အိမ္က ဖုန္းသိမ္းလိုက္သည္ကို စိတ္ဆိုးၿပီး ၿမိတ္တကၠသိုလ္ ေက်ာင္းသူတစ္ဦး ကြၽဲကူးတံတားေပၚမွ ခုန္ခ်ေသဆံုး


 အိမ္က ဖုန္းသိမ္းလိုက္သည္ကို စိတ္ဆိုးၿပီး ၿမိတ္တကၠသိုလ္ ေက်ာင္းသူတစ္ဦးမွာ ကြၽဲကူး တံတားေပၚမွာ ခုန္ခ်ၿပီး မိမိကိုယ္မိမိ အဆံုးစီရင္ခဲ့ေၾကာင္း သိရသည္။ ၿမိတ္ၿမိဳ႕ တကၠသိုလ္မွ Marine Science တတိယႏွစ္ ေက်ာင္းသူ မေအးျမတ္သူမွာ မတ္ ၁၀ ရက္က ၿမိတ္-ရန္ကုန္ ျပည္ေထာင္စု လမ္းမႀကီးရွိ ကြၽဲကူး-ေက်ာက္ဖ်ာ တံတားေပၚမွ ခုန္ခ်ခဲ့ေၾကာင္း သိရသည္။

“ျဖစ္တာက မတ္ ၁၀ ရက္ မနက္ပိုင္းမွာ ေကာင္မေလးက ဟန္းဖုန္းကို ပြတ္လိုက္၊ ဖုန္းဆက္လိုက္ လုပ္ေနတယ္လို႔ သိရတယ္။ အေဒၚျဖစ္သူက ဖုန္း
ဆက္တာ ရည္းစားႏွင့္ ဆက္ေနလို႔ဆိုၿပီး မဆက္ဖို႕ေျပာတယ္။
 ေနာက္ေတာ့ အဲဒီဖုန္းကိုသူ႔ အေဒၚက သိမ္းလိုက္တယ္။
ဖုန္းသိမ္းလိုက္ေတာ့ အဲဒီေက်ာင္းသူေလးက လြယ္အိတ္ကိုယူ ဆိုင္ကယ္ကို ေမာင္းၿပီး ထြက္သြားတယ္လို႔ သိရတယ္။ ညပိုင္းေရာက္ ကြၽဲကူး-ေက်ာက္ဖ်ာ တံတားေပၚကေန ခုန္ခ်သြားတယ္။ အဲဒီလို ခုန္ခ်သြားတာကို အနီးနားက လူေတြကေတြ႕ၿပီး သက္ဆိုင္ရာကို အေၾကာင္း ၾကားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔လည္း ျဖစ္စဥ္ ျဖစ္ၿပီးေနာက္ပိုင္း စံုစမ္းမႈေတြ ေဆာင္ရြက္ခဲ့ရတယ္” ဟု ၿမိတ္ၿမိဳ႕မ ရဲစခန္းမွွဴး ဦး၀င္းေဇာ္ဦးက ေျပာၾကားသည္။ မေအးျမတ္သူမွာ မတ္ ၁၀ ရက္ ည ၈ နာရီ ၄၅ မိနစ္တြင္ ကြၽဲကူး-ေက်ာက္ဖ်ာ တံတားရွိ ေက်ာက္စာတိုင္အနီးမွ ေက်ာက္ဖ်ာျမစ္အတြင္း ခုန္ခ်သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ေကာင္မေလးက ေကာ့ေသာင္းၿမိဳ႕ကေန တကၠသိုလ္ လာတက္ေနတာပါ။ အေဖ၊ အေမက ေကာ့ေသာင္းမွာပါ။ ကလြင္၀န္ထမ္းကြက္က အေဒၚျဖစ္သူေန အိမ္ကေန ေက်ာင္းလာတက္ေနတာပါ။ ကြၽန္ေတာ္တို႔
အခင္းျဖစ္တဲ့ ေနရာကို ေရာက္သြားေတာ့ ဆိုင္ကယ္ရယ္ လြယ္အိတ္ရယ္ ေတြ႕တယ္။ အခုဒီေန႔ မနက္
၁၀ နာရီခြဲေလာက္မွာ ေတာင္ညိဳေက်းရြာက ရႊံ႕ျပင္မွာ အေလာင္းကို ေတြ႕ရွိခဲ့တာပါ။ လက္ရွိမွာေတာ့ ေသမႈေသခင္းနဲ႔ပဲ ေဆာင္ရြက္ေနပါတယ္” ဟု ၿမိတ္ၿမိဳ႕မစခန္းမွဴးမွ မတ္ ၁၂ ရက္တြင္ ေျပာၾကားသည္။

မေအးျမတ္သူ၏ အေလာင္းအား ၿမိတ္ၿမိဳ႕နယ္ ေတာင္ရွည္ေက်းရြာအုပ္စု၊ ေတာင္ညိဳေက်းရြာ ေရဆိပ္အေဟာင္း အနီးရွိ ရႊံ႕ျပင္ေပၚတြင္ ေတြ႕ရွိ ခဲ့ၿပီး ၿမိတ္ၿမိဳ႕ျပည္သူ႔ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ စစ္ေဆးခဲ့ရာ ေရနစ္ေသဆံုးေၾကာင္း စစ္ေဆးခ်က္ အေျဖထြက္ခဲ့ေၾကာင္း သိရသည္။ ေသဆံုးသူ မေအးျမတ္သူ (၂၁ ႏွစ္) (ဘ) ဦးစိုးသိန္း ၏ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ၿမိတ္ၿမိဳ႕မ ရဲစခန္းတြင္ ေသမႈေသခင္းျဖစ္စဥ္ အမွတ္ ၁၂ /၂၀၁၆ ျဖင့္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။
ေဇာ္မိုးဦး (ၿမိတ္) / Eleven Media Group





...............
အိမ်က ဖုန်းသိမ်းလိုက်သည်ကို စိတ်ဆိုးပြီး မြိတ်တက္ကသိုလ် ကျောင်းသူတစ်ဦး ကျွဲကူးတံတားပေါ်မှ ခုန်ချသေဆုံး

အိမ်က ဖုန်းသိမ်းလိုက်သည်ကို စိတ်ဆိုးပြီး မြိတ်တက္ကသိုလ် ကျောင်းသူတစ်ဦးမှာ ကျွဲကူး တံတားပေါ်မှာ ခုန်ချပြီး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ကြောင်း သိရသည်။ မြိတ်မြို့ တက္ကသိုလ်မှ Marine Science တတိယနှစ် ကျောင်းသူ မအေးမြတ်သူမှာ မတ် ၁၀ ရက်က မြိတ်-ရန်ကုန် ပြည်ထောင်စု လမ်းမကြီးရှိ ကျွဲကူး-ကျောက်ဖျာ တံတားပေါ်မှ ခုန်ချခဲ့ကြောင်း သိရသည်။

“ဖြစ်တာက မတ် ၁၀ ရက် မနက်ပိုင်းမှာ ကောင်မလေးက ဟန်းဖုန်းကို ပွတ်လိုက်၊ ဖုန်းဆက်လိုက် လုပ်နေတယ်လို့ သိရတယ်။ အဒေါ်ဖြစ်သူက ဖုန်းဆက်တာ ရည်းစားနှင့် ဆက်နေလို့ဆိုပြီး မဆက်ဖို့ပြောတယ်။ နောက်တော့ အဲဒီဖုန်းကိုသူ့ အဒေါ်က သိမ်းလိုက်တယ်။ ဖုန်းသိမ်းလိုက်တော့ အဲဒီကျောင်းသူလေးက လွယ်အိတ်ကိုယူ ဆိုင်ကယ်ကို မောင်းပြီး ထွက်သွားတယ်လို့ သိရတယ်။ ညပိုင်းရောက် ကျွဲကူး-ကျောက်ဖျာ တံတားပေါ်ကနေ ခုန်ချသွားတယ်။ အဲဒီလို ခုန်ချသွားတာကို အနီးနားက လူတွေကတွေ့ပြီး သက်ဆိုင်ရာကို အကြောင်း ကြားခဲ့ပါတယ်။ ကျွန်တော်တို့လည်း ဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်း စုံစမ်းမှုတွေ ဆောင်ရွက်ခဲ့ရတယ်” ဟု မြိတ်မြို့မ ရဲစခန်းမှှူး ဦးဝင်းဇော်ဦးက ပြောကြားသည်။ မအေးမြတ်သူမှာ မတ် ၁၀ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် ကျွဲကူး-ကျောက်ဖျာ တံတားရှိ ကျောက်စာတိုင်အနီးမှ ကျောက်ဖျာမြစ်အတွင်း ခုန်ချသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကောင်မလေးက ကော့သောင်းမြို့ကနေ တက္ကသိုလ် လာတက်နေတာပါ။ အဖေ၊ အမေက ကော့သောင်းမှာပါ။ ကလွင်ဝန်ထမ်းကွက်က အဒေါ်ဖြစ်သူနေ အိမ်ကနေ ကျောင်းလာတက်နေတာပါ။ ကျွန်တော်တို့ အခင်းဖြစ်တဲ့ နေရာကို ရောက်သွားတော့ ဆိုင်ကယ်ရယ် လွယ်အိတ်ရယ် တွေ့တယ်။ အခုဒီနေ့ မနက် ၁၀ နာရီခွဲလောက်မှာ တောင်ညိုကျေးရွာက ရွှံ့ပြင်မှာ အလောင်းကို တွေ့ရှိခဲ့တာပါ။ လက်ရှိမှာတော့ သေမှုသေခင်းနဲ့ပဲ ဆောင်ရွက်နေပါတယ်” ဟု မြိတ်မြို့မစခန်းမှူးမှ မတ် ၁၂ ရက်တွင် ပြောကြားသည်။ မအေးမြတ်သူ၏ အလောင်းအား မြိတ်မြို့နယ် တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ ရေဆိပ်အဟောင်း အနီးရှိ ရွှံ့ပြင်ပေါ်တွင် တွေ့ရှိ ခဲ့ပြီး မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် စစ်ဆေးခဲ့ရာ ရေနစ်သေဆုံးကြောင်း စစ်ဆေးချက် အဖြေထွက်ခဲ့ကြောင်း သိရသည်။ သေဆုံးသူ မအေးမြတ်သူ (၂၁ နှစ်) (ဘ) ဦးစိုးသိန်း ၏ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြိတ်မြို့မ ရဲစခန်းတွင် သေမှုသေခင်းဖြစ်စဉ် အမှတ် ၁၂ /၂၀၁၆ ဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။
ဇော်မိုးဦး (မြိတ်) / Eleven Media Group
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)