အုပ္စုလိုက္ ပစၥည္းခိုးယူေနသည့္ ကေလး ၆ ဦးကို ကေလးၿမိဳ႕တြင္ ဖမ္းဆီး

ကေလးၿမိဳ႕ တပ္ဦးသီတာ ရပ္ကြက္ေန ပစၥည္းခိုးယူေနတဲ့ အသက္မျပည့္ ကေလးငယ္ ၆ ဦးကို မတ္လ ၂၃ ရက္ေန႔မွာ ကေလးၿမိဳ႕မ ရဲစခန္းက ဖမ္းမိခဲ့ပါတယ္။
“အျခားအမႈအတြက္ မေနက ညေန ၆ နာရီေလာက္မွာ တပ္ဦးသီတာရပ္ကြက္ကို သြားစံုစမ္းရင္း ဒီကေလးေတြကို ေတြ႔ခဲ့တာပါ။ ဒါနဲ႔ မသကၤာလို႔ ေမးလိုက္ေတာ့ ဒီကေလးေတြဆီကေန ခိုးထားတဲ့ ပစၥည္းတခ်ိဳ႕ ေပၚေပါက္ခဲ့ပါတယ္”လို႔ ကေလးၿမိဳ႕မ ရဲစခန္းက နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ဗိုလ္ဗိုလ္ဝင္းထြဋ္က ေျပာပါတယ္။
ကေလးငယ္ေတြဟာ အသက္ ၁၃ ႏွစ္ကေန ၁၆ ႏွစ္အရြယ္သာ ရွိေနၾကၿပီး ကေလးငယ္ေတြ ဆီကေန ခိုးရာပါပစၥည္း လက္ခံသိမ္းဆည္းသူကိုပါ ဖမ္းဆီးထားၿပီး ဆက္လက္စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။
“ကေလးငယ္ေတြက အသက္မျပည့္ေသးေတာ့ သူတို႔ကို ဘယ္လို အေရးယူရမယ္ဆိုတာ မသိေသးဘူး”လို႔လည္း ကေလးၿမိဳ႕ ၿမိဳ႕မရဲတပ္ဖြဲ႔တာဝန္ရွိသူ တဦးက ေျပာသည္။
DVB
..................
အုပ်စုလိုက် ပစ္စည်းခိုးယူနေသည့် ကလေး ၆ ဦးကို ကလေးမြို့တွင် ဖမ်းဆီး

ကလေးမြို့ တပ်ဦးသီတာ ရပ်ကွက်နေ ပစ္စည်းခိုးယူနေတဲ့ အသက်မပြည့် ကလေးငယ် ၆ ဦးကို မတ်လ ၂၃ ရက်နေ့မှာ ကလေးမြို့မ ရဲစခန်းက ဖမ်းမိခဲ့ပါတယ်။
“အခြားအမှုအတွက် မနေက ညနေ ၆ နာရီလောက်မှာ တပ်ဦးသီတာရပ်ကွက်ကို သွားစုံစမ်းရင်း ဒီကလေးတွေကို တွေ့ခဲ့တာပါ။ ဒါနဲ့ မသင်္ကာလို့ မေးလိုက်တော့ ဒီကလေးတွေဆီကနေ ခိုးထားတဲ့ ပစ္စည်းတချို့ ပေါ်ပေါက်ခဲ့ပါတယ်”လို့ ကလေးမြို့မ ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောပါတယ်။
ကလေးငယ်တွေဟာ အသက် ၁၃ နှစ်ကနေ ၁၆ နှစ်အရွယ်သာ ရှိနေကြပြီး ကလေးငယ်တွေ ဆီကနေ ခိုးရာပါပစ္စည်း လက်ခံသိမ်းဆည်းသူကိုပါ ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“ကလေးငယ်တွေက အသက်မပြည့်သေးတော့ သူတို့ကို ဘယ်လို အရေးယူရမယ်ဆိုတာ မသိသေးဘူး”လို့လည်း ကလေးမြို့ မြို့မရဲတပ်ဖွဲ့တာဝန်ရှိသူ တဦးက ပြောသည်။
DVB
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)