လူငယ္တစ္ဦး မိမိကိုယ္မိမိ အဆံုးစီရင္မႈျဖစ္ပြား


ရန်ကုန် မတ် ၆



မောင်စေအောင်
The Mirror Daily

......................................


ရန်ကုန် မတ် ၆

ရန်ကုန်မြို့ လသာမြို့နယ် (၁၈)လမ်းနှင့် စဉ့်အိုးတန်းလမ်းအကြားရှိ မဟာဗန္ဓုလလမ်း အထက်ခြမ်း Donut King ကော်ဖီဆိုင်တွင် မတ် ၆ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ချစ်သူနှစ်ဦးစကားများရာမှ အသက် (၂၄)နှစ်အရွယ်ရှိ ဒေါပုံမြို့နယ် တပင်ရွှေထီးရပ်ကွက်နေ ကိုညီညီထွန်းသည် မိမိရင်အုံကိုမိမိ ဓားဖြင့် ထိုးသွင်းခဲ့သည်။

ယင်းနောက် မဟာဗန္ဓုလလမ်းကို ဖြတ်ကူးကာ စဉ့်အိုးတန်းလမ်းထိပ်အနီးရှိ ဇီဝမွန်ဆေးခန်းရှေ့အရောက်တွင် လဲကျသေဆုံးသွားသည်ဟု သိရသည်။ သေဆုံးသူတွင် ဝဲဘက်ရင်အုံ၌ ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိပြီး မှုခင်းဖြစ်စဉ် အသေးစိတ်ကို လသာမြို့မရဲစခန်းက အမှုဖွင့်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

မောင်စေအောင်
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)