ဖမ္းဆီးခံ ပန္ဟတ္ရြာသား ၄ ဦး လႊတ္ေပးဖုိ႔ ေတာင္းဆုိ

ေျမျမဳပ္မုိင္းေတြကို ဖယ္ရွားေပးဖို႔နဲ႔ ဖမ္းဆီးခံရြာသားေတြကို ျပန္လႊတ္ေပးဖို႔ မတ္လ ၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဒိုင္းမြန္းကြန္ဒိုမွာ ကခ်င္အမ်ဳိးသားလံုးဆုိင္ရာ ကြန္ရက္က သတင္းစာရွင္းလင္းေနစဥ္။ Photo: Zar Ni Htun/ RFA
ရွမ္းျပည္နယ္ေျမာက္ပုိင္း ကြတ္ခုိင္ၿမိဳ႕နယ္ ဟုိပုန္ေက်းရြာမွာရွိတဲ့ ေျမျမဳပ္မုိင္းေတြကို ဖယ္ရွားေပးဖို႔နဲ႔ အစိုးရတပ္မေတာ္ တပ္မ ၁၁ က ဖမ္းဆီးထားတဲ့ သိန္းနီၿမိဳ႕နယ္ ပန္ဟတ္ေက်းရြာသား ၄ ေယာက္ကို ျပန္လႊတ္ေပးဖုိ႔ ဒီေန႔ ရန္ကုန္ၿမိဳ႕ ဒိုင္းမြန္းကြန္ဒိုမွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေဒသခံေတြနဲ႔ ကခ်င္အမ်ဳိးသားလံုးဆုိင္ရာ ကြန္ရက္က ေတာင္းဆုိလိုက္ပါတယ္။

ေျမျမဳပ္မုိင္းေတြကို ဘယ္လက္နက္ကိုင္အဖဲြ႔က ဟုိပုန္ေက်းရြာမွာ ျမဳပ္ထားတယ္ဆုိတာ အတိအက်မသိတာေၾကာင့္ လက္နက္ကိုင္ ၃ ဖြဲ႔ ပူးေပါင္းညွိႏႈိင္းၿပီး ဖယ္ရွားေပးဖို႔ ေတာင္းဆုိတာျဖစ္တယ္လို႔ ရွမ္းျပည္နယ္ ကခ်င္အမ်ဳိးသားလံုးဆုိင္ရာကြန္ရက္က ကိုအုိက္ဇက္ေအာင္က ေျပာပါတယ္။

"ရြာေဘးနားမွာ ျမွဳပ္ႏွံထားတဲ့ ေျမျမွဳပ္မုိင္းမ်ားကို လက္နက္ကိုင္အဖြဲ႔အစည္းေတြျဖစ္တဲ့ ၃ ဖြဲ႔စလံုးပူးေပါင္းၿပီးေတာ့ သူတို႔အေနနဲ႔ဖယ္ရွားေပးဖို႔ က်ေနာ္တို႔ အေနနဲ႔ ေတာင္းဆို ျခင္းျဖစ္ပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ေျမျမွဳပ္မိုင္း ျမွဳပ္တဲ့အဖြဲ႔အစည္းေတြက သူတို႔ျမွဳပ္တဲ့ေနရာကို သူတို႔ပဲသိတာမို႔လို႔ပါ၊ က်ေနာ္တို႔ အေနနဲ႔ ရြာသားေတြအေနနဲ႔ ေျပာဆိုခြင့္မရွိပါဘူး၊ က်ေနာ္တို႔ ၃ ဖြဲ႔စလံုးပူးေပါင္းၿပီးေတာ့ ညွိႏိႈင္းၿပီးေတာ့ က်ေနာ္တို႔ ရြာသားေတြအတြက္ ရည္ရြယ္ၿပီးေတာ့ ပူးေပါင္းၿပီးေတာ့ လုပ္ေဆာင္ေပးဖို႔ ေမတၱာရပ္ခံ ထားပါတယ္"

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ဟိုပုန္ေက်းရြာမွာ ၿပီးခဲ့တဲ့ဇန္န၀ါရီလ ၁၁ရက္ေန႔မွာ အစိုးရတပ္မေတာ္နဲ႔ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္တုိ႔ တုိက္ပဲြျဖစ္ပြားခဲ့ၿပီး ဇန္န၀ါရီလ ၁၂ရက္ေန႔နဲ႔ ၁၃ရက္ေန႔တုိ႔မွာ အစိုးရတပ္မေတာ္နဲ႔ တအာင္းလြတ္ေျမာက္ေရးတပ္မေတာ္တုိ႔ တုိက္ပဲြထပ္မံျဖစ္ပြားခဲ့ပါတယ္။

ၿပီးခဲ႔တဲ႔ ဇန္န၀ါရီလ ၁၁ ရက္ေန႔က တုိက္ပဲြျဖစ္ပြားၿပီးေနာက္ ပန္ဟတ္ေက်းရြာသား ၁၃ ဦးကို အစိုးရတပ္မ ၁၁ က ဖမ္းဆီးသြားၿပီး တစ္လေလာက္အၾကာမွာ ၉ေယာက္ကို ျပန္လည္လႊတ္ေပးခဲ့ေပမယ့္ ရြာသား ၄ ေယာက္ မလြတ္ေျမာက္ေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

အဲဒီတိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး ေျမျမဳပ္မုိင္းေတြ နင္းမိတဲ့အတြက္ ရြာသူရြာသားေတြနဲ႔ ကၽြဲ၊ ႏြားေတြ ေသဆံုးခဲ့ရတယ္လို႔ ဆုိပါတယ္။

အဖမ္းခံထားရသူေတြရဲ့ အေျခအေနကို သိခြင့္ေပးဖို႔နဲ႔ မိသားစုနဲ႔ ေတြ႔ခြင့္ေပးဖို႔လည္း ေဒသခံေတြ ေတာင္းဆိုခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese

...........................................


မြေမြုပ်မိုင်းတွေကို ဖယ်ရှားပေးဖို့နဲ့ ဖမ်းဆီးခံရွာသားတွေကို ပြန်လွှတ်ပေးဖို့ မတ်လ ၁ ရက်နေ့က ရန်ကုန်မြို့ ဒိုင်းမွန်းကွန်ဒိုမှာ ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက်က သတင်းစာရှင်းလင်းနေစဉ်။ Photo: Zar Ni Htun/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုပုန်ကျေးရွာမှာရှိတဲ့ မြေမြုပ်မိုင်းတွေကို ဖယ်ရှားပေးဖို့နဲ့ အစိုးရတပ်မတော် တပ်မ ၁၁ က ဖမ်းဆီးထားတဲ့ သိန်းနီမြို့နယ် ပန်ဟတ်ကျေးရွာသား ၄ ယောက်ကို ပြန်လွှတ်ပေးဖို့ ဒီနေ့ ရန်ကုန်မြို့ ဒိုင်းမွန်းကွန်ဒိုမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေနဲ့ ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက်က တောင်းဆိုလိုက်ပါတယ်။

မြေမြုပ်မိုင်းတွေကို ဘယ်လက်နက်ကိုင်အဖွဲ့က ဟိုပုန်ကျေးရွာမှာ မြုပ်ထားတယ်ဆိုတာ အတိအကျမသိတာကြောင့် လက်နက်ကိုင် ၃ ဖွဲ့ ပူးပေါင်းညှိနှိုင်းပြီး ဖယ်ရှားပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ရှမ်းပြည်နယ် ကချင်အမျိုးသားလုံးဆိုင်ရာကွန်ရက်က ကိုအိုက်ဇက်အောင်က ပြောပါတယ်။

"ရွာဘေးနားမှာ မြှုပ်နှံထားတဲ့ မြေမြှုပ်မိုင်းများကို လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ၃ ဖွဲ့စလုံးပူးပေါင်းပြီးတော့ သူတို့အနေနဲ့ဖယ်ရှားပေးဖို့ ကျနော်တို့ အနေနဲ့ တောင်းဆို ခြင်းဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ မြေမြှုပ်မိုင်း မြှုပ်တဲ့အဖွဲ့အစည်းတွေက သူတို့မြှုပ်တဲ့နေရာကို သူတို့ပဲသိတာမို့လို့ပါ၊ ကျနော်တို့ အနေနဲ့ ရွာသားတွေအနေနဲ့ ပြောဆိုခွင့်မရှိပါဘူး၊ ကျနော်တို့ ၃ ဖွဲ့စလုံးပူးပေါင်းပြီးတော့ ညှိနှိုင်းပြီးတော့ ကျနော်တို့ ရွာသားတွေအတွက် ရည်ရွယ်ပြီးတော့ ပူးပေါင်းပြီးတော့ လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံ ထားပါတယ်"

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုပုန်ကျေးရွာမှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၁ရက်နေ့မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၁၂ရက်နေ့နဲ့ ၁၃ရက်နေ့တို့မှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် ပန်ဟတ်ကျေးရွာသား ၁၃ ဦးကို အစိုးရတပ်မ ၁၁ က ဖမ်းဆီးသွားပြီး တစ်လလောက်အကြာမှာ ၉ယောက်ကို ပြန်လည်လွှတ်ပေးခဲ့ပေမယ့် ရွာသား ၄ ယောက် မလွတ်မြောက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး မြေမြုပ်မိုင်းတွေ နင်းမိတဲ့အတွက် ရွာသူရွာသားတွေနဲ့ ကျွဲ၊ နွားတွေ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဖမ်းခံထားရသူတွေရဲ့ အခြေအနေကို သိခွင့်ပေးဖို့နဲ့ မိသားစုနဲ့ တွေ့ခွင့်ပေးဖို့လည်း ဒေသခံတွေ တောင်းဆိုခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)