မႏၱေလးမွာ မူးယစ္းေဆးဝါး အေျမာက္အမ်ား ဖမ္းဆီးရမိ

က်ပ္ေငြ ၃၆ ဘီလ်ံေက်ာ္တန္ဖိုးရွိတဲ့ WY စိတ္ၾကြရူးသြပ္ေဆးျပားေတြ၊ ဘိန္းျဖဴေတြကို မတ္လ ၅ ရက္ေန႔က မႏၱေလးၿမိဳ႕ေပၚမွာ ဖမ္းမိခဲ့စဥ္။ Photo: မႏၱေလး ရဲတပ္ဖြဲ႔
က်ပ္ေငြ ၃၆ ဘီလ်ံေက်ာ္တန္ဖိုးရွိတဲ့ WY စိတ္ၾကြရူးသြပ္ေဆးျပားေတြ၊ ဘိန္းျဖဴေတြနဲ႔ အတူ မေန႔က မႏၱေလးၿမိဳ႕ေပၚမွာ ဖမ္းမိခဲ့တဲ့ ကိုေက်ာ္သူမင္းအပါအဝင္ ၃ ဦးတို႔ကို ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းက မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစေသာပုဒ္မ ၁၅ အပါအဝင္ ပုဒ္မ ၅ ခုနဲ႔ ဒီကေန႔ တရားစြဲလိုက္ၿပီျဖစ္ပါတယ္။

မႏၱေလးၿမိဳ႕ အမွတ္ ၁၈ မူးယစ္တပ္ဖြဲ႕စုက ရဲအုပ္ ထန္းနိန္က တရားလိုလုပ္ၿပီး တရားစြဲဆိုလိုက္တာ ျဖစ္ပါတယ္။

မေန႔က မႏၱေလးၿမိဳ႕႔ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (ဇ) ရပ္ကြက္ အမွတ္ ၉/၁၈ ေနအိမ္ထဲက ကြန္တိန္နာထဲမွာ မူးယစ္ေဆးဝါးေတြနဲ႔အတူ စစ္ေဆးေတြ႕ရွိဖမ္းဆီးရ မိခဲ့တာျဖစ္တယ္ လို႔ မႏၱေလးတိုင္းေဒသႀကီး မူးယစ္အထူးတပ္ဖြဲ႔က ဒုတိယရဲမွဴးႀကီး ျမင့္ေအာင္က ေျပာပါတယ္။

"၃၆. ၉၅၃ ဘီလီယံေလာက္ရွိပါတယ္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စက္မႈ ၁ ရပ္ကြက္၊ ဇ ရပ္၊ စံျပလမ္းနဲ႔ မဂၤလာလမ္းၾကား၊ အမွတ္က နန ၉/ ၁၈ ပါဗ်၊ ကြန္တိန္နာက အိမ္ထဲမွာထားထားတာ၊ သယ္တာက ေမာ္ေတာ္ကားေတြနဲ႔ အေခါက္ေခါက္အခါခါ သယ္တာေပါ့ေနာ္၊ ေမာ္ေတာ္ကားတစ္စီးမွာ က်ေနာ္တို႔ စစ္ေဆးလို႔ရတာကေတာ့ တစ္ႀကိမ္သယ္ရင္ တစ္ထုတ္ပါလိုက္၊ ႏွစ္ထုပ္ပါလိုက္နဲ႔ စုထားၿပီးမွ ကြန္တိန္နာနဲ႔ ထည့္ထားရင္းရတာပါ၊ ကြန္တိန္နာႀကီးနဲ႔ တစ္လံုးဆိုတာမဟုတ္ပါဘူး"

အခု ဖမ္းဆီးရမိၿပီး တရားစဲြခံထားရသူေတြကေတာ့ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ ၃ ဦးတို႔ျဖစ္ၾကၿပီး အဓိက လက္သည္ျဖစ္တဲ့ ဦးလ်ိဳဇီေရွာင္မွာ လြတ္ေျမာက္ေနဆဲ ျဖစ္ပါတယ္။

ဦးလ်ိဳဇီေရွာင္ဟာ ရွမ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕ဇာတိျဖစ္ၿပီး အခုဖမ္းဆီးတရားစြဲ ခံထားသူ ၃ ဦးဟာ ေက်ာက္မဲၿမိဳ႕မွာ ေနထိုင္ၾကသူေတြျဖစ္တယ္လို႔ ရဲမွတ္တမ္းေတြ အရ သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လက ရန္ကုန္ၿမိဳ႕မဂၤလာဒံုစက္မႈဇုန္မွာ ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆးဝါး အမႈေတြနဲ႔ စပ္ဆက္မႈရွိတယ္လို႔ ဒုတိယရဲမႈးႀကီးျမင့္ေအာင္ က ေျပာပါတယ္။

အခုလိုဖမ္းဆီးရမိခဲ့တဲ့ေနာက္ပိုင္း အဓိကတရားခံနဲ႔အတူ တရားမဝင္ေငြေၾကးစိစစ္တာ မ်ိဳးေတြကိုလည္း ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။

ဒီတစ္ႀကိမ္မႏၱေလးၿမိဳ႕မွာ မူးယစ္ေဆးဝါးေတြဖမ္းမိတာဟာ ပမာဏအမ်ားဆံုး ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese

...................................


ကျပ်ငွေ ၃၆ ဘီလျံကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားတွေ၊ ဘိန်းဖြူတွေကို မတ်လ ၅ ရက်နေ့က မန္တလေးမြို့ပေါ်မှာ ဖမ်းမိခဲ့စဉ်။ Photo: မန္တလေး ရဲတပ်ဖွဲ့
ကျပ်ငွေ ၃၆ ဘီလျံကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားတွေ၊ ဘိန်းဖြူတွေနဲ့ အတူ မနေ့က မန္တလေးမြို့ပေါ်မှာ ဖမ်းမိခဲ့တဲ့ ကိုကျော်သူမင်းအပါအဝင် ၃ ဦးတို့ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောပုဒ်မ ၁၅ အပါအဝင် ပုဒ်မ ၅ ခုနဲ့ ဒီကနေ့ တရားစွဲလိုက်ပြီဖြစ်ပါတယ်။

မန္တလေးမြို့ အမှတ် ၁၈ မူးယစ်တပ်ဖွဲ့စုက ရဲအုပ် ထန်းနိန်က တရားလိုလုပ်ပြီး တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

မနေ့က မန္တလေးမြို့့ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက် အမှတ် ၉/၁၈ နေအိမ်ထဲက ကွန်တိန်နာထဲမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ စစ်ဆေးတွေ့ရှိဖမ်းဆီးရ မိခဲ့တာဖြစ်တယ် လို့ မန္တလေးတိုင်းဒေသကြီး မူးယစ်အထူးတပ်ဖွဲ့က ဒုတိယရဲမှူးကြီး မြင့်အောင်က ပြောပါတယ်။

"၃၆. ၉၅၃ ဘီလီယံလောက်ရှိပါတယ်၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု ၁ ရပ်ကွက်၊ ဇ ရပ်၊ စံပြလမ်းနဲ့ မင်္ဂလာလမ်းကြား၊ အမှတ်က နန ၉/ ၁၈ ပါဗျ၊ ကွန်တိန်နာက အိမ်ထဲမှာထားထားတာ၊ သယ်တာက မော်တော်ကားတွေနဲ့ အခေါက်ခေါက်အခါခါ သယ်တာပေါ့နော်၊ မော်တော်ကားတစ်စီးမှာ ကျနော်တို့ စစ်ဆေးလို့ရတာကတော့ တစ်ကြိမ်သယ်ရင် တစ်ထုတ်ပါလိုက်၊ နှစ်ထုပ်ပါလိုက်နဲ့ စုထားပြီးမှ ကွန်တိန်နာနဲ့ ထည့်ထားရင်းရတာပါ၊ ကွန်တိန်နာကြီးနဲ့ တစ်လုံးဆိုတာမဟုတ်ပါဘူး"

အခု ဖမ်းဆီးရမိပြီး တရားစွဲခံထားရသူတွေကတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၃ ဦးတို့ဖြစ်ကြပြီး အဓိက လက်သည်ဖြစ်တဲ့ ဦးလျိုဇီရှောင်မှာ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဦးလျိုဇီရှောင်ဟာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ဇာတိဖြစ်ပြီး အခုဖမ်းဆီးတရားစွဲ ခံထားသူ ၃ ဦးဟာ ကျောက်မဲမြို့မှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ ရဲမှတ်တမ်းတွေ အရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ရန်ကုန်မြို့မင်္ဂလာဒုံစက်မှုဇုန်မှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး အမှုတွေနဲ့ စပ်ဆက်မှုရှိတယ်လို့ ဒုတိယရဲမှုးကြီးမြင့်အောင် က ပြောပါတယ်။

အခုလိုဖမ်းဆီးရမိခဲ့တဲ့နောက်ပိုင်း အဓိကတရားခံနဲ့အတူ တရားမဝင်ငွေကြေးစိစစ်တာ မျိုးတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒီတစ်ကြိမ်မန္တလေးမြို့မှာ မူးယစ်ဆေးဝါးတွေဖမ်းမိတာဟာ ပမာဏအများဆုံး ဖြစ်တယ်လို့လည်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)