ေဆးေသာက္ရန္ ႂကြေတာ္မူပါ သမၼတႀကီးႏွင့္ အေပါင္းပါမ်ား

သမၼတႀကီး ဦးသိန္းစိန္အစိုးရ အဖြဲ႕အားလုံးမွာ အာဏာလႊဲေျပာင္ခါနီးထိ ျပႆနာမ်ားကို ကိုင္တြယ္ေျဖရွင္းရာမွာ အားရစရာ တစ္ကြက္မွ မေတြ႕ပါ ။ ဘယ္လိုလုပ္ေတြမွာလဲ အားလုံးက အ႐ူးကြက္ေတြခ်ည္းကိုး ။ဘာေၾကာင့္က်ေနာ္ ဒီလိုေျပာရတယ္ဆိုတာ သာဓက တစ္ခု က်ေနာ္ ေျပာျပပါံမယ္ ။

ခင္ဗ်ားတို႔ ဖားကန္႔ ေက်ာက္စိမ္းတြင္းက သတင္းေတြ ၾကားလိုက္မွာေပါ့ ။ ဖားကန္႔ကိစၥမွာ ႏိုင္ငံေတာ္က ေျဖရွင္းတာ ခင္ဗ်ားတို႔ ၾကားလိုက္မွာေပါ့ ။ စြန္႔ပစ္ ေျမဇာၿပိဳလို႔ လူရာခ်ီေသရာက စတဲ့ ျပႆနာဟာ ဆိုင္းမဆင့္ ဗုံမဆင့္ ကံပိုင္တည္ နယ္စပ္က တရားမဝင္ ယႏၲရားသြင္းတဲ့ဆီ ေရာက္သြားတယ္ ။ ျပည္သူေတြ အာ႐ုံေျပာင္းေအာင္ အထူးစုံစမ္းေရးေတြ ၊စစ္ေဆးေရးေတြဖြဲ႕ၿပီး စစ္လား ေဆးလား လုပ္တယ္ ။ စစ္တဲ့အဖြဲ႕ကလည္း ယဥ္အစီး တစ္ေသာင္းေက်ာ္ေတြ႕ရွိတယ္ လို႔ ေျပာတယ္ ။ ဘာကိုဆိုလိုမွန္းမသိဘူး ။ ဘာတစ္ခုမွလည္း ပြင့္လင္းျမင္သာမႈ မရွိဘူး ။ ဘာကို ယုံရမွန္းလည္းမသိဘူး ။ ယုံၾကည္စရာလည္း တစ္ကြက္မွ မရွိဘူး ။ ကုန္ကုန္ေျပာရရင္ သမၼတႀကီး ကိုယ္တိုင္လာစစ္လည္း မယုံပါဘူး ။က်ေနာ္တို႔ဟာ အရင္ကတည္းကလည္း မယုံၾကည္ခဲ့ပါဘူး ။ခုလည္းမယုံၾကည္ပါဘူး ။ အဲဒါ ဘာေၾကာင့္လည္းဆိုေတာ့ က်ေနာ္တို႔ ျပည္သူေတြ ယုံၾကည္ေအာင္ ဘယ္တုန္းကမွ မလုပ္ခဲ့လို႔ပါပဲ ။

စြန္႔ပစ္ျမဇာၿပိဳၿပီး လူရာခ်ီေသလို႔ တရားမဝင္ ယႏၲရားတင္သြင္းတာကို စစ္ေဆးေနခ်ိန္ ေနာက္ထပ္ အဲ့ေနရာတစ္ဝိုက္မွာ ေျမဇာ (၄) ႀကိမ္ ထပ္ၿပိဳၿပီး စုစုေပါင္းလူရာခ်ီေသျပန္တယ္ ။ ခင္ဗ်ားတို႔ အစိုးရအဖြဲ႕ ဘာလာလုပ္ေပးလဲ ? ။ဘယ္မွာလည္း ခင္ဗ်ားတို႔အစိုးရဲ႕ ျပည္သူ႔အသက္အိုးအိမ္ တန္ဘိုးထားမႈ ။ခင္ဗ်ားတို႔ အစိုးရရဲ႕ ေျဖရွင္းမႈေတြက ဘာေတြ အက်ိဳးသက္ေရာက္ခဲ့လည္း စဥ္းစားပါ ။ ခင္ဗ်ားတို႔ ေျပာေျပာေနသည့္ အမ်ိဳးသား အက်ိဳးစီးပြားကာကြယ္မႈဆို ဘာလဲ ဘယ္လဲ လို႔ပဲ ေမးခြန္းထုတ္ခ်င္ပါတယ္ ။ေသတာကို မသနားတဲ့အျပင္ မဆီမဆိုင္ ပို႔ဆြမ္းစားေနတဲ့ လူႀကီးက ေရမေဆးေက်ာက္ ေကာက္တဲ့သူေတြ ေရႊက်င္လို႔ ေျမဇာၿပိဳတယ္လို႔ ရႊီးလိုက္ေသး ။ ပိုဆိုးတာက ေရမေဆးေက်ာက္ရွာသူေတြကို KIA လို႔ စြပ္စြဲလိုက္ေသး ။ အဲ့ေရမေဆးေက်ာက္ ရွာတဲ့လူေတြသာ KIA ေတြဆိုရင္ ေသနတ္ေတာင္မလိုေတာ့ဘူး ။သူတို႔မွာပါတဲ့ ေက်ာက္ရွာတဲ့ စိန္တူနဲ႔တင္ ဖားကန္႔ကို သိမ္းလို႔ရပါၿပီ ။

ေျမၿပိဳသည့္ ကိစၥမေျပာခင္ တရားမဝင္ ယႏၲရား တင္သြင္းသည့္ ကိစၥ ဆက္သြားၾကရေအာင္ဗ်ာ ။တရားမဝင္ ယႏၲရား သြင္းတဲ့ကိစၥမွာ အဂတိ လိုက္စားသူေတြကို အေရးယူတာလည္း ၾကည္လိုက္အုံး ။ အေသးစိတ္ အခ်က္အလက္ေတြကေတာ့ သတင္းစာေတြမွာလည္း ပါၿပီးသားမို႔ မေရးေတာ့ပါဘူး ။လစာမတိုးပဲ ဆိုင္းငံ့ ၊နယ္ေျပာင္း ၊ ပင္စင္ေပး စတဲ့ျပစ္ဒဏ္ေတြ ေပးတဲ့အေၾကာင္းကို လူသိရွင္ၾကား ထုတ္ေျပာရဲတာေတာ့ ေတာ္ေတာ္အံ့ၾသမိပါတယ္ ။ ဒါေၾကာင့္လည္း ခင္ဗ်ားတို႔ အစိုးရ ယႏၲရားႀကီး တစ္ခုလုံး ကိုယ္က်ိဳးရွာ လူညစ္ သားေကာင္းေတြနဲ႔ ဖြဲ႕စည္းထားသလို ျဖစ္တာ မဆန္းပါဘူး ။ဆက္စပ္သူမ်ားကို ဆက္လက္အေရးယူမယ္ဆိုတာက ေၾကာ္ျငာလိုက္ေသး ဗ်ာ ။ဒီလို လူအဖြဲ႕အစည္းမွာ ဒီလို ကိုယ္က်ိဳးရွာသမားေတြ ရွိတာမဆန္းေပမဲ့ ျပည္သူေတြမွာ နစ္နာလွပါၿပီ ။

ေက်ာက္စိမ္း တူးေဖာ္ေရး ကုမၼဏီမ်ား ဘာေၾကာင့္ မထိရဲတာလဲ ?

၈၈ အေရးအခင္းၿပီး ေနာက္ပိုင္း ျမန္မာျပည္မွာ လူအစုံလိုက္အျပဳံလိုက္ ေသဆုံးမႈဟာ နာဂစ္ၿပီးရင္ ဖားကန္႔ဟာ ဒုတိယ အမ်ားဆုံး ျဖစ္မယ္ထင္ပါတယ္ ။ ဖားန္႔မွာ လူေတြအစုလိုက္ေသတာကို ကမ႓ာက စသိတာ ၂၁.၁၁.၂၀၁၅ ေန႔ ျဖစ္စဥ္ပါ ။ ဒီ့အရင္ အလားတူ ေသဆုံးမႈေတြ ဒုနဲ႔ေဒးရွိေနပါတယ္ ။ အဲဒီျဖစ္စဥ္ေတြမွာ ခင္ဗ်ားတို႔ အစိုးရဆိုတဲ့ အဖြဲ႕အစည္းႀကီး ကိုယ့္ျပည္သူေတြ ေသတာကို သနားဘို႔မေျပာနဲ႔ သြားေတာင္ၾကည့္ခဲ့လား ? ဘယ္ေျမဇာပုံမွာ သပိတ္သြတ္ေပးဘူးလဲ? ။ ဆုေတာင္းေပးဘူးလဲ? ။ ပြင့္လင္းျမင္သာစြာ ဘယ္ကုမၼဏီကို အစိုးရက တရာစြဲဘူးလဲ? ခင္ဗ်ားတို႔ အစိုးရ အဖြဲ႕အစည္းတစ္ခုလုံး တ႐ုတ္စီးပြားေရးသမားေတြနဲ႔ေပါင္းၿပီး တ႐ုတ္စ႐ိုက္ေတြ ဝင္ပူးေနတယ္ဆိုတာေရာ သတိထားမိၾကလား ? ။ တ႐ုတ္စီးပြားေရးသမားေတြလို ေငြမ်က္ႏွာ တစ္ခုတည္းၾကည့္ၿပီး ကိုယ္ခ်င္းစာတရာဆိုတာ ေဝလာေဝး ၊ ရက္စက္မႈ ၊ယုတ္မာမႈ ၊ေကာက္က်စ္မႈ စတဲ့ေရာဂါ လကၡဏာေတြ ခင္ဗ်ားတို႔ အစိုးရ အဖြဲ႕အစည္းႀကီးတစ္ခုလုံးမွာ စြဲကပ္ေနၿပီဆိုတာ မေမ့ၾကပါနဲ႔ ။

၂၁.၁၁.၂၀၁၅ ေန႔က လူရာခ်ီေသေနတဲ့အခ်ိန္မွာ ဟန္ေဆာင္ၿပီးေတာင္ ဝမ္းနည္းမေပးႏိုင္ၾကဘူး ။ကိုယ္နဲ႔မဆိုင္သလို အလုပ္အကိုင္မပ်က္ ေက်ာက္တူးေဖာ္ေရးလုပ္ငန္းေတြ ဆက္လုပ္ေနတဲ့ ျမင္ကြင္းက ျမန္မာႏိုင္ငံသားေတြကို တန္ဘိုးမထားဘူး ၊ ဂ႐ုမစိုက္ဘူးဆိုတာ ေဖာ္ျပေနတာပါ ။

ျမစ္ဆုံစီမံကိန္းလို ဟာမ်ိဳးကို တားဆီးႏိုင္ခဲ့ၿပီး ဖားကန္႔က ေက်ာက္မ်က္ကုမၼဏီေတြကို ရပ္ဆိုင္းသည္အထိ မတာျမစ္ႏိုင္ဘူးဆိုတာ အလြန္စဥ္းစားရမဲ့ အခ်က္ပါ ။လူေတြရာခ်ီေသတာကို ရက္လည္ကာနီးမွ သမၼတဆိုသူက ဝမ္းနည္းေၾကာင္း သဝဏ္လႊာေပးပို႔လာတာဟာ တစ္ကယ္ဝမ္းနည္းလို႔ မျဖစ္ႏိုင္ပါဘူး ။ ဘာေၾကာင့္လည္းဆိုေတာ့ သဝဏ္လႊာပို႔ၿပီး တစ္ပတ္ေက်ာ္မွာပဲ ထပ္ၿပိဳျပန္ပါတယ္ ။ ဝမ္းနည္း တဲ့သမၼတက ေက်ာက္စိမ္းကုမၼဏီေတြကို ရပ္နားစစ္ေဆးဘို႔ ၊ေျမဇာပုံေတြ အႏၲရညယ္ကင္းေအာင္ ျပင္ဆင္သတ္မွတ္ဘို႔သမၼတအမိန္႔နဲ ႔ မၫႊန္ၾကားပဲ တရားမဝင္ ယႏၲရားသြင္းတဲ့အမႈၾကမွ သမၼႀကီး ၫႊန္ၾကားခ်က္ နဲ႔ဆိုၿပီး ဖတ္လိုက္ရတာ ဟားစရာေကာင္းပါတယ္ ။ ခုဆို ဘယ္ေလာက္ဆိုးလဲ ဗ်ာ ။ သီတင္းကၽြတ္ဆိုရင္ က်ေနာ္တို႔မွာ ေဗ်ာက္ေဖာက္ခြင့္မရေပမဲ့ ဖားကန္႔မွာ မနက္ ၅:၀၀ နာရီကေန ည ၁၀:၀၀ နာရီအထိ ယမ္းေတြ တန္ခ်ီထည့္ၿပီး တစ္အုန္းအုန္း နဲ႔ ေတာင္ေတြၿဖိဳခြင့္ရေနတယ္ ။

ေဒသခံနဲ႔ ျပည္သူေတြ လိုခ်င္တာက တရားမဝင္ ယႏၲရားတင္သြင္းတာကို အေရးယူဘို႔ မဟုတ္ပါဘူး ။ ေက်ာက္စိမ္းေတြ အလြန္အကၽြံ တူးေနတာကို ထိမ္းသိမ္းေစခ်င္တာပါ ။ ဒီကုမၼဏီေတြရဲ႕ တူးေဖာ္ေနမႈေတြဟာ ဥပေဒအတိုင္း တိက်လိုက္နာမႈ ရွိ/မရွိ ပြင့္လင္းျမင္သာမႈ ရွိတဲ့ အရပ္ဘက္အဖြဲအစည္းက ပညာရွင္ေတြနဲ႔ စစ္ေဆးေစခ်င္တာပါ ။ကုမၼဏီက စြန္႔ပစ္ထားတဲ့ စြန္႔ပစ္ေျမဇာပုံကေတာင္ ယူ႐ိုသန္း (၆၀) ေလာက္တန္တဲ့ ေက်ာက္စိမ္းေတြရေနရင္ ၊ေက်ာက္စိမ္းေတာင္ တစ္ေတာင္လုံးကို ၿဖိဳေန ၊ တူးေနတဲ့ ကုမၼဏီေတြ ဘယ္ေလာက္ရလို႔ ၊ ႏိုင္ငံေတာ္ကို ဘယ္ေလာက္အပ္သလဲဆိုတာကို သိခ်င္ေနတာပါ ။ ဒါေတြကို ဘာေၾကာင့္ မလုပ္ရတာလဲလို႔ ေမးခ်င္ေနတာပါ ။ အဲဒီအလုပ္ေတြကို ခင္ဗ်ားတို႔ အစိုးရ ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ပါဘူး ။ ဘာေၾကာင့္လည္းဆိုေတာ့ ေက်ာက္စိမ္းကုမၼဏီေတြ နဲ႔ ခင္ဗ်ားတို႔ အစိုးရ ၾကားမွာ မ႐ိုးသားမႈေတြ အႀကီးႀကီး ရွိေနတယ္ဆိုတာ ျပည္သူေတြက အျပည့္အဝ ယုံၾကည္ၿပီးသားပါ ။ ခင္ဗ်ားတို႔ က်ေနာ္တို႔ ျပည္သူေတြအေပၚမွာ ဘယ္လိုပဲ လွည့္စားေနပါေစ ျပည္သူေတြက သိေနတယ္ဆိုတာ မေမ့ၾကပါနဲ႔ ။ ဟိုတစ္ေလာကလည္း ဖားကန္႔က ေက်ာက္မ်က္ကုမၼဏီ (၆၀) ေက်ာ္ ေခတၱရပ္နား ဆိုၿပီး ေၾကးမုံမွာ ဖတ္လိုက္ရတယ္ ။ ဖားကန္႔မွာ ကုမၼဏီ နာမည္ခံ ၊ လုပ္ကြက္ေလွ်ာက္ၿပီး ေရာင္းစားေနတဲ့ ကုမၼဏီေတြ ရပ္နားတာမ်ား ျပည္သူေတြ ဖားကန္႔ကိစၥကို အာ႐ုံက်ေအာင္ လာလုပ္ေနေသးးတယ္ ။ဒါေၾကာင့္ အ႐ူးကြက္ေတြလို႔ က်ေနာ္ေျပာခဲ့တာပါ ။

နိဂုံးခ်ဳပ္အေနနဲ႔ ေျပာခ်င္တာကေတာ့ ခင္ဗ်ားတို႔ အစိုးရအဖြဲ႕တစ္ခုလုံးရဲ႕ ဖားကန္႔ ျပႆနာမ်ား ႔ေျဖရွင္းမႈဟာ လုံးဝ ( လုံးဝ) မေအာင္ျမင္ဘူး ဆိုတာ ေျပာခ်င္ပါတယ္ ။ဘာေၾကာင့္ မေအာင္ျမင္ရသလဲလို႔ က်ေနာ္အျမင္ကို သုံးသပ္ရလွ်င္ ျပည္သူ႔အေပၚ (ဝါ) တိုင္ျပည့္အေပၚမွာ ထားရွိအပ္တဲ့ စိတ္ေစတနာ မ်ား ျဖစ္ေပၚေစတဲ့ တိုင္းျပည္အုပ္ခ်ဳပ္သူတိုင္း ေမြးျမဴထားရွိရမည့္ အသိပညာမ်ားအားနည္းေနေသာေၾကာင့္ လို႔ထင္ျမင္ယူဆမိပါတယ္ ။ အသိပညာ ၊ အတတ္ပညာ ၊ ကိုယ္ခ်င္းစာတရားႏွင့္ လူ႔တန္ဘိုးမ်ား စသညိ့ အာနိသင္မ်ားျပည့္ဝေသာ ေဆးမ်ားေသာက္ရန္ သမၼႀကီး ႏွင့္ အေပါင္းပါမ်ား ႂကြေတာ္မူပါ အကုန္ ။

ေဇာ္မိုးထက္
...........

“ ဆေးသောက်ရန် ကြွတော်မူပါ သမ္မတကြီးနှင့် အပေါင်းပါများ ”

သမ္မတကြီး ဦးသိန်းစိန်အစိုးရ အဖွဲ့အားလုံးမှာ အာဏာလွှဲပြောင်ခါနီးထိ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာမှာ အားရစရာ တစ်ကွက်မှ မတွေ့ပါ ။ ဘယ်လိုလုပ်တွေမှာလဲ အားလုံးက အရူးကွက်တွေချည်းကိုး ။ဘာကြောင့်ကျနော် ဒီလိုပြောရတယ်ဆိုတာ သာဓက တစ်ခု ကျနော် ပြောပြပါံမယ် ။

ခင်ဗျားတို့ ဖားကန့် ကျောက်စိမ်းတွင်းက သတင်းတွေ ကြားလိုက်မှာပေါ့ ။ ဖားကန့်ကိစ္စမှာ နိုင်ငံတော်က ဖြေရှင်းတာ ခင်ဗျားတို့ ကြားလိုက်မှာပေါ့ ။ စွန့်ပစ် မြေဇာပြိုလို့ လူရာချီသေရာက စတဲ့ ပြဿနာဟာ ဆိုင်းမဆင့် ဗုံမဆင့် ကံပိုင်တည် နယ်စပ်က တရားမဝင် ယန္တရားသွင်းတဲ့ဆီ ရောက်သွားတယ် ။ ပြည်သူတွေ အာရုံပြောင်းအောင် အထူးစုံစမ်းရေးတွေ ၊စစ်ဆေးရေးတွေဖွဲ့ပြီး စစ်လား ဆေးလား လုပ်တယ် ။ စစ်တဲ့အဖွဲ့ကလည်း ယဉ်အစီး တစ်သောင်းကျော်တွေ့ရှိတယ် လို့ ပြောတယ် ။ ဘာကိုဆိုလိုမှန်းမသိဘူး ။ ဘာတစ်ခုမှလည်း ပွင့်လင်းမြင်သာမှု မရှိဘူး ။ ဘာကို ယုံရမှန်းလည်းမသိဘူး ။ ယုံကြည်စရာလည်း တစ်ကွက်မှ မရှိဘူး ။ ကုန်ကုန်ပြောရရင် သမ္မတကြီး ကိုယ်တိုင်လာစစ်လည်း မယုံပါဘူး ။ကျနော်တို့ဟာ အရင်ကတည်းကလည်း မယုံကြည်ခဲ့ပါဘူး ။ခုလည်းမယုံကြည်ပါဘူး ။ အဲဒါ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ပြည်သူတွေ ယုံကြည်အောင် ဘယ်တုန်းကမှ မလုပ်ခဲ့လို့ပါပဲ ။

စွန့်ပစ်မြဇာပြိုပြီး လူရာချီသေလို့ တရားမဝင် ယန္တရားတင်သွင်းတာကို စစ်ဆေးနေချိန် နောက်ထပ် အဲ့နေရာတစ်ဝိုက်မှာ မြေဇာ (၄) ကြိမ် ထပ်ပြိုပြီး စုစုပေါင်းလူရာချီသေပြန်တယ် ။ ခင်ဗျားတို့ အစိုးရအဖွဲ့ ဘာလာလုပ်ပေးလဲ ? ။ဘယ်မှာလည်း ခင်ဗျားတို့အစိုးရဲ့ ပြည်သူ့အသက်အိုးအိမ် တန်ဘိုးထားမှု ။ခင်ဗျားတို့ အစိုးရရဲ့ ဖြေရှင်းမှုတွေက ဘာတွေ အကျိုးသက်ရောက်ခဲ့လည်း စဉ်းစားပါ ။ ခင်ဗျားတို့ ပြောပြောနေသည့် အမျိုးသား အကျိုးစီးပွားကာကွယ်မှုဆို ဘာလဲ ဘယ်လဲ လို့ပဲ မေးခွန်းထုတ်ချင်ပါတယ် ။သေတာကို မသနားတဲ့အပြင် မဆီမဆိုင် ပို့ဆွမ်းစားနေတဲ့ လူကြီးက ရေမဆေးကျောက် ကောက်တဲ့သူတွေ ရွှေကျင်လို့ မြေဇာပြိုတယ်လို့ ရွှီးလိုက်သေး ။ ပိုဆိုးတာက ရေမဆေးကျောက်ရှာသူတွေကို KIA လို့ စွပ်စွဲလိုက်သေး ။ အဲ့ရေမဆေးကျောက် ရှာတဲ့လူတွေသာ KIA တွေဆိုရင် သေနတ်တောင်မလိုတော့ဘူး ။သူတို့မှာပါတဲ့ ကျောက်ရှာတဲ့ စိန်တူနဲ့တင် ဖားကန့်ကို သိမ်းလို့ရပါပြီ ။

မြေပြိုသည့် ကိစ္စမပြောခင် တရားမဝင် ယန္တရား တင်သွင်းသည့် ကိစ္စ ဆက်သွားကြရအောင်ဗျာ ။တရားမဝင် ယန္တရား သွင်းတဲ့ကိစ္စမှာ အဂတိ လိုက်စားသူတွေကို အရေးယူတာလည်း ကြည်လိုက်အုံး ။ အသေးစိတ် အချက်အလက်တွေကတော့ သတင်းစာတွေမှာလည်း ပါပြီးသားမို့ မရေးတော့ပါဘူး ။လစာမတိုးပဲ ဆိုင်းငံ့ ၊နယ်ပြောင်း ၊ ပင်စင်ပေး စတဲ့ပြစ်ဒဏ်တွေ ပေးတဲ့အကြောင်းကို လူသိရှင်ကြား ထုတ်ပြောရဲတာတော့ တော်တော်အံ့သြမိပါတယ် ။ ဒါကြောင့်လည်း ခင်ဗျားတို့ အစိုးရ ယန္တရားကြီး တစ်ခုလုံး ကိုယ်ကျိုးရှာ လူညစ် သားကောင်းတွေနဲ့ ဖွဲ့စည်းထားသလို ဖြစ်တာ မဆန်းပါဘူး ။ဆက်စပ်သူများကို ဆက်လက်အရေးယူမယ်ဆိုတာက ကြော်ငြာလိုက်သေး ဗျာ ။ဒီလို လူအဖွဲ့အစည်းမှာ ဒီလို ကိုယ်ကျိုးရှာသမားတွေ ရှိတာမဆန်းပေမဲ့ ပြည်သူတွေမှာ နစ်နာလှပါပြီ ။

ကျောက်စိမ်း တူးဖော်ရေး ကုမ္မဏီများ ဘာကြောင့် မထိရဲတာလဲ ?

၈၈ အရေးအခင်းပြီး နောက်ပိုင်း မြန်မာပြည်မှာ လူအစုံလိုက်အပြုံလိုက် သေဆုံးမှုဟာ နာဂစ်ပြီးရင် ဖားကန့်ဟာ ဒုတိယ အများဆုံး ဖြစ်မယ်ထင်ပါတယ် ။ ဖားန့်မှာ လူတွေအစုလိုက်သေတာကို ကမ႓ာက စသိတာ ၂၁.၁၁.၂၀၁၅ နေ့ ဖြစ်စဉ်ပါ ။ ဒီ့အရင် အလားတူ သေဆုံးမှုတွေ ဒုနဲ့ဒေးရှိနေပါတယ် ။ အဲဒီဖြစ်စဉ်တွေမှာ ခင်ဗျားတို့ အစိုးရဆိုတဲ့ အဖွဲ့အစည်းကြီး ကိုယ့်ပြည်သူတွေ သေတာကို သနားဘို့မပြောနဲ့ သွားတောင်ကြည့်ခဲ့လား ? ဘယ်မြေဇာပုံမှာ သပိတ်သွတ်ပေးဘူးလဲ? ။ ဆုတောင်းပေးဘူးလဲ? ။ ပွင့်လင်းမြင်သာစွာ ဘယ်ကုမ္မဏီကို အစိုးရက တရာစွဲဘူးလဲ? ခင်ဗျားတို့ အစိုးရ အဖွဲ့အစည်းတစ်ခုလုံး တရုတ်စီးပွားရေးသမားတွေနဲ့ပေါင်းပြီး တရုတ်စရိုက်တွေ ဝင်ပူးနေတယ်ဆိုတာရော သတိထားမိကြလား ? ။ တရုတ်စီးပွားရေးသမားတွေလို ငွေမျက်နှာ တစ်ခုတည်းကြည့်ပြီး ကိုယ်ချင်းစာတရာဆိုတာ ဝေလာဝေး ၊ ရက်စက်မှု ၊ယုတ်မာမှု ၊ကောက်ကျစ်မှု စတဲ့ရောဂါ လက္ခဏာတွေ ခင်ဗျားတို့ အစိုးရ အဖွဲ့အစည်းကြီးတစ်ခုလုံးမှာ စွဲကပ်နေပြီဆိုတာ မမေ့ကြပါနဲ့ ။

၂၁.၁၁.၂၀၁၅ နေ့က လူရာချီသေနေတဲ့အချိန်မှာ ဟန်ဆောင်ပြီးတောင် ဝမ်းနည်းမပေးနိုင်ကြဘူး ။ကိုယ်နဲ့မဆိုင်သလို အလုပ်အကိုင်မပျက် ကျောက်တူးဖော်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတဲ့ မြင်ကွင်းက မြန်မာနိုင်ငံသားတွေကို တန်ဘိုးမထားဘူး ၊ ဂရုမစိုက်ဘူးဆိုတာ ဖော်ပြနေတာပါ ။

မြစ်ဆုံစီမံကိန်းလို ဟာမျိုးကို တားဆီးနိုင်ခဲ့ပြီး ဖားကန့်က ကျောက်မျက်ကုမ္မဏီတွေကို ရပ်ဆိုင်းသည်အထိ မတာမြစ်နိုင်ဘူးဆိုတာ အလွန်စဉ်းစားရမဲ့ အချက်ပါ ။လူတွေရာချီသေတာကို ရက်လည်ကာနီးမှ သမ္မတဆိုသူက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လာတာဟာ တစ်ကယ်ဝမ်းနည်းလို့ မဖြစ်နိုင်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ သဝဏ်လွှာပို့ပြီး တစ်ပတ်ကျော်မှာပဲ ထပ်ပြိုပြန်ပါတယ် ။ ဝမ်းနည်း တဲ့သမ္မတက ကျောက်စိမ်းကုမ္မဏီတွေကို ရပ်နားစစ်ဆေးဘို့ ၊မြေဇာပုံတွေ အန္တရညယ်ကင်းအောင် ပြင်ဆင်သတ်မှတ်ဘို့သမ္မတအမိန့်နဲ ့ မညွှန်ကြားပဲ တရားမဝင် ယန္တရားသွင်းတဲ့အမှုကြမှ သမ္မကြီး ညွှန်ကြားချက် နဲ့ဆိုပြီး ဖတ်လိုက်ရတာ ဟားစရာကောင်းပါတယ် ။ ခုဆို ဘယ်လောက်ဆိုးလဲ ဗျာ ။ သီတင်းကျွတ်ဆိုရင် ကျနော်တို့မှာ ဗျောက်ဖောက်ခွင့်မရပေမဲ့ ဖားကန့်မှာ မနက် ၅:၀၀ နာရီကနေ ည ၁၀:၀၀ နာရီအထိ ယမ်းတွေ တန်ချီထည့်ပြီး တစ်အုန်းအုန်း နဲ့ တောင်တွေဖြိုခွင့်ရနေတယ် ။

ဒေသခံနဲ့ ပြည်သူတွေ လိုချင်တာက တရားမဝင် ယန္တရားတင်သွင်းတာကို အရေးယူဘို့ မဟုတ်ပါဘူး ။ ကျောက်စိမ်းတွေ အလွန်အကျွံ တူးနေတာကို ထိမ်းသိမ်းစေချင်တာပါ ။ ဒီကုမ္မဏီတွေရဲ့ တူးဖော်နေမှုတွေဟာ ဥပဒေအတိုင်း တိကျလိုက်နာမှု ရှိ/မရှိ ပွင့်လင်းမြင်သာမှု ရှိတဲ့ အရပ်ဘက်အဖွဲအစည်းက ပညာရှင်တွေနဲ့ စစ်ဆေးစေချင်တာပါ ။ကုမ္မဏီက စွန့်ပစ်ထားတဲ့ စွန့်ပစ်မြေဇာပုံကတောင် ယူရိုသန်း (၆၀) လောက်တန်တဲ့ ကျောက်စိမ်းတွေရနေရင် ၊ကျောက်စိမ်းတောင် တစ်တောင်လုံးကို ဖြိုနေ ၊ တူးနေတဲ့ ကုမ္မဏီတွေ ဘယ်လောက်ရလို့ ၊ နိုင်ငံတော်ကို ဘယ်လောက်အပ်သလဲဆိုတာကို သိချင်နေတာပါ ။ ဒါတွေကို ဘာကြောင့် မလုပ်ရတာလဲလို့ မေးချင်နေတာပါ ။ အဲဒီအလုပ်တွေကို ခင်ဗျားတို့ အစိုးရ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ ကျောက်စိမ်းကုမ္မဏီတွေ နဲ့ ခင်ဗျားတို့ အစိုးရ ကြားမှာ မရိုးသားမှုတွေ အကြီးကြီး ရှိနေတယ်ဆိုတာ ပြည်သူတွေက အပြည့်အဝ ယုံကြည်ပြီးသားပါ ။ ခင်ဗျားတို့ ကျနော်တို့ ပြည်သူတွေအပေါ်မှာ ဘယ်လိုပဲ လှည့်စားနေပါစေ ပြည်သူတွေက သိနေတယ်ဆိုတာ မမေ့ကြပါနဲ့ ။ ဟိုတစ်လောကလည်း ဖားကန့်က ကျောက်မျက်ကုမ္မဏီ (၆၀) ကျော် ခေတ္တရပ်နား ဆိုပြီး ကြေးမုံမှာ ဖတ်လိုက်ရတယ် ။ ဖားကန့်မှာ ကုမ္မဏီ နာမည်ခံ ၊ လုပ်ကွက်လျှောက်ပြီး ရောင်းစားနေတဲ့ ကုမ္မဏီတွေ ရပ်နားတာများ ပြည်သူတွေ ဖားကန့်ကိစ္စကို အာရုံကျအောင် လာလုပ်နေသေးးတယ် ။ဒါကြောင့် အရူးကွက်တွေလို့ ကျနော်ပြောခဲ့တာပါ ။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ခင်ဗျားတို့ အစိုးရအဖွဲ့တစ်ခုလုံးရဲ့ ဖားကန့် ပြဿနာများ ့ဖြေရှင်းမှုဟာ လုံးဝ ( လုံးဝ) မအောင်မြင်ဘူး ဆိုတာ ပြောချင်ပါတယ် ။ဘာကြောင့် မအောင်မြင်ရသလဲလို့ ကျနော်အမြင်ကို သုံးသပ်ရလျှင် ပြည်သူ့အပေါ် (ဝါ) တိုင်ပြည့်အပေါ်မှာ ထားရှိအပ်တဲ့ စိတ်စေတနာ များ ဖြစ်ပေါ်စေတဲ့ တိုင်းပြည်အုပ်ချုပ်သူတိုင်း မွေးမြူထားရှိရမည့် အသိပညာများအားနည်းနေသောကြောင့် လို့ထင်မြင်ယူဆမိပါတယ် ။ အသိပညာ ၊ အတတ်ပညာ ၊ ကိုယ်ချင်းစာတရားနှင့် လူ့တန်ဘိုးများ စသညိ့ အာနိသင်များပြည့်ဝသော ဆေးများသောက်ရန် သမ္မကြီး နှင့် အပေါင်းပါများ ကြွတော်မူပါ အကုန် ။

ဇော်မိုးထက်
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)