သၽွမ္းျပည္ေျမာက္ပိုင္းသို႔ တပ္မေတာ္မွ တပ္မ အားလုံးနီးပါးျဖင့္ အင္အားျဖည့္တင္း ၉သျှမ်းပြည်မြောက်ပိုင်းသို့ တပ်မတော်မှ တပ်မ အားလုံးနီးပါးဖြင့် အင်အားဖြည့်တင်း )



မတ္လ ၁ ရက္ ၂၀၁၆

ျမန္မာ့တပ္မေတာ္၏ တပ္မႀကီး ၁၀ ခု အနက္ သၽွမ္းျပည္ေျမာက္ပိုင္းသို႔ ၇ ခု ပို႔ေဆာင္ကာ စစ္ေရး လွုပ္ ရွားမွု စတင္ေနေသာေၾကာင့္ တိုက္ပြဲ အႀကီး အက်ယ္ျဖစ္ပြားလာမည္ကို ေဒသခံမ်ား က စိုးရိမ္ ေနၾက သည္။

သၽွမ္းျပည္ေျမာက္ပိုင္း မူစယ္၊ နမ့္ခမ္း၊ ကြတ္ခိုင္၊ မန္တုံ၊ နမ့္ဆန္ ၊ေက်ာက္ မဲ၊ ႏွင့္ ကိုးကန႔္ေဒသအတြင္း အပါအဝင္ ရန္ကုန္တိုင္း အင္းတိုင္အေျခစိုက္ တပ္မ ၁၁၊ မႏၲေလးတိုင္း ရြာေတာင္ အေျခစိုက္ တပ္မ ၃၃၊ သၽွမ္းျပည္ေ တာင္ပိုင္း ကေလာ အေျခစိုက္ တမ ၅၅၊ မေကြးတိုင္း အင္းမ အေျခစိုက္ တပ္မ ၆၆၊ ပဲခူး အေျခစိုက္ တပ္မ ၇၇၊ မေကြး ၈၈၊ မိတၳိလာ အေျခစိုက္ တပ္မ ၉၉ အျပင္ တပ္မ အင္အားႏွင့္ တူညီသည့္ စကခ ၄ ဖူးႀကီး၊ စကခ ၁၆ သိႏၷီ၊ စကခ ၁ ေက်ာက္မဲ၊ စကခ ၂ မိုင္းေနာင္၊ စကခ ၇ မိုးျဗဲ ႏွင့္ ဒကစ ေလာက္ ကိုင္ တို႔ ပါဝင္သည္ဟု လားရွိုးၿမိဳ႕ေန ေတာ္လွန္ေရးသမားေဟာင္း စစ္ေရး အကဲ ခတ္ ပုဂၢိဳလ္ တဦး ကေျပာသည္။

ေဒသအတြင္းလွုပ္ရွားေနသည့္ သၽွမ္းတပ္မွူးတဦးက - တပ္မ ၃၃ က နမ့္ခမ္းေရာက္ေနၿပီ။ တပ္မ ၈၈ နဲ႔ ခ်ိန္းဖို႔၊ တပ္မ ၅၅ နဲ႔ စကခ ၂ က ၂၃ - ၂၄ ရက္ကတည္းက ကိုးကန႔္ ကိုေရာက္ၿပီ။ စစ္ေရးဂြင္က ေက်ာက္မဲ၊ နမ့္ဆန္၊ မုံးေပါ့၊ မုံးကိုး၊ ေဖါင္းဆိုင္ တို႔ဘက္။ အဲဒီ့ဘက္ကို စစ္ေၾကာင္း တေၾကာင္း အင္အား ၁၀၀ ကေန ၁၅၀ အထိ ခြဲၿပီးသြားေနတယ္ ၊ လားေတြ ဘာေတြ ပါတယ္။ စစ္လက္နက္ေတြ၊ ရိကၡာေတြ တင္ၿပီးေတာ့ - ဟု ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္ အတြင္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ ေကအိုင္အိုက တပ္မဟာတခု ထပ္မံတိုးခ်ဲ႕ ဖြဲ႕စည္းသည့္ကိစၥႏွင့္ပတ္ သက္၍ ျပည္ေထာင္ စုၿငိမ္း ခ်မ္းေရးေဖၚေဆာင္ေရးေကာ္မတီ က ထုတ္ျပန္ ေၾကျငာခ်က္ျဖင့္ ကန႔္ကြက္ထားသည္။

နမ့္ခမ္းျမိဳ့မွ စုိင္းလုံစုိင္းကလည္း - နမ့္ခမ္းျမိဳ့နယ္ကေန ေတာင္ဘက္ျခမ္းကုိ အင္အားပုိ႕တယ္။ နမ့္ခမ္းမွာဘဲ ၁၅၀၀ ေက်ာ္ေနျပီ လုိ့ထင္တယ္။ စစ္ေၾကာင္းေတြက အမ်ားၾကီးဘဲ။ တေၾကာင္းကုိအင္အား ၁၅၀ ထက္ မနည္းဘူး။ အခုရက္ပုိင္းမွာသူတုိ့လွဳပ္ရွားေနတာေတြ႕ရတယ္။ - ဟုေျပာသည္။


သိႏၷီၿမိဳ႕ရပ္ဖ ဆရာဦးဆမ္ က တပ္မေတာ္မွ ကခ်င္တပ္မဟာ ၆ (တပ္သစ္) အား ထိုးစစ္ဆင္တိုက္ခိုက္ ဖြယ္ရွိသည္ဟု ေျပာသည္။

ကာကြယ္ေရးဝန္ႀကီးဌာနက သၽွမ္းျပည္ေျမာက္ပိုင္းအတြင္း လွုပ္ရွားေနသည့္ တိုင္းရင္းသား လက္နက္ ကိုင္ တပ္ဖြဲ႕မ်ားသည္ လူထုအသက္အိုးအိမ္ စည္းဇိမ္ကို ထိပါးလာသည့္အတြက္ လႊတ္ေတာ္ဆုံးျဖတ္ ခ်က္အရ တိုက္ခိုက္ရွင္းလင္းသြားမည္ဟုဆိုသည္။

Photo Credit to : Tai Mong Loi HukTai
သၽွမ္းသံေတာ္ဆင့္ / ဟြမ္ဟိန္း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
..........


မတ်လ ၁ ရက် ၂၀၁၆

မြန်မာ့တပ်မတော်၏ တပ်မကြီး ၁၀ ခု အနက် သျှမ်းပြည်မြောက်ပိုင်းသို့ ရ ခု ပို့ဆောင်ကာ စစ်ရေး လှုပ် ရှားမှု စတင်နေသောကြောင့် တိုက်ပွဲ အကြီး အကျယ်ဖြစ်ပွားလာမည်ကို ဒေသခံများ က စိုးရိမ် နေကြ သည်။

သျှမ်းပြည်မြောက်ပိုင်း မူစယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန် ၊ကျောက် မဲ၊ နှင့် ကိုးကန့်ဒေသအတွင်း အပါအဝင် ရန်ကုန်တိုင်း အင်းတိုင်အခြေစိုက် တပ်မ ၁၁၊ မန္တလေးတိုင်း ရွာတောင် အခြေစိုက် တပ်မ ၃၃၊ သျှမ်းပြည်ေ တာင်ပိုင်း ကလော အခြေစိုက် တမ ၅၅၊ မကွေးတိုင်း အင်းမ အခြေစိုက် တပ်မ ၆၆၊ ပဲခူး အခြေစိုက် တပ်မ ရ၇၊ မကွေး ၈၈၊ မိတ္ထိလာ အခြေစိုက် တပ်မ ၉၉ အပြင် တပ်မ အင်အားနှင့် တူညီသည့် စကခ ၄ ဖူးကြီး၊ စကခ ၁၆ သိန္နီ၊ စကခ ၁ ကျောက်မဲ၊ စကခ ၂ မိုင်းနောင်၊ စကခ ရ မိုးဗြဲ နှင့် ဒကစ လောက် ကိုင် တို့ ပါဝင်သည်ဟု လားရှိုးမြို့နေ တော်လှန်ရေးသမားဟောင်း စစ်ရေး အကဲ ခတ် ပုဂ္ဂိုလ် တဦး ကပြောသည်။

ဒေသအတွင်းလှုပ်ရှားနေသည့် သျှမ်းတပ်မှူးတဦးက - တပ်မ ၃၃ က နမ့်ခမ်းရောက်နေပြီ။ တပ်မ ၈၈ နဲ့ ချိန်းဖို့၊ တပ်မ ၅၅ နဲ့ စကခ ၂ က ၂၃ - ၂၄ ရက်ကတည်းက ကိုးကန့် ကိုရောက်ပြီ။ စစ်ရေးဂွင်က ကျောက်မဲ၊ နမ့်ဆန်၊ မုံးပေါ့၊ မုံးကိုး၊ ဖေါင်းဆိုင် တို့ဘက်။ အဲဒီ့ဘက်ကို စစ်ကြောင်း တကြောင်း အင်အား ၁၀၀ ကနေ ၁၅၀ အထိ ခွဲပြီးသွားနေတယ် ၊ လားတွေ ဘာတွေ ပါတယ်။ စစ်လက်နက်တွေ၊ ရိက္ခာတွေ တင်ပြီးတော့ - ဟု ပြောသည်။

ကွတ်ခိုင်မြို့နယ် အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အိုက တပ်မဟာတခု ထပ်မံတိုးချဲ့ ဖွဲ့စည်းသည့်ကိစ္စနှင့်ပတ် သက်၍ ပြည်ထောင် စုငြိမ်း ချမ်းရေးဖေါ်ဆောင်ရေးကော်မတီ က ထုတ်ပြန် ကြေငြာချက်ဖြင့် ကန့်ကွက်ထားသည်။

နမ့်ခမ်းမြို့မှ စိုင်းလုံစိုင်းကလည်း - နမ့်ခမ်းမြို့နယ်ကနေ တောင်ဘက်ခြမ်းကို အင်အားပို့တယ်။ နမ့်ခမ်းမှာဘဲ ၁၅၀၀ ကျော်နေပြီ လို့ထင်တယ်။ စစ်ကြောင်းတွေက အများကြီးဘဲ။ တကြောင်းကိုအင်အား ၁၅၀ ထက် မနည်းဘူး။ အခုရက်ပိုင်းမှာသူတို့လှုပ်ရှားနေတာတွေ့ရတယ်။ - ဟုပြောသည်။


သိန္နီမြို့ရပ်ဖ ဆရာဦးဆမ် က တပ်မတော်မှ ကချင်တပ်မဟာ ၆ (တပ်သစ်) အား ထိုးစစ်ဆင်တိုက်ခိုက် ဖွယ်ရှိသည်ဟု ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနက သျှမ်းပြည်မြောက်ပိုင်းအတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များသည် လူထုအသက်အိုးအိမ် စည်းဇိမ်ကို ထိပါးလာသည့်အတွက် လွှတ်တော်ဆုံးဖြတ် ချက်အရ တိုက်ခိုက်ရှင်းလင်းသွားမည်ဟုဆိုသည်။

Photo Credit to : Tai Mong Loi HukTai
သျှမ်းသံတော်ဆင့် / ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)