စာေရးဆရာ ခ်စ္ဦးညိဳ၏ သမၼတသစ္ ဦးထင္ေက်ာ္ အေပၚ သေဘာထားအျမင္

ေမး။ ။ ဆရာ၊ မဂၤလာပါ။ က်ေနာ့္ကို ဆရာရဲ႕ သမၼတသစ္ ဦးထင္ေက်ာ္ အေပၚမွာ ရိွတဲ့သေဘာထားအျမင္ေလး ေျပာျပေပးပါလား။

ေျဖ။ ။အင္း၊ ဘယ္လိုေခၚမလဲ။ သူက low profile ဦးထင္ေက်ာ္က ၊ မထင္မရွား၊ မသိမသာေလးပဲ ေနတာဆိုေတာ့ သူ႔အေၾကာင္းကို သိပ္မသိဘူး။သို႔ေသာ္လည္း အမ်ားသိသေလာက္ေတာ့ သိတယ္။ သို႔ေသာ္လည္း သူ႔ကို ရင္ထဲကေန အမွတ္ေပးမိတာက ဆရာႀကီး မင္းသုဝဏ္ သားျဖစ္ေနတာကိုက ကိုယ့္စိတ္ထဲမွာ အေတာ့္ကို ပီတိ ႏွစ္ေထာင္းအားရျဖစ္တယ္။ဘာျဖစ္လို႔လဲဆို ဆရာႀကီးမင္းသုဝဏ္ရဲ႕ ေသြးေတြဟာ သူ႔ဆီမွာ လွည့္ပတ္စီးဆင္းေနမယ္ဆိုတာ ယံုၾကည္တယ္။ ခင္တာကေတာ့ ဦးဥာဏ္စိုးနဲ႔ နဲနဲ ခင္တယ္။ သူ႔ရဲ႕အကိုေလ။ သူနဲ႔က မခင္ဘူး။ သိပ္လည္း မဆံုဘူးဖူး။ဆိုေတာ့ ဆရာႀကီးမင္းသုဝဏ္ ျပန္ၾကည့္လိုက္တဲ့အခါမွာ စိတ္ေကာင္းရိွတဲ့ ဆရာႀကီး၊ အႏုပညာၾကြယ္ဝတဲ့ ဆရာႀကီး၊ ကေလးေတြ အတြက္ အင္မတန္ အလုပ္လုပ္တဲ့ ဆရာႀကီး၊ အမွန္တရားဖက္က ရပ္တည္ခဲ့တဲ့ ဆရာႀကီး ၊ ၉၀ ခုႏွစ္ေရြးေကာက္ပြဲမွာ ဝင္ၿပိဳင္ၿပီး အႏိုင္ရခဲ့တဲ့ အစိုးရရဲ႕ အၿငိဳျငင္ခံရတဲ့ဆရာႀကီး၊ အဲဒီ ဆရာႀကီးရဲ႕ သားျဖစ္တယ္ဆိုတဲ့ အခ်က္နဲ႔တင္ စိတ္ထဲမွာ အေတာ္ေလး ႏွလံုးေတြ႕တယ္ေပါ့ေနာ္။ ၿပီးေတာ ဒီအင္မတန္ မ်ိဳးရိုးေတြက အင္မတန္ အေရးႀကီးပါတယ္။

ဟို ဆရာႀကီးသခင္ကိုယ္ေတာ္မိႈင္းက ေဆာင္းပါးေလးတပုဒ္ဖတ္ဖူးတယ္။ ေတာင္တြင္းႀကီးမွာ သခင္ေလးေမာင္က အဖမ္းခံထားရတယ္။ ဒို႔ဗမာအစည္းအရံုးေပါ့ေလ။ ေထာင္ေျခာက္လ က်ေနတယ္။ သခင္ေပါက္စ ေထာင္ေျခာက္လေပါ့ေလ။ အဲေတာ့ သခင္ေလးေမာင္က ဆရာႀကီးသခင္ကိုယ္ေတာ္မႈိင္းကို လွမ္းေခၚတယ္။ ဆရာႀကီး လာခဲ့ပါဦး ၊ က်ေနာ္ အဖမ္းခံရေတာ့မယ္၊အဖမ္းေတာ့မခံရေသးဘူး၊ အဖမ္းခံရေတာ့မယ္၊အဲေတာ့ ဆရာႀကီးမိႈင္းကလည္း တက္သြားတယ္။ ေတာင္တြင္းႀကီးေရာက္ေတာ့ ေဟ့ေကာင္ ေလးေမာင္ ေခြးေကာင္ေပါ့ ၊ ဘယ္လို ဘယ္လိုျဖစ္လဲ၊ က်ေနာ္ေတာ့ အဖမ္းခံရေတာ့မယ္ ၊ငါလည္း မကယ္ႏိုင္ဘူးတဲ့၊ မင္းအဲဒါကိုတဲ့။ မဟုတ္ဘူးတဲ့။ အဓိကက က်ေနာ့္ကို လာကယ္ဖို႔အတြက္ ဆရာႀကီးကို ေခၚတာမဟုတ္ဘူးတဲ့။ ဆရာႀကီး ဒီမွာေရာက္တုန္းကို ဒီကိုတက္လာၿပီးေတာ့ ဒို႔ဗမာအစည္းအရံုး ဖြဲ႕စည္းေရး အတြက္ က်ေနာ္ ညာေခၚတာပါ ဆရာႀကီး တဲ့။ ကဲထားေတာ့ ၊ ေတြ႕သင့္ေတြ႕ထိုက္တဲ့ ပုဂၢိဳလ္တေယာက္ ရိိွပါေသးတယ္ဆိုေတာ့ သွ်င္ဥကၠ႒ ဆီသြားၾကတယ္။ ေတာင္တြင္းႀကီးသွ်င္ဥကၠ႒ ဆီေပါ့။ သြားရင္းနဲ႔ စကားစျမည္ေျပာရင္းနဲ႔ သွ်င္ဥကၠ႒ ကေနၿပီးေတာ့ ဗုိလ္မင္းေရာင္(ေရႊလေရာင္) အေၾကာင္းေတြ ေရာက္သြားေရာ။ အဲဒီမွာ သွ်င္ဥကၠ႒ က မိန္႔တယ္တဲ့။ ဆရာႀကီးေပါ့ ခင္ဗ်ားတို႔ဆီမွာ ၊ ရန္ကုန္မွာလည္း ဦးမင္းေရာင္ရဲ႕ ေျမးလား ဘာလား မသိဘူး၊ ေတာ္တဲ့ ေကာင္ေလးေတြရိွတယ္။ ေက်ာင္းတက္ေနတယ္။ ေအာင္သန္းနဲ႔ ေအာင္ဆန္း၊ အေျပာကေတာ့ အလုပ္လုပ္ေနၿပီ။ ဟာ ဟုတ္လားေပါ့။ အဲဒီက်မွ သူက ျပန္လာၿပီး ရန္ကုန္ေရာက္ေတာ့မွ ေမးတာ၊ ေမာင္ေအာင္ဆန္း မင္းအဘိုးက ဦးမင္းေရာင္ ဆို၊ ဟာ မင့္ ငါ့မေျပာပါလား၊ မလိုအပ္ဘူး ထင္လို႔ မေျပာတာပါ ဆရာႀကီး ။ ဟာ မင္း မ်ဳိးရိုးတယ္ေကာင္းတာပဲ ကြာ။ မ်ဳိးရိုးနဲ႔ ပတ္သက္ၿပီး ေျပာတာပါ။

အဲေတာ့ မ်ဳိးရိုးနဲ႔ ပတ္သက္ၿပီး ဘမ်ဳိးဘိုးတူ ၊ မ်ဳိးေကာင္းရိုးေကာင္းဆိုတာက ပါကို ပါတယ္။ ဒါကေတာ့ ျငင္းလို႔မရဘူး။ အဲ့ တခ်က္ထဲနဲ႔ကို ဦးထင္ေက်ာ္ကို ေက်နပ္သြားၿပီ။

ဒါေပမဲ့ သူၾကည့္ရတာ ဒီေန႔ ျပည္ေထာင္စုလႊတ္ေတာ္ လာၿပီး မိန္႔ခြန္းေျပာေတာ့ ၊ ဝန္ႀကီးဌာန ၂၁ ခုနဲ႔ ပတ္သက္လို႔ လာၿပီး ရွင္းျပသြားတာ၊ အဲဒီမွာလည္း ေအးေအးေဆးေဆး ၊ လံုးဝ တုန္လႈပ္ျခင္း၊ စိတ္လႈပ္ရွားျခင္း ၊ မရိုးမသားနဲ႔ ပံုႀကီးခ်ဲ႕ျခင္း ဘာမွမရိွဘူး။ ေအးေအး ေဆးေဆး ေလး ရိုးရိုးသားသား ေျပာတာ ၊ သူ႔ပံုရိပ္ေလးကို လွစ္ခနဲ ျမင္လိုက္ရတယ္။ ရိုးသားမႈ အျပည့္ရိွတယ္ ဆိုတာ ျမင္လိုက္ရတယ္။ အဲဒီအတြက္ ေက်နပ္တယ္။ ဦးထင္ေက်ာ္ကို ။ အရပ္သား သမၼတ ဆိုတာေတာ့ဒါ တျပည္လံုးေက်နပ္တာပဲေလ။

ေနာက္တခုက ေျပာခ်င္တာက သူက ဒလဘန္းဆိုၿပီးေတာ့ ဒေဒြး ၊ လ၊ ဘနဲ႔ ေရးထားတယ္။ ဒလဘန္းဆိုၿပီးေတာ့ ေရးထားတယ္။ မသိဘူး။ ဆရာႀကီးမင္းသုဝဏ္ သားမွန္းလည္း မသိဘူး။ အရင္က ။ သို႔ေသာ္လည္း ပထမအႀကိမ္ စာအုပ္ကတည္းက ရိွတယ္။ ၂၀၀၆ ကေန ၂၀၀၈ အထိ ခ်ယ္ရီမဂၢဇင္းမွာ အခန္းဆက္ေရးခဲ့တာ ။ အဲဒီတုန္းကတည္းက သတိထားမိတယ္။ နာမည္က ဆန္းေနတာ။ ဒါေပမယ့္ ႀကိဳၾကား ႀကိဳၾကား ဖတ္ရတယ္။ အခု လံုးခ်င္းေလးထြက္လာေတာ့ ဒါ ပထမအႀကိမ္ေနာ္။ ခု ထြက္ေနတာ ဒုတိယ အႀကိမ္ေပါ့။ အဲဒီမွာ ေရးေတာ့မွ ဟာ ဒလဘန္း ဆိုတာ ဆရာႀကီးမင္းသုဝဏ္ သားပါလား၊ ေမာင္ပို၊ ေမာင္ထင္ေက်ာ္ေပါ့။ ေရးလိုက္တာကလည္း ေကာင္းလိုက္တာ၊ မ်ားေသာအားျဖင့္က လူတေယာက္ အေၾကာင္းေရးတယ္ဆိုရင္ ေရးတဲ့သူက သူ႕အေၾကာင္းျဖစ္ၿပီး သူ႔အေၾကာင္းခ်ည္းပဲ ေရးေနတာ မ်ားတယ္။ သူ႔ပံုရိပ္ ခ်ည္းပဲ ထိုးထိုးျပတယ္။ ဝင္ ဝင္ၾကြားတယ္ေပါ့။ လံုး ဝမရိွရဘူး။ ဘႀကီးေဇာ္ (ဆရာေဇာ္ဂ်ီ) အေၾကာင္း ၊ဘယ္သူ႔အေၾကာင္း အဲဒါေတြပဲ ေရးျပသြားတယ္။ သူ႔အေၾကာင္း ၊ ဒလဘန္းဆိုတာ မပါလာဘူး။ သူ႔ရဲ႕ ကိုယ္ေရး မပါဘူး။ အင္မတန္ႏိွမ့္ႏိွမ့္ခ်ခ်နဲ႔ ရိုးသားစြာ ကိုေရးျပသြားတယ္။

အဲဒီေတာ့ ဒလဘန္းဆိုတာ မြန္စစ္သူႀကီး၊ အေလာင္းမင္းတရား အေရးေတာ္ပံုုထဲမွာပါတယ္။ တခ်ိဳ႕က တလဘန္း လို႔ ေရးတယ္။ အေလာင္းမင္းတရား အေရးေတာ္ပံုထဲမွာ ပါတာက မုဆိုးဖို၊ ေရႊဘို လုပ္မယ္ဆိုေတာ့ ေကြ႕ရွမ္း၊ ဂု ႏၱအိန္ ဘယ္ကပါမယ္၊ တလဘန္း တို႕ကလည္း တစခန္းထတာေလ၊ တလဘန္းကိုလည္း လႊတ္ၿပီးေတာ့ ဟံသာ ဝတီဘုရင္ အေနနဲ႔ ဥပရာဇာကေန၊ တလဘန္းကလည္း တိုက္တာပဲ၊ ဒါေပမဲ့ သူ စစ္ရံႈးတယ္။ စစ္ရံႈးေပမဲ့ အေလာင္းမင္းတရား ဦးေအာင္ေဇယ်က သူ႔ရန္သူထဲမွာ ၊ ရန္သူပဲ ဆိုၾကပါစို႔၊ ရန္သူထဲမွာ ဒီ မြန္စစ္သူႀကီး တလဘန္းကို အေလးစားဆံုး၊ စစ္သာ ရံႈးသာ ၊ တကယ္ေတာ္တဲ့ လူႀကီး၊ စိတ္ဓာတ္အင္မတန္ ျမင့္ျမတ္တဲ့သူ၊ ရံႈးလို႔သာ ရံႈးသြားတာ၊ တကယ္ေတာ့ ႏိုင္သင့္တဲ့သူႀကီး ၊ အဲလိုကို အေလာင္းမင္းတရားက အမွတ္ေပးတာဗ်ာ။

ဆိုေတာ့ ဒလဘန္းဆိုတဲ့ မူလ မြန္စစ္သူႀကီး ပံုရိပ္ကလည္း ေကာင္းတယ္။ ၿပီးေတာ့ အဲဒီ ဒလဘန္း ဆိုတဲ့ နာမည္က ဆရာႀကီး မင္းသုဝဏ္က မွည့္ေပးထားတာ။ ဒီစာအုပ္ေရးၿပီးေတာ့ သူ ကေလာင္နာမည္ မတပ္တတ္ဘူးျဖစ္ေနတယ္။ အဲဒီမွာ သူ႔မိန္းမေဒၚစုစုလြင္က (ဦးလြင္ သမီးက) ရွင့္အေဖ ရက္ခ်ဳပ္ထဲမွာ ေပးထားတယ္ေလ၊ ရွင့္ကို ဒလဘန္းလို႔ေပးထားတယ္ေလ။ အဲဒီနာမည္ ယူလိုက္ပါလားလို႔ ေျပာလို႔ ယူလိုက္တာ။ ေဒၚစုစုလြင္ ေက်းဇူးမကင္းဘူး။ ဒလဘန္း ျဖစ္တာ။ (ရယ္လ်က္) အဲဒါေၾကာင့္လည္း ႀကိဳက္တယ္၊ စာေရးဆရာ ဒလဘန္းျဖစ္လို႔လည္း ႀကိဳက္တယ္။အဲဒါပါပဲဗ်ာ။

ေမး ။ ။ေက်းဇူးတင္ပါတယ္ဆရာ။

(ရန္ေနာင္(ဗိုလ္တေထာင္))
Credit: မိုးမခ၊
မတ္ ၂၃၊ ၂၀၁၆
......................
စာရေးဆရာ ချစ်ဦးညို၏ သမ္မတသစ် ဦးထင်ကျော် အပေါ် သဘောထားအမြင်


မေး။ ။ ဆရာ၊ မင်္ဂလာပါ။ ကျနော့်ကို ဆရာရဲ့ သမ္မတသစ် ဦးထင်ကျော် အပေါ်မှာ ရှိတဲ့သဘောထားအမြင်လေး ပြောပြပေးပါလား။

ဖြေ။ ။အင်း၊ ဘယ်လိုခေါ်မလဲ။ သူက low profile ဦးထင်ကျော်က ၊ မထင်မရှား၊ မသိမသာလေးပဲ နေတာဆိုတော့ သူ့အကြောင်းကို သိပ်မသိဘူး။သို့သော်လည်း အများသိသလောက်တော့ သိတယ်။ သို့သော်လည်း သူ့ကို ရင်ထဲကနေ အမှတ်ပေးမိတာက ဆရာကြီး မင်းသုဝဏ် သားဖြစ်နေတာကိုက ကိုယ့်စိတ်ထဲမှာ အတော့်ကို ပီတိ နှစ်ထောင်းအားရဖြစ်တယ်။ဘာဖြစ်လို့လဲဆို ဆရာကြီးမင်းသုဝဏ်ရဲ့ သွေးတွေဟာ သူ့ဆီမှာ လှည့်ပတ်စီးဆင်းနေမယ်ဆိုတာ ယုံကြည်တယ်။ ခင်တာကတော့ ဦးဉာဏ်စိုးနဲ့ နဲနဲ ခင်တယ်။ သူ့ရဲ့အကိုလေ။ သူနဲ့က မခင်ဘူး။ သိပ်လည်း မဆုံဘူးဖူး။ဆိုတော့ ဆရာကြီးမင်းသုဝဏ် ပြန်ကြည့်လိုက်တဲ့အခါမှာ စိတ်ကောင်းရှိတဲ့ ဆရာကြီး၊ အနုပညာကြွယ်ဝတဲ့ ဆရာကြီး၊ ကလေးတွေ အတွက် အင်မတန် အလုပ်လုပ်တဲ့ ဆရာကြီး၊ အမှန်တရားဖက်က ရပ်တည်ခဲ့တဲ့ ဆရာကြီး ၊ ၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ အစိုးရရဲ့ အငြိုငြင်ခံရတဲ့ဆရာကြီး၊ အဲဒီ ဆရာကြီးရဲ့ သားဖြစ်တယ်ဆိုတဲ့ အချက်နဲ့တင် စိတ်ထဲမှာ အတော်လေး နှလုံးတွေ့တယ်ပေါ့နော်။ ပြီးတော ဒီအင်မတန် မျိုးရိုးတွေက အင်မတန် အရေးကြီးပါတယ်။

ဟို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဆောင်းပါးလေးတပုဒ်ဖတ်ဖူးတယ်။ တောင်တွင်းကြီးမှာ သခင်လေးမောင်က အဖမ်းခံထားရတယ်။ ဒို့ဗမာအစည်းအရုံးပေါ့လေ။ ထောင်ခြောက်လ ကျနေတယ်။ သခင်ပေါက်စ ထောင်ခြောက်လပေါ့လေ။ အဲတော့ သခင်လေးမောင်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို လှမ်းခေါ်တယ်။ ဆရာကြီး လာခဲ့ပါဦး ၊ ကျနော် အဖမ်းခံရတော့မယ်၊အဖမ်းတော့မခံရသေးဘူး၊ အဖမ်းခံရတော့မယ်၊အဲတော့ ဆရာကြီးမှိုင်းကလည်း တက်သွားတယ်။ တောင်တွင်းကြီးရောက်တော့ ဟေ့ကောင် လေးမောင် ခွေးကောင်ပေါ့ ၊ ဘယ်လို ဘယ်လိုဖြစ်လဲ၊ ကျနော်တော့ အဖမ်းခံရတော့မယ် ၊ငါလည်း မကယ်နိုင်ဘူးတဲ့၊ မင်းအဲဒါကိုတဲ့။ မဟုတ်ဘူးတဲ့။ အဓိကက ကျနော့်ကို လာကယ်ဖို့အတွက် ဆရာကြီးကို ခေါ်တာမဟုတ်ဘူးတဲ့။ ဆရာကြီး ဒီမှာရောက်တုန်းကို ဒီကိုတက်လာပြီးတော့ ဒို့ဗမာအစည်းအရုံး ဖွဲ့စည်းရေး အတွက် ကျနော် ညာခေါ်တာပါ ဆရာကြီး တဲ့။ ကဲထားတော့ ၊ တွေ့သင့်တွေ့ထိုက်တဲ့ ပုဂ္ဂိုလ်တယောက် ရိိှပါသေးတယ်ဆိုတော့ သျှင်ဥက္ကဋ္ဌ ဆီသွားကြတယ်။ တောင်တွင်းကြီးသျှင်ဥက္ကဋ္ဌ ဆီပေါ့။ သွားရင်းနဲ့ စကားစမြည်ပြောရင်းနဲ့ သျှင်ဥက္ကဋ္ဌ ကနေပြီးတော့ ဗိုလ်မင်းရောင်(ရွှေလရောင်) အကြောင်းတွေ ရောက်သွားရော။ အဲဒီမှာ သျှင်ဥက္ကဋ္ဌ က မိန့်တယ်တဲ့။ ဆရာကြီးပေါ့ ခင်ဗျားတို့ဆီမှာ ၊ ရန်ကုန်မှာလည်း ဦးမင်းရောင်ရဲ့ မြေးလား ဘာလား မသိဘူး၊ တော်တဲ့ ကောင်လေးတွေရှိတယ်။ ကျောင်းတက်နေတယ်။ အောင်သန်းနဲ့ အောင်ဆန်း၊ အပြောကတော့ အလုပ်လုပ်နေပြီ။ ဟာ ဟုတ်လားပေါ့။ အဲဒီကျမှ သူက ပြန်လာပြီး ရန်ကုန်ရောက်တော့မှ မေးတာ၊ မောင်အောင်ဆန်း မင်းအဘိုးက ဦးမင်းရောင် ဆို၊ ဟာ မင့် ငါ့မပြောပါလား၊ မလိုအပ်ဘူး ထင်လို့ မပြောတာပါ ဆရာကြီး ။ ဟာ မင်း မျိုးရိုးတယ်ကောင်းတာပဲ ကွာ။ မျိုးရိုးနဲ့ ပတ်သက်ပြီး ပြောတာပါ။

အဲတော့ မျိုးရိုးနဲ့ ပတ်သက်ပြီး ဘမျိုးဘိုးတူ ၊ မျိုးကောင်းရိုးကောင်းဆိုတာက ပါကို ပါတယ်။ ဒါကတော့ ငြင်းလို့မရဘူး။ အဲ့ တချက်ထဲနဲ့ကို ဦးထင်ကျော်ကို ကျေနပ်သွားပြီ။

ဒါပေမဲ့ သူကြည့်ရတာ ဒီနေ့ ပြည်ထောင်စုလွှတ်တော် လာပြီး မိန့်ခွန်းပြောတော့ ၊ ဝန်ကြီးဌာန ၂၁ ခုနဲ့ ပတ်သက်လို့ လာပြီး ရှင်းပြသွားတာ၊ အဲဒီမှာလည်း အေးအေးဆေးဆေး ၊ လုံးဝ တုန်လှုပ်ခြင်း၊ စိတ်လှုပ်ရှားခြင်း ၊ မရိုးမသားနဲ့ ပုံကြီးချဲ့ခြင်း ဘာမှမရှိဘူး။ အေးအေး ဆေးဆေး လေး ရိုးရိုးသားသား ပြောတာ ၊ သူ့ပုံရိပ်လေးကို လှစ်ခနဲ မြင်လိုက်ရတယ်။ ရိုးသားမှု အပြည့်ရှိတယ် ဆိုတာ မြင်လိုက်ရတယ်။ အဲဒီအတွက် ကျေနပ်တယ်။ ဦးထင်ကျော်ကို ။ အရပ်သား သမ္မတ ဆိုတာတော့ဒါ တပြည်လုံးကျေနပ်တာပဲလေ။

နောက်တခုက ပြောချင်တာက သူက ဒလဘန်းဆိုပြီးတော့ ဒဒွေး ၊ လ၊ ဘနဲ့ ရေးထားတယ်။ ဒလဘန်းဆိုပြီးတော့ ရေးထားတယ်။ မသိဘူး။ ဆရာကြီးမင်းသုဝဏ် သားမှန်းလည်း မသိဘူး။ အရင်က ။ သို့သော်လည်း ပထမအကြိမ် စာအုပ်ကတည်းက ရှိတယ်။ ၂၀၀၆ ကနေ ၂၀၀၈ အထိ ချယ်ရီမဂ္ဂဇင်းမှာ အခန်းဆက်ရေးခဲ့တာ ။ အဲဒီတုန်းကတည်းက သတိထားမိတယ်။ နာမည်က ဆန်းနေတာ။ ဒါပေမယ့် ကြိုကြား ကြိုကြား ဖတ်ရတယ်။ အခု လုံးချင်းလေးထွက်လာတော့ ဒါ ပထမအကြိမ်နော်။ ခု ထွက်နေတာ ဒုတိယ အကြိမ်ပေါ့။ အဲဒီမှာ ရေးတော့မှ ဟာ ဒလဘန်း ဆိုတာ ဆရာကြီးမင်းသုဝဏ် သားပါလား၊ မောင်ပို၊ မောင်ထင်ကျော်ပေါ့။ ရေးလိုက်တာကလည်း ကောင်းလိုက်တာ၊ များသောအားဖြင့်က လူတယောက် အကြောင်းရေးတယ်ဆိုရင် ရေးတဲ့သူက သူ့အကြောင်းဖြစ်ပြီး သူ့အကြောင်းချည်းပဲ ရေးနေတာ များတယ်။ သူ့ပုံရိပ် ချည်းပဲ ထိုးထိုးပြတယ်။ ဝင် ဝင်ကြွားတယ်ပေါ့။ လုံး ဝမရှိရဘူး။ ဘကြီးဇော် (ဆရာဇော်ဂျီ) အကြောင်း ၊ဘယ်သူ့အကြောင်း အဲဒါတွေပဲ ရေးပြသွားတယ်။ သူ့အကြောင်း ၊ ဒလဘန်းဆိုတာ မပါလာဘူး။ သူ့ရဲ့ ကိုယ်ရေး မပါဘူး။ အင်မတန်နှိမ့်နှိမ့်ချချနဲ့ ရိုးသားစွာ ကိုရေးပြသွားတယ်။

အဲဒီတော့ ဒလဘန်းဆိုတာ မွန်စစ်သူကြီး၊ အလောင်းမင်းတရား အရေးတော်ပုုံထဲမှာပါတယ်။ တချို့က တလဘန်း လို့ ရေးတယ်။ အလောင်းမင်းတရား အရေးတော်ပုံထဲမှာ ပါတာက မုဆိုးဖို၊ ရွှေဘို လုပ်မယ်ဆိုတော့ ကွေ့ရှမ်း၊ ဂု န္တအိန် ဘယ်ကပါမယ်၊ တလဘန်း တို့ကလည်း တစခန်းထတာလေ၊ တလဘန်းကိုလည်း လွှတ်ပြီးတော့ ဟံသာ ဝတီဘုရင် အနေနဲ့ ဥပရာဇာကနေ၊ တလဘန်းကလည်း တိုက်တာပဲ၊ ဒါပေမဲ့ သူ စစ်ရှုံးတယ်။ စစ်ရှုံးပေမဲ့ အလောင်းမင်းတရား ဦးအောင်ဇေယျက သူ့ရန်သူထဲမှာ ၊ ရန်သူပဲ ဆိုကြပါစို့၊ ရန်သူထဲမှာ ဒီ မွန်စစ်သူကြီး တလဘန်းကို အလေးစားဆုံး၊ စစ်သာ ရှုံးသာ ၊ တကယ်တော်တဲ့ လူကြီး၊ စိတ်ဓာတ်အင်မတန် မြင့်မြတ်တဲ့သူ၊ ရှုံးလို့သာ ရှုံးသွားတာ၊ တကယ်တော့ နိုင်သင့်တဲ့သူကြီး ၊ အဲလိုကို အလောင်းမင်းတရားက အမှတ်ပေးတာဗျာ။

ဆိုတော့ ဒလဘန်းဆိုတဲ့ မူလ မွန်စစ်သူကြီး ပုံရိပ်ကလည်း ကောင်းတယ်။ ပြီးတော့ အဲဒီ ဒလဘန်း ဆိုတဲ့ နာမည်က ဆရာကြီး မင်းသုဝဏ်က မှည့်ပေးထားတာ။ ဒီစာအုပ်ရေးပြီးတော့ သူ ကလောင်နာမည် မတပ်တတ်ဘူးဖြစ်နေတယ်။ အဲဒီမှာ သူ့မိန်းမဒေါ်စုစုလွင်က (ဦးလွင် သမီးက) ရှင့်အဖေ ရက်ချုပ်ထဲမှာ ပေးထားတယ်လေ၊ ရှင့်ကို ဒလဘန်းလို့ပေးထားတယ်လေ။ အဲဒီနာမည် ယူလိုက်ပါလားလို့ ပြောလို့ ယူလိုက်တာ။ ဒေါ်စုစုလွင် ကျေးဇူးမကင်းဘူး။ ဒလဘန်း ဖြစ်တာ။ (ရယ်လျက်) အဲဒါကြောင့်လည်း ကြိုက်တယ်၊ စာရေးဆရာ ဒလဘန်းဖြစ်လို့လည်း ကြိုက်တယ်။အဲဒါပါပဲဗျာ။

မေး ။ ။ကျေးဇူးတင်ပါတယ်ဆရာ။

(ရန်နောင်(ဗိုလ်တထောင်))
Credit: မိုးမခ၊
မတ် ၂၃၊ ၂၀၁၆
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)