တပ္ကုန္းျမဳိ ့မွာ ယာဥ္ တိမ္းေမွာက္ ႏွစ္ဦးေသဆံုး

 အရွိန္မထိန္းႏိုင္သည့္ယာဥ္ တိမ္းေမွာက္သျဖင့္ ႏွစ္ဦးေသဆံုး
တပ္ကုန္း မတ္ ၂၄

ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္ တပ္ကုန္း - ႀကီးအင္းေက်းရြာသြား ေျမသားလမ္းေပၚတြင္ မတ္ ၂၄ ရက္ နံနက္ ၈ နာရီခြဲခန္႔က ယာဥ္တိမ္း ေမွာက္သျဖင့္ ခရီးသည္ႏွစ္ဦး ေသဆံုးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ႀကီးအင္းေက်းရြာမွ တပ္ကုန္းၿမိဳ႕သို႔ ယာဥ္ေမာင္း လွမ်ဳိး ေဇာ္ ေမာင္းႏွင္လာသည့္ ဆ/---- ဂ်ီအမ္စီ ေျခာက္ဘီးယာဥ္သည္ အလယ္ကြၽန္းေက်းရြာအနီး ေတာင္ ေပၚလမ္းအဆင္းတြင္ အရွိန္မထိန္း ႏိုင္ဘဲ လမ္းေဘးရွိ ကမ္းပါးယံကို တိုက္မိၿပီး တိမ္းေမွာက္သြားသည္။

 ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ ေပၚတြင္ စီးနင္းလိုက္ပါလာေသာ ေဒၚၾကည္ၾကည္မာ (၃၈ ႏွစ္)ႏွင့္ ေဒၚႏု(၅ဝ ႏွစ္) ႀကီးအင္းေက်းရြာ ေနသူတို႔ ေသဆံုးသြားၿပီး ႀကီးအင္း ေက်းရြာမွ အမ်ဳိးသား ငါးဦး၊ အမ်ဳိးသမီးငါးဦးတို႔ ဒဏ္ရာမ်ားရရွိ ၾကသည္။

 ဒဏ္ရာရရွိသူမ်ားကို ေမတၱာရိပ္ လူမႈကူညီေရးအသင္းမွ ယာဥ္မ်ားျဖင့္ ခုတင္ ၁ဝဝ ေဆး႐ံုသို႔ ပို႔ေဆာင္ ကုသလ်က္ရွိၿပီး ထြက္ေျပး တိမ္းေရွာင္သြားေသာ ယာဥ္ေမာင္း လွမ်ဳိးေဇာ္ကို အမႈဖြင့္အေရးယူ ထားေၾကာင္း သိရသည္။

တင္ထြန္းတာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
.............
  အရှိန်မထိန်းနိုင်သည့်ယာဉ် တိမ်းမှောက်သဖြင့် နှစ်ဦးသေဆုံး
တပ်ကုန်း မတ် ၂၄

နေပြည်တော် တပ်ကုန်းမြို့နယ် တပ်ကုန်း - ကြီးအင်းကျေးရွာသွား မြေသားလမ်းပေါ်တွင် မတ် ၂၄ ရက် နံနက် ၈ နာရီခွဲခန့်က ယာဉ်တိမ်း မှောက်သဖြင့် ခရီးသည်နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကြီးအင်းကျေးရွာမှ တပ်ကုန်းမြို့သို့ ယာဉ်မောင်း လှမျိုး ဇော် မောင်းနှင်လာသည့် ဆ/---- ဂျီအမ်စီ ခြောက်ဘီးယာဉ်သည် အလယ်ကျွန်းကျေးရွာအနီး တောင် ပေါ်လမ်းအဆင်းတွင် အရှိန်မထိန်း နိုင်ဘဲ လမ်းဘေးရှိ ကမ်းပါးယံကို တိုက်မိပြီး တိမ်းမှောက်သွားသည်။

 ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်တွင် စီးနင်းလိုက်ပါလာသော ဒေါ်ကြည်ကြည်မာ (၃၈ နှစ်)နှင့် ဒေါ်နု(၅ဝ နှစ်) ကြီးအင်းကျေးရွာ နေသူတို့ သေဆုံးသွားပြီး ကြီးအင်း ကျေးရွာမှ အမျိုးသား ငါးဦး၊ အမျိုးသမီးငါးဦးတို့ ဒဏ်ရာများရရှိ ကြသည်။

 ဒဏ်ရာရရှိသူများကို မေတ္တာရိပ် လူမှုကူညီရေးအသင်းမှ ယာဉ်များဖြင့် ခုတင် ၁ဝဝ ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိပြီး ထွက်ပြေး တိမ်းရှောင်သွားသော ယာဉ်မောင်း လှမျိုးဇော်ကို အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

တင်ထွန်းတာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)