မရမ္းကုန္းၿမိဳ႕နယ္ရွိ ဟိုတယ္တစ္ခုတြင္ တည္းခိုေနထိုင္သူ ကိုးရီးယားႏိုင္ငံသားတစ္ဦး တိုက္ေပၚမွျပဳတ္က်



ရန္ကုန္၊ မတ္ ၂
၂.၃.၂၀၁၆ ရက္ေန႔ ၀၆၀၀ အခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ (၄)ရပ္ကြက္ရွိ
ဟိုတယ္တစ္ခုတြင္ တည္းခိုေနထိုင္သည့္ ႏိုင္ငံျခားသားတစ္ဦး
တိုက္ေပၚမွျပဳတ္က်သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရပါသည္။
ထိုသို႔သိရွိရသျဖင့္ မရမ္းကုန္းၿမိဳ႕မရဲစခန္းမွတပ္ဖဲြ႕၀င္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ အဆိုပါ ႏိုင္ငံျခားသားမွာ ကိုးရီးယားႏိုင္ငံသား
Mr.KIN HYOGUN (၃၅)ႏွစ္ျဖစ္ၿပီး ၎ဟိုတယ္တြင္ ၂၁.၁.၂၀၁၆
ရက္ေန႔တြင္ လာေရာက္တည္းခိုေနထိုင္သူျဖစ္ေၾကာင္း၊ ၎တည္း
ခိုေနထိုင္သည့္ အခန္းအတြင္းတြင္ ေသတမ္းစာတစ္ေစာင္ေရးသား
ထားခဲ့ေၾကာင္းသိရၿပီး ၎ျပဳတ္က်ေသဆံုးမႈႏွင့္ ပတ္သက္၍ မရမ္းကုန္းၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္(၄/၂၀၁၆)ျဖင့္ ေရးဖြင့္စံုစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။
Yangon Police
..........
မရမ်းကုန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သူ ကိုးရီးယားနိုင်ငံသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျ
ရန်ကုန်၊ မတ် ၂
၂.၃.၂၀၁၆ ရက်နေ့ ၀၆၀၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်ရှိ
ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သည့် နိုင်ငံခြားသားတစ်ဦး
တိုက်ပေါ်မှပြုတ်ကျသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့သိရှိရသဖြင့် မရမ်းကုန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ နိုင်ငံခြားသားမှာ ကိုးရီးယားနိုင်ငံသား
Mr.KIN HYOGUN (၃၅)နှစ်ဖြစ်ပြီး ၎င်းဟိုတယ်တွင် ၂၁.၁.၂၀၁၆
ရက်နေ့တွင် လာရောက်တည်းခိုနေထိုင်သူဖြစ်ကြောင်း၊ ၎င်းတည်း
ခိုနေထိုင်သည့် အခန်းအတွင်းတွင် သေတမ်းစာတစ်စောင်ရေးသား
ထားခဲ့ကြောင်းသိရပြီး ၎င်းပြုတ်ကျသေဆုံးမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၆)ဖြင့် ရေးဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)