ေနာ္ေဝဆယ္ေက်ာ္သက္ျမင္းစီးမယ္ ကမၻာ့အသက္ငယ္ဆံုးဘီလ်ံနာျဖစ္လာ


ေပက်င္း မတ္ ၂

ေဖာဘိစ္မဂၢဇင္း၏ ကမၻာ့အခ်မ္းသာဆံုးပုဂၢဳိလ္မ်ားႏွစ္စဥ္အၫႊန္းအရ ေနာ္ေဝႏုိင္ငံမွ ဆယ္ေက်ာ္သက္ ျမင္းစီးမယ္တစ္ဦးသည္ ကမၻာ့အသက္ ငယ္ဆံုးဘီလ်ံနာျဖစ္လာခဲ့ေၾကာင္း သိရသည္။

အသက္ ၁၉ ႏွစ္အရြယ္ရွိ အလက္ ဇႏၵရားအန္ဒရီဆင္ႏွင့္ အစ္မျဖစ္သူ အသက္ ၂ဝႏွစ္အရြယ္ရွိ ကက္သရီနာ တို႔မွာ ဖခင္ျဖစ္သူ ဂ်ဳိဟန္အန္ဒရီဆင္ က မိသားစုပိုင္ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ Ferd ၏ အစုရွယ္ယာ ၄၂ ရာခိုင္ ႏႈန္းစီကို ၄င္းတို႔ထံလႊဲေျပာင္းလိုက္ ေသာေၾကာင့္ ေဖာဘိစ္မဂၢဇင္း၏ ကမၻာ့အခ်မ္းသာဆံုး ထိပ္တန္း စာရင္းတြင္ ပါဝင္လာခဲ့ျခင္းျဖစ္သည္။ မတ္ ၁ ရက္က ေဖာဘိစ္မဂၢဇင္း၏ ကမၻာ့အခ်မ္းသာဆံုးစာရင္း၌ ၁၄၇၆ ေျမာက္ အခ်မ္းသာဆံုးပုဂၢိဳလ္အျဖစ္ စာရင္းသြင္းျခင္းခံခဲ့ရသူ အန္ဒရီဆင္ မွာ ပထမဆံုးအၾကိမ္အျဖစ္ ထိပ္တန္း စာရင္းတြင္ပါဝင္ခဲ့ျခင္းျဖစ္သည္။

ကိုယ္ပိုင္ၾကြယ္ဝမႈ အေမရိကန္ ေဒၚလာ ၁ ဒသမ ၂ ဘီလီယံရွိေသာ္လည္း ျမင္းကိုလိမၼာေအာင္က်င့္ေပး၍ ယွဥ္ၿပိဳင္သူတစ္ဦးျဖစ္သည့္ အန္ဒရီဆင္မွာ အိမ္၌သူပိုင္ျမင္းမ်ားႏွင့္ ပိုမိုအခ်ိန္ျဖဳန္းေလ့ရွိပံုေပၚၿပီး ၄င္းကြၽမ္းက်င္စြာ ျမင္းစီးေလ့က်င့္ရာ ဂ်ာမနီႏုိင္ငံတြင္ ေနထိုင္သည္။ အန္ဒရီဆင္မွာ ေနာ္ေဝ အငယ္တန္း ခ်န္ပီယံဆုကို သံုးၾကိမ္ရရွိထားသူ ျဖစ္ျပီး ဥေရာပအငယ္တန္းျမင္းစီး ျပိဳင္ပြဲမ်ား၌ ဂုဏ္ျပဳခ်ီးက်ဴးမႈမ်ားစြာ ရရွိထားသူျဖစ္သည္။

အန္ဒရီဆင္၏မိသားစုက ေဆးရြက္ၾကီးေရာင္းဝယ္ေရးမွ ေငြေၾကး အေျမာက္အျမားရရွိခဲ့ျပီး ၂ဝဝ၅ ခုႏွစ္တြင္ ေဆးရြက္ႀကီးလုပ္ငန္းရွိ ၄င္းတို႔ပိုင္ အစုရွယ္ယာမ်ားကို Skandinavisk Tobakskompagni သို႔ အေမရိကန္ ေဒၚလာ သန္း ၄၈ဝ ျဖင့္ေရာင္းခ်ခဲ့သည္။ ယေန႔အခ်ိန္ တြင္ Ferd ကုမၸဏီမွာ ေနာဒစ္စေတာ့ အိတ္ခ်ိန္းစာရင္းဝင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီတစ္ခုျဖစ္ျပီး ပုဂၢလိကအစု ရွယ္ယာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားလည္း ရွိသည္။

ဆင္ဟြာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
............


ပေကျင်း မတ် ၂

ဖောဘိစ်မဂ္ဂဇင်း၏ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များနှစ်စဉ်အညွှန်းအရ နော်ဝေနိုင်ငံမှ ဆယ်ကျော်သက် မြင်းစီးမယ်တစ်ဦးသည် ကမ္ဘာ့အသက် ငယ်ဆုံးဘီလျံနာဖြစ်လာခဲ့ကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ်ရှိ အလက် ဇန္ဒရားအန်ဒရီဆင်နှင့် အစ်မဖြစ်သူ အသက် ၂ဝနှစ်အရွယ်ရှိ ကက်သရီနာ တို့မှာ ဖခင်ဖြစ်သူ ဂျိုဟန်အန်ဒရီဆင် က မိသားစုပိုင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Ferd ၏ အစုရှယ်ယာ ၄၂ ရာခိုင် နှုန်းစီကို ၄င်းတို့ထံလွှဲပြောင်းလိုက် သောကြောင့် ဖောဘိစ်မဂ္ဂဇင်း၏ ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း စာရင်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ မတ် ၁ ရက်က ဖောဘိစ်မဂ္ဂဇင်း၏ ကမ္ဘာ့အချမ်းသာဆုံးစာရင်း၌ ၁၄၇၆ မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် စာရင်းသွင်းခြင်းခံခဲ့ရသူ အန်ဒရီဆင် မှာ ပထမဆုံးအကြိမ်အဖြစ် ထိပ်တန်း စာရင်းတွင်ပါဝင်ခဲ့ခြင်းဖြစ်သည်။

ကိုယ်ပိုင်ကြွယ်ဝမှု အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရှိသော်လည်း မြင်းကိုလိမ္မာအောင်ကျင့်ပေး၍ ယှဉ်ပြိုင်သူတစ်ဦးဖြစ်သည့် အန်ဒရီဆင်မှာ အိမ်၌သူပိုင်မြင်းများနှင့် ပိုမိုအချိန်ဖြုန်းလေ့ရှိပုံပေါ်ပြီး ၄င်းကျွမ်းကျင်စွာ မြင်းစီးလေ့ကျင့်ရာ ဂျာမနီနိုင်ငံတွင် နေထိုင်သည်။ အန်ဒရီဆင်မှာ နော်ဝေ အငယ်တန်း ချန်ပီယံဆုကို သုံးကြိမ်ရရှိထားသူ ဖြစ်ပြီး ဥရောပအငယ်တန်းမြင်းစီး ပြိုင်ပွဲများ၌ ဂုဏ်ပြုချီးကျူးမှုများစွာ ရရှိထားသူဖြစ်သည်။

အန်ဒရီဆင်၏မိသားစုက ဆေးရွက်ကြီးရောင်းဝယ်ရေးမှ ငွေကြေး အမြောက်အမြားရရှိခဲ့ပြီး ၂ဝဝ၅ ခုနှစ်တွင် ဆေးရွက်ကြီးလုပ်ငန်းရှိ ၄င်းတို့ပိုင် အစုရှယ်ယာများကို Skandinavisk Tobakskompagni သို့ အမေရိကန် ဒေါ်လာ သန်း ၄၈ဝ ဖြင့်ရောင်းချခဲ့သည်။ ယနေ့အချိန် တွင် Ferd ကုမ္ပဏီမှာ နောဒစ်စတော့ အိတ်ချိန်းစာရင်းဝင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပြီး ပုဂ္ဂလိကအစု ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုများလည်း ရှိသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)