ေနျပည္ေတာ္ေကာင္စီနယ္ေျမရဲ႕ စီမံအုပ္ခ်ဳပ္မႈပံုစံေတြ ျပင္ ဆင္ေျပာင္းလဲသြားဖို႔ရွိ

အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းသူကို စက္တင္ဘာလ ၅ ရက္ေန႔က ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕က စည္ပင္ဧည့္ရိပ္သာ မွာ ေတြ႔ရစဥ္။ Photo: Win Ko Ko Latt/ RFA
ျပည္ေထာင္စုနယ္ေျမအျဖစ္ သတ္မွတ္ထားတဲ့ ေနျပည္ေတာ္ေကာင္စီနယ္ေျမရဲ႕ စီမံအုပ္ခ်ဳပ္မႈပံုစံေတြ ကို ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ ဦးေဆာင္တဲ့ အစိုးရသစ္လက္ထက္မွာ ျပင္ဆင္ေျပာင္းလဲဖို႔ေတြ ရွိေနပါတယ္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း တရားဥပေဒစိုးမိုးေရးနဲ႔ ပတ္သက္ၿပီး ထိထိေရာက္ေရာက္ ကိုင္တြယ္ေဆာင္ရြက္ဖို႔ရွိတယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အဖြဲ႔ဝင္ ဦးမင္းသူက ေျပာပါတယ္။

"ေနျပည္ေတာ္ေကာင္စီကလည္း တခ်ိဳ႕ေနရာေတြက အစိုးရသက္တမ္း ၅ ႏွစ္ကာလမွာ ျပည္သူေတြကို အက်ိဳးျပဳတာ နည္းၿပီးေတာ့မွ ျပည္သူေတြကို ႏွိပ္စက္တာမ်ားခဲ့တယ္၊ ဒီအေပၚမွာလည္း က်ေနာ္တို႔က အၿမဲတမ္းေထာက္ျပခဲ့တယ္၊ ဥပေဒနဲ႔အညီ ေဆာင္ရြက္တာမဟုတ္ပဲနဲ႔ အမိန္႔ၾသဇာေတြနဲ႔ ေဆာင္ရြက္တဲ့ ပံုစံေပါ့ေလ၊ ဒီပံုစံမ်ိဳးကေတာ့ မလႊဲမေသြေျပာင္းမယ္လို႔ က်ေနာ္ ယူဆပါတယ္၊ တရားရံုကေနၿပီးေတာ့မွ လြတ္လပ္တဲ့ တရားစီရင္မႈမဟုတ္ပဲနဲ႔ အဲ့ဒီ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီရဲ႕ လက္ေအာက္ ခံေတြနဲ႔လုပ္ၿပီးမွ ေျမသိမ္းမႈေတြ၊ မွန္မွန္ကန္ကန္ ဆံုးျဖတ္တာမရွိဘူး၊ အဲ့ဒီကိစၥမ်ိဳးေတြကေတာ့ လာမယ့္ စည္ပင္သာယာေရးေကာ္မတီ ေနျပည္ေတာ္ေကာင္စီ အုပ္ခ်ဳပ္မယ့္အဖြဲ႔အစည္း ဥပေဒနဲ႔အညီ ေဆာင္ ရြက္ႏိုင္ေအာင္ က်ေနာ္တို႔ အရင္ဆံုး တြန္းအားေပးၿပီးေတာ့မွ ေထာက္ျပသြားမွျဖစ္ပါတယ္"

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အဖြဲ႔ဝင္ ဦးမင္းသူကို ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဥကၠဌ တာဝန္ထမ္းေဆာင္ဖို႔ လ်ာထားခ်က္ေတြရွိေနတယ္ဆိုတဲ့ သတင္းေတြထြက္ေနၿပီး ဒီသတင္းနဲ႔ပတ္သက္လို႔ အတည္မျပဳႏိုင္ေသးဘူးလို႔ ဦးမင္းသူက ေျပာပါတယ္။

ဦးမင္းသူဟာ ၿပီးခဲ့တဲ့ လႊတ္ေတာ္သက္တမ္းမွာ ေနျပည္ေတာ္ေကာင္စီနယ္ေျမထဲက ဥတၱရသီရိၿမိဳ႕နယ္ ရဲ႕ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္ခဲ့ၿပီး ဒုတိယအႀကိမ္ လႊတ္ေတာ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္း မရွိခဲ့ပါဘူး။

၂ဝဝ၈ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ ေနျပည္ေတာ္ေကာင္စီနယ္ေျမရဲ႕ ဥကၠဌနဲ႔ အဖြဲ႔ဝင္ေတြကို ႏိုင္ငံေတာ္ သမၼတက တိုက္ရိုက္ခန္႔အပ္ခြင့္ရွိသလို လံုၿခံဳေရးရာကိစၥေတြကို တာဝန္ယူေဆာင္ရြက္ႏိုင္ဖို႔ ေကာင္စီအဖြဲ႔ဝင္ေတြ ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဆီမွာ အမည္စာရင္းရယူရမယ္လို႔လည္း ျပဌာန္းထားပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္သမၼတက ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းက ၿမိဳ႕နယ္နဲ႔ ခရိုင္ေတြကို လိုအပ္ သလို ေျပာင္းလဲႏိုင္တယ္လို႔လည္း ၂ဝဝ၈ ဖြဲ႔စည္းပံုအေျခခံဥပေဒမွာ ပါရွိပါတယ္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမမွာ ေဇယ်ာသီရိ၊ ပုဗၺသီရိ၊ ဥတၱရသီရိ၊ ဇမၺဴသီရိ၊ ဒကၡိဏသီရိ၊ ပ်ဥ္းမနား၊ တပ္ကုန္းနဲ႔ လယ္ေဝးၿမိဳ႕နယ္ေတြ ပါဝင္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကို စက်တင်ဘာလ ၅ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့က စည်ပင်ဧည့်ရိပ်သာ မှာ တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ နေပြည်တော်ကောင်စီနယ်မြေရဲ့ စီမံအုပ်ချုပ်မှုပုံစံတွေ ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ပြင်ဆင်ပြောင်းလဲဖို့တွေ ရှိနေပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးမင်းသူက ပြောပါတယ်။

"နေပြည်တော်ကောင်စီကလည်း တချို့နေရာတွေက အစိုးရသက်တမ်း ၅ နှစ်ကာလမှာ ပြည်သူတွေကို အကျိုးပြုတာ နည်းပြီးတော့မှ ပြည်သူတွေကို နှိပ်စက်တာများခဲ့တယ်၊ ဒီအပေါ်မှာလည်း ကျနော်တို့က အမြဲတမ်းထောက်ပြခဲ့တယ်၊ ဥပဒေနဲ့အညီ ဆောင်ရွက်တာမဟုတ်ပဲနဲ့ အမိန့်သြဇာတွေနဲ့ ဆောင်ရွက်တဲ့ ပုံစံပေါ့လေ၊ ဒီပုံစံမျိုးကတော့ မလွှဲမသွေပြောင်းမယ်လို့ ကျနော် ယူဆပါတယ်၊ တရားရုံကနေပြီးတော့မှ လွတ်လပ်တဲ့ တရားစီရင်မှုမဟုတ်ပဲနဲ့ အဲ့ဒီ နေပြည်တော် စည်ပင်သာယာရေးကော်မတီရဲ့ လက်အောက် ခံတွေနဲ့လုပ်ပြီးမှ မြေသိမ်းမှုတွေ၊ မှန်မှန်ကန်ကန် ဆုံးဖြတ်တာမရှိဘူး၊ အဲ့ဒီကိစ္စမျိုးတွေကတော့ လာမယ့် စည်ပင်သာယာရေးကော်မတီ နေပြည်တော်ကောင်စီ အုပ်ချုပ်မယ့်အဖွဲ့အစည်း ဥပဒေနဲ့အညီ ဆောင် ရွက်နိုင်အောင် ကျနော်တို့ အရင်ဆုံး တွန်းအားပေးပြီးတော့မှ ထောက်ပြသွားမှဖြစ်ပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးမင်းသူကို နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဌ တာဝန်ထမ်းဆောင်ဖို့ လျာထားချက်တွေရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်နေပြီး ဒီသတင်းနဲ့ပတ်သက်လို့ အတည်မပြုနိုင်သေးဘူးလို့ ဦးမင်းသူက ပြောပါတယ်။

ဦးမင်းသူဟာ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ နေပြည်တော်ကောင်စီနယ်မြေထဲက ဥတ္တရသီရိမြို့နယ် ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နေပြည်တော်ကောင်စီနယ်မြေရဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို နိုင်ငံတော် သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်ရှိသလို လုံခြုံရေးရာကိစ္စတွေကို တာဝန်ယူဆောင်ရွက်နိုင်ဖို့ ကောင်စီအဖွဲ့ဝင်တွေ ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီမှာ အမည်စာရင်းရယူရမယ်လို့လည်း ပြဌာန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတက နေပြည်တော်ကောင်စီနယ်မြေအတွင်းက မြို့နယ်နဲ့ ခရိုင်တွေကို လိုအပ် သလို ပြောင်းလဲနိုင်တယ်လို့လည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနဲ့ လယ်ဝေးမြို့နယ်တွေ ပါဝင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)