မုန္းဝန္း( ဗမာ ) လူမ်ိုးလို့ ထည့္သြင္းဖို့ သမၼတ ညွြန္ျကား






ေနဝင္း ၈၂ ႏိုင္/ဥ အရသာေလးေတြ ျမည္းစမ္းၾကည့္ပါဦး

လူမ်ိဳးတမ်ိဳးအမည္၊ တိုင္းရင္းသားျဖစ္မႈကို ဒီလို လြယ္လြယ္ေလးပဲ သတ္မွတ္ႏိုင္တယ္။

က်ေနာ္တို႕ မသိတဲ့ တိတ္တဆိတ္တိုင္းရင္းသားျဖစ္သြားတဲ့ လူမ်ိဳးျခားေတြ၊ ႏိုင္ငံသားျဖစ္သြားတဲ့ ႏိုင္ငံျခားသားေတြ စစ္အစိုးရအဆက္ဆက္ ဘယ္ေလာက္ေတာင္ မ်ားျပားေနျပီလဲဗ်ာ

Min Soe Naing

...........................................................................................................

ဘီဘီစီ ျမန္မာပိုင္း
http://www.bbc.com/…/160318_mong_won_bamaf_ethnic_northen_s…

မုန္းဝန္း( ဗမာ ) လူမ်ိုးလို့ ထည့္သြင္းဖို့ သမၼတ ညွြန္ျကား
==============================

ကြတ္ခိုင္ တာမိုးညဲ ေဒသမွာ အစိုးရနဲ့ နီးစပ္တဲ့ ျပည့္သူ့စစ္ အမာခံ ေတြကို ပိုမို ဆက္လက္ ခိုင္မာ ေစလိုတဲ့ အတြက္ အစိုးရ အေျပာင္းအလဲ မျဖစ္ခင္ အခုလို သတ္မွတ္ ေပး လာတာ ဆိုျပီး သံုးသပ္မႈေတြ ရွိေန။

ရွမ္းျပည္ ေျမာက္ပိုင္း ကြတ္ခိုင္ တာမိုးညဲ ေဒသက မုန္းဝန္း မ်ိုးနြယ္စု ေတြကို မုန္းဝန္း( ဗမာ )လို့ သတ္မွတ္ ေဆာင္ရြက္ဖို့ သမၼတ ဦးသိန္းစိန္ အစိုးရ က ေဆာင္ရြက္ လာပါတယ္။

၁၉၈၂ နိုင္ငံသား ဥပေဒ၊ အခန္း (၂) ပုဒ္မ (၈) အရ နိုင္ငံေတာ္ သမၼတ ကို ေပးအပ္ ထားတဲ့ လုပ္ပိုင္ ခြင့္ နဲ့ အညီ အခုလို ေဆာင္ရြက္ တာ ျဖစ္တယ္ လို့ လူဝင္မႈျကီးျကပ္ေရးနဲ့ ျပည္သူ့အင္အား ဝန္ျကီး ဌာန အျမဲတမ္း အတြင္းဝန္ ဦး ျမင့္ျကိုင္ က ဘီဘီစီ ကို ေျပာပါတယ္။

နိုင္ငံသား စိစစ္ေရး ကတ္ျပားေတြ မွာ မုန္းဝန္း (ဗမာ) လူမ်ိုး ဆိုျပီး တေျပးညီ ထုတ္ေပးဖို့ သမၼတ ဦးသိန္းစိန္ က ညွြန္ျကား ခဲ့တာ ျဖစ္ပါတယ္။

ကြတ္ခိုင္ တာမိုးညဲ ေဒသမွာ အစိုးရနဲ့ နီးစပ္တဲ့ ျပည့္သူ့စစ္ အမာခံ ေတြကို ပိုမို ဆက္လက္ ခိုင္မာ ေစလိုတဲ့ အတြက္ အစိုးရ အေျပာင္းအလဲ မျဖစ္ခင္ သမၼတ ဦးသိန္းစိန္ အစိုးရက အခုလို သတ္မွတ္ ေပး လာတာ ျဖစ္တယ္ ဆိုျပီး သတင္းစာ ဆရာ စိုင္းထြန္းေအာင္လြင္ က သံုးသပ္ပါတယ္။

ျမန္မာ နိုင္ငံ မွာ ေနာက္ဆံုး အျကိမ္ သန္းေခါင္ စာရင္း ေကာက္ယူ ခဲ့တဲ့ ၂၀၁၄ တုန္းက တိုင္းရင္းသား မ်ိုးနြယ္ မဟုတ္ သူေတြ ျဖည့္ရတဲ့ နံပါတ္ ၉၁၄ နဲ့ မုန္းဝန္း မ်ိုးနြယ္စု ေတြ ျဖည့္ ခဲ့ရတာပါ။

အဲဒီ့ မုန္းဝန္း ေခါင္းစဉ္ ေအာက္ က သူေတြ အေတာ္မ်ားမ်ား ဟာ တရုတ္ လူမ်ိုး ေတြ ျဖစ္ျကတယ္ လို့လည္း စိုင္းထြန္းေအာင္လြင္ က ဆိုပါတယ္။

တာမိုးညဲ ေဒသ မွာ ရွိတဲ့ မုန္းဝန္း ဆိုတဲ့ ရြာ နာမည္ ကို အစြဲျပုျပီး အခုလို လူမ်ိုး နာမည္ တစ္မ်ိုး အေနနဲ့ သံုးစြဲ လာတာ ျဖစ္ နိုင္တယ္ လို့လည္း ဆိုပါတယ္။

မုန္းဝန္း နာမည္ နဲ့ ကြတ္ခိုင္ တာမိုးညဲ ေဒသမွာ ဦးေရ ေျခာက္ေသာင္း ေလာက္ ရွိ ခဲ့ ေပမယ့္ ေနာက္ပိုင္း ဝင္လာတဲ့ တရုတ္ လူမ်ိုး ေတြ လည္း မုန္းဝန္း နာမည္ နဲ့ မူဆယ္- မနၱေလး လမ္း တေလွ်ာက္ ျမို့ ေတြ တိုင္း မွာ ရွိေနျကျပီ လို့ စိုင္းထြန္းေအာင္လြင္ က ဆိုပါတယ္။

ျပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲ တုန္း ကလည္း ေရွြလီ ဘက္က တရုတ္ လူမ်ိုး ေတြကို ကားစင္းလိုက္ ေတြ နဲ့ ေခၚလာကာ မုန္းဝန္း နာမည္ နဲ့ နိုင္ငံသားကတ္ ေတြ ထုတ္ ေပးျပီး မဲ ေပး ခိုင္း ခဲ့တယ္ ဆိုတဲ့ ေျပာဆိုမႈ ေတြ လည္း ရွိေနပါတယ္။

......................................................................................................................................


သွ်မ္းသံေတာ္ဆင့္
https://www.facebook.com/Panglong.burmese/photos/a.341540565938393.78639.263707297055054/989199707839139/?type=3



သွ်မ္းျပည္မွာတိုင္းရင္းသားလူမ်ဳိးတခုထပ္တိုးေနၿပီ (ေဆာင္းပါး)
==============================
ေဆာင္းပါးရွင္ - ခြန္ဆန္မူး (တတ္ဟိုေယာ၀္)
မတ္ ၁၉ ရက္ ၂၀၁၆

နုိင္ငံေတာ္ အစိုးရက ျပည္ေထာင္စု ျမန္မာနုိင္ငံေတာ္ႀကီးမွာ တုိင္းရင္းသားလူမ်ဳိး ၁၃၅ မ်ဳိး ရွိတယ္။ အဲဒီ အထဲမွာ သွ်မ္းျပည္နယ္ အတြင္းမွာ တိုင္းရင္းသား မ်ဳိးႏြယ္စု ၃၃ မ်ဳိး ရွိတယ္လို႕ဆိုပါတယ္။ ၂၀၁၆ ခု မတ္ ၁၁ ရက္ေန႕က လူ၀င္မွဳႀကီးၾကပ္ေရး နွင့္ ျပည္သူ႕အင္အား၀န္ႀကီးဌာန ၀န္ႀကီးရံုး ထုတ္ျပန္ခ်က္အရ သွ်မ္းျပည္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕ နယ္ အတြင္းမွာ ေနထိုင္တဲ့ တရုတ္မ်ဳိးႏြယ္စုတခုကို မုန္း၀န္းဗမာတိုင္းရင္းသားလို႕ သတ္မွတ္ အသံုးျပဳသြားဖို႕ ညႊန္ၾကားတာျဖစ္ပါတယ္။

ဒီေတာ့ ျမန္မာနုိင္ငံ တိုင္းရင္းသားလူမ်ဳိး ၁၃၅ ကေန ၁၃၆ ျဖစ္လာေနၿပီလား။

သွ်မ္းျပည္မွာ သွ်မ္းႀကီး၊ သွ်မ္းကေလး၊ တိုင္းေန၊ တုိင္းေမာ၀္၊ ဂံုသွ်မ္း၊ လိသွ်မ္းတို႕ အျပင္ အခါ၊ လားဟူ၊ လီဆူး၊ ၀ ၊ ကိုးကန္႕၊ ယင္းနက္၊ ယင္းၾကား၊ ပေလာင္(တအာင္း)… စတာေတြအျပင္ သွ်မ္းႀကီးနဲ႕ အဓိပၸါယ္ တူညီတဲ့ တိုင္းလံု ဆိုတဲ့လူမ်ဳိး တို႕အပါအ၀င္ တိုင္းရင္းသားလူမ်ဳိး ၃၃ မ်ဳိး ရွိတယ္လို႕ဆိုပါတယ္။

လူ၀င္မွဳႀကီးၾကပ္ေရး နွင့္ ျပည္သူ႕အင္အား၀န္ႀကီးဌာန ၀န္ႀကီးရံုးထုတ္ျပန္စာမွာ သွ်မ္းျပည္နယ္ေျမာက္ပိုင္း၊ တာမိုးညဲေဒသ (မုန္း၀န္း) ဗမာတုိင္းရင္းသားယဥ္ေက်းမွဳ အဖြဲ႕မွ ၂၀၁၆ မတ္လ ၉ ရက္ေန႕ ရက္စြဲပါစာျဖင့္ ၂၀၁၀ ျပည့္နွစ္တြင္ နုိင္ငံေတာ္ ေအးခ်မ္းသာယာေရး နွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီမွ မုန္း၀န္းဗမာလူမ်ဳိးဟု သတ္ မွတ္ေပးမွဳအား တရား၀င္ ဆက္လက္အတည္ျပဳေပးနုိင္ရန္ နုိင္ငံေတာ္ သမၼတ ထံသို႕ တင္ျပလာမွဳ နွင့္ ပတ္ သက္ ၍ ေရြးေကာက္ပြဲမ်ားတြင္ ဆႏၵမဲေပးနိုင္ရန္ (မုန္း၀န္း) ဗမာဟု သတ္မွတ္ေပးၿပီး မွတ္ပံုတင္လဲေပးရန္ မွတ္ခ်က္ျပဳခဲ့ပါသည္ - လို႕ အစခ်ီေရးသားထားပါတယ္။

ဗမာစကားမေျပာဘဲ တရုတ္စာေပ တရုတ္ယဥ္ေက်းမွဳ အဓိက သံုးစြဲ တဲ့ အဲဒီလူမ်ဳိးေတြဟာ ဗမာ့တပ္မေတာ္ လက္ေအာက္ခံ ျပည္သူ႕စစ္ဖြဲ႕စည္းလာရာကေန ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊဆီက အခြင့္ထူးရလာတာလို႕ သွ်မ္း တိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယ ဥကၠဌ စိုင္းေစာေအာင္ က ေျပာပါတယ္။

သူတို႕ေတြက တရုတ္စာ၊ တရုတ္ယဥ္ေက်းမွဳဘဲ။ သူတို႕က တရုတ္လူမ်ုဳိးျဖစ္တယ္။ ဗမာျပည္မွာေနထုိင္ တာၾကာ ေတာ့ စာေပယဥ္ေက်းမွဳကို တည္ေထာင္တယ္။ အစိုးရ ထံ မွတ္ပုံတင္တယ္။ ျပည္သူ႕စစ္အေနနဲ႕ဖြဲ႕စည္း ၿပီး ေတာ့ ဒီအဖြဲ႕ကေနၿပီး စစ္ဗိုလ္ခ်ဳပ္ေတြနဲ႕ ခင္မင္ေပါင္းတင္းၿပီေတာ့မွ ပထမ ဦးဆံုးသူတို႕ေတာင္းဆိုတာက မုန္း၀န္းလူမ်ဳိး အဲဒီကေန ဗိုလ္ခ်ဳပ္မွဴးႀကီးက မုန္း၀န္းလူမ်ဳိးလို႕ မွတ္ပံုတင္ေပးတာၾကားတယ္ - လို႕ စိုင္းေစာေအာင္ က ေျပာပါတယ္။

အဲဒီ ထုတ္ျပန္စာမွာ “ … ၁၉၉၈ ခု၊ ေမ ၁၁ ရက္ တြင္ နုိင္ငံေတာ္ေအးခ်မ္းသာယာေရး နွင့္ ဖြံ႕ၿဖိဳးေရးေကာင္ စီ ဥကၠဌ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊ၏ သွ်မ္းျပည္နယ္ (ေျမာက္ပိုင္း) ခရီးစဥ္ တြင္ တာမိုးညဲေဒသ မုန္း၀န္း(ဗမာ) တုိင္းရင္းသားမ်ားအား မုန္း၀န္းတိုင္းရင္းသား အမည္မွ တားမိုး ညဲေဒသ ဗမာတိုင္းရင္းသား အမည္သို႕ သတ္မွတ္ေပးမည့္အေၾကာင္း မိန္႕ၾကားခ်က္အရ …. လူထုသေဘာ ထား က်ယ္ျပန္႕စြာ ခံယူၿပီး …. သွ်မ္းျပည္ေျမာက္ပိုင္း မုန္း၀န္းတိုင္းရင္းသား ယဥ္ေက်းမွဳ အဖြဲ႕ တာမိုးညဲၿမိဳ႕ တြင္ နုိင္ငံေတာ္ ေအးခ်မ္းသာယာေရး နွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ အတြင္းေရးမွဴး ၁ မွ ကိုယ္တိုင္ ဖြင့္လွစ္ေပး ခဲ့သည္” လို႕ ပါရွိပါတယ္ ။

တားမိုးညဲေဒသ ဗမာတိုင္းရင္းသား သံုးဖို႕ လူထုသေဘာထား က်ယ္ျပန္႕စြာ ခံယူၿပီးေတာ့ သတ္မွတ္တယ္လို႕ ဆိုပါတယ္။
ဘိုးစဥ္ေဘးဆက္ ဗမာျပည္မွာ ေနလာတဲ့ အတြက္ သူတို႕ဟာ ဗမာတုိင္းရင္းသားဘဲလို႕ မုန္း၀န္းေဒသခံ ဦးအားဖုန္္ က ေျပာပါတယ္။

“က်ေနာ္လဲ လူဘဲဗ်ာ။ အဖိုးလဲ ဒီမွာေသတယ္။ အဖြားလဲ ဒီမွာေသတယ္။ က်ေနာ္လဲ ဒီမွာဘဲေမြးဖြားတယ္။ က်ေနာ္တို႕ ေတာက္ေလ်ွာက္ဒီဗမာျပည္မွာဘဲေနလာတာ က်ေနာ္တို႕လဲ ဗမာတုိင္းရင္းသားဘဲေပါ့ ”
မုန္း၀န္းတို႕၊ ကိုးကန္႕ တို႕ဟာ လူမ်ဳိးနာမည္မဟုတ္ဘဲ ေဒသ နာမည္ေတြျဖစ္ပါတယ္။

တိုင္းရင္းသားလူမ်ဳိး တမ်ဳိးသတ္မွတ္ဖို႕ လူထု ဆႏၵ ခံယူ ရလိမ့္မယ္လို႕ သွ်ံပိုင္းဂ်ာနယ္ အယ္ဒီတာခ်ဳပ္ စာေရးဆရာ သွ်မ္းစာေပပညာရွင္ ဟိန္းကာယန္းက ေျပာပါတယ္။

တကယ္လို႕ အဲဒီလူမ်ဳိးကို တိုင္းရင္းသားအျဖစ္လက္ခံမယ္ဆိုရင္ ဗမာျပည္မွာ လက္ရွိေနထိုင္ေနၾကတဲ့ တိုင္း ရင္းသားလူမ်ဳိးေတြ အကုန္ လံုးရဲ႕သေဘာထားကိုရယူရတင့္တယ္။ ရီဖရံဒမ္ သေဘာမ်ဳိး လိုအပ္ရင္ လုပ္သင့္ တယ္။ ျပည္သူ႕ဆႏၵ ခံယူပြဲေပါ့ေနာ့္။ မျဖစ္မေနေပးမယ္ဆိုရင္ေတာင္မွ နုိင္ငံသားအဆင့္ကိုေပးရမယ္။ တိုင္း ရင္းသား အဆင့္ကို ခ်က္ခ်င္းလက္ငင္း ေပး လိုက္တာဟာ စစ္အုပ္စုက သူ႕လုပ္ပိုင္ခြင့္ကို တရားနည္းလမ္း မက် စြာ လုပ္သြားတာဘဲ။

ျမန္မာ့တိုင္းရင္းသား ၁၃၅ မ်ဳိးကေန ၁၃၆ မ်ဳိးတိုးၿပီး တိုင္းရင္းသားလူမ်ဳိးစု တခု သတ္မွတ္လိုက္တာလားဆိုတာ ေမးခြန္းထုတ္စရာရွိတယ္လို႕ ျပည္ေထာင္စု အင္စတီက်ဳ ဒါရိုက္တာ ဦးခြန္စိုင္းက ေျပာပါတယ္။
“က်ေနာ္တို႕နုိင္ငံသားအျဖစ္လာေရာက္ခံယူတဲ့ နုိင္ငံျခားသားေတြ အမ်ားႀကီးရွိတယ္။ တရုတ္ရွိတယ္။ အႏၵိယ ရွိတယ္။ ဒီ့ျပင့္နုိင္ငံသားေတြလဲရွိတာေပါ့။ နုိင္ငံကို ဗမာနုိင္ငံလို႕ေခၚေတာ့ သူတို႕လဲ ဗမာနုိင္ငံသားျဖစ္သြား တာေပါ့။ တခ်ဳိ႕ကလဲ သူတို႕က ဗမာျဖစ္သြားတယ္လို႕ ေျပာတဲ့ဟာလဲရွိတာေပါ့။ ဒီကိစၥက သူတို႕ကိုယ္ပိုင္ ဆံုးျဖတ္ ခ်က္ဆိုေတာ့ ဘာမွ မေျပာလိုဘူးေပါ့။ သို႕ေသာ္လဲဘဲ ဒီေနရာမွာ သူတို႕ဟာ ဗမာနုိင္ငံသား လာျဖစ္တာလား။ သို႕မဟုတ္ လူမ်ဳိး ၁၃၅ ထဲမွာ ထပ္ျဖည့္ၿပီးေတာ့မွ ၁၃၆ မ်ဳိးျဖစ္သြားတာလား ဆိုတာ ေမးစရာေပါ့ဗ်ာ။”

၂၀၁၀ ေရြးေကာက္ပြဲတုန္းက အဲဒီေဒသမွာ ရွိတဲ့ လူမ်ဳိးေတြ ဆႏၵမဲေပးနိုင္ရန္ နုိင္ငံေတာ္ ေအးခ်မ္းသာယာေရး နွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီမွ မုန္း၀န္းဗမာ လူမ်ဳိး သတ္မွတ္ေပးမွဳအေပၚ ၄င္းတို႕အတြက္ မွတ္ပံုတင္ နိုင္ငံသား စိစစ္ ေရးကဒ္ ထုတ္ေပးထားတယ္လို႕ လဲ အဲဒီ လူ၀င္မွဳ ႀကီးၾကပ္ေရး၀န္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ျမန္မာျပည္အေနာက္ပိုင္း ရခိုင္ျပည္နယ္မွာ ၀င္ေရာက္ေနထုိင္တဲ့ ဘဂၤလီ လူမ်ဳိးစုေတြက လဲ ၄င္းတို႕ကို ရုိဟင္ ဂ်ာ တုိင္းရင္းသားလူမ်ဳိးအျဖစ္ သတ္မွတ္ေရးရန္ ေတာင္းဆိုမွဳေတြလဲ ရွိေနပါတယ္။

...................................................................................................................................


The Ladies News Journal
https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/538468076328166/?type=3

ကြတ္ခိုင္ေဒသရိွ တရုတ္မ်ားအား မုန္း၀န္းဗမာဟု လူမ်ဳိးအမည္ အစိုးရမွ သတ္မွတ္မႈအေပၚ ရွမ္းျပည္နယ္အတြင္းရိွ တိုင္းရင္းသား မ်ဳိးႏြယ္မ်ားမွ ေ၀ဖန္႐ႈတ္ခ်
--- ---- ----

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ျမိဳ႕နယ္ တာမိုးညဲေဒသတြင္ ေနထိုင္သည့္ တရ႐ုတ္အႏြယ္၀င္မ်ားအား မုန္း၀န္းဗမာဟု အစိုးရမွ လူမ်ဳိးစုအမည္ သတ္မွတ္ေပးခဲ့မႈအေပၚ ရွမ္းျပည္နယ္ အတြင္းရိွ တိုင္းရင္းသားမ်ဳိးႏြယ္စုမ်ားႏွင့္ ႏိုင္ငံေရးအင္အားစုမ်ားမွ ေ၀ဖန္႐ႈတ္ခ်မွုမ်ား ျပဳလုပ္လ်က္ရိွသည္။

လူ၀င္မႈၾကီးၾကပ္ေရးနွင့္ ျပည္သူအင္အား၀န္ၾကီးဌာနမွ မတ္္လ ၁၁ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္သည့္ ေၾကညာခ်က္အရ အဆိုပါေဒသရိွ တရ႐တ္မ်ားမွာ မုန္း၀ိန္းဗမာအမည္ျဖင့္ ႏိုင္ငံသား စီစစ္ေရးကတ္ျပားရိွ လူမ်ဳိးေနရာတြင္ တရား၀င္ ေဖာ္ျပခြင့္ရရိွေတာ့မည္ျဖစ္ျပီး အဆိုပါ ေၾကညာခ်က္ေၾကာင့္ တာမိုးညဲႏွင့္ ကြတ္ခိုင္ေဒသတြင္ ေနထိုင္ေသာ တ႐ုတ္ႏြယ္ဖြား ၆ ေသာင္း ၀န္းက်င္မွာ မုန္း၀န္း-ဗမာ အမည္ျဖင့္ တိုင္းရင္းသားမ်ဳိးႏြယ္စု အမည္ရရိွေတာ့မည္ျဖစ္သည္။

‘မုန္း၀န္းဆိုတာက ရြာနာမည္ပဲ၊ ကြတ္ခိုင္ၿမိဳ႕ထဲမွာရွိတဲ့ ရြာတစ္ရြာရဲ႕နာမည္ပါ ။ အဲ့ဒီမွာအေျချပဳေနတဲ့ တရ႐တ္လူမ်ိဳးေတြ ကို အဓိကသတ္မွတ္တာပဲျဖစ္ပါတယ္။ အမွန္သူက ဗမာစကားလည္းေျပာတဲ့ သူေတြ မဟုတ္ဘူး ေနာက္ၿပီးေတာ့ သူတို႕သုံးေနတဲ့ စာေတြ ေျပာတဲ့ စကားေတြ အကုန္လုံးကလည္း တ႐ုတ္စာေတြ တ႐ုတ္စကားေတြ ပါပဲ။ ကြတ္ခိုင္မွာေတာင္မွ မုန္း၀န္းေက်ာင္းဆိုၿပီးေတာ့ တ႐ုတ္စာေတြ ပဲသင္ေနတာပဲေလ။ ႏိုင္ငံျခားက ဆင္းသက္လာတဲ့ လူမ်ိဳးတစ္မ်ိဳးကို တိုင္းရင္းသားအျဖစ္သတ္မွတ္ေပးတာ ဒါ ေကာင္းတဲ့ အခ်က္မဟုတ္ပါဘူး။ အဲ့ဒါကို ဗမာလို႕ေျပာတာ အင္မတန္ဆိုး၀ါးတဲ့ အခ်က္ျဖစ္ပါတယ္‘ ဟု ရွမ္းဘာသာျဖင့္ ထုတ္ေ၀ေသာ ဆမ္ပိုင္းဂ်ာနယ္မွ တာ၀န္ခံအယ္ဒီတာ စိုင္းဇင္က ေ၀ဖန္ေျပာဆိုသည္။

အဆိုပါ မုန္း၀န္းအမည္ျဖင့္ သတ္မွတ္ခံရသူမ်ားေနထိုင္ရာ ေဒသမွာ မုန္း၀ိန္း ဦးျမင့္လြင္ဟု ေက်ာ္ၾကားေသာ တာမိုးညဲခ်မ္းသာ ကုမၸဏီပိုင္ရွင္ ဦးျမင့္လြင္၏ ျပည္သူ႔စစ္မ်ား အုပ္ခ်ဳပ္ရာ ေဒသျဖစ္ျပီး လ၀ကမွ ထုတ္ျပန္ေပးသည့္ ညႊန္ၾကားခ်က္တြင္ အဆိုပါ ေဒသခံမ်ားအေနျဖင့္ ႏိုင္ငံေတာ္လံုျခံဳေရးတြင္ တက္ၾကြစြာ ပူးေပါင္းပါ၀င္ခဲ့ၾကျပီး အဆိုပါ ေဒသခံမ်ား၏ ဗမာအျဖစ္ ခံယူမႈအေပၚ ယခင္ တပ္မေတာ္ အၾကီးအကဲေဟာင္း ဗိုလ္ခ်ဳပ္မွဴးၾကီးသန္းေရႊလက္ထက္ကပင္ တိုင္းရင္းသားမ်ဳိးႏြယ္စုအျဖစ္ သတ္မွတ္ခံရေရးအတြက္ တင္ျပခဲ့ၾကျပီး တပ္မေတာ္အၾကီးအကဲေဟာင္းကလည္း လမ္းညႊန္ေပးမႈမ်ား ရိွခဲ့သည္ဟု လ၀က၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

‘မုန္း၀န္းကိစၥက အေတာ္ဆိုးတဲ့ ကိစၥပဲ။ မုန္း၀န္းအဖြဲ႕ဆိုတာက သမိုင္းကေတာ္ေတာ္ရွည္ေနၿပီ အဲ့ဒီလိုႀကိဳးစားတဲ့ ကိစၥက ၁၉၇၈ ခုႏွစ္တုန္းကလည္း မဆလလႊတ္ေတာ္မွာ မုန္း၀န္း အမ်ိဳးသားအျဖစ္ သူတို႕ကို အသိအမွတ္ျပဳဖို႕ တင္ခဲ့ေသးတယ္။ အဲ့ဒီတုန္းကေတာ့ ဗုိလ္ေန၀င္းက လူမ်ိဳးေရးကိစၥကိုနည္းနည္း sensitive ျဖစ္တဲ့အခါက် ဗိုလ္ေန၀င္းကသိပ္လက္မခံဘူး၊ ဒါေပမဲ့ ရွမ္းျပည္ကအဲ့ဒီတုန္းက ကၽြန္ေတာ္တို႕ တိုင္းမွဴးေတြရဲ႕ဧည့္ခံပြဲေတြ မွာ မုန္း၀န္း အမ်ိဳးသားအကဆိုတာ အၿမဲတမ္းပါတယ္။ သူတို႕ကႏွစ္ရွည္လမ်ားတိုး၀င္ၿပီးေတာ့ အသိအမွတ္ျပဳခြင့္ရဖို႕ လုပ္လာတယ္။ ဒီလူေတြကေျပာရလို႕ရွိရင္ ၄၉ ခုႏွစ္က တ႐ုတ္ျပည္မွာ ကြန္ျမဴနစ္ေတြ အာဏာသိမ္းတဲ့ အခါ ထြက္ေျပးလာၿပီးေတာ့ ဒီဘက္မွာ အေျခစိုက္ၿပီးေနၾကတာ၊ ဒါေပမဲ့ သူတို႕ကိုဘာျဖစ္လို႕ စစ္အစိုးရလက္ထက္က အသိအမွတ္ျပဳတာလဲဆိုေတာ့ မုန္း၀န္းကာကြယ္ေရး ဟာ ကြန္ျမဴနစ္ဆန္႕က်င္ေရးအတြက္ အေတာ္အေရးႀကီးတဲ့ ေနရာမွာ သူကပါ၀င္ခဲ့တာကိုး၊ ေတာခိုတာမ်ိဳးမလုပ္ခဲ့တဲ့ အခါက်ေတာ့ သူ႕ကိုက်ေတာ့ သူ႕လူအျဖစ္ တပ္မေတာ္ကသေဘာထားခဲ့တာ။ ဘိန္းထုတ္လုပ္ေရးနဲ႕ေတာက္ေလွ်ာက္စပ္ဆက္ၿပီးေတာ့ ေနခဲ့တာ။ ဘိန္းစိုက္တယ္ ၊ ထိုင္းမွာလက္နက္၀ယ္တယ္။ အဲ့ဒီလိုေတြ လုပ္လာတဲ့ အဖြဲ႕စည္း။ ဒါေပမဲ့ သူတို႕က အစိုးရနဲ႕ တပ္မေတာ္နဲ႕ပူးေပါင္းၿပီးေတာ့ အဲ့ဒီတုန္းက ဗကပဆန္႕က်င္ေရးလႈပ္ရွားမႈမွာ တက္တက္ၾကြၾကြ ကာကြယ္ ရပ္ခံေပးခဲ့တဲ့ အတြက္ မုန္း၀န္းကို လူမ်ိဳးတစ္ရပ္အျဖစ္ ပုံေဖာ္ဖို႕ႀကိဳးစားခဲ့တာ အႀကိမ္ႀကိမ္ရွိၿပီ။ အဲ့ဒီလို အေနအထားမွာ မုန္း၀ုန္းေဒသရဲ႕ေခါင္းေဆာင္ မုန္း၀ုန္းျမင့္လြင္က အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္နဲ႕ တစ္ေလွ်ာက္လုံးပူးေပါင္းၿပီးေတာ့ ျပည္နယ္အဖြဲ႕အစည္းေတြ မွာပါ၀င္ ခဲ့တာ ျပီးခဲ့တဲ့ ဦးသိန္းစိန္ လႊတ္ေတာ္တုန္းကလည္း လႊတ္ေတာ္ကိုယ္စားလွယ္ပဲ၊ ဆိုလိုတာက တိုင္းရင္းသားမဟုတ္တဲ့သူေတြကို တိုင္းရင္းသားအျဖစ္ အသိအမွတ္ျပဳဖို႕ႀကိဳးစားေနတာပဲ။ အဲ့ဒါကေတာ့ ေတာ္ေတာ္ဆိုး၀ါးေနတဲ့ ကိစၥပဲ၊ အစိုးရရဲ႕တစ္ဖက္ေစာင္းနင္းႏိုင္တဲ့ လူ၀င္မႈႀကီးၾကပ္ေရးမူ၀ါဒ နဲ႕ တိုင္းရင္းသားသတ္မွတ္တဲ့ အယူအဆေတြမွာ ဘက္လိုက္မႈေတြ ကို ေတြ႕ေနရတာပဲဗ် ’ ဟု ဗမာျပည္ကြန္ျမဴနစ္ပါတီႏွင့္ ကာလအတန္ၾကာပူးေပါင္းခဲ့ဖူးျပီး ရွမ္းျပည္နယ္တြင္ ေနထိုင္ခဲ့ဖူးသူ ဗကပ ေဟာင္း စာေရးဆရာ သန္းစိုးႏိုင္က မွတ္ခ်က္ျပဳ ေျပာဆိုသည္။

တအာင္းပေလာင္တိုင္းရင္းသား တစ္ဦးျဖစ္သည့္ ကိုမိုင္းေကာင္းဆိုင္ကမူ ’ ေသခ်ာတာတစ္ခုကေတာ့ ဒီၾကားမွာ သူတို႕က တ႐ုတ္ေတာ့ဟုတ္တယ္။ အဲ့ဒီၾကားမွာရွိေနတဲ့ လူေတြ ၾကားမွာေတာ့ လူမ်ိဳးေရးအရျပႆသ၁နာေတာ့ျဖစ္ႏိုင္တယ္ ။ အရင္ကတည္းက အဲ့ဒီေဒသကလူနဲ႕ တိုင္းရင္းသားေတြ မတည့္တာမ်ားတယ္။ အဲ့ဒီလိုမတည့္တဲ့ အခါက်ေတာ့ တစ္ဖက္ကေကာင္းက်ိဳးရွိေပမယ့္လည္း တစ္ဖက္မွာ က်ေတာ့ ဆိုးက်ိဳးရွိႏိုင္တယ္။ တိုင္းရင္းသားေတြ အတြက္ေကာင္းတဲ့ လကၡဏာေတာ့မဟုတ္ဘူးေပါ ’ ဟု The Ladies News သို႔ ေျပာသည္။

ယင္းသို႔ ကြတ္ခိုင္ေဒသရိွ တ႐ုတ္ႏြယ္ဖြားမ်ားအေပၚ မုန္း၀န္းဗမာအမည္ျဖင့္ လူမ်ဳိးသတ္မွတ္ေပးမႈအေပၚ လ၀က၏ ညႊန္ၾကားခ်က္တြင္မူ အဆိုပါ လူမ်ားမွာ အစိုးရအဆက္ဆက္ႏွင့္ ႏိုင္ငံေတာ္ကာကြယ္ေရးကို သစၥာေစာင့္သိေသာ္လည္း မ်ဳိးႏြယ္စုအမည္ေနရာတြင္ အမည္အမ်ဳိးမ်ဳိးျဖစ္ေနျပီး ေရြးေကာက္ပြဲမဲေပးရာတြင္လည္း မဲေပးႏိုင္မႈနည္းပါး ခဲ့သည့္ အတြက္ေၾကာင့္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

‘ ႏိုင္ငံတိုင္းမွာေတာ့ သူတို႔ႏိုင္ငံကာကြယ္ေရးအတြက္ေဆာင္ရြက္ေပးသူကို ႏိုင္ငံသားအျဖစ္သတ္မွတ္ေပးတာ သဘာ၀ပဲ။ ဒါေပမဲ႔ဒီမုန္း၀န္းဗမာက်ေတာ့ ဗမာမွာ ဒီမုန္း၀န္းဆိုတာ ရိွသလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာတယ္။ သံုးတာကလည္း တ႐ုတ္စာ။ ေျပာတာကလည္း တ႐ုတ္စကား။ ေနာက္ျပီးရင္ အဲဒီျပည္သူ႔စစ္ေတြက ဘယ္လို မူးယစ္လုပ္ငန္းေတြ နဲ႔ ပတ္သက္သလဲဆိုတာ ရိွတယ္။ ဆိုရရင္ေတာ့ တိုင္းရင္းသားအေရးမွာ ႐ႈပ္ေထြးေစတယ္ဗ်ာ ' ဟု RCSS/SSA ရွမ္းျပည္တပ္မေတာ္ေတာင္ပိုင္းမွ အၾကံေပးႏွင့္ ရွမ္းေရးရာက်ြမ္းက်င္သူျဖစ္သည့္ ဦးခြန္ဆိုင္းက ေမးခြန္းထုတ္သည္။

ယင္းအျပင္ လူမ်ဳိးတစ္ဆက္တစ္စပ္တည္းတည္ရိွမႈ နယ္ေျမတည္ရိွမႈအေပၚမူတည္၍ အုပ္ခ်ဳပ္ခြင့္ေဒသသတ္မွတ္ေပးမည္ကိုလည္း စိုးရိမ္ေၾကာင္း ရွမ္းျပည္တပ္မေတာ္ေျမာက္ပိုင္း SSPP/SSA မွ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴး စိုင္းဘုန္းဟန္ကလည္း ေျပာဆိုသည္။

‘မုန္း၀န္း/ဗမာ ဆိုတာမရွိဘူး။ အဲ့ဒါကိုအသိအမွတ္ျပဳတယ္ဆိုတာက အင္မတန္မွဆိုး၀ါးလြန္းတယ္လို႕သုံးသပ္လိုတယ္။ ေဒသခံေတြ ရဲ႕သေဘာထား ျပည္သူေတြ ရဲ႕သေဘာထားလည္း အရင္ဆုံးေမးသင့္တာေပါ့။ လုပ္သြားတဲ့ ပုံစံကေတာ့ သုံးသပ္လိုတာက အရင္အာဏာရွင္အစိုးရပုံစံ အတိုင္းပဲ သြားေနတယ္။ သူတို႕လုပ္ခ်င္သလိုလုပ္ၿပီးေတာ့ သတ္မွတ္ခ်င္သလိုေလွ်ာက္သတ္မွတ္ထားတယ္။ သူတို႕ရႈ႔ပ္ရႈပ္ေထြးေထြးျဖစ္ေအာင္လုပ္လိုတဲ့ သေဘာလားေပါ့၊ ဒါမေကာင္းဘူးေပါ့ဗ်ာ၊ သူတို႕အေျပာင္းအလဲလုပ္ခါနီးက်မွ ဒါမ်ိဳးလုပ္သြားတယ္ ဆိုတာ သူတို႕ရဲ႕ သေဘာထားကိုေဖာ္ျပေနတဲ့ အတိုင္းပဲေပါ့ဗ်ာ၊ မုန္၀န္း/ဗမာဆိုတာအဲ့ဒီေဒသမွာရွိမွမရွိတာ သူတို႕နဲ႕အစိုးရနဲ႕အေပးအယူတည့္ၿပီးေတာ့ သူတို႕သတ္မွတ္ခ်င္တဲ့ လူမ်ိဳးကိုသတ္မွတ္မယ္ဆိုရင္ေတာ့ ရွိရင္းစြဲေဒသခံတိုင္းရင္းသား လူမ်ိဳးစုေတြေပ်ာက္ကြယ္သြားမွာေပါ့။ ၀ါးမိဳ်ခံရမွာ ၊ ဒါေၾကာင့္မို႕ဒါဟာအင္မတန္မွ အႏၱရာယ္ႀကီးမားတဲ့အတြက္ ကၽြန္ေတာ္အေနနဲ႕ကန္႕ကြက္တယ္ ဆိုတာေျပာခ်င္ပါတယ္ ‘ ဟု ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ အမ်ဳိးသား လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္း၀မ္းလိႈင္ခမ္းက ေ၀ဖန္ေျပာဆိုသည္။

၂၀၁၄ ခုနစ္ သန္းေခါင္းစာရင္းေကာက္ယူမႈတြင္ နိုင္ငံသားမွတ္ပံုတင္မရေသးသည့္ တ႐ုတ္ႏြယ္ဖြားအမ်ူားအျပားမွာ မုန္း၀န္းအမည္ျဖင့္ လူမ်ဳိးစုေနရာတြင္ ထည့္သြင္းမႈမ်ားရိွခဲ့ျပီး ကုိးကန္႔ စစ္ပြဲျဖစ္ပြားခဲ့ျပီးေနာက္ပိုင္း မွတ္ပံုတင္ ေလ်ွာက္ထားရာတြင္ ကိုးကန္႔အမည္ထက္ မုန္း၀န္းဗမာနာမည္ျဖင့္ ေလ်ွာက္ထားသူမ်ားပိုမိုမ်ားျပားလာေၾကာင္း ရွမ္းျပည္နယ္ သန္းေခါင္စာရင္းအေရး ေလ့လာသူမ်ားက ဆိုသည္။

ေဇာ္မင္းထြန္း

The Ladies News

................................................................................................................................


နေဝင်း ၈၂ နိုင်/ဥ အရသာလေးတွေ မြည်းစမ်းကြည့်ပါဦး

လူမျိုးတမျိုးအမည်၊ တိုင်းရင်းသားဖြစ်မှုကို ဒီလို လွယ်လွယ်လေးပဲ သတ်မှတ်နိုင်တယ်။

ကျနော်တို့ မသိတဲ့ တိတ်တဆိတ်တိုင်းရင်းသားဖြစ်သွားတဲ့ လူမျိုးခြားတွေ၊ နိုင်ငံသားဖြစ်သွားတဲ့ နိုင်ငံခြားသားတွေ စစ်အစိုးရအဆက်ဆက် ဘယ်လောက်တောင် များပြားနေပြီလဲဗျာ

Min Soe Naing

...........................................................................................................

ဘီဘီစီ မြန်မာပိုင်း
http://www.bbc.com/…/160318_mong_won_bamaf_ethnic_northen_s…

မုန်းဝန်း( ဗမာ ) လူမျိုးလို့ ထည့်သွင်းဖို့ သမ္မတ ညွှန်ကြား
==============================

ကွတ်ခိုင် တာမိုးညဲ ဒေသမှာ အစိုးရနဲ့ နီးစပ်တဲ့ ပြည့်သူ့စစ် အမာခံ တွေကို ပိုမို ဆက်လက် ခိုင်မာ စေလိုတဲ့ အတွက် အစိုးရ အပြောင်းအလဲ မဖြစ်ခင် အခုလို သတ်မှတ် ပေး လာတာ ဆိုပြီး သုံးသပ်မှုတွေ ရှိနေ။

ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် တာမိုးညဲ ဒေသက မုန်းဝန်း မျိုးနွယ်စု တွေကို မုန်းဝန်း( ဗမာ )လို့ သတ်မှတ် ဆောင်ရွက်ဖို့ သမ္မတ ဦးသိန်းစိန် အစိုးရ က ဆောင်ရွက် လာပါတယ်။

၁၉၈၂ နိုင်ငံသား ဥပဒေ၊ အခန်း (၂) ပုဒ်မ (၈) အရ နိုင်ငံတော် သမ္မတ ကို ပေးအပ် ထားတဲ့ လုပ်ပိုင် ခွင့် နဲ့ အညီ အခုလို ဆောင်ရွက် တာ ဖြစ်တယ် လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦး မြင့်ကြိုင် က ဘီဘီစီ ကို ပြောပါတယ်။

နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ မှာ မုန်းဝန်း (ဗမာ) လူမျိုး ဆိုပြီး တပြေးညီ ထုတ်ပေးဖို့ သမ္မတ ဦးသိန်းစိန် က ညွှန်ကြား ခဲ့တာ ဖြစ်ပါတယ်။

ကွတ်ခိုင် တာမိုးညဲ ဒေသမှာ အစိုးရနဲ့ နီးစပ်တဲ့ ပြည့်သူ့စစ် အမာခံ တွေကို ပိုမို ဆက်လက် ခိုင်မာ စေလိုတဲ့ အတွက် အစိုးရ အပြောင်းအလဲ မဖြစ်ခင် သမ္မတ ဦးသိန်းစိန် အစိုးရက အခုလို သတ်မှတ် ပေး လာတာ ဖြစ်တယ် ဆိုပြီး သတင်းစာ ဆရာ စိုင်းထွန်းအောင်လွင် က သုံးသပ်ပါတယ်။

မြန်မာ နိုင်ငံ မှာ နောက်ဆုံး အကြိမ် သန်းခေါင် စာရင်း ကောက်ယူ ခဲ့တဲ့ ၂၀၁၄ တုန်းက တိုင်းရင်းသား မျိုးနွယ် မဟုတ် သူတွေ ဖြည့်ရတဲ့ နံပါတ် ၉၁၄ နဲ့ မုန်းဝန်း မျိုးနွယ်စု တွေ ဖြည့် ခဲ့ရတာပါ။

အဲဒီ့ မုန်းဝန်း ခေါင်းစဉ် အောက် က သူတွေ အတော်များများ ဟာ တရုတ် လူမျိုး တွေ ဖြစ်ကြတယ် လို့လည်း စိုင်းထွန်းအောင်လွင် က ဆိုပါတယ်။

တာမိုးညဲ ဒေသ မှာ ရှိတဲ့ မုန်းဝန်း ဆိုတဲ့ ရွာ နာမည် ကို အစွဲပြုပြီး အခုလို လူမျိုး နာမည် တစ်မျိုး အနေနဲ့ သုံးစွဲ လာတာ ဖြစ် နိုင်တယ် လို့လည်း ဆိုပါတယ်။

မုန်းဝန်း နာမည် နဲ့ ကွတ်ခိုင် တာမိုးညဲ ဒေသမှာ ဦးရေ ခြောက်သောင်း လောက် ရှိ ခဲ့ ပေမယ့် နောက်ပိုင်း ဝင်လာတဲ့ တရုတ် လူမျိုး တွေ လည်း မုန်းဝန်း နာမည် နဲ့ မူဆယ်- မန္တလေး လမ်း တလျှောက် မြို့ တွေ တိုင်း မှာ ရှိနေကြပြီ လို့ စိုင်းထွန်းအောင်လွင် က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ တုန်း ကလည်း ရွှေလီ ဘက်က တရုတ် လူမျိုး တွေကို ကားစင်းလိုက် တွေ နဲ့ ခေါ်လာကာ မုန်းဝန်း နာမည် နဲ့ နိုင်ငံသားကတ် တွေ ထုတ် ပေးပြီး မဲ ပေး ခိုင်း ခဲ့တယ် ဆိုတဲ့ ပြောဆိုမှု တွေ လည်း ရှိနေပါတယ်။

......................................................................................................................................


သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese/photos/a.341540565938393.78639.263707297055054/989199707839139/?type=3

သျှမ်းပြည်မှာတိုင်းရင်းသားလူမျိုးတခုထပ်တိုးနေပြီ (ဆောင်းပါး)
==============================
ဆောင်းပါးရှင် - ခွန်ဆန်မူး (တတ်ဟိုယောဝ်)
မတ် ၁၉ ရက် ၂၀၁၆

နိုင်ငံတော် အစိုးရက ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိတယ်။ အဲဒီ အထဲမှာ သျှမ်းပြည်နယ် အတွင်းမှာ တိုင်းရင်းသား မျိုးနွယ်စု ၃၃ မျိုး ရှိတယ်လို့ဆိုပါတယ်။ ၂၀၁၆ ခု မတ် ၁၁ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးရုံး ထုတ်ပြန်ချက်အရ သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ် အတွင်းမှာ နေထိုင်တဲ့ တရုတ်မျိုးနွယ်စုတခုကို မုန်းဝန်းဗမာတိုင်းရင်းသားလို့ သတ်မှတ် အသုံးပြုသွားဖို့ ညွှန်ကြားတာဖြစ်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုး ၁၃၅ ကနေ ၁၃၆ ဖြစ်လာနေပြီလား။

သျှမ်းပြည်မှာ သျှမ်းကြီး၊ သျှမ်းကလေး၊ တိုင်းနေ၊ တိုင်းမောဝ်၊ ဂုံသျှမ်း၊ လိသျှမ်းတို့ အပြင် အခါ၊ လားဟူ၊ လီဆူး၊ ၀ ၊ ကိုးကန့်၊ ယင်းနက်၊ ယင်းကြား၊ ပလောင်(တအာင်း)… စတာတွေအပြင် သျှမ်းကြီးနဲ့ အဓိပ္ပါယ် တူညီတဲ့ တိုင်းလုံ ဆိုတဲ့လူမျိုး တို့အပါအဝင် တိုင်းရင်းသားလူမျိုး ၃၃ မျိုး ရှိတယ်လို့ဆိုပါတယ်။

လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးရုံးထုတ်ပြန်စာမှာ သျှမ်းပြည်နယ်မြောက်ပိုင်း၊ တာမိုးညဲဒေသ (မုန်းဝန်း) ဗမာတိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့မှ ၂၀၁၆ မတ်လ ၉ ရက်နေ့ ရက်စွဲပါစာဖြင့် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီမှ မုန်းဝန်းဗမာလူမျိုးဟု သတ် မှတ်ပေးမှုအား တရားဝင် ဆက်လက်အတည်ပြုပေးနိုင်ရန် နိုင်ငံတော် သမ္မတ ထံသို့ တင်ပြလာမှု နှင့် ပတ် သက် ၍ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးနိုင်ရန် (မုန်းဝန်း) ဗမာဟု သတ်မှတ်ပေးပြီး မှတ်ပုံတင်လဲပေးရန် မှတ်ချက်ပြုခဲ့ပါသည် - လို့ အစချီရေးသားထားပါတယ်။

ဗမာစကားမပြောဘဲ တရုတ်စာပေ တရုတ်ယဉ်ကျေးမှု အဓိက သုံးစွဲ တဲ့ အဲဒီလူမျိုးတွေဟာ ဗမာ့တပ်မတော် လက်အောက်ခံ ပြည်သူ့စစ်ဖွဲ့စည်းလာရာကနေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီက အခွင့်ထူးရလာတာလို့ သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ စိုင်းစောအောင် က ပြောပါတယ်။

သူတို့တွေက တရုတ်စာ၊ တရုတ်ယဉ်ကျေးမှုဘဲ။ သူတို့က တရုတ်လူမျုုိးဖြစ်တယ်။ ဗမာပြည်မှာနေထိုင် တာကြာ တော့ စာပေယဉ်ကျေးမှုကို တည်ထောင်တယ်။ အစိုးရ ထံ မှတ်ပုံတင်တယ်။ ပြည်သူ့စစ်အနေနဲ့ဖွဲ့စည်း ပြီး တော့ ဒီအဖွဲ့ကနေပြီး စစ်ဗိုလ်ချုပ်တွေနဲ့ ခင်မင်ပေါင်းတင်းပြီတော့မှ ပထမ ဦးဆုံးသူတို့တောင်းဆိုတာက မုန်းဝန်းလူမျိုး အဲဒီကနေ ဗိုလ်ချုပ်မှူးကြီးက မုန်းဝန်းလူမျိုးလို့ မှတ်ပုံတင်ပေးတာကြားတယ် - လို့ စိုင်းစောအောင် က ပြောပါတယ်။

အဲဒီ ထုတ်ပြန်စာမှာ “ … ၁၉၉၈ ခု၊ မေ ၁၁ ရက် တွင် နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင် စီ ဥက္ကဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သျှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ် တွင် တာမိုးညဲဒေသ မုန်းဝန်း(ဗမာ) တိုင်းရင်းသားများအား မုန်းဝန်းတိုင်းရင်းသား အမည်မှ တားမိုး ညဲဒေသ ဗမာတိုင်းရင်းသား အမည်သို့ သတ်မှတ်ပေးမည့်အကြောင်း မိန့်ကြားချက်အရ …. လူထုသဘော ထား ကျယ်ပြန့်စွာ ခံယူပြီး …. သျှမ်းပြည်မြောက်ပိုင်း မုန်းဝန်းတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ တာမိုးညဲမြို့ တွင် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၁ မှ ကိုယ်တိုင် ဖွင့်လှစ်ပေး ခဲ့သည်” လို့ ပါရှိပါတယ် ။

တားမိုးညဲဒေသ ဗမာတိုင်းရင်းသား သုံးဖို့ လူထုသဘောထား ကျယ်ပြန့်စွာ ခံယူပြီးတော့ သတ်မှတ်တယ်လို့ ဆိုပါတယ်။
ဘိုးစဉ်ဘေးဆက် ဗမာပြည်မှာ နေလာတဲ့ အတွက် သူတို့ဟာ ဗမာတိုင်းရင်းသားဘဲလို့ မုန်းဝန်းဒေသခံ ဦးအားဖုန်် က ပြောပါတယ်။

“ကျနော်လဲ လူဘဲဗျာ။ အဖိုးလဲ ဒီမှာသေတယ်။ အဖွားလဲ ဒီမှာသေတယ်။ ကျနော်လဲ ဒီမှာဘဲမွေးဖွားတယ်။ ကျနော်တို့ တောက်လျှောက်ဒီဗမာပြည်မှာဘဲနေလာတာ ကျနော်တို့လဲ ဗမာတိုင်းရင်းသားဘဲပေါ့ ”
မုန်းဝန်းတို့၊ ကိုးကန့် တို့ဟာ လူမျိုးနာမည်မဟုတ်ဘဲ ဒေသ နာမည်တွေဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုး တမျိုးသတ်မှတ်ဖို့ လူထု ဆန္ဒ ခံယူ ရလိမ့်မယ်လို့ သျှံပိုင်းဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ သျှမ်းစာပေပညာရှင် ဟိန်းကာယန်းက ပြောပါတယ်။

တကယ်လို့ အဲဒီလူမျိုးကို တိုင်းရင်းသားအဖြစ်လက်ခံမယ်ဆိုရင် ဗမာပြည်မှာ လက်ရှိနေထိုင်နေကြတဲ့ တိုင်း ရင်းသားလူမျိုးတွေ အကုန် လုံးရဲ့သဘောထားကိုရယူရတင့်တယ်။ ရီဖရံဒမ် သဘောမျိုး လိုအပ်ရင် လုပ်သင့် တယ်။ ပြည်သူ့ဆန္ဒ ခံယူပွဲပေါ့နော့်။ မဖြစ်မနေပေးမယ်ဆိုရင်တောင်မှ နိုင်ငံသားအဆင့်ကိုပေးရမယ်။ တိုင်း ရင်းသား အဆင့်ကို ချက်ချင်းလက်ငင်း ပေး လိုက်တာဟာ စစ်အုပ်စုက သူ့လုပ်ပိုင်ခွင့်ကို တရားနည်းလမ်း မကျ စွာ လုပ်သွားတာဘဲ။

မြန်မာ့တိုင်းရင်းသား ၁၃၅ မျိုးကနေ ၁၃၆ မျိုးတိုးပြီး တိုင်းရင်းသားလူမျိုးစု တခု သတ်မှတ်လိုက်တာလားဆိုတာ မေးခွန်းထုတ်စရာရှိတယ်လို့ ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းက ပြောပါတယ်။
“ကျနော်တို့နိုင်ငံသားအဖြစ်လာရောက်ခံယူတဲ့ နိုင်ငံခြားသားတွေ အများကြီးရှိတယ်။ တရုတ်ရှိတယ်။ အန္ဒိယ ရှိတယ်။ ဒီ့ပြင့်နိုင်ငံသားတွေလဲရှိတာပေါ့။ နိုင်ငံကို ဗမာနိုင်ငံလို့ခေါ်တော့ သူတို့လဲ ဗမာနိုင်ငံသားဖြစ်သွား တာပေါ့။ တချို့ကလဲ သူတို့က ဗမာဖြစ်သွားတယ်လို့ ပြောတဲ့ဟာလဲရှိတာပေါ့။ ဒီကိစ္စက သူတို့ကိုယ်ပိုင် ဆုံးဖြတ် ချက်ဆိုတော့ ဘာမှ မပြောလိုဘူးပေါ့။ သို့သော်လဲဘဲ ဒီနေရာမှာ သူတို့ဟာ ဗမာနိုင်ငံသား လာဖြစ်တာလား။ သို့မဟုတ် လူမျိုး ၁၃၅ ထဲမှာ ထပ်ဖြည့်ပြီးတော့မှ ၁၃၆ မျိုးဖြစ်သွားတာလား ဆိုတာ မေးစရာပေါ့ဗျာ။”

၂၀၁၀ ရွေးကောက်ပွဲတုန်းက အဲဒီဒေသမှာ ရှိတဲ့ လူမျိုးတွေ ဆန္ဒမဲပေးနိုင်ရန် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီမှ မုန်းဝန်းဗမာ လူမျိုး သတ်မှတ်ပေးမှုအပေါ် ၄င်းတို့အတွက် မှတ်ပုံတင် နိုင်ငံသား စိစစ် ရေးကဒ် ထုတ်ပေးထားတယ်လို့ လဲ အဲဒီ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ၀င်ရောက်နေထိုင်တဲ့ ဘင်္ဂလီ လူမျိုးစုတွေက လဲ ၄င်းတို့ကို ရိုဟင် ဂျာ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ရေးရန် တောင်းဆိုမှုတွေလဲ ရှိနေပါတယ်။

...................................................................................................................................


The Ladies News Journal
https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/538468076328166/?type=3

ကွတ်ခိုင်ဒေသရှိ တရုတ်များအား မုန်းဝန်းဗမာဟု လူမျိုးအမည် အစိုးရမှ သတ်မှတ်မှုအပေါ် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်များမှ ဝေဖန်ရှုတ်ချ
--- ---- ----

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသတွင် နေထိုင်သည့် တရရုတ်အနွယ်ဝင်များအား မုန်းဝန်းဗမာဟု အစိုးရမှ လူမျိုးစုအမည် သတ်မှတ်ပေးခဲ့မှုအပေါ် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများနှင့် နိုင်ငံရေးအင်အားစုများမှ ဝေဖန်ရှုတ်ချမှုများ ပြုလုပ်လျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ မတ််လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်အရ အဆိုပါဒေသရှိ တရရတ်များမှာ မုန်းဝိန်းဗမာအမည်ဖြင့် နိုင်ငံသား စီစစ်ရေးကတ်ပြားရှိ လူမျိုးနေရာတွင် တရားဝင် ဖော်ပြခွင့်ရရှိတော့မည်ဖြစ်ပြီး အဆိုပါ ကြေညာချက်ကြောင့် တာမိုးညဲနှင့် ကွတ်ခိုင်ဒေသတွင် နေထိုင်သော တရုတ်နွယ်ဖွား ၆ သောင်း ၀န်းကျင်မှာ မုန်းဝန်း-ဗမာ အမည်ဖြင့် တိုင်းရင်းသားမျိုးနွယ်စု အမည်ရရှိတော့မည်ဖြစ်သည်။

‘မုန်းဝန်းဆိုတာက ရွာနာမည်ပဲ၊ ကွတ်ခိုင်မြို့ထဲမှာရှိတဲ့ ရွာတစ်ရွာရဲ့နာမည်ပါ ။ အဲ့ဒီမှာအခြေပြုနေတဲ့ တရရတ်လူမျိုးတွေ ကို အဓိကသတ်မှတ်တာပဲဖြစ်ပါတယ်။ အမှန်သူက ဗမာစကားလည်းပြောတဲ့ သူတွေ မဟုတ်ဘူး နောက်ပြီးတော့ သူတို့သုံးနေတဲ့ စာတွေ ပြောတဲ့ စကားတွေ အကုန်လုံးကလည်း တရုတ်စာတွေ တရုတ်စကားတွေ ပါပဲ။ ကွတ်ခိုင်မှာတောင်မှ မုန်းဝန်းကျောင်းဆိုပြီးတော့ တရုတ်စာတွေ ပဲသင်နေတာပဲလေ။ နိုင်ငံခြားက ဆင်းသက်လာတဲ့ လူမျိုးတစ်မျိုးကို တိုင်းရင်းသားအဖြစ်သတ်မှတ်ပေးတာ ဒါ ကောင်းတဲ့ အချက်မဟုတ်ပါဘူး။ အဲ့ဒါကို ဗမာလို့ပြောတာ အင်မတန်ဆိုးဝါးတဲ့ အချက်ဖြစ်ပါတယ်‘ ဟု ရှမ်းဘာသာဖြင့် ထုတ်ဝေသော ဆမ်ပိုင်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ စိုင်းဇင်က ဝေဖန်ပြောဆိုသည်။

အဆိုပါ မုန်းဝန်းအမည်ဖြင့် သတ်မှတ်ခံရသူများနေထိုင်ရာ ဒေသမှာ မုန်းဝိန်း ဦးမြင့်လွင်ဟု ကျော်ကြားသော တာမိုးညဲချမ်းသာ ကုမ္ပဏီပိုင်ရှင် ဦးမြင့်လွင်၏ ပြည်သူ့စစ်များ အုပ်ချုပ်ရာ ဒေသဖြစ်ပြီး လဝကမှ ထုတ်ပြန်ပေးသည့် ညွှန်ကြားချက်တွင် အဆိုပါ ဒေသခံများအနေဖြင့် နိုင်ငံတော်လုံခြုံရေးတွင် တက်ကြွစွာ ပူးပေါင်းပါ၀င်ခဲ့ကြပြီး အဆိုပါ ဒေသခံများ၏ ဗမာအဖြစ် ခံယူမှုအပေါ် ယခင် တပ်မတော် အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကပင် တိုင်းရင်းသားမျိုးနွယ်စုအဖြစ် သတ်မှတ်ခံရရေးအတွက် တင်ပြခဲ့ကြပြီး တပ်မတော်အကြီးအကဲဟောင်းကလည်း လမ်းညွှန်ပေးမှုများ ရှိခဲ့သည်ဟု လဝက၏ ကြေညာချက်တွင် ဖော်ပြထားသည်။

‘မုန်းဝန်းကိစ္စက အတော်ဆိုးတဲ့ ကိစ္စပဲ။ မုန်းဝန်းအဖွဲ့ဆိုတာက သမိုင်းကတော်တော်ရှည်နေပြီ အဲ့ဒီလိုကြိုးစားတဲ့ ကိစ္စက ၁၉၇၈ ခုနှစ်တုန်းကလည်း မဆလလွှတ်တော်မှာ မုန်းဝန်း အမျိုးသားအဖြစ် သူတို့ကို အသိအမှတ်ပြုဖို့ တင်ခဲ့သေးတယ်။ အဲ့ဒီတုန်းကတော့ ဗိုလ်နေဝင်းက လူမျိုးရေးကိစ္စကိုနည်းနည်း sensitive ဖြစ်တဲ့အခါကျ ဗိုလ်နေဝင်းကသိပ်လက်မခံဘူး၊ ဒါပေမဲ့ ရှမ်းပြည်ကအဲ့ဒီတုန်းက ကျွန်တော်တို့ တိုင်းမှူးတွေရဲ့ဧည့်ခံပွဲတွေ မှာ မုန်းဝန်း အမျိုးသားအကဆိုတာ အမြဲတမ်းပါတယ်။ သူတို့ကနှစ်ရှည်လများတိုးဝင်ပြီးတော့ အသိအမှတ်ပြုခွင့်ရဖို့ လုပ်လာတယ်။ ဒီလူတွေကပြောရလို့ရှိရင် ၄၉ ခုနှစ်က တရုတ်ပြည်မှာ ကွန်မြူနစ်တွေ အာဏာသိမ်းတဲ့ အခါ ထွက်ပြေးလာပြီးတော့ ဒီဘက်မှာ အခြေစိုက်ပြီးနေကြတာ၊ ဒါပေမဲ့ သူတို့ကိုဘာဖြစ်လို့ စစ်အစိုးရလက်ထက်က အသိအမှတ်ပြုတာလဲဆိုတော့ မုန်းဝန်းကာကွယ်ရေး ဟာ ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် အတော်အရေးကြီးတဲ့ နေရာမှာ သူကပါ၀င်ခဲ့တာကိုး၊ တောခိုတာမျိုးမလုပ်ခဲ့တဲ့ အခါကျတော့ သူ့ကိုကျတော့ သူ့လူအဖြစ် တပ်မတော်ကသဘောထားခဲ့တာ။ ဘိန်းထုတ်လုပ်ရေးနဲ့တောက်လျှောက်စပ်ဆက်ပြီးတော့ နေခဲ့တာ။ ဘိန်းစိုက်တယ် ၊ ထိုင်းမှာလက်နက်ဝယ်တယ်။ အဲ့ဒီလိုတွေ လုပ်လာတဲ့ အဖွဲ့စည်း။ ဒါပေမဲ့ သူတို့က အစိုးရနဲ့ တပ်မတော်နဲ့ပူးပေါင်းပြီးတော့ အဲ့ဒီတုန်းက ဗကပဆန့်ကျင်ရေးလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ကာကွယ် ရပ်ခံပေးခဲ့တဲ့ အတွက် မုန်းဝန်းကို လူမျိုးတစ်ရပ်အဖြစ် ပုံဖော်ဖို့ကြိုးစားခဲ့တာ အကြိမ်ကြိမ်ရှိပြီ။ အဲ့ဒီလို အနေအထားမှာ မုန်းဝုန်းဒေသရဲ့ခေါင်းဆောင် မုန်းဝုန်းမြင့်လွင်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ တစ်လျှောက်လုံးပူးပေါင်းပြီးတော့ ပြည်နယ်အဖွဲ့အစည်းတွေ မှာပါ၀င် ခဲ့တာ ပြီးခဲ့တဲ့ ဦးသိန်းစိန် လွှတ်တော်တုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်ပဲ၊ ဆိုလိုတာက တိုင်းရင်းသားမဟုတ်တဲ့သူတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ကြိုးစားနေတာပဲ။ အဲ့ဒါကတော့ တော်တော်ဆိုးဝါးနေတဲ့ ကိစ္စပဲ၊ အစိုးရရဲ့တစ်ဖက်စောင်းနင်းနိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒ နဲ့ တိုင်းရင်းသားသတ်မှတ်တဲ့ အယူအဆတွေမှာ ဘက်လိုက်မှုတွေ ကို တွေ့နေရတာပဲဗျ ’ ဟု ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကာလအတန်ကြာပူးပေါင်းခဲ့ဖူးပြီး ရှမ်းပြည်နယ်တွင် နေထိုင်ခဲ့ဖူးသူ ဗကပ ဟောင်း စာရေးဆရာ သန်းစိုးနိုင်က မှတ်ချက်ပြု ပြောဆိုသည်။

တအာင်းပလောင်တိုင်းရင်းသား တစ်ဦးဖြစ်သည့် ကိုမိုင်းကောင်းဆိုင်ကမူ ’ သေချာတာတစ်ခုကတော့ ဒီကြားမှာ သူတို့က တရုတ်တော့ဟုတ်တယ်။ အဲ့ဒီကြားမှာရှိနေတဲ့ လူတွေ ကြားမှာတော့ လူမျိုးရေးအရပြဿသ၁နာတော့ဖြစ်နိုင်တယ် ။ အရင်ကတည်းက အဲ့ဒီဒေသကလူနဲ့ တိုင်းရင်းသားတွေ မတည့်တာများတယ်။ အဲ့ဒီလိုမတည့်တဲ့ အခါကျတော့ တစ်ဖက်ကကောင်းကျိုးရှိပေမယ့်လည်း တစ်ဖက်မှာ ကျတော့ ဆိုးကျိုးရှိနိုင်တယ်။ တိုင်းရင်းသားတွေ အတွက်ကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူးပေါ ’ ဟု The Ladies News သို့ ပြောသည်။

ယင်းသို့ ကွတ်ခိုင်ဒေသရှိ တရုတ်နွယ်ဖွားများအပေါ် မုန်းဝန်းဗမာအမည်ဖြင့် လူမျိုးသတ်မှတ်ပေးမှုအပေါ် လဝက၏ ညွှန်ကြားချက်တွင်မူ အဆိုပါ လူများမှာ အစိုးရအဆက်ဆက်နှင့် နိုင်ငံတော်ကာကွယ်ရေးကို သစ္စာစောင့်သိသော်လည်း မျိုးနွယ်စုအမည်နေရာတွင် အမည်အမျိုးမျိုးဖြစ်နေပြီး ရွေးကောက်ပွဲမဲပေးရာတွင်လည်း မဲပေးနိုင်မှုနည်းပါး ခဲ့သည့် အတွက်ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

‘ နိုင်ငံတိုင်းမှာတော့ သူတို့နိုင်ငံကာကွယ်ရေးအတွက်ဆောင်ရွက်ပေးသူကို နိုင်ငံသားအဖြစ်သတ်မှတ်ပေးတာ သဘာဝပဲ။ ဒါပေမဲ့ဒီမုန်းဝန်းဗမာကျတော့ ဗမာမှာ ဒီမုန်းဝန်းဆိုတာ ရှိသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။ သုံးတာကလည်း တရုတ်စာ။ ပြောတာကလည်း တရုတ်စကား။ နောက်ပြီးရင် အဲဒီပြည်သူ့စစ်တွေက ဘယ်လို မူးယစ်လုပ်ငန်းတွေ နဲ့ ပတ်သက်သလဲဆိုတာ ရှိတယ်။ ဆိုရရင်တော့ တိုင်းရင်းသားအရေးမှာ ရှုပ်ထွေးစေတယ်ဗျာ ' ဟု RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းမှ အကြံပေးနှင့် ရှမ်းရေးရာကျွမ်းကျင်သူဖြစ်သည့် ဦးခွန်ဆိုင်းက မေးခွန်းထုတ်သည်။

ယင်းအပြင် လူမျိုးတစ်ဆက်တစ်စပ်တည်းတည်ရှိမှု နယ်မြေတည်ရှိမှုအပေါ်မူတည်၍ အုပ်ချုပ်ခွင့်ဒေသသတ်မှတ်ပေးမည်ကိုလည်း စိုးရိမ်ကြောင်း ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး စိုင်းဘုန်းဟန်ကလည်း ပြောဆိုသည်။

‘မုန်းဝန်း/ဗမာ ဆိုတာမရှိဘူး။ အဲ့ဒါကိုအသိအမှတ်ပြုတယ်ဆိုတာက အင်မတန်မှဆိုးဝါးလွန်းတယ်လို့သုံးသပ်လိုတယ်။ ဒေသခံတွေ ရဲ့သဘောထား ပြည်သူတွေ ရဲ့သဘောထားလည်း အရင်ဆုံးမေးသင့်တာပေါ့။ လုပ်သွားတဲ့ ပုံစံကတော့ သုံးသပ်လိုတာက အရင်အာဏာရှင်အစိုးရပုံစံ အတိုင်းပဲ သွားနေတယ်။ သူတို့လုပ်ချင်သလိုလုပ်ပြီးတော့ သတ်မှတ်ချင်သလိုလျှောက်သတ်မှတ်ထားတယ်။ သူတို့ရှု့ပ်ရှုပ်ထွေးထွေးဖြစ်အောင်လုပ်လိုတဲ့ သဘောလားပေါ့၊ ဒါမကောင်းဘူးပေါ့ဗျာ၊ သူတို့အပြောင်းအလဲလုပ်ခါနီးကျမှ ဒါမျိုးလုပ်သွားတယ် ဆိုတာ သူတို့ရဲ့ သဘောထားကိုဖော်ပြနေတဲ့ အတိုင်းပဲပေါ့ဗျာ၊ မုန်ဝန်း/ဗမာဆိုတာအဲ့ဒီဒေသမှာရှိမှမရှိတာ သူတို့နဲ့အစိုးရနဲ့အပေးအယူတည့်ပြီးတော့ သူတို့သတ်မှတ်ချင်တဲ့ လူမျိုးကိုသတ်မှတ်မယ်ဆိုရင်တော့ ရှိရင်းစွဲဒေသခံတိုင်းရင်းသား လူမျိုးစုတွေပျောက်ကွယ်သွားမှာပေါ့။ ၀ါးမိုျခံရမှာ ၊ ဒါကြောင့်မို့ဒါဟာအင်မတန်မှ အန္တရာယ်ကြီးမားတဲ့အတွက် ကျွန်တော်အနေနဲ့ကန့်ကွက်တယ် ဆိုတာပြောချင်ပါတယ် ‘ ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်ခမ်းက ဝေဖန်ပြောဆိုသည်။

၂၀၁၄ ခုနစ် သန်းခေါင်းစာရင်းကောက်ယူမှုတွင် နိုင်ငံသားမှတ်ပုံတင်မရသေးသည့် တရုတ်နွယ်ဖွားအမျူားအပြားမှာ မုန်းဝန်းအမည်ဖြင့် လူမျိုးစုနေရာတွင် ထည့်သွင်းမှုများရှိခဲ့ပြီး ကိုးကန့် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မှတ်ပုံတင် လျှောက်ထားရာတွင် ကိုးကန့်အမည်ထက် မုန်းဝန်းဗမာနာမည်ဖြင့် လျှောက်ထားသူများပိုမိုများပြားလာကြောင်း ရှမ်းပြည်နယ် သန်းခေါင်စာရင်းအရေး လေ့လာသူများက ဆိုသည်။

ဇော်မင်းထွန်း

The Ladies News
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)