ANP အမတ်များ ဝန်ကြီနေရာ လက်ခံပါက သိန်း ၅၀၀ လျော်ရမည်

၂၉..၃..၁၆

မကြာမီ ရက်ပိုင်းအတွင်း အသစ်ပြန်လည် ဖွဲ့စည်းမည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာများကို လက်ခံမည်ဆိုပါက ပါတီမှ ထုတ်ပယ်ခြင်း ခံရမည် ဖြစ်သလို၊ ဒဏ်ငွေ ကျပ်သိန်း ၅၀၀ ကိုလည်း ပေးလျော်ရမည်ဟု ရခိုင်အမျိုးသားပါတီမှ ၎င်း၏ လွှတ်တော်ကိုယ်စားလှယ်များကို ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။

“ပါတီကိုယ်စားလှယ်တွေအနေနဲ့ ဗဟိုဌာနချူပ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဝန်ကြီးနေရာ လက်ခံမယ်ဆိုရင် ANP ရဲ့ ကိုယ်စားလှယ် ဘယ်သူကိုမဆို ကျူးလွန်ရင် အရေးယူမှာပါ။” ဟု ရခိုင်အမျိုးသားပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြောသည်။

ယခုလို ရခိုင်အမျိုးသားပါတီ၏ တင်းကြပ်သော စည်းကမ်းထုတ်ပြန်ချက်ကို မတ်လ ၂၇ ရက် ည ၆ နာရီတွင် ပြုလုပ်ခဲ့သော ANP ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရခိုင်အမျိုးသားပါတီမှ ဇန်နဝါရီ ၁၉ ရက်စွဲနှင့် ၁/၂၀၁၆ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရရန် တောင်းဆိုထားသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်မှ တစုံတရာ တုံ့ပြန်မှုမရှိဘဲ မတ်လ ၂၈ ရက်တွင် NLD ကိုယ်စားလှယ် ဦးညီပုကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။

ယင်းနောက်တွင် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်များမှ မတ်လ ၂၈ ရက်က ပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးတွင် အနက်ရောင်စတစ်ကာ ကမ်ပိန်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်း၊ ဝန်ကြီးချုပ်အမည် တင်သွင်းချိန်တွင် လွှတ်တော်ခန်းမဆောင်မှ ထွက်ခွာခဲ့ခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ရခိုင်အမျိုးသားပါတီမှ ယခုလို ဆောင်ရွက်ချက်များကြောင့် ANP နှင့် NLD ကြား ပိုမို တင်းမာသော ဆက်ဆံရေးအနေထားသို့ ရောက်ရှိလာပြီး ယင်းလုပ်ရပ်များအပေါ် ဦးညီပုက လွှတ်တော်၏ ဂုဏ်သိက္ခာ ထိခိုက်ရန် နောက်ထပ် မည်သည့်ကိစ္စမှ မဖြစ်ပွားစေလိုကြောင်းလည်း မတ်လ ၂၈ ရက်က မဇ္ဈိမကို ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ANP မှ ပြည်နယ်လွှတ်တော် ဥက္ကဌ နှင့် ဒုဥက္ကဌ နေရာများကို ရရှိထားပြီး ကိုယ်စားလှယ် ၂၃ ဦးထိ အနိုင်ရရှိထားသော်လည်း အစိုးရဖွဲ့စည်းရေး ကိစ္စရပ်များတွင် ပူးပေါင်း ပါ၀င်ခြင်း မပြုရန် ပါတီမှ တင်းကြပ်စွာ စည်းကမ်းထုတ်ပြန်ထားသလို ပါတီ၏ ကြေညာချက်နှင့် လုပ်ရပ်များအပေါ်တွင်လည်း ရခိုင်လူထုမှ ထောက်ခံကြောင်း စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် ဆန္ဒဖော်ထုတ်မှု၊ ပိုစတာကမ်ပိန်းများ ပြလုပ်ခဲ့ကြသည်။

မဇ္ဈိမ
..................................


ANP အမတ္မ်ား ဝန္ႀကီေနရာ လက္ခံပါက သိန္း ၅၀၀ ေလ်ာ္ရမည္

၂၉..၃..၁၆

မၾကာမီ ရက္ပုိင္းအတြင္း အသစ္ျပန္လည္ ဖြဲ႔စည္းမည့္ ရခုိင္ျပည္နယ္အစုိးရအဖြဲ႔တြင္ ဝန္ႀကီးေနရာမ်ားကုိ လက္ခံမည္ဆုိပါက ပါတီမွ ထုတ္ပယ္ျခင္း ခံရမည္ ျဖစ္သလုိ၊ ဒဏ္ေငြ က်ပ္သိန္း ၅၀၀ ကုိလည္း ေပးေလ်ာ္ရမည္ဟု ရခုိင္အမ်ဳိးသားပါတီမွ ၎၏ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားကုိ ခံဝန္လက္မွတ္ ေရးထုိးခုိင္းခဲ့ေၾကာင္း သိရသည္။

“ပါတီကုိယ္စားလွယ္ေတြအေနနဲ႔ ဗဟုိဌာနခ်ဴပ္ရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ ဝန္ႀကီးေနရာ လက္ခံမယ္ဆုိရင္ ANP ရဲ႕ ကုိယ္စားလွယ္ ဘယ္သူကုိမဆုိ က်ဴးလြန္ရင္ အေရးယူမွာပါ။” ဟု ရခုိင္အမ်ဳိးသားပါတီ၏ ေျပာေရး ဆုိခြင့္ရွိသူ ဦးခုိင္ျပည္စုိးက ေျပာသည္။

ယခုလုိ ရခုိင္အမ်ဳိးသားပါတီ၏ တင္းၾကပ္ေသာ စည္းကမ္းထုတ္ျပန္ခ်က္ကုိ မတ္လ ၂၇ ရက္ ည ၆ နာရီတြင္ ျပဳလုပ္ခဲ့ေသာ ANP ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္မ်ားႏွင့္ ပါတီ ဗဟုိအလုပ္အမႈေဆာင္ အဖြဲ႔တုိ႔ အစည္းအေဝးတြင္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္ဟု သိရသည္။

ရခုိင္အမ်ဳိးသားပါတီမွ ဇန္နဝါရီ ၁၉ ရက္စြဲႏွင့္ ၁/၂၀၁၆ ထုတ္ျပန္ခဲ့ေသာ ေၾကညာခ်က္တြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္အစုိးရအဖြဲ႔ကုိ ဦးေဆာင္ဖြဲ႔စည္းခြင့္ရရန္ ေတာင္းဆုိထားေသာ္လည္း အမ်ဳိးသား ဒီမုိကေရစီအဖြဲ႔ခ်ဴပ္မွ တစုံတရာ တုံ႔ျပန္မႈမရွိဘဲ မတ္လ ၂၈ ရက္တြင္ NLD ကုိယ္စားလွယ္ ဦးညီပုကုိ ဝန္ႀကီးခ်ဳပ္အျဖစ္ အမည္စာရင္း တင္သြင္းခဲ့သည္။

ယင္းေနာက္တြင္ ရခုိင္အမ်ဳိးသားပါတီ ကုိယ္စားလွယ္မ်ားမွ မတ္လ ၂၈ ရက္က ျပဳလုပ္ခဲ့ေသာ လႊတ္ေတာ္အစည္းအေဝးတြင္ အနက္ေရာင္စတစ္ကာ ကမ္ပိန္းလႈပ္ရွားမႈမ်ား ျပဳလုပ္ခဲ့ျခင္း၊ ဝန္ႀကီးခ်ဳပ္အမည္ တင္သြင္းခ်ိန္တြင္ လႊတ္ေတာ္ခန္းမေဆာင္မွ ထြက္ခြာခဲ့ျခင္း၊ သတင္းစာရွင္းလင္းပြဲမ်ား ျပဳလုပ္ခဲ့ျခင္းတုိ႔ကုိ ေဆာင္ရြက္ခဲ့သည္။

ရခုိင္အမ်ဳိးသားပါတီမွ ယခုလုိ ေဆာင္ရြက္ခ်က္မ်ားေၾကာင့္ ANP ႏွင့္ NLD ၾကား ပုိမုိ တင္းမာေသာ ဆက္ဆံေရးအေနထားသုိ႔ ေရာက္ရွိလာၿပီး ယင္းလုပ္ရပ္မ်ားအေပၚ ဦးညီပုက လႊတ္ေတာ္၏ ဂုဏ္သိကၡာ ထိခုိက္ရန္ ေနာက္ထပ္ မည္သည့္ကိစၥမွ မျဖစ္ပြားေစလုိေၾကာင္းလည္း မတ္လ ၂၈ ရက္က မဇၩိမကုိ ေျပာၾကားခဲ့သည္။

ရခုိင္ျပည္နယ္ လႊတ္ေတာ္တြင္ ANP မွ ျပည္နယ္လႊတ္ေတာ္ ဥကၠဌ ႏွင့္ ဒုဥကၠဌ ေနရာမ်ားကုိ ရရွိထားၿပီး ကုိယ္စားလွယ္ ၂၃ ဦးထိ အႏုိင္ရရွိထားေသာ္လည္း အစုိးရဖြဲ႔စည္းေရး ကိစၥရပ္မ်ားတြင္ ပူးေပါင္း ပါ၀င္ျခင္း မျပဳရန္ ပါတီမွ တင္းၾကပ္စြာ စည္းကမ္းထုတ္ျပန္ထားသလုိ ပါတီ၏ ေၾကညာခ်က္ႏွင့္ လုပ္ရပ္မ်ားအေပၚတြင္လည္း ရခုိင္လူထုမွ ေထာက္ခံေၾကာင္း စစ္ေတြ၊ ေျမာက္ဦး၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေပါက္ေတာႏွင့္ ရခုိင္ျပည္နယ္ရွိ ၿမဳိ႕နယ္တခ်ဳိ႕တြင္ ဆႏၵေဖာ္ထုတ္မႈ၊ ပုိစတာကမ္ပိန္းမ်ား ျပလုပ္ခဲ့ၾကသည္။

မဇၩိမ
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)