ျမစ္ႀကီးနားၿမိဳ႕တြင္ ၅၀၀၀ တန္ေငြတုလုပ္သူတစ္ဦးကို ဖမ္းဆီးအေရးယူ



မတ္ ၂၃

ျမစ္ႀကီးနားၿမိဳ႕တြင္ ငါးေထာင္က်ပ္တန္ ေငြစကၠဴအတု ျပဳလုပ္သူတစ္ဦးအား မတ္ ၂၂ ရက္ညက ဖမ္းဆီးအေရးယူလိုက္ေၾကာင္း ျမစ္ႀကီးနားနယ္ေျမရဲစခန္းမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ မတ္လ ၂၂ ရက္ေန႔ညဦးပိုင္းက နယ္ေျမရဲစခန္းမွနယ္ထိန္းတပ္ဖြဲ႕၀င္မ်ား နယ္ေျမ လုံၿခဳံေရးေဆာင္ရြက္ေနၾကစဥ္ ၿမိဳ႕သစ္ရပ္ကြက္၊ သစၥာတည္းခိုခန္း၊ အခန္း ၈ တြင္လာေရာက္တည္းခိုသည့္ ရဲမင္း ဆိုသူမွာ ေငြစကၠဴအတုျဖင့္ လာေရာက္တည္းခုိေနေၾကာင္း တည္းခိုခန္းတာဝန္ရွိသူက အေၾကာင္း ၾကားလာသျဖင့္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရွာေဖြခဲ့ရာ တည္းခုိေနသူ ရဲမင္းအားေတြ႕ရွိရၿပီး စစ္ေဆးရာ ၎ဝတ္ဆင္ထားသည့္ မိုးကာအက်ီၤအတြင္းမွ အကၡရာႏွင့္နံပါတ္မ်ားတူသည့္ ၅၀၀၀ က်ပ္တန္ေငြစကၠဴအတု ၃ ရြက္၊ ရွပ္အက်ီၤအိပ္ကပ္အတြင္းမွ ၅၀၀၀ က်ပ္တန္ေငြစကၠဴအတု ၄ ရြက္၊ တည္းခိုခန္းခေပးေခ်ထားသည့္ ၅၀၀၀ က်ပ္တန္ေငြစကၠဴ ၂ ရြက္ စုစုေပါင္း ၉ ရြက္ကိုသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။


ရဲမင္း၏ ထြက္ဆိုခ်က္အရ ၎မွာၿမိဳ႕သစ္ရပ္ကြက္ရွိ မေနာျဖဴအထည္ႏွင့္ဖိနပ္ဆိုင္အေပၚ ထပ္ခိုးတြင္ ငွားရမ္းေနထိုင္ေၾကာင္း၊ ထိုေနရာတြင္ပင္ ေငြစကၠဴအတုမ်ားျပဳလုပ္ေၾကာင္း၊ ေငြတုကို ကာလာပရင္တာျဖင့္ ထုတ္လုပ္ေၾကာင္းထြက္ဆိုခဲ့၍ ေငြတုျပဳလုပ္သည့္ ကြန္ျပဴတာ၊ပရင္တာႏွင့္ အျခားဆက္စပ္ ပစၥည္းမ်ားကို ရဲစခန္းက သြားေရာက္ရွာေဖြသိမ္းဆည္းခဲ့သည္ဟုလည္း သိရသည္။

ေငြစကၠဴအတုမ်ားျပဳလုပ္သုံးစြဲခဲ့ေသာ ေမာင္ရဲမင္း၊အသက္ ၂၄ ႏွစ္၊ေစ်းေရာင္း၊ ဧရာရပ္ကြက္၊ ျမစ္ႀကီးနားၿမိဳ႕ေနသူအား ဥပေဒအရအေရးယူေပးရန္ ရဲအုပ္မိုးျမင့္ဦးက တရားလိုျပဳလုပ္တိုင္တန္းခဲ့ရာ နယ္ေျမရဲစခန္းမွ (ပ)၆၁/၂၀၁၆၊ ဗဟိုဘဏ္ဥပေဒပုဒ္မ ၁၀၅ /၁၀၆ ႏွင့္ အမႈဖြင့္လွစ္ခဲ့ၿပီး အမႈစစ္အရာရွိအျဖစ္ ဒုရဲအုပ္ေအာင္ေက်ာ္မင္းက ေဆာင္ရြက္ကာ မႈခင္းတပ္ဖြဲ႔(CID)ႏွင့္ ဆက္လက္ပူးေပါင္းစစ္ေဆးေနေၾကာင္း သိရသည္။

ေ၀ၿဖိဳးေအာင္
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
...............


မတ် ၂၃

မြစ်ကြီးနားမြို့တွင် ငါးထောင်ကျပ်တန် ငွေစက္ကူအတု ပြုလုပ်သူတစ်ဦးအား မတ် ၂၂ ရက်ညက ဖမ်းဆီးအရေးယူလိုက်ကြောင်း မြစ်ကြီးနားနယ်မြေရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မတ်လ ၂၂ ရက်နေ့ညဦးပိုင်းက နယ်မြေရဲစခန်းမှနယ်ထိန်းတပ်ဖွဲ့ဝင်များ နယ်မြေ လုံခြုံရေးဆောင်ရွက်နေကြစဉ် မြို့သစ်ရပ်ကွက်၊ သစ္စာတည်းခိုခန်း၊ အခန်း ၈ တွင်လာရောက်တည်းခိုသည့် ရဲမင်း ဆိုသူမှာ ငွေစက္ကူအတုဖြင့် လာရောက်တည်းခိုနေကြောင်း တည်းခိုခန်းတာဝန်ရှိသူက အကြောင်း ကြားလာသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ တည်းခိုနေသူ ရဲမင်းအားတွေ့ရှိရပြီး စစ်ဆေးရာ ၎င်းဝတ်ဆင်ထားသည့် မိုးကာအကျီင်္အတွင်းမှ အက္ခရာနှင့်နံပါတ်များတူသည့် ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃ ရွက်၊ ရှပ်အကျီင်္အိပ်ကပ်အတွင်းမှ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု ၄ ရွက်၊ တည်းခိုခန်းခပေးချေထားသည့် ၅၀၀၀ ကျပ်တန်ငွေစက္ကူ ၂ ရွက် စုစုပေါင်း ၉ ရွက်ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ရဲမင်း၏ ထွက်ဆိုချက်အရ ၎င်းမှာမြို့သစ်ရပ်ကွက်ရှိ မနောဖြူအထည်နှင့်ဖိနပ်ဆိုင်အပေါ် ထပ်ခိုးတွင် ငှားရမ်းနေထိုင်ကြောင်း၊ ထိုနေရာတွင်ပင် ငွေစက္ကူအတုများပြုလုပ်ကြောင်း၊ ငွေတုကို ကာလာပရင်တာဖြင့် ထုတ်လုပ်ကြောင်းထွက်ဆိုခဲ့၍ ငွေတုပြုလုပ်သည့် ကွန်ပြူတာ၊ပရင်တာနှင့် အခြားဆက်စပ် ပစ္စည်းများကို ရဲစခန်းက သွားရောက်ရှာဖွေသိမ်းဆည်းခဲ့သည်ဟုလည်း သိရသည်။

ငွေစက္ကူအတုများပြုလုပ်သုံးစွဲခဲ့သော မောင်ရဲမင်း၊အသက် ၂၄ နှစ်၊စျေးရောင်း၊ ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူအား ဥပဒေအရအရေးယူပေးရန် ရဲအုပ်မိုးမြင့်ဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ နယ်မြေရဲစခန်းမှ (ပ)၆၁/၂၀၁၆၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ /၁၀၆ နှင့် အမှုဖွင့်လှစ်ခဲ့ပြီး အမှုစစ်အရာရှိအဖြစ် ဒုရဲအုပ်အောင်ကျော်မင်းက ဆောင်ရွက်ကာ မှုခင်းတပ်ဖွဲ့(CID)နှင့် ဆက်လက်ပူးပေါင်းစစ်ဆေးနေကြောင်း သိရသည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)