ဟသၤာတ တကၠသိုလ္အနီး ၿမိဳ႕ေရွာင္လမ္း (ခ်စ္သူလမ္းၾကား) ရွိ လယ္ကြင္းအစပ္တြင္ လူေသအေလာင္း တစ္ေလာင္း ျမွပ္ႏွံထားသည္ကို ေတြ႕ရွိ

Published on Thu, 03/03/2016 - 16:00

ဟသၤာတ တကၠသိုလ္အနီး ၿမိဳ႕ေရွာင္လမ္း (ခ်စ္သူလမ္းႀကား) ရွိ လယ္ကြင္းအစပ္တြင္ လူေသအေလာင္း တစ္ေလာင္း ျမွပ္ႏွံထားသည္ကို မတ္လ ၃ ရက္က ေတြ႕ရွိခဲ့ေႀကာင္း သတင္းရရွိသည္။

မတ္လ ၃ ရက္၊ နံနက္ ၉ နာရီခြဲခန္႔အခ်ိန္တြင္ လယ္ကြင္းစပ္၌ မသကၤာဖြယ္ရာ အေနအထားကို သတိထားမိခဲ့ရာမွ လယ္ပိုင္ရွင္က ရာအိမ္မွဴးႏွင့္ အုပ္ခ်ဳပ္ေရးမွဴးထံမွတစ္ဆင့္ ရဲတပ္ဖြဲ႕ တာ၀န္ရွိသူတို႔ထံ အေၾကာင္းၾကား ဆက္သြယ္ခဲ့ၿပီးေနာက္ တူးေဖာ္ရာတြင္ ယင္းလူေသ အေလာင္းအား ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။



အဆိုပါ မသကၤာဖြယ္ရာ ေနရာ၌ တူးေဖာ္ရာတြင္ ၿမိဳ႕နယ္တရားသူႀကီးႏွင့္ ရဲတပ္ဖြဲ႕ တာ၀န္ရွိသူမ်ား၊ ဆရာ၀န္ အပါအ၀င္ အုပ္ခ်ဳပ္ေရးပိုင္းမွ တာ၀န္ရွိသူတို႔ လာေရာက္ခဲ့ၾကၿပီး ေန႔လည္ ၁၁ နာရီ ၁၅ မိနစ္မွစတင္၍ ႏွစ္နာရီခန္႔ၾက တူးေဖာ္ခဲ့ၿပီးေနာက္ အရိုးက်ခါစ အေလာင္းကို ေတြ႕ရွိခဲ့ေႀကာင္း သိရသည္။

အေလာင္းတူးေဖာ္ရာတြင္ ပါ၀င္သည့္ ဟသၤာတခရိုင္ ျပည္သူ႔ေဆးရံုႀကီးမွ လက္ေထာက္ ဆရာ၀န္ ေဒါက္တာေကာင္းျမတ္ေဇာ္က “ျမင္သေလာက္ ေျပာရရင္ အသက္အလတ္ပိုင္းအရြယ္ ခႏၶာကိုယ္ ေတာင့္တင္းႀကံ႕ခိုင္တဲ့ အမ်ိဳးသားအေလာင္း တစ္ေလာင္းေပ့ါ။ အခ်ိန္ကေတာ့ ႏွစ္လခြဲ သံုးလေလာက္ေတာ့ရွိမယ္။ ခန္႔မွန္းေျခေပါ့။ ေခါင္းမွာ ဒဏ္ရာေတြ ဘာေတြ မေတြ႕ဘူး။ အျခားအရိုးေတြ က်ိဳးပဲ့ေနတာမ်ိဳးေတာ့ မေတြ႕ရဘူး။ အရိုးက်ေနျပီဆိုေတာ့ အခ်ိဳ႕ေနရာေတြမွာေတာ့ ဒဏ္ရာေတြ ရွိေကာင္းရွိမွာေပါ့။ အစာအိမ္ထဲက အရည္တို႔၊ အျခားဟာတို႔လည္း ယူလို႔မရဘူး” ဟု ေျဖၾကားသည္။



အေလာင္း၏ ဦးေခါင္းပိုင္းတြင္ တိပ္ျဖင့္ပတ္၍ ျမွပ္ထားသည္ကို ေတြ႕ရသျဖင့္ ေမးျမန္းခဲ့ရာ ေဒါက္တာ ေကာင္းျမတ္ေဇာ္က  “ျဖစ္ႏုိင္တာကေတာ့ တိပ္နဲ႔ပတ္ၿပီးေတာ့ မေသခင္ ျမွပ္တာမ်ိဳးလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ ႏွာေခါင္းတို႔ ဘာတို႔မွာ ေသြးေတြအရမ္းထြက္ေနလို႔ ပတ္တာမ်ိဳးလည္း ျဖစ္ႏုိင္တယ္။ ဒါေပမယ့္ ဂြမ္းစေတာ့ မေတြ႕ဘူး။ တိတ္တစ္ခုပဲေတြ႕တယ္” ဟုဆိုသည္။

ဟသၤာတျမိဳ႕၊ ျမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ေမာင္ေမာင္ေအးထံ ေမးျမန္းခဲ့ရာ အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ မည္သူမည္၀ါ ဆိုသည္ကို ေဖာ္ထုတ္ႏုိင္ျခင္း မရွိေသးသျဖင့္ သံုးသပ္ခ်က္ မေပးႏုိင္ေသးေႀကာင္းႏွင့္ မိမိတာ၀န္ယူသည့္ တစ္လခန္႔ ကာလအတြင္း စံုစမ္းစစ္ေဆးဆဲ အမႈမရွိေၾကာင္း ေျဖၾကားသည္။


Writer:
ေအာင္ေက်ာ္မ်ိဳး(ဟသၤာတ)



................
ဟင်္သာတ တက္ကသိုလ်အနီး မြို့ရှောင်လမ်း (ချစ်သူလမ်းကြား) ရှိ လယ်ကွင်းအစပ်တွင် လူသေအလောင်း တစ်လောင်း မြှပ်နှံထားသည်ကို တွေ့ရှိ
Published on Thu, 03/03/2016 - 16:00

ဟင်္သာတ တက္ကသိုလ်အနီး မြို့ရှောင်လမ်း (ချစ်သူလမ်းကြား) ရှိ လယ်ကွင်းအစပ်တွင် လူသေအလောင်း တစ်လောင်း မြှပ်နှံထားသည်ကို မတ်လ ၃ ရက်က တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၃ ရက်၊ နံနက် ၉ နာရီခွဲခန့်အချိန်တွင် လယ်ကွင်းစပ်၌ မသင်္ကာဖွယ်ရာ အနေအထားကို သတိထားမိခဲ့ရာမှ လယ်ပိုင်ရှင်က ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးထံမှတစ်ဆင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူတို့ထံ အကြောင်းကြား ဆက်သွယ်ခဲ့ပြီးနောက် တူးဖော်ရာတွင် ယင်းလူသေ အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။



အဆိုပါ မသင်္ကာဖွယ်ရာ နေရာ၌ တူးဖော်ရာတွင် မြို့နယ်တရားသူကြီးနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ ဆရာဝန် အပါအဝင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတို့ လာရောက်ခဲ့ကြပြီး နေ့လည် ၁၁ နာရီ ၁၅ မိနစ်မှစတင်၍ နှစ်နာရီခန့်ကြ တူးဖော်ခဲ့ပြီးနောက် အရိုးကျခါစ အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အလောင်းတူးဖော်ရာတွင် ပါ၀င်သည့် ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးမှ လက်ထောက် ဆရာဝန် ဒေါက်တာကောင်းမြတ်ဇော်က “မြင်သလောက် ပြောရရင် အသက်အလတ်ပိုင်းအရွယ် ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်တဲ့ အမျိုးသားအလောင်း တစ်လောင်းပေ့ါ။ အချိန်ကတော့ နှစ်လခွဲ သုံးလလောက်တော့ရှိမယ်။ ခန့်မှန်းခြေပေါ့။ ခေါင်းမှာ ဒဏ်ရာတွေ ဘာတွေ မတွေ့ဘူး။ အခြားအရိုးတွေ ကျိုးပဲ့နေတာမျိုးတော့ မတွေ့ရဘူး။ အရိုးကျနေပြီဆိုတော့ အချို့နေရာတွေမှာတော့ ဒဏ်ရာတွေ ရှိကောင်းရှိမှာပေါ့။ အစာအိမ်ထဲက အရည်တို့၊ အခြားဟာတို့လည်း ယူလို့မရဘူး” ဟု ဖြေကြားသည်။



အလောင်း၏ ဦးခေါင်းပိုင်းတွင် တိပ်ဖြင့်ပတ်၍ မြှပ်ထားသည်ကို တွေ့ရသဖြင့် မေးမြန်းခဲ့ရာ ဒေါက်တာ ကောင်းမြတ်ဇော်က  “ဖြစ်နိုင်တာကတော့ တိပ်နဲ့ပတ်ပြီးတော့ မသေခင် မြှပ်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် နှာခေါင်းတို့ ဘာတို့မှာ သွေးတွေအရမ်းထွက်နေလို့ ပတ်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဂွမ်းစတော့ မတွေ့ဘူး။ တိတ်တစ်ခုပဲတွေ့တယ်” ဟုဆိုသည်။

ဟင်္သာတမြို့၊ မြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်အေးထံ မေးမြန်းခဲ့ရာ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူမည်ဝါ ဆိုသည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသဖြင့် သုံးသပ်ချက် မပေးနိုင်သေးကြောင်းနှင့် မိမိတာဝန်ယူသည့် တစ်လခန့် ကာလအတွင်း စုံစမ်းစစ်ဆေးဆဲ အမှုမရှိကြောင်း ဖြေကြားသည်။


Writer:
အောင်ကျော်မျိုး(ဟင်္သာတ)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)