ပတ္ဂ်ာဆန္အဖြဲ႔ တရားစြဲခံရ(ပတ်ဂျာဆန်အဖွဲ့ တရားစွဲခံရ)


ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္မွာ ဘိန္းခင္းဖ်က္ဆီးခဲ့တဲ့ ပတ္ဂ်ာဆန္ ကခ်င္လူထုအေျချပဳ မူးယစ္ေဆးဝါးတုိက္ဖ်က္ေရးအဖဲ႔ြ တုိက္ခိုက္ခံရတာကို မေက်နပ္တာေၾကာင့္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔က ကခ်င္ျပည္နယ္အထူးေဒသ(၁) ေခါင္းေဆာင္ ဦးဇခုန္တိန္႔ယိန္းရဲ႕ အိမ္နဲ႔ ရံုးေရွ႕မွာ သြားေရာက္ဆႏၵျပခဲ့တဲ့ ပတ္ဂ်ာဆန္အဖဲြ႔ဝင္ေတြကို အက်ဳိးဖ်က္ဆီးမႈ၊ ဂုဏ္သိကၡာညွဳိးႏြမ္းေစမႈ စတဲ့ ပုဒ္မ ၆ ခု နဲ႔ ဒီေန႔ အမႈဖြင့္လိုက္တယ္လို႔ သိရပါတယ္။

ဆႏၵျပသူေတြက ပန္းအုိးေတြနဲ႔ မွန္ေတြကို ဖ်က္ဆီးခဲ့တာေၾကာင့္ ေငြက်ပ္ ၁ဝ သိန္းဖိုးေလာက္ ပ်က္စီးဆံုးရႈံးခဲ့သလို ဂုဏ္သိကၡာညွိဳးႏြမ္းေအာင္ ႀကိမ္းေမာင္းၿခိမ္းေျခာက္ခဲ့တ့ဲအတြက္ အေရးယူေပးဖို႔ ဦးဇခုန္တိန္႔ယိန္း မိသားစုဝင္ေတြက တုိင္ၾကားတာျဖစ္တယ္လို႔ ျမစ္ႀကီးနားၿမိဳ႕ အမွတ္ ၂ နယ္ေျမရဲစခန္းမွဴး ရဲအုပ္ သက္နိဳင္ဦး က ေျပာပါတယ္။

"သူတို႔အဖြဲ႔ေတြက ၿခံတံခါးကိုတြန္းဖြင့္ေတာ့ ၿခံတံခါးပိတ္ထားေတာ့ ဝင္လို႔မရတာနဲ႔ လမ္းေပၚကေန ေလာက္ေလးဂြေတြနဲ႔ပစ္တယ္၊ ခဲေတြနဲ႔ ေပါက္တာေပါ့ေနာ္၊ ေအာ္ဟစ္ၿပီးေတာ့လည္း ဆဲဆိုတယ္၊ အိမ္အေဆာက္အဦးရဲ႕ ဒုတိယထပ္က မွန္ ၅ ခ်ပ္ရယ္၊တတိယထပ္က မွန္ ၁ ခ်ပ္ရယ္ စုစုေပါင္း မွန္ ၆ ခ်ပ္ေပါ့ေနာ္၊ ေနာက္ၿပီၤးေတာ့ ပန္းအိုး ၁ လံုး ကြဲခဲ့တာမို႔ စုစုေပါင္း တန္ဖိုး ၁ဝ သိန္းက်ပ္ခန္႔ေလာက္ ဆံုးရံႈးသြားတာေပါ့ေနာ္၊ အဲ့အျပင္ ဦးဇခုန္တိန္႔ယိန္းတို႔ကိုလည္း ဂုဏ္သိကၡာညွဳိးႏြမ္းသြားေအာင္ ေျပာဆိုမႈေတြလည္းျဖစ္ခဲ့တယ္၊ ေနာက္ ႀကိမ္းေမာင္ၿခိမ္းေျခာက္မႈေတြျဖစ္ခဲ့တယ္ေပါ့၊ သူတို႔ကို က်ေနာ္တို႔က တရားခံအမည္လို႔ တပ္ၿပီးေတာ့ တိုင္တန္းျခင္းရွိတဲ့အတြက္ စံုစမ္းၿပီးေတာ့ က်ေနာ္တို႔က ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ ၂၉၄ တို႔၊ ၃၃၆၊ ၄၂၇ နဲ႔ ၅ဝဝ၊ ၅ဝ၆၊ ၁၁၄ ေတြနဲ႔ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားတာရွိပါတယ္၊ ဦးဇခုန္တိန္႔ယိန္းရဲ႕ ပတ္သက္တဲ့ အေဆာက္အဦး ၂ ခုကို ဥပေဒမဲ့မင္းမဲ့စရိုက္ျပဳလုပ္ေဆာင္ရါက္မႈအေပၚမွာ တိုင္တန္းခ်က္အရသာ က်ေနာ္တို႔ နယ္ေျမရဲစခန္းအေနနဲ႔ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိၿပီးျဖစ္ပါတယ္"

ေနအိမ္မွာ မၾကားဝံ့ မနာသာေအာင္ဆဲဆိုမႈ၊ ေက်ာက္ခဲ၊ ေလာက္ေလးခြနဲ႔ ပစ္ခတ္မႈ၊ အက်ိဳးဖ်က္ဆီးမႈ၊ ဂုဏ္သိကၡာညွဳိးႏြမ္းေစမႈ စတဲ့ ပုဒ္မ ၆ ခု နဲ႔ အမႈဖြင့္သလို ရံုးအတြက္လည္း အလားတူပုဒ္မ ၆ ခုနဲ႔ သီးျခားစီ အမႈဖြင့္ထားတာျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ႔တဲ႔ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔က ဝိုင္းေမာ္ၿမိဳ႕နယ္ ဆဒံုး၊ ကန္ပိုက္တီေဒသဘက္ကို ဘိန္းခင္းဖ်က္ဆီးေရး သြားေရာက္ခ်ိန္မွာ ေဒသခံ အမည္မသိ လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ပတ္ဂ်ာဆန္လို႔ေခၚတဲ့ ကခ်င္လူထု အေျချပဳ ဘိန္းဖ်က္ဆီးေရးအဖြဲ႔ေတြအၾကား ႏွစ္ဖက္အျပန္အလွန္ တိုက္ခိုက္မႈျဖစ္ပြားခဲ့တာပါ။

အဲ့ဒီလိုတိုက္ခိုက္မႈျဖစ္ပြားခဲ့တာကို မေက်နပ္တဲ႔ ပတ္ဂ်ာဆန္ အဖဲြ႔နဲ႔ ကခ်င္လူငယ္အဖြဲ႔ေတြက အဲ့ဒီေန႔ ညပိုင္းမွာ ျမစ္ႀကီးနားၿမိဳ႕မွာ လွည္႔လည္ဆႏၵျပၿပီး ျမစ္ၾကီးနားၿမိဳ႕ ေျမျမင့္ရပ္ကြက္မွာရွိတဲ့ ဦးဇခုန္တိန္႔ယိန္းရဲ႕ အိမ္နဲ႔ ကခ်င္ျပည္နယ္ အထူးေဒသ ၁ ဆက္ဆံေရးဌာနရံုးေရွ႕မွာ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

ဘိန္းခင္းဖ်က္ဆီးမႈေၾကာင့္ ႏွစ္ဖက္အျပန္အလွန္ တိုက္ခိုက္မႈျဖစ္ပြားခဲ့တဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး လတ္တေလာ ခံုရံုးဖြဲ႔စစ္ေဆးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
....................


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဘိန်းခင်းဖျက်ဆီးခဲ့တဲ့ ပတ်ဂျာဆန် ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက်ခံရတာကို မကျေနပ်တာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကချင်ပြည်နယ်အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ အိမ်နဲ့ ရုံးရှေ့မှာ သွားရောက်ဆန္ဒပြခဲ့တဲ့ ပတ်ဂျာဆန်အဖွဲ့ဝင်တွေကို အကျိုးဖျက်ဆီးမှု၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု စတဲ့ ပုဒ်မ ၆ ခု နဲ့ ဒီနေ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေက ပန်းအိုးတွေနဲ့ မှန်တွေကို ဖျက်ဆီးခဲ့တာကြောင့် ငွေကျပ် ၁ဝ သိန်းဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့သလို ဂုဏ်သိက္ခာညှိုးနွမ်းအောင် ကြိမ်းမောင်းခြိမ်းခြောက်ခဲ့တဲ့အတွက် အရေးယူပေးဖို့ ဦးဇခုန်တိန့်ယိန်း မိသားစုဝင်တွေက တိုင်ကြားတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ အမှတ် ၂ နယ်မြေရဲစခန်းမှူး ရဲအုပ် သက်နိုင်ဦး က ပြောပါတယ်။

"သူတို့အဖွဲ့တွေက ခြံတံခါးကိုတွန်းဖွင့်တော့ ခြံတံခါးပိတ်ထားတော့ ဝင်လို့မရတာနဲ့ လမ်းပေါ်ကနေ လောက်လေးဂွတွေနဲ့ပစ်တယ်၊ ခဲတွေနဲ့ ပေါက်တာပေါ့နော်၊ အော်ဟစ်ပြီးတော့လည်း ဆဲဆိုတယ်၊ အိမ်အဆောက်အဦးရဲ့ ဒုတိယထပ်က မှန် ၅ ချပ်ရယ်၊တတိယထပ်က မှန် ၁ ချပ်ရယ် စုစုပေါင်း မှန် ၆ ချပ်ပေါ့နော်၊ နောက်ပြီင်္းတော့ ပန်းအိုး ၁ လုံး ကွဲခဲ့တာမို့ စုစုပေါင်း တန်ဖိုး ၁ဝ သိန်းကျပ်ခန့်လောက် ဆုံးရှုံးသွားတာပေါ့နော်၊ အဲ့အပြင် ဦးဇခုန်တိန့်ယိန်းတို့ကိုလည်း ဂုဏ်သိက္ခာညှိုးနွမ်းသွားအောင် ပြောဆိုမှုတွေလည်းဖြစ်ခဲ့တယ်၊ နောက် ကြိမ်းမောင်ခြိမ်းခြောက်မှုတွေဖြစ်ခဲ့တယ်ပေါ့၊ သူတို့ကို ကျနော်တို့က တရားခံအမည်လို့ တပ်ပြီးတော့ တိုင်တန်းခြင်းရှိတဲ့အတွက် စုံစမ်းပြီးတော့ ကျနော်တို့က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ တို့၊ ၃၃၆၊ ၄၂၇ နဲ့ ၅ဝဝ၊ ၅ဝ၆၊ ၁၁၄ တွေနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတာရှိပါတယ်၊ ဦးဇခုန်တိန့်ယိန်းရဲ့ ပတ်သက်တဲ့ အဆောက်အဦး ၂ ခုကို ဥပဒေမဲ့မင်းမဲ့စရိုက်ပြုလုပ်ဆောင်ရါက်မှုအပေါ်မှာ တိုင်တန်းချက်အရသာ ကျနော်တို့ နယ်မြေရဲစခန်းအနေနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်"

နေအိမ်မှာ မကြားဝံ့ မနာသာအောင်ဆဲဆိုမှု၊ ကျောက်ခဲ၊ လောက်လေးခွနဲ့ ပစ်ခတ်မှု၊ အကျိုးဖျက်ဆီးမှု၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု စတဲ့ ပုဒ်မ ၆ ခု နဲ့ အမှုဖွင့်သလို ရုံးအတွက်လည်း အလားတူပုဒ်မ ၆ ခုနဲ့ သီးခြားစီ အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဝိုင်းမော်မြို့နယ် ဆဒုံး၊ ကန်ပိုက်တီဒေသဘက်ကို ဘိန်းခင်းဖျက်ဆီးရေး သွားရောက်ချိန်မှာ ဒေသခံ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်ဂျာဆန်လို့ခေါ်တဲ့ ကချင်လူထု အခြေပြု ဘိန်းဖျက်ဆီးရေးအဖွဲ့တွေအကြား နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။

အဲ့ဒီလိုတိုက်ခိုက်မှုဖြစ်ပွားခဲ့တာကို မကျေနပ်တဲ့ ပတ်ဂျာဆန် အဖွဲ့နဲ့ ကချင်လူငယ်အဖွဲ့တွေက အဲ့ဒီနေ့ ညပိုင်းမှာ မြစ်ကြီးနားမြို့မှာ လှည့်လည်ဆန္ဒပြပြီး မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်မှာရှိတဲ့ ဦးဇခုန်တိန့်ယိန်းရဲ့ အိမ်နဲ့ ကချင်ပြည်နယ် အထူးဒေသ ၁ ဆက်ဆံရေးဌာနရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဘိန်းခင်းဖျက်ဆီးမှုကြောင့် နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လတ်တလော ခုံရုံးဖွဲ့စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)