ပါဂျဲရိုးကားဖြင့် သယ်ဆောင်လာသော ကျောက်စိမ်း ၃၅၅ တုံးအား ဖမ်းမိ


မိုးညှင်း မတ် ၅


ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၈ နာရီခွဲတွင် လုံးတုံ နယ်မြေရဲစခန်းမှူး ရဲအုပ်ရဲထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့ ခမရ(၄၂၆)မှ ဗိုလ်ကြီး ဇေယျာမောင်နှင့် တပ်ဖွဲ့ဝင်များ၊ သက်သေလူကြီးများသည် လုံးတုံ ဂိတ်စခန်း၌ လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့်အချိန်တွင် ယာဉ်မောင်း ဦးနန္ဒမောင်းနှင်ပြီး ဦးကျော်စိန် လိုက်ပါလာသော ပါဂျဲရိုး(ခဲရောင်) 9G/------ အား ရပ်တန့်ရှာဖွေကြရာ ယာဉ်နောက် ခန်းတွင်တင်ဆောင်လာသော သံ သေတ္တာအတွင်းမှ အဖြူရောင် ပီနန်အိတ်ဖြင့်ထုပ်ထားသော ၃၁၃ တုံးပါတစ်ထုပ်နှင့် ၄၂ တုံးပါ တစ် ထုပ် စုစုပေါင်း ၃၅၅ တုံးတို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးကာ ရဲအုပ်ရဲထွန်းက တရားလိုပြုလုပ်၍ အမှုဖွင့်လှစ်ခဲ့သည်။


ကချင်မြေနဂါး
The Union Daily

.....................................


မိုးညှင်း မတ် ၅

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် အင်းတော်ကြီးဒေသ လုံးတုံ ဂိတ်စခန်းတွင်လုံခြုံရေးဆောင်ရွက် နေသောပူးပေါင်းအဖွဲ့က ရှာဖွေ စစ်ဆေးမှုပြုရာမှ ပါဂျဲရိုးကားတွင် သံသေတ္တာနှင့်ထည့်၍သယ်ဆောင် လာသော ကျောက်စိမ်းဖြတ်စ ၃၅၅ တုံးကို ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၈ နာရီခွဲတွင် လုံးတုံ နယ်မြေရဲစခန်းမှူး ရဲအုပ်ရဲထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့ ခမရ(၄၂၆)မှ ဗိုလ်ကြီး ဇေယျာမောင်နှင့် တပ်ဖွဲ့ဝင်များ၊ သက်သေလူကြီးများသည် လုံးတုံ ဂိတ်စခန်း၌ လုံခြံုရေးတာဝန် ထမ်းဆောင်လျက်ရှိသည့်အချိန်တွင် ယာဉ်မောင်း ဦးနန္ဒမောင်းနှင်ပြီး ဦးကျော်စိန် လိုက်ပါလာသော ပါဂျဲရိုး(ခဲရောင်) 9G/------ အား ရပ်တန့်ရှာဖွေကြရာ ယာဉ်နောက် ခန်းတွင်တင်ဆောင်လာသော သံ သေတ္တာအတွင်းမှ အဖြူရောင် ပီနန်အိတ်ဖြင့်ထုပ်ထားသော ၃၁၃ တုံးပါတစ်ထုပ်နှင့် ၄၂ တုံးပါ တစ် ထုပ် စုစုပေါင်း ၃၅၅ တုံးတို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးကာ ရဲအုပ်ရဲထွန်းက တရားလိုပြုလုပ်၍ အမှုဖွင့်လှစ်ခဲ့သည်။

ထို့ကြောင့် ကျောက်စိမ်းတုံး ဖြတ်စ ၃၅၅ တုံးသယ်ဆောင်လာ ကြသော ဦးနန္ဒ(၄၄နှစ်) ရပ်ကွက် (၁) တာမစန်ကျေးရွာနှင့် ကျော်စိန် (၄၈နှစ်)လုံးတုံကျေးရွာအင်းတော် ကြီးဒေသ မိုးညှင်းမြို့နယ်နေထိုင် သူတို့အား လုံးတုံနယ်မြေရဲစခန်း မှ(ပ)၄/၂ဝ၁၆ ကျောက်မျက် ဥပဒေပုဒ်မ၄၂(က)ဖြင့် အမှုဖွင့် လှစ်ထားသည်။

ကချင်မြေနဂါး
The Union Daily
https://www.facebook.com/uniondaily.net
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)