အမ်ားကန္႔ကြက္ေနတဲ့ သယံဇာတ ထုတ္ယူမႈမ်ား ျပန္လည္စိစစ္မည္

ဧရာဝတီျမစ္ဆံု စီမံကိန္းရပ္ဆိုင္းျခင္း ၄ ႏွစ္ေျမာက္ အခမ္းအနားကို ျမစ္ႀကီးနားၿမိဳ႕နယ္ တန္ဖရဲေက်းရြာမွာ ၂ဝ၁၅ ခုႏွစ္ ေအာက္တိုဘာလ ၁ဝ ရက္ေန႔က က်င္းပခဲ့စဥ္။ Photo: Kyaw Myo Min/RFA
ျပည္သူအမ်ား ကန္႔ကြက္မူေတြရွိေနတဲ႔ ျပည္တြင္းသယံဇာတေတြ ထုတ္ယူတဲ႔ စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး အေသး စိတ္ျပန္လည္စိစစ္တာေတြ လုပ္ေဆာင္သြားဖို႔ရွိတယ္လို႔ ျပည္သ႔ူလႊတ္ေတာ္ သယံဇာတ၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာ ေကာ္မတီ ဥကၠဌ ဦးစိုးသူရထြန္းက ေျပာၾကားလိုက္ပါတယ္။

သမၼတဦးသိန္းစိန္လက္ထက္မွာ ယာယီရပ္ဆိုင္းထားတဲ႔ ျမစ္ဆံုစီမံကိန္းကို အစိုးရသစ္လက္ထက္မွာ ျပန္လည္ စတင္နိုင္ဖို႔ တရုတ္ဒုတိယနိုင္ငံျခားေရး၀န္ႀကီးက ေဘဂ်င္းၿမိဳ႔မွာ သတင္းေထာက္ေတြကို မၾကာေသးခင္ကာလက ထုတ္ေဖၚေျပာဆိုခဲ႔တာနဲ႔ ပတ္သက္ၿပီး ျပည္သူ႔လႊတ္ေတာ္ သယံဇာတ၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဆိုင္ရာ ေကာ္မတီဥကၠဌ ဦးစိုးသူရထြန္းက ျပန္လည္ေျဖၾကားခဲ႔တာျဖစ္ပါတယ္။

"ေကာင္းက်ိဳး ဆိုးက်ဳိး ဘာေတြရွိသလဲဆိုတာကို က်ေနာ္တို႔အေသးစိတ္ စိစစ္ရမွာပဲျဖစ္ပါတယ္၊ တစ္ဘက္က လည္း အဲ့လိုစိစစ္တဲ့အခ်ိန္မွာ လူအမ်ားစုရဲ႕ ဆႏၵကိုလည္း မ်က္ေျခမျပတ္ၾကည့္ရမွာျဖစ္ပါတယ္၊ ေနာက္ထပ္ ရႈေထာင့္တစ္ခုကက်ေတာ့ စာခ်ဳပ္စာတမ္းေတြကရွိတယ္၊ က်ေနာ္တို႔ကလည္း ႏိုင္ငံတကာ ဒီမိုကေရစီ အစိုး ရေကာင္းတစ္ခု ျဖစ္ခ်င္တဲ့အခါမွာ အရင္အစိုးရက ခ်ဳပ္ခဲ့တဲ့စာခ်ဳပ္ေတြကိုလည္း လက္ခံၿပီးၾကည့္ရမွာျဖစ္ပါတယ္၊ ဒါေပမဲ့ ဒီစာခ်ဳပ္ေတြကို အခုထက္ထိလည္း မျမင္ရေသးဘူးေပါ့ေလ၊ က်ေနာတို႔ရဲ႕ ေရြးခ်ယ္တင္ေျမွာက္ခံရတဲ့ အစိုးရျဖစ္လာတဲ့အခါက်ရင္ေတာ့ က်ေနာ္တို႔က ဒီစာခ်ဳပ္ေတြကဘာေတြလဲ၊ ဘာေတြခ်ဳပ္ဆိုထားတာလဲဆိုတာကို အေသးစိတ္ျပန္စစ္ေဆးၿပီးေတာ့ ဒီအေပၚမွာ ျပည္သူလူထုရဲ႕ ဆႏၵနဲ႔ကိုက္ညီေအာင္ သယံဇာတေတြထုတ္ေဖာ္မႈ တို႔ အမ်ားအတြက္ အက်ဳိးစီးပြားေတြအားလံုးနဲ႔ ႏိုင္ငံရဲ႕ေရရွည္အက်ဳိးစီးပြားေတြ ႏိႈင္းယွဥ္ၿပီးေတာ့ က်ေနာ္တို႔ ျပန္ စစ္ေဆးရမွာျဖစ္ပါတယ္"

တရုတ္ဒုတိယ နုိင္ငံျခားေရး၀န္ႀကီးက စီမံကိန္းကို ယာယီရပ္ဆိုင္းခဲ႔တာျဖစ္ေပမဲ႔ ႏွစ္နို္င္ငံခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္မ်ား အသက္၀င္စဲရွိတယ္လို႔ ေျပာပါတယ္။  ဦးစိုးသူရထြန္းက စီမံကိန္းမ်ားနဲ႔ ပတ္သက္ၿပီး ေဒသခံျပည္သူမ်ားရဲ႔ သေဘာထားဟာ အေရးႀကီးဆံုးျဖစ္ၿပီး စီမံကိန္းေတြမွာ နို္င္ငံတကာစံႏွဳန္းေတြအရ အေကာင္အထည္ေဖၚမယ့္ ကုမၸဏီေတြရဲ႕ လုပ္ေဆာင္ေပးတာေတြကို အေသးစိတ္ျပန္လည္စိစစ္ရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီလိုစိစစ္ရာမွာ အမ်ားကန္႔ကြက္မူေတြရွိေနတဲ႔ လက္ပန္းေတာင္းေတာင္္ ေၾကးနီစီမံကိန္း၊ ဖါးကန္႔ ေက်ာက္စိမ္း တြင္းေဒသ စတဲ႔ေဒသမ်ား အပါအ၀င္ ေဒသေတာ္ေတာ္မ်ားမ်ားက အေျခအေနေတြကို သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာ  ေကာ္မတီအေနနဲ႔ မွတ္တမ္းေတြ စတင္ရယူေနၿပီလို႔ ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese

..................................................


ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းခြင်း ၄ နှစ်မြောက် အခမ်းအနားကို မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာမှာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့က ကျင်းပခဲ့စဉ်။ Photo: Kyaw Myo Min/RFA
ပြည်သူအများ ကန့်ကွက်မူတွေရှိနေတဲ့ ပြည်တွင်းသယံဇာတတွေ ထုတ်ယူတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အသေး စိတ်ပြန်လည်စိစစ်တာတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ဦးစိုးသူရထွန်းက ပြောကြားလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ ယာယီရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို အစိုးရသစ်လက်ထက်မှာ ပြန်လည် စတင်နိုင်ဖို့ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဘေဂျင်းမြို့မှာ သတင်းထောက်တွေကို မကြာသေးခင်ကာလက ထုတ်ဖေါ်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီဥက္ကဌ ဦးစိုးသူရထွန်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကောင်းကျိုး ဆိုးကျိုး ဘာတွေရှိသလဲဆိုတာကို ကျနော်တို့အသေးစိတ် စိစစ်ရမှာပဲဖြစ်ပါတယ်၊ တစ်ဘက်က လည်း အဲ့လိုစိစစ်တဲ့အချိန်မှာ လူအများစုရဲ့ ဆန္ဒကိုလည်း မျက်ခြေမပြတ်ကြည့်ရမှာဖြစ်ပါတယ်၊ နောက်ထပ် ရှုထောင့်တစ်ခုကကျတော့ စာချုပ်စာတမ်းတွေကရှိတယ်၊ ကျနော်တို့ကလည်း နိုင်ငံတကာ ဒီမိုကရေစီ အစိုး ရကောင်းတစ်ခု ဖြစ်ချင်တဲ့အခါမှာ အရင်အစိုးရက ချုပ်ခဲ့တဲ့စာချုပ်တွေကိုလည်း လက်ခံပြီးကြည့်ရမှာဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီစာချုပ်တွေကို အခုထက်ထိလည်း မမြင်ရသေးဘူးပေါ့လေ၊ ကျနောတို့ရဲ့ ရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရဖြစ်လာတဲ့အခါကျရင်တော့ ကျနော်တို့က ဒီစာချုပ်တွေကဘာတွေလဲ၊ ဘာတွေချုပ်ဆိုထားတာလဲဆိုတာကို အသေးစိတ်ပြန်စစ်ဆေးပြီးတော့ ဒီအပေါ်မှာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီအောင် သယံဇာတတွေထုတ်ဖော်မှု တို့ အများအတွက် အကျိုးစီးပွားတွေအားလုံးနဲ့ နိုင်ငံရဲ့ရေရှည်အကျိုးစီးပွားတွေ နှိုင်းယှဉ်ပြီးတော့ ကျနော်တို့ ပြန် စစ်ဆေးရမှာဖြစ်ပါတယ်"

တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက စီမံကိန်းကို ယာယီရပ်ဆိုင်းခဲ့တာဖြစ်ပေမဲ့ နှစ်နို်င်ငံချုပ်ဆိုထားတဲ့စာချုပ်များ အသက်ဝင်စဲရှိတယ်လို့ ပြောပါတယ်။  ဦးစိုးသူရထွန်းက စီမံကိန်းများနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူများရဲ့ သဘောထားဟာ အရေးကြီးဆုံးဖြစ်ပြီး စီမံကိန်းတွေမှာ နို်င်ငံတကာစံနှုန်းတွေအရ အကောင်အထည်ဖေါ်မယ့် ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ပေးတာတွေကို အသေးစိတ်ပြန်လည်စိစစ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုစိစစ်ရာမှာ အများကန့်ကွက်မူတွေရှိနေတဲ့ လက်ပန်းတောင်းတောင်် ကြေးနီစီမံကိန်း၊ ဖါးကန့် ကျောက်စိမ်း တွင်းဒေသ စတဲ့ဒေသများ အပါအဝင် ဒေသတော်တော်များများက အခြေအနေတွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ  ကော်မတီအနေနဲ့ မှတ်တမ်းတွေ စတင်ရယူနေပြီလို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)