ေနျပည္ေတာ္-မႏၱေလးအျမန္လမ္းတြင္ဘုရားဖူးယာဥ္တိမ္းေမွာက္၍ ကုိးဦးေသဆုံး


Sunday, March 6, 2016
ေနျပည္ေတာ္- မႏၱေလးအျမန္လမ္းတြင္ ယေန႔(မတ္လ ၆ရက္)နံနက္အေစာပုိင္းက ဘုရားဖူးယာဥ္တစ္စီး တိမ္းေမွာက္ခဲ႕သျဖင့္ လူကုိးဦးေသဆုံးသြားၿပီး ဒဏ္ရာရသူမ်ားကုိ ေဆးရုံသုိ႕ပုိ႕ေဆာင္ထားေၾကာင္း အျမန္လမ္းရဲတပ္ဖြဲ႔မွ သတင္းရရွိသည္။
မုိင္တုိင္ ၃၀၁အနီးတြင္ ယေန႔ နံနက္ ၆ နာရီခန္႔က လုိက္ထရပ္အမ်ိဳးအစား ဘုရားဖူးယာဥ္ တစ္စီး တိမ္းေမွာက္ခဲ႔ျခင္းျဖစ္ၿပီး ယာဥ္ေပၚပါလာသူ အမ်ိဳးသား ၃ ဦး၊အမ်ိဳးသမီး ၆ ဦး စုစုေပါင္း ၉ ဦးေသဆုံးသြားခဲ႕ေၾကာင္း အျမန္လမ္းရဲတပ္ဖြဲ႔ ျပင္စည္အျမန္လမ္းမႀကီး ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။
" လူကုိးေယာက္ေသတာ ဟုတ္ပါတယ္။ ဒဏ္ရာရတဲ႔သူေတြကုိ စာရင္းျပဳစုတုန္း ရွိေသးတယ္" ဟု အထက္ပါ ရဲအရာရွိက ေျပာသည္။
ယဥ္တိမ္းေမွာက္မႈတြင္ ေသဆုံးသူမ်ားႏွင္႔ သတိလစ္ေမ႔ေျမာေနသူမ်ား ရွိေနၿပီး ဒဏ္ရာရာသူအားလုံး မႏၱေလး ေဆးရုံသူိ႔ ပုိ႔ေဆာင္ထားေၾကာင္း အနီးကပ္ ကူညီေနသည္ မႏၱေလးၿမိဳ႔ခံကုိခင္ေမာင္ေလးက ေျပာသည္။ ဒဏ္ရာရသူမ်ားအနက္ အသက္ ၁၉ ႏွစ္အရြယ္ခန္႔ မိန္းကေလးတစ္ဦးသာ သတိရေနၿပီး ယင္းမိန္းကေလးမွာလည္း စုိးရိမ္ထိန္႔လန္႔ေနကာ ကားေပၚပါသူ ဦးေရကုိ အတိအက်ေမး၍ မရေသးေၾကာင္း သတင္းရရွိသည္။
" စကားေျပာနုိင္ လမ္းေလ်ွာက္သြားလာနုိင္တာ တစ္ေယာက္ပဲ ရွိတာ။ သူလည္း မိသားစု၀င္ေတြ ေသဆုံးတဲ႔အထဲ ပါသြားေတာ႔ ေသြးေျခာက္ျခားေနတယ္" ဟု ကုိခင္ေမာင္ေလးက ေျပာသည္။
ကားမွာ လမ္းလယ္ကြ်န္းကုိ ၀င္တုိက္ရာမွ ျပင္းျပင္းထန္ထန္ တိမ္းေမွာက္သြားျခင္းဟု တပ္ဖြဲ႔က ယူဆထားသည္။ ကားမွာဧရာ၀တီတုိင္းေဒသႀကီး မအူပင္ၿမိဳ႔မွ ရွမ္းျပည္နယ္ လားရႈိးၿမိဳ႔သုိ႔ ဘုရားဖူးထြက္သည္႔ ယာဥ္ျဖစ္ေၾကာင္း သတင္းရရွိသည္။
ဓာတ္ပုံ - အျမန္လမ္းၾကက္ေျခနီတပ္ဖြဲ႕
7Day News Journal
................


နေပြည်တော်-မန္တလေးအမြန်လမ်းတွင်ဘုရားဖူးယာဉ်တိမ်းမှောက်၍ ကိုးဦးသေဆုံး
Sunday, March 6, 2016
နေပြည်တော်- မန္တလေးအမြန်လမ်းတွင် ယနေ့(မတ်လ ၆ရက်)နံနက်အစောပိုင်းက ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့သဖြင့် လူကိုးဦးသေဆုံးသွားပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မိုင်တိုင် ၃၀၁အနီးတွင် ယနေ့ နံနက် ၆ နာရီခန့်က လိုက်ထရပ်အမျိုးအစား ဘုရားဖူးယာဉ် တစ်စီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါလာသူ အမျိုးသား ၃ ဦး၊အမျိုးသမီး ၆ ဦး စုစုပေါင်း ၉ ဦးသေဆုံးသွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
" လူကိုးယောက်သေတာ ဟုတ်ပါတယ်။ ဒဏ်ရာရတဲ့သူတွေကို စာရင်းပြုစုတုန်း ရှိသေးတယ်" ဟု အထက်ပါ ရဲအရာရှိက ပြောသည်။
ယဉ်တိမ်းမှောက်မှုတွင် သေဆုံးသူများနှင့် သတိလစ်မေ့မြောနေသူများ ရှိနေပြီး ဒဏ်ရာရာသူအားလုံး မန္တလေး ဆေးရုံသိူ့ ပို့ဆောင်ထားကြောင်း အနီးကပ် ကူညီနေသည် မန္တလေးမြို့ခံကိုခင်မောင်လေးက ပြောသည်။ ဒဏ်ရာရသူများအနက် အသက် ၁၉ နှစ်အရွယ်ခန့် မိန်းကလေးတစ်ဦးသာ သတိရနေပြီး ယင်းမိန်းကလေးမှာလည်း စိုးရိမ်ထိန့်လန့်နေကာ ကားပေါ်ပါသူ ဦးရေကို အတိအကျမေး၍ မရသေးကြောင်း သတင်းရရှိသည်။
" စကားပြောနိုင် လမ်းလျှောက်သွားလာနိုင်တာ တစ်ယောက်ပဲ ရှိတာ။ သူလည်း မိသားစုဝင်တွေ သေဆုံးတဲ့အထဲ ပါသွားတော့ သွေးခြောက်ခြားနေတယ်" ဟု ကိုခင်မောင်လေးက ပြောသည်။
ကားမှာ လမ်းလယ်ကျွန်းကို ၀င်တိုက်ရာမှ ပြင်းပြင်းထန်ထန် တိမ်းမှောက်သွားခြင်းဟု တပ်ဖွဲ့က ယူဆထားသည်။ ကားမှာဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မှ ရှမ်းပြည်နယ် လားရှိုးမြို့သို့ ဘုရားဖူးထွက်သည့် ယာဉ်ဖြစ်ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ - အမြန်လမ်းကြက်ခြေနီတပ်ဖွဲ့
7Day News Journal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)