္းမင္းဦး ကို ကုိဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး - မြန္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ကို ေရြးခ်ယ္တ့ဲအခါမွာ မြန္လူမ်ိဳးထဲကပဲ ေရြးခ်ယ္ တင္ေျမႇာက္သင့္တယ္ ဆုိၿပီးေတာ့ ေ၀ဖန္မႈေတြ ထြက္ေပၚေနပါတယ္။ ဒီလို ေ၀ဖန္မႈေတြအေပၚမွာ ၀န္ႀကီးခ်ဳပ္ ဦးမင္းမင္းဦးအေနနဲ႔က ဘာမ်ားေျပာလိုပါသလဲခင္ဗ်။

ေျဖ - “ဟုတ္ပါတယ္။ က်ေနာ္လည္း ၾကားပါတယ္။ မြန္ျပည္နယ္မွာ မြန္လူမ်ိဳးျဖစ္သင့္တယ္ဆုိတဲ့ အေနအထားေပါ့ေနာ္။ ဒါေပမဲ့ က်ေနာ္တုိ႔ ေခါင္းေဆာင္ပိုင္းေတြမွာကို ဒီေနရာမွာ က်ေနာ့္ကို ေရြးဖို႔အတြက္ သူတို႔ စဥ္းစားထားပံုရပါတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ သမၼတႀကီး ဦးထင္ေက်ာ္ကိုယ္တုိင္က မြန္ အႏြယ္၀င္ပါ။ ေနာက္ တုိင္းရင္းသား၀န္ႀကီးခန္႔လိုက္တဲ့ ႏုိင္သက္လြင္ေလ မြန္တုိင္းရင္းသားပါ။ က်ေနာ္လည္း အမွန္မွန္ ေျပာမယ့္သာေျပာရတယ္။ မြန္ျပည္နယ္မွာေမြးေတာ့ ဗမာဆုိေပမဲ့ မြန္အႏြယ္ပါ။ ဒီမွာ ဒါေပမဲ့ ေနာက္ပိုင္းက်ေတာ့ မွတ္ပံုတင္ထဲမွာ ထည့္ေတာ့ ဗမာ ဗုဒၶဘာသာပဲ ထည့္ရတာပါ။ လံုး၀ ကင္းကင္းႀကီးေတာ့ မဟုတ္ပါဘူး။ မြန္အႏြယ္ပါပဲ။ က်ေနာ္တုိ႔အဖိုးဘက္က ေနာ္။ ဒါေပမဲ့ ဒီမွာက မြန္ျပည္နယ္မွာက အစြဲေလး နည္းနည္းရွိေတာ့ေလ ဒါ ျပႆနာ မဟုတ္ပါဘူး။”

ေမး - အဲေတာ့ ဟုတ္ကဲ့ မြန္ျပည္နယ္ရဲ႕ ၀န္ႀကီးခ်ဳပ္ျဖစ္လာၿပီဆုိေတာ့ ျပည္နယ္ တုိးတက္ေကာင္းစားေရးအတြက္ ဘယ္လိုက႑ေတြကို အဓိက ဦးစားေပးလုပ္သြားဖို႔ စိတ္ကူးထားပါသလဲခင္ဗ်။

ေျဖ - “မြန္ျပည္နယ္ရဲ႕ အဓိကေသြးေၾကာက ရာဘာလုပ္ငန္းေလ။ ရာဘာေတာင္သူေတြက အခု ေတာ္ေတာ္ေလး ထိခိုက္ေနတယ္။ ဒီဟာကို က်ေနာ္ ဘယ္လို ျပန္မတင္ႏုိင္မလဲဆုိတာ စဥ္းစားေတာ့ စဥ္းစားေနတာေပါ့ေနာ္။ ဒါေပမဲ့ ျမန္မာႏုိင္ငံက ျဖစ္ေနတာက ရာဘာက ဒီမွာ ကုန္ၾကမ္းထုတ္လုပ္ႏုိင္တဲ့ အဆင့္ေလာက္ပဲ ရွိေသးတယ္။ ကုန္ေခ်ာထုတ္လုပ္ႏုိင္တဲ့အဆင့္ မရွိေသးေတာ့ ဒီအပိုင္းကို က်ေနာ္ ဘယ္လိုကူညီႏုိင္မလဲ။ ဒါကိုပဲ အဓိက က်ေနာ္ စဥ္းစားေနတာေပါ့ေနာ္။ က်န္တဲ့အပိုင္းကေတာ့ ၀န္ႀကီးဌာနေတြ ထြက္လာတဲ့အခါ သူတုိ႔ရဲ႕ အားနည္းခ်က္ အားသာခ်က္ကို အေျခခံၿပီးေတာ့ ဘယ္လိုေကာင္းေအာင္၊ ဘယ္လိုျပဳျပင္ဖာေထးၿပီး ႀကိဳးစားမလဲဆုိတာ က်ေနာ္ စဥ္းစားၿပီးသြားပါမယ္ေနာ္။”

ေမး - အဲေတာ့ေလ ေနာက္တခုက ဒီ မြန္ျပည္သစ္လုိ လက္နက္ကိုင္အဖြဲ႔ေတြရွိသလို၊ ကရင္လက္နက္ကိုင္ အဖြဲ႔တခ်ိဳ႕ကလည္း ဒီမွာရွိပါတယ္။ ဆိုေတာ့ မြန္ျပည္နယ္တြင္းက ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ ၀န္ႀကီးခ်ဳပ္အေနနဲ႔ ဘာေတြစဥ္းစားထားပါသလဲ။

ေျဖ - “အမွန္မွန္ကေတာ့ အားလံုး ေစ့စပ္ညိႇႏိႈင္းအေျဖရွာၿပီးေတာ့ သြားရမွာပါ။ ဒါကလည္း ႏိုင္ငံေတာ္အပိုင္းကလည္း လုပ္မွာပါ။ က်ေနာ္တုိ႔ မြန္ျပည္နယ္မွာလည္း ႏုိင္ငံေတာ္ရဲ႕ မူ၀ါဒအေနနဲ႔ ၾကည့္ၿပီး၊ လိုက္ေလ်ာညီေထြ တုိင္းရင္းသားအားလံုး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ အားလံုး လက္အတူ ယွဥ္တြဲၿပီး တုိင္းျပည္ ဖြံ႔ၿဖိဳးတုိးတက္ရာ တုိးတက္ေၾကာင္းကို လုပ္သြားႏုိင္ေအာင္ေတာ့ အားလံုး ႀကိဳးစားမွာပါေနာ္။ အခုကေတာ့ ႏုိင္ငံေတာ္အပိုင္းက ဘယ္လုိသြားမလဲဆိုတဲ့ အေပၚရဲ႕မူ၀ါဒကုိ က်ေနာ္တုိ႔ၾကည့္ၿပီးေတာ့ ေအာက္မွာလည္း အဆင္ေျပေအာင္ ေပါင္းသင္းဆက္ဆံရမွာေပါ့။”

ေမး - အဲေတာ့ ဒီ မြန္ျပည္နယ္မွာ မြန္လူမ်ိဳးေတြအေနနဲ႔ သူတုိ႔ရဲ႕ စာေပ၊ ယဥ္ေက်းမႈ လြတ္လြတ္လပ္လပ္နဲ႔ သင္ၾကားခြင့္ရေရးတုိ႔ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ လႈပ္ရွားမႈေတြ လြတ္လပ္ခြင့္ရေရးတုိ႔ အစဥ္တစိုက္ ေတာင္းဆုိခဲ့တာေတြရွိပါတယ္။ ဒီကိစၥေတြမွာေရာ ၀န္ႀကီးခ်ဳပ္က ဘယ္လိုေတြ ေဆာင္ရြက္သြားေပးဖို႔ ရွိပါသလဲ။

ေျဖ - “ဒါက ကူညီေပးရမယ့္ အေျခအေနပဲေလ။ တုိင္းရင္းသားဘာသာစကား၊ သူတုိ႔ကေတာ့ သူတုိ႔တုိးတက္ရာ တုိးတက္ေၾကာင္း ကူညီေပးရမွာပါ။ တုိင္းရင္းသား၀န္ႀကီးေတြလည္း က်ေနာ္တို႔ထဲမွာ ရွိပါတယ္။ သူတို႔ကိုလည္း ေမးေနပါတယ္။ သူတုိ႔ ဘယ္ေလာက္အထိ လုပ္ခ်င္တာလဲ။ က်ေနာ္ ဘယ္ေလာက္ လုပ္ေပးႏုိင္မလဲ။ အဲဒီအေပၚမွာ အေျခခံၿပီးေတာ့မွ က်ေနာ္တုိ႔ စဥ္းစား ဆံုးျဖတ္ရမွာပါေနာ္။ ဒီတုိင္းရင္းသားေတြအားလံုး တုိးတက္ရာ တုိးတက္ေၾကာင္းကေတာ့ က်ေနာ္တုိ႔ရင္ထဲမွာ ရွိၿပီးသားပါ။ မြန္မွမဟုတ္ဘူး။ ဒီမွာ ကရင္လည္းရွိတယ္ေလ။ ပအို႔၀္လည္းရွိတယ္။ သူတုိ႔ရဲ႕ ဘာသာ၊ စာေပ၊ ယဥ္ေက်းမႈ အကုန္လံုးဟာ ဒါ တုိးတက္ခ်င္ၾကတာပဲ။ က်ေနာ္တုိ႔ကေတာ့ ဒါ ကူညီေဆာင္ရြက္ေပးရမွာပဲေလေနာ္။”

မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးမင္းမင္းဦးဟာ ၁၉၈၈ လူထုလႈပ္႐ွားမႈမွာ စတင္ပါဝင္ခဲ့ၿပီး၊ B.E အင္ဂ်င္နီယာဘြဲ႔ ရထားသူတဦးျဖစ္သလို ၊ NLD ပါတီရဲ႕ ဘီးလင္းၿမိဳ႕နယ္ ဒုဥကၠဌတာ၀န္ကုိ ထမ္းေဆာင္ေနသူလည္း ျဖစ္ပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက ဘီးလင္းမဲဆႏၵနယ္ အမွတ္-၂-ကေန ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံရသူလည္း ျဖစ္ပါတယ္။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)