အသက္ကိုးလအရြယ္ သမီးကို ဓားျဖင့္ခုတ္သတ္

႐ွမ္းျပည္နယ္အေ႐ွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕နယ္ ပန္ေယာင္းရြာတြင္ ယေန႔(မတ္လ ၂ ရက္) နံနက္ ၉ နာရီခန္႔က အသက္ ၄၅ ႏွစ္အရြယ္ ဖခင္ျဖစ္သူက ဓားျဖင့္ ခုတ္သတ္ၿပီး ေနအိမ္ေပၚမွ ပစ္ခ်ခဲ့ေၾကာင္း က်ိဳင္းတံုၿမိဳ႕မရဲစခန္းထံမွ သိရ သည္။

ဓားျဖင့္ ခုတ္ခံရမႈေၾကာင့္ ကေလးငယ္၏ ဦးေခါင္းေနာက္ေစ့ တြင္ ေျခာက္လက္မခန္႔ရွိ ျပတ္ရွဒဏ္ရာတစ္ခ်က္၊ ဦးေခါင္းပြင့္ထြက္ ဒဏ္ရာ တစ္ခ်က္ရရွိခဲ့ၿပီး ေသဆံုးခဲ့ေၾကာင္း အဆိုပါစခန္းမွ ရဲအုပ္ဝင္းမင္းသန္႔က ဆိုသည္။

ကေလးငယ္ကို ဓားျဖင့္ခုတ္ခဲ့သည္ဟုဆိုေသာ အသက္ ၄၅ ႏွစ္အရြယ္ ဦးရွဲ႐ွီသည္ သားသမီးေလးဦးရွိၿပီး စိတ္က်န္းမာေရးခ်ိဳ႕တဲ့သူတစ္ ဦးျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ယမန္ႏွစ္က ျပည္သူ႔ေဆးႀကီးတြင္ ေဆးကုသခဲ့ ရာမွ ျပန္လည္ေကာင္းမြန္လာျခင္းျဖစ္ေၾကာင္း၊ မူးယစ္ေဆးဝါးသံုးစြဲျခင္းရွိ၊ မရွိကိုမူ မသိရွိေၾကာင္း ယင္းေက်းရြာေန ျပည္သူ႔စစ္အဖြဲ႔ဝင္ တစ္ဦးက ဆိုသည္။

ဓားျဖင့္ခုတ္ခ့ဲသည္ဟုဆိုေသာ ဖခင္ျဖစ္သူ ဦးရွဲရွီကို ပုဒ္မ-၃၀၂အရ ထပ္မံ အမႈဖြင့္လွစ္ရန္ စစ္ေဆးေမးျမန္းေနေၾကာင္း၊ ထို႔ျပင္ ဦးရွဲရွီသည္ မတ္လ ၁ ရက္ေန႔ကလည္း ဓားကိုင္ႀကိမ္းေမာင္းေနသျဖင့္ ဝင္ေရာက္တားျမစ္ခဲ့သူ ဦးယာခ်ီကို ဓားျဖင့္ ခုတ္ခဲ့သည္ဟု တိုင္ၾကားထားေသာေၾကာင့္ (ပ) ၃၂/၂၀၁၆ ျပစ္မႈပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း က်ိဳင္းတံုၿမိဳ႕မ ရဲစခန္းထံမွ သိရသည္။

The Voice Weekly
..............
အသက်ကိုးလအရွယ် သမီးကို ဓားဖြင့်ခုတ်သတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ပန်ယောင်းရွာတွင် ယနေ့(မတ်လ ၂ ရက်) နံနက် ၉ နာရီခန့်က အသက် ၄၅ နှစ်အရွယ် ဖခင်ဖြစ်သူက ဓားဖြင့် ခုတ်သတ်ပြီး နေအိမ်ပေါ်မှ ပစ်ချခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရ သည်။

ဓားဖြင့် ခုတ်ခံရမှုကြောင့် ကလေးငယ်၏ ဦးခေါင်းနောက်စေ့ တွင် ခြောက်လက်မခန့်ရှိ ပြတ်ရှဒဏ်ရာတစ်ချက်၊ ဦးခေါင်းပွင့်ထွက် ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း အဆိုပါစခန်းမှ ရဲအုပ်ဝင်းမင်းသန့်က ဆိုသည်။

ကလေးငယ်ကို ဓားဖြင့်ခုတ်ခဲ့သည်ဟုဆိုသော အသက် ၄၅ နှစ်အရွယ် ဦးရှဲရှီသည် သားသမီးလေးဦးရှိပြီး စိတ်ကျန်းမာရေးချို့တဲ့သူတစ် ဦးဖြစ်ကြောင်း၊ ထို့ကြောင့် ယမန်နှစ်က ပြည်သူ့ဆေးကြီးတွင် ဆေးကုသခဲ့ ရာမှ ပြန်လည်ကောင်းမွန်လာခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ၊ မရှိကိုမူ မသိရှိကြောင်း ယင်းကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ဓားဖြင့်ခုတ်ခဲ့သည်ဟုဆိုသော ဖခင်ဖြစ်သူ ဦးရှဲရှီကို ပုဒ်မ-၃၀၂အရ ထပ်မံ အမှုဖွင့်လှစ်ရန် စစ်ဆေးမေးမြန်းနေကြောင်း၊ ထို့ပြင် ဦးရှဲရှီသည် မတ်လ ၁ ရက်နေ့ကလည်း ဓားကိုင်ကြိမ်းမောင်းနေသဖြင့် ဝင်ရောက်တားမြစ်ခဲ့သူ ဦးယာချီကို ဓားဖြင့် ခုတ်ခဲ့သည်ဟု တိုင်ကြားထားသောကြောင့် (ပ) ၃၂/၂၀၁၆ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။

The Voice Weekly
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)