Saturday, March 12, 2016
စစ္ေတြ ဒုကၡသည္စခန္းတြင္ ကေလးငယ္တစ္ဦးအား စိတ္မႏွံ႔သူမွ လည္လွီးသတ္
စစ္ေတြ၊ မတ္လ (၁၂) ရက္ ။ ။ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္ရိွ ဒုကၡသည္စခန္းတစ္ခုတြင္ ကေလးငယ္ တစ္ဦးကုိ စိတ္မႏွံ႔သူတစ္ဦးက သတ္ျဖတ္ခဲ့သည့္အတြက္ လက္တုံ႔ျပန္ရာမွ လက္လြန္ကာ ေသဆံုးသြားေၾကာင္း သိရသည္။
ေဘာဒူဘုိက္ဒုကၡသည္စခန္းမွ အသက္ (၃၆) ႏွစ္အရြယ္ အဒူလာဆိုသူက မတ္လ (၉) ရက္ေန႔ ညေန ၄ နာရီခန္႔တြင္ အဆိုပါဒုကၡသည္စခန္းမွ ေဆာ့ကစားေနသည့္ ကေလးငယ္တစ္ဦးကို လည္ပင္းကုိ ဓားျဖင့္ လွီးျဖတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေတြၿမိဳ႕နယ္ ဒုရဲမွဴး ဦးေအးခင္ေမာင္ထံမွ သိရသည္။
“တရားခံဟာ ကေလးငယ္ကုိ သတ္ျဖတ္ၿပီးတာနဲ႔ ထြက္ေျပးေတာ့ အနီးအနားမွာ ရွိတဲ့ လူေတြက ဝုိင္းၿပီး ဖမ္းရိုက္လုိက္ၾကလုိ႔ တရားခံလည္း ေသဆုံးသြားပါတယ္။ ကေလးက်ေတာ့ အခင္းျဖစ္ပြားတဲ့ ေနရာမွာ ပြဲခ်င္းၿပီး ေသဆုံးသြားပါတယ္။ တရားခံဟာ အရုိးေလးလက္မ ရွိတဲ့ ဓားနဲ႔ သတ္ျဖတ္ခဲ့တာပါ”ဟု စစ္ေတြၿမိဳ႕နယ္ ဒုရဲမႈး ဦးေအးခင္ေမာင္ကဆိုသည္။
ဒုကၡသည္စခန္းမ်ားတြင္ စိတ္ေဝဒနာရွင္မ်ားအား က်န္းမာေရးအရ ေစာင့္ေရွာက္မႈမဲ့ေနျခင္းေၾကာင့္ ယင္းကဲ့သို႔အျဖစ္မ်ားႀကံဳရျခင္းျဖစ္သည္ဟု တရားရုံးေရွ႕ေန အၿငိမ္းစား ဦးေက်ာ္လွေအာင္က ဆုိသည္။
“ကၽြန္ေတာ္တို႔ ရြာေတြဘက္ကုိ သြားရင္လည္း လမ္းမေတြေပၚမွာ စိတ္ေရာဂါျဖစ္ေနတဲ့ သူေတြကုိ ေတြ႔ျမင္ၾကရမွာပါ။ သူတုိ႔ေတြကုိ က်န္းမာေရးအရ ကုသခံယူမႈေတြ ျပဳလုပ္ေပးသင့္ပါတယ္။”ဟု ၎ကဆိုသည္။
ကေလးငယ္အားသတ္သူကို ျပစ္မႈအမွတ္ (ပ) ၃၃၆/၂၀၁၆၊ ျပစ္မႈဆုိင္ရာဥပေဒပုဒ္မ ၃၀၂ ျဖင့္ တရားစြဲဆုိထားၿပီး အဆိုပါတရားခံကုိ သတ္ခဲ့သည့္လူအုပ္စုကုိ (ပ) ၃၃၇/၂၀၁၆၊ ပုဒ္မ ၃၀၂ ျဖင့္ ထပ္မံ စြဲဆုိထားေၾကာင္း စစ္ေတြၿမိဳ႕မရဲစခန္းမွ သိရသည္။
ဝုိင္းဝန္း႐ိုက္ႏွက္ခဲ့သူမ်ားဟုယူဆရသူမ်ားကုိ ဖမ္းဆီးစစ္ေဆးေနၿပီး တရားခံမ်ားကုိ အျမန္ဆုံး ေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း စစ္ေတြ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ေအးခင္ေမာင္ထံမွ သိရသည္။
သတင္း ။ ။ RiA
Tachileik News Agency
http://www.tachileik.net
.................
စစ်တွေ၊ မတ်လ (၁၂) ရက် ။ ။ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ကလေးငယ် တစ်ဦးကို စိတ်မနှံ့သူတစ်ဦးက သတ်ဖြတ်ခဲ့သည့်အတွက် လက်တုံ့ပြန်ရာမှ လက်လွန်ကာ သေဆုံးသွားကြောင်း သိရသည်။
ဘောဒူဘိုက်ဒုက္ခသည်စခန်းမှ အသက် (၃၆) နှစ်အရွယ် အဒူလာဆိုသူက မတ်လ (၉) ရက်နေ့ ညနေ ၄ နာရီခန့်တွင် အဆိုပါဒုက္ခသည်စခန်းမှ ဆော့ကစားနေသည့် ကလေးငယ်တစ်ဦးကို လည်ပင်းကို ဓားဖြင့် လှီးဖြတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ် ဒုရဲမှူး ဦးအေးခင်မောင်ထံမှ သိရသည်။
“တရားခံဟာ ကလေးငယ်ကို သတ်ဖြတ်ပြီးတာနဲ့ ထွက်ပြေးတော့ အနီးအနားမှာ ရှိတဲ့ လူတွေက ဝိုင်းပြီး ဖမ်းရိုက်လိုက်ကြလို့ တရားခံလည်း သေဆုံးသွားပါတယ်။ ကလေးကျတော့ အခင်းဖြစ်ပွားတဲ့ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ တရားခံဟာ အရိုးလေးလက်မ ရှိတဲ့ ဓားနဲ့ သတ်ဖြတ်ခဲ့တာပါ”ဟု စစ်တွေမြို့နယ် ဒုရဲမှုး ဦးအေးခင်မောင်ကဆိုသည်။
ဒုက္ခသည်စခန်းများတွင် စိတ်ဝေဒနာရှင်များအား ကျန်းမာရေးအရ စောင့်ရှောက်မှုမဲ့နေခြင်းကြောင့် ယင်းကဲ့သို့အဖြစ်များကြုံရခြင်းဖြစ်သည်ဟု တရားရုံးရှေ့နေ အငြိမ်းစား ဦးကျော်လှအောင်က ဆိုသည်။
“ကျွန်တော်တို့ ရွာတွေဘက်ကို သွားရင်လည်း လမ်းမတွေပေါ်မှာ စိတ်ရောဂါဖြစ်နေတဲ့ သူတွေကို တွေ့မြင်ကြရမှာပါ။ သူတို့တွေကို ကျန်းမာရေးအရ ကုသခံယူမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။”ဟု ၎င်းကဆိုသည်။
ကလေးငယ်အားသတ်သူကို ပြစ်မှုအမှတ် (ပ) ၃၃၆/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုထားပြီး အဆိုပါတရားခံကို သတ်ခဲ့သည့်လူအုပ်စုကို (ပ) ၃၃၇/၂၀၁၆၊ ပုဒ်မ ၃၀၂ ဖြင့် ထပ်မံ စွဲဆိုထားကြောင်း စစ်တွေမြို့မရဲစခန်းမှ သိရသည်။
ဝိုင်းဝန်းရိုက်နှက်ခဲ့သူများဟုယူဆရသူများကို ဖမ်းဆီးစစ်ဆေးနေပြီး တရားခံများကို အမြန်ဆုံး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း စစ်တွေ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အေးခင်မောင်ထံမှ သိရသည်။
သတင်း ။ ။ RiA
Tachileik News Agency
http://www.tachileik.net
Labels:
city,
crime,
Daily Popular,
Refugee,
စစ္ေတြ,
ရခိုင္ျပည္နယ္
စစ္ေတြ ဒုကၡသည္စခန္းတြင္ ကေလးငယ္တစ္ဦးအား စိတ္မႏွံ႔သူမွ လည္လွီးသတ္
Reviewed by MP4 YoU
on
March 12, 2016
Rating: 5

Subscribe to:
Post Comments (Atom)