ANP အလုပ္အမႈေဆာင္ ၆ ဦး ထုတ္ပယ္ခံရ

ရခုိင္အမ်ဳိးသားပါတီ ANP ရဲ႕ သေဘာထားေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး ALD ေခါင္းေဆာင္တခ်ဳိ႕ ရန္ကုန္ၿမိဳ႕ ေတာ္ဝင္ႏွင္းဆီခန္းမမွာ မတ္လ ၆ ရက္ေန႔က သတင္းစာရွင္းလင္းစဥ္။ Photo: Aung Thain Kha/ RFA
ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ခြင္ျပဳခ်က္မပါဘဲ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့တဲ့ ပါတီ အလုပ္အမႈေဆာင္ ၆ ဦးကို ပါတီကေနထုတ္ပယ္လိုက္တယ္လို႔ ဒီေန႔က်င္းပတဲ့ ANP ပါတီ အလုပ္အမႈေဆာင္ေကာ္မတီ အစည္းအေဝးမွာ ဆံုးျဖတ္လိုက္ပါတယ္။

အစည္းအေဝးကိုတက္ေရာက္တဲ့ အလုပ္အမႈေဆာင္ေကာ္မတီဝင္အားလံုးက တညီ တညြတ္တည္း ဆံုးျဖတ္ခဲ့ၾကတာလို႔ ပါတီရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးထြန္းေအာင္ေက်ာ္က ေျပာပါတယ္။

"ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီအမ်ားစုက ေကာက္ခ်က္ဆြဲရွင္းလင္းတင္ျပၾကတဲ့ အေက်အလည္ေဆြးေႏြးၾကတဲ့အတြက္ ေနာက္ဆံုးမွာေတာ့ ပါတီကေန ထုတ္ဖယ္ဖို႔ အတြက္ ေဆြးေႏြးလိုက္ၾကပါတယ္၊ ကာယကံရွင္ေတြကိုက်ေတာ့ က်ေနာ္တို႔က ဒီဆံုးျဖတ္ခ်က္ေတြကို မိမိကိုယ္တိုင္သိေစဖို႔ က်ေနာ္တို႔ မျဖစ္ျဖစ္ေအာင္ က်ေနာ္တို႔ပါတီကေန ေပးပို႔သြားမွာပါ"

အစိုးရသစ္လက္ထက္မွာ ရခုိင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေနရာကို ရခုိင္အမ်ိဳးသား ပါတီက သာရရိွေရးနဲ႔ ညီညြတ္ ေသာတိုင္းရင္းသားလူမ်ိဳးမ်ား မဟာမိတ္အဖြဲ႔ (UNA)နဲ႔ မဟာမိတ္ဆက္ဆံေရးကို ရပ္စဲသြားမယ္ဆိုတဲ့ ေၾကျငာခ်က္ ႏွစ္ေစာင္ဟာ တရားမဝင္ တာေၾကာင့္ လက္မခံႏိုင္ဘူးလို႔ ပါတီအလုပ္အမႈ ေဆာင္ေကာ္မတီဝင္ ၆ ဦးက ၿပီးခဲ့တဲ့ မတ္လ ၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေတာ္ဝင္ႏွင္းဆီခန္းမမွာ သတင္းစာရွင္းလင္းခဲ့တာပါ။

ရခိုင္အမ်ိဳးသားပါတီ (ANP) ဟာ ရခိုင္တိုင္းရင္းသားမ်ားတိုးတက္ေရးပါတီ(RNDP)နဲ႔ ရခိုင္ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (ALD)ပါတီႏွစ္ခု ေပါင္းစည္းထားတာျဖစ္ၿပီး အခုပါတီက ထုတ္ပယ္ျခင္းခံရတဲ့ အလုပ္အမႈေဆာင္ ေကာ္မတီဝင္ ၆ ဦးဟာ ALD ရခိုင္ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီဝင္ေဟာင္းေတြ ျဖစ္ၾကပါတယ္။

ထုတ္ပယ္ခံရသူထဲမွာပါတဲ့ အလုပ္အမႈေဆာင္ေကာ္မတီဝင္ ဦးမ်ိဳးေက်ာ္က သူတို႔ကို ရည္ရြယ္ခ်က္ရိွရိွ ေဆာင္ရြက္ခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။

"အခုရခုိင္အမ်ိဳးသားပါတီထဲမွာရွိတဲ့ ALD အုပ္စုကို ရခိုင္အမ်ိဳးသားပါတီထဲက ဖယ္လိုက္မယ္၊ ထုတ္လိုက္မယ္၊ ဆိုတာမ်ိဳးကို သူတို႔ကအားထုတ္ေနတာျဖစ္ ပါတယ္၊ ဒါမ်ိဳးက သံတြဲညီလာခံမွာလည္း က်ေနာ္တို႔ေတြကို အျပတ္ရွင္းခဲ့တယ္၊ ဒုတိယအေနနဲ႔ ၂၀၁၅ ေရြးေကာက္ပြဲမွာ ကိုယ္စားလွယ္မပါရွိေရးအတြက္ က်ေနာ္တို႔ေတြရွင္းခဲ့ၿပီးပါၿပီ၊ အခုက်ေနာ္တို႔ေတြလုပ္ေနတာက ALD ကပုဂၢိဳလ္ေတြေနရာရရွိေရးအတြက္ လုပ္ေနတာမဟုတ္ဘူးဆိုတာလည္း က်ေနာ္ တို႔ ျပည္သူလူထုကိုေျပာခ်င္ပါတယ္"

မေန႔ကစတင္ျပဳလုပ္ခဲ့တဲ့ ANP ပါတီ ဗဟိုေကာ္မတီအစည္းအေဝးနဲ႔ ဗဟိုအလုပ္ အမႈေဆာင္ အစည္းအေဝးေတြကို ALD ပါတီဝင္ေဟာင္းေတြကို ဖိတ္ၾကားတာ မရိွခဲ့ဘူးလို႔ ေျပာပါတယ္။

ဒါ့အျပင္ ပါတီညီလာခံကေန ခန္႔အပ္ခဲ့တဲ့ အလုပ္အမႈေဆာင္ေတြကို အေရးေပၚ အစည္းအေဝးျပဳလုပ္ ၿပီး ထုတ္ပယ္လိုက္တာဟာ ပါတီစည္းမ်ဥ္းစည္းကမ္းကို ခ်ိဳးေဖာက္ရာေရာက္တယ္လို႔လည္း ဦးမ်ိဳးေက်ာ္က ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese

.....................................


ရခိုင်အမျိုးသားပါတီ ANP ရဲ့ သဘောထားကြေညာချက်နဲ့ ပတ်သက်ပြီး ALD ခေါင်းဆောင်တချို့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ မတ်လ ၆ ရက်နေ့က သတင်းစာရှင်းလင်းစဉ်။ Photo: Aung Thain Kha/ RFA
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ခွင်ပြုချက်မပါဘဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ ပါတီ အလုပ်အမှုဆောင် ၆ ဦးကို ပါတီကနေထုတ်ပယ်လိုက်တယ်လို့ ဒီနေ့ကျင်းပတဲ့ ANP ပါတီ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

အစည်းအဝေးကိုတက်ရောက်တဲ့ အလုပ်အမှုဆောင်ကော်မတီဝင်အားလုံးက တညီ တညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

"ဗဟိုအလုပ်အမှုဆောင် ကော်မတီအများစုက ကောက်ချက်ဆွဲရှင်းလင်းတင်ပြကြတဲ့ အကျေအလည်ဆွေးနွေးကြတဲ့အတွက် နောက်ဆုံးမှာတော့ ပါတီကနေ ထုတ်ဖယ်ဖို့ အတွက် ဆွေးနွေးလိုက်ကြပါတယ်၊ ကာယကံရှင်တွေကိုကျတော့ ကျနော်တို့က ဒီဆုံးဖြတ်ချက်တွေကို မိမိကိုယ်တိုင်သိစေဖို့ ကျနော်တို့ မဖြစ်ဖြစ်အောင် ကျနော်တို့ပါတီကနေ ပေးပို့သွားမှာပါ"

အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသား ပါတီက သာရရှိရေးနဲ့ ညီညွတ် သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နဲ့ မဟာမိတ်ဆက်ဆံရေးကို ရပ်စဲသွားမယ်ဆိုတဲ့ ကြေငြာချက် နှစ်စောင်ဟာ တရားမဝင် တာကြောင့် လက်မခံနိုင်ဘူးလို့ ပါတီအလုပ်အမှု ဆောင်ကော်မတီဝင် ၆ ဦးက ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းခဲ့တာပါ။

ရခိုင်အမျိုးသားပါတီ (ANP) ဟာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)ပါတီနှစ်ခု ပေါင်းစည်းထားတာဖြစ်ပြီး အခုပါတီက ထုတ်ပယ်ခြင်းခံရတဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ၆ ဦးဟာ ALD ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်ဟောင်းတွေ ဖြစ်ကြပါတယ်။

ထုတ်ပယ်ခံရသူထဲမှာပါတဲ့ အလုပ်အမှုဆောင်ကော်မတီဝင် ဦးမျိုးကျော်က သူတို့ကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

"အခုရခိုင်အမျိုးသားပါတီထဲမှာရှိတဲ့ ALD အုပ်စုကို ရခိုင်အမျိုးသားပါတီထဲက ဖယ်လိုက်မယ်၊ ထုတ်လိုက်မယ်၊ ဆိုတာမျိုးကို သူတို့ကအားထုတ်နေတာဖြစ် ပါတယ်၊ ဒါမျိုးက သံတွဲညီလာခံမှာလည်း ကျနော်တို့တွေကို အပြတ်ရှင်းခဲ့တယ်၊ ဒုတိယအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်မပါရှိရေးအတွက် ကျနော်တို့တွေရှင်းခဲ့ပြီးပါပြီ၊ အခုကျနော်တို့တွေလုပ်နေတာက ALD ကပုဂ္ဂိုလ်တွေနေရာရရှိရေးအတွက် လုပ်နေတာမဟုတ်ဘူးဆိုတာလည်း ကျနော် တို့ ပြည်သူလူထုကိုပြောချင်ပါတယ်"

မနေ့ကစတင်ပြုလုပ်ခဲ့တဲ့ ANP ပါတီ ဗဟိုကော်မတီအစည်းအဝေးနဲ့ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွေကို ALD ပါတီဝင်ဟောင်းတွေကို ဖိတ်ကြားတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ပါတီညီလာခံကနေ ခန့်အပ်ခဲ့တဲ့ အလုပ်အမှုဆောင်တွေကို အရေးပေါ် အစည်းအဝေးပြုလုပ် ပြီး ထုတ်ပယ်လိုက်တာဟာ ပါတီစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရာရောက်တယ်လို့လည်း ဦးမျိုးကျော်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)