ခိုင္ခန္ ့မႈမရွိေသာ ဝါးတံတားေပၚ မွျပဳတ္က်ခဲ႔သည့္ ဆိုင္ကယ္သမားအေလာင္း ျပန္လည္ေတြ႕ရွိ



ေဝါ မတ္(၁၃)

ပဲခူးတိုင္းေဒသႀကီး ေဝါျမိဳ႕နယ္ပိုင္ ျမစ္က်ိဳးေက်းရြာနွင့္ က်ြန္းစုေက်းရြာသို ့ဆက္သြယ္ထားသည့္ ေခ်ာင္းျဖတ္ဝါးတံတားေပၚမွ မတ္လ(၁၂)ရက္ေန ့မနက္ပိုင္း(၈)နာရီအခ်ိန္ခန္ ့က ဆိုင္ကယ္သမားတစ္ဦး ဝက္တစ္ေကာင္တင္၍ ျဖတ္သန္းေမာင္းနွင္လာစဥ္ ေခ်ာင္းထဲသို ့ျပတ္က်ခဲ႕ရာ မတ္လ(၁၃)ရက္ယေန ့ေနလည္ (၁၂) နာရီအခ်ိန္၌ျပဳတ္ႀကခဲ႕သူ၏အေလာင္းအား ျပန္လည္ေတြ႕ရွိခဲ႔ေႀကာင္း ျမစ္က်ိဳးေက်းရြာသား တစ္ဦးထံမွ သတင္း႐ ရွိသည္။


ဝါးတံတားေပၚမွ ျပဳတ္က်ေသဆံုးသူမွာ အသက္(၁၈)နွစ္အရြယ္ရွိ ဒိုက္ဦးျမိဳ႕အမွတ္(၆) မင္းတဲရပ္ကြက္ေနသက္ပိုင္ဦး(ခ)ပိုင္ႀကီး ဆိုသူျဖစ္ျပီး ယေန ့ေနလည္ ပိုင္း အခ်ိန္ခန္ ့၌ ျမစ္က်ိဳးေက်းရြာအုပ္စု ဘုရားသံုးဆူေက်းရြာအနီး နဂါးေပါက္ေရထိန္းတံခါးအနီးတြင္ ေမွာက္လ်ွက္ အေနအထားျဖင့္ ၎၏အေလာင္းအားေတြ႕ရွိခဲ႕ျခင္းျဖစ္သည္ဟုသိရွိရသည္။


"မေန ့ကမနက္ပိုင္းက ျပဳတ္က်တာ ဒီေန ့ေန ့လည္ႀကမွ အေလာင္းကို ျပန္ေတြ႕တယ္ ျပဳတ္က်တဲ႕တံတားက အစိုးရက ေလလံပစ္ထားတဲ႕တံတားလို ့ေျပာတယ္ ဆိုင္ကယ္ ေတြ လူေတြ တံတားကို ျဖတ္သန္းအသံုးျပဳရင္ အသံုးျပဴခ ေပးရတယ္ တံတားရဲ႕ ႀကံ႕ခိုင္မႈကေတာ့ ျမင္တဲ႕အတိုင္းဘဲ ဘာမွမျပဳျပင္ဘူး မလိုလားအပ္တဲ႕ဒုကၡေတြ မျဖစ္ေပၚဖို ့ျမိဳ႕နယ္နဲ႕ေက်းရြာက တာဝန္ရွိသူေတြ အေနနဲ႔တံတားနဲ႕ပက္သက္ျပီးအျမန္ဆံုးေဆာင္ရြက္ေပးသင့္ပါတယ္ "ဟု ေဒသခံ ေက်းရြာသားတစ္ဦးက ေျပာသည္။


ယင္းျဖစ္စဥ္နွင့္ ပက္သက္၍ ျမစ္က်ိဳးရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္ ၁/၂၀၁၆ ျဖင့္ အမႈဖြင့္လွစ္ထား၍ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္မဟုတ္ရဲအုပ္ေဇာ္မ်ိဳးက စံုစမ္းစမ္းစစ္ေဆးေနေႀကာင္း ေဒသခံေက်းရြားသားမ်ားကလည္း တံတားနွင့္ ပက္သက္၍ အားနည္းခ်က္မ်ားအား ေဝဖန္ေျပာဆိုမွုမ်ား ရွိေနေႀကာင္း ဆက္လက္သိရွိရသည္

Admin- Saw Gyi (Wawmedia )

(သတင္းဓါတ္ပံုမ်ားကို ကူညီေပးသူမ်ားအား wawmedia page မွ အထူးပင္ေက်းဇူးတင္ရွိပါေႀကာင္း)

https://www.facebook.com/Waw-Media-Page

.............................



ဝေါ မတ်(၁၃)

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ပိုင် မြစ်ကျိုးကျေးရွာနှင့် ကျွန်းစုကျေးရွာသို ့ဆက်သွယ်ထားသည့် ချောင်းဖြတ်ဝါးတံတားပေါ်မှ မတ်လ(၁၂)ရက်နေ ့မနက်ပိုင်း(၈)နာရီအချိန်ခန် ့က ဆိုင်ကယ်သမားတစ်ဦး ဝက်တစ်ကောင်တင်၍ ဖြတ်သန်းမောင်းနှင်လာစဉ် ချောင်းထဲသို ့ပြတ်ကျခဲ့ရာ မတ်လ(၁၃)ရက်ယနေ ့နေလည် (၁၂) နာရီအချိန်၌ပြုတ်ကြခဲ့သူ၏အလောင်းအား ပြန်လည်တွေ့ရှိခဲ့ကြောင်း မြစ်ကျိုးကျေးရွာသား တစ်ဦးထံမှ သတင်းရ ရှိသည်။




ဝါးတံတားပေါ်မှ ပြုတ်ကျသေဆုံးသူမှာ အသက်(၁၈)နှစ်အရွယ်ရှိ ဒိုက်ဦးမြို့အမှတ်(၆) မင်းတဲရပ်ကွက်နေသက်ပိုင်ဦး(ခ)ပိုင်ကြီး ဆိုသူဖြစ်ပြီး ယနေ ့နေလည် ပိုင်း အချိန်ခန် ့၌ မြစ်ကျိုးကျေးရွာအုပ်စု ဘုရားသုံးဆူကျေးရွာအနီး နဂါးပေါက်ရေထိန်းတံခါးအနီးတွင် မှောက်လျှက် အနေအထားဖြင့် ၎င်း၏အလောင်းအားတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်။



"မနေ ့ကမနက်ပိုင်းက ပြုတ်ကျတာ ဒီနေ ့နေ ့လည်ကြမှ အလောင်းကို ပြန်တွေ့တယ် ပြုတ်ကျတဲ့တံတားက အစိုးရက လေလံပစ်ထားတဲ့တံတားလို ့ပြောတယ် ဆိုင်ကယ် တွေ လူတွေ တံတားကို ဖြတ်သန်းအသုံးပြုရင် အသုံးပြူခ ပေးရတယ် တံတားရဲ့ ကြံ့ခိုင်မှုကတော့ မြင်တဲ့အတိုင်းဘဲ ဘာမှမပြုပြင်ဘူး မလိုလားအပ်တဲ့ဒုက္ခတွေ မဖြစ်ပေါ်ဖို ့မြို့နယ်နဲ့ကျေးရွာက တာဝန်ရှိသူတွေ အနေနဲ့တံတားနဲ့ပက်သက်ပြီးအမြန်ဆုံးဆောင်ရွက်ပေးသင့်ပါတယ် "ဟု ဒေသခံ ကျေးရွာသားတစ်ဦးက ပြောသည်။



ယင်းဖြစ်စဉ်နှင့် ပက်သက်၍ မြစ်ကျိုးရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၆ ဖြင့် အမှုဖွင့်လှစ်ထား၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ရဲအုပ်ဇော်မျိုးက စုံစမ်းစမ်းစစ်ဆေးနေကြောင်း ဒေသခံကျေးရွားသားများကလည်း တံတားနှင့် ပက်သက်၍ အားနည်းချက်များအား ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း ဆက်လက်သိရှိရသည်

Admin- Saw Gyi (Wawmedia )

(သတင်းဓါတ်ပုံများကို ကူညီပေးသူများအား wawmedia page မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း)

https://www.facebook.com/Waw-Media-Page
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)