အရွိန္ မထိန္းႏိုင္ေသာ သံုးဘီးယာဥ္ လမ္းေဘး အ.မ.က ေက်ာင္း၀န္းအတြင္း ထိုးက် ယာဥ္ေမာင္းေသဆံုး

က်ဳိင္းတံု မတ္ ၂၅

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံု-တာခ်ီလိတ္ ကားလမ္း၊ ပန္ေလာ့ေအာက္ရြာ အနီးတြင္ မတ္လ(၂၄)ရက္ေန႔ ညေန (၄)နာရီခဲြက သံုးဘီးဆိုင္ကယ္ တစ္စီးတိမ္းေမွာက္၍ ယာဥ္ေမာင္း သူ ေသဆံုးသြားေၾကာင္း သိရသည္။



ျဖစ္စဥ္မွာ က်ဳိင္းတံုၿမိဳ႕နယ္ ေနာင္ႏြန္း(အာခါ) ေက်းရြာေန၊ ေမာင္အားေတ (၁၉)ႏွစ္ ေမာင္းႏွင္ေသာ ၆ဟ/-------၊ Bashan အမ်ဳိးအစား သံုးဘီးဆိုင္ကယ္ လိေမၼာ္ေရာင္ သည္ က်ဳိင္းတံု-တာခ်ီလိတ္ ကားလမ္း၊ ပန္ေလာ့ေအာက္ ရြာ အနီး မိုင္တိုင္အမွတ္ (၆၅၆)ကီလိုမီတာအနီး ကုန္းဆင္းတြင္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ တစ္ဘက္ ယာဥ္ေၾကာ သို႔ ေရာက္ရွိကာ လမ္းေဘး ေအာက္ဘက္ ရွိ အမက(မူလြန္) ေက်ာင္း၀န္းအတြင္း ထိုးက်၍ တိမ္းေမွာက္ သြားခဲ့သည္။




ယာဥ္ေမာင္းျဖစ္သူ ေမာင္အားေတမွာ အခင္းျဖစ္ေနရာ၌ ေသဆံုးသြားၿပီး ယာဥ္ေပၚပါသူ က်ဳိင္းတံုၿမိဳ႕နယ္၊ ေဟြလန္းေက်းရြာေန က်သား(၁၂)ႏွစ္ ႏွင့္ ေလာေဆး(၁၅)ႏွစ္တို႔ ဒဏ္ရာ ရရွိသြားၿပီးက်ဳိင္းတံု ေဆးရံုႀကီးတြင္ ေဆးကုသမႈ ခံယူလ်က္ရွိသည္။ က်သားမွာစိုးရိမ္ရသည့္ အေျခအေနတြင္ရွိၿပီး က်ုိင္းတံုၿမိဳ႕မ ရဲစခန္းမွ အေရးယူ ေဆာင္ရြက္ ထားေၾကာင္း သိရသည္။

ေမာင္ေမာင္ႏိုင္(က်ဳိင္းတံု)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
............
ကျိုင်းတုံ မတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-တာချီလိတ် ကားလမ်း၊ ပန်လော့အောက်ရွာ အနီးတွင် မတ်လ(၂၄)ရက်နေ့ ညနေ (၄)နာရီခွဲက သုံးဘီးဆိုင်ကယ် တစ်စီးတိမ်းမှောက်၍ ယာဉ်မောင်း သူ သေဆုံးသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နယ် နောင်နွန်း(အာခါ) ကျေးရွာနေ၊ မောင်အားတေ (၁၉)နှစ် မောင်းနှင်သော ၆ဟ/-------၊ Bashan အမျိုးအစား သုံးဘီးဆိုင်ကယ် လိမ္မော်ရောင် သည် ကျိုင်းတုံ-တာချီလိတ် ကားလမ်း၊ ပန်လော့အောက် ရွာ အနီး မိုင်တိုင်အမှတ် (၆၅၆)ကီလိုမီတာအနီး ကုန်းဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ တစ်ဘက် ယာဉ်ကြော သို့ ရောက်ရှိကာ လမ်းဘေး အောက်ဘက် ရှိ အမက(မူလွန်) ကျောင်းဝန်းအတွင်း ထိုးကျ၍ တိမ်းမှောက် သွားခဲ့သည်။



ယာဉ်မောင်းဖြစ်သူ မောင်အားတေမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး ယာဉ်ပေါ်ပါသူ ကျိုင်းတုံမြို့နယ်၊ ဟွေလန်းကျေးရွာနေ ကျသား(၁၂)နှစ် နှင့် လောဆေး(၁၅)နှစ်တို့ ဒဏ်ရာ ရရှိသွားပြီးကျိုင်းတုံ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။ ကျသားမှာစိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး ကျိုင်းတုံမြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

မောင်မောင်နိုင်(ကျိုင်းတုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)