၀န်ကြီးချူပ် မလုပ်ရလျှင် အတိုက်အခံလုပ်မည်ဟု ANP၏ ကြေညာချက် မြောက်ဦးဒေသခံများက ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်(၀န္ႀကီးခ်ဴပ္ မလုပ္ရလွ်င္ အတုိက္အခံလုပ္မည္ဟု ANP၏ ေၾကညာခ်က္ ေျမာက္ဦးေဒသခံမ်ားက ေထာက္ခံေၾကာင္း ဆႏၵေဖာ္ထုတ္)


၀န္ႀကီးခ်ဴပ္ မလုပ္ရလွ်င္ အတုိက္အခံလုပ္မည္ဟု ANP၏ ေၾကညာခ်က္ ေျမာက္ဦးေဒသခံမ်ားက ေထာက္ခံေၾကာင္း ဆႏၵေဖာ္ထုတ္

    သတင္း ျပည္တြင္း

ေက်ာ္မင္း (စစ္ေတြ)


စစ္ေတြ ၊ မတ္လ ၂၇ ရက္ ။             ။ ရခုိင္ျပည္နယ္အစုိးရအဖြဲ႔ကုိ ဦးေဆာင္ဖြဲ႔စည္းခြင့္ႏွင့္ ျပည္နယ္၀န္ႀကီးခ်ဴပ္ေနရာကုိ ရခုိင္အမ်ဳိးသားပါတီမွ ကုိယ္စားလွယ္အား ခန္႔အပ္ျခင္း မျပဳလွ်င္ အတုိက္အခံအျဖစ္ ရပ္တည္သြားမည္ျဖစ္ေၾကာင္း ANP ၏ ၁/၂၀၁၆ ႏွင့္ ၂/၂၀၁၆ တုိ႔ကုိ ေထာက္ခံေၾကာင္း ယေန႔ မတ္လ ၂၇ ရက္ေန႔ နံနက္ပုိင္းတြင္ ေျမာက္ဦးေဒသခံမ်ားက ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။

ေျမာက္ဦးၿမဳိ႕ အရပ္ဖက္လူမႈအဖြဲ႔အစည္းမ်ား စုေ၀းၿပီး ေျမာက္ဦးၿမဳိ႕၊ ဦးဥတၱမပန္းၿခံတြင္ ယေန႔နံနက္ ၈ နာရီခန္႔က လူထုေထာက္ခံပြဲ ေဟာေျပာပြဲတစ္ခုကို  ျပဳလုပ္ခဲ့ၿပီး အင္အား ၂၀၀ ခန္႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

“ဒီေန႔လုပ္တဲ့ လူထုေထာက္ခံပြဲဟာ ပါတီဗဟိုက ထုတ္ျပန္ထားတဲ့ ၁/၂၀၁၆နဲ႔ ၂/၂၀၁၆ ကို ေထာက္ခံေၾကာင္း လူထု စုေဝးပြဲတစ္ခု လုပ္တာပါ။ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို ရခိုင္ပါတီက ကိုယ္စားလွယ္ေတြကို ေရြးခ်ယ္ေပးဖို႔အတြက္က်ေနာ္တုိ႔ ေတာင္းဆုိပါတယ္။”  ဟု ဆႏၵေဖာ္ထုတ္ပြဲ တက္ေရာက္သူ၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ေျမာက္ဦးၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ ဥကၠဌ ဦးဦးထြန္းလႈိင္က ေျပာသည္။

ယခု ဆႏၵေဖာ္ထုတ္မႈ မတုိင္မီ ျပည္နယ္၀န္ႀကီးခ်ဴပ္ေနရာကုိ ရခုိင္အမ်ဳိးသားပါတီက ရရွိေရးအတြက္ စစ္ေတြၿမဳိ႕တြင္ မတ္လ ၂၃ ရက္ေန႔က  ဆႏၵေဖာ္ထုတ္မႈ တစ္ႀကိမ္ ျပဳလုပ္ခဲ့ၿပီး၊ ယင္းေနာက္တြင္ ဘူးသီးေတာင္၊ ေမာင္ေတာၿမဳိ႕နယ္မ်ားတြင္ နံရံကပ္ ပုိစတာ ကမ္းပိန္းမ်ား ထပ္ဆင့္ ျပဳလုပ္ခဲ့သည္။

“ဖယ္ဒရယ္စနစ္ကို လက္ခံပါတယ္ဆိုၿပီးေတာ့ ေနာက္ထပ္ၿပီး ျပည္နယ္တုိင္းမွာ တစ္ပါတီအာဏာရွင္စနစ္ကို က်င့္သံုးေနတာကို ရခိုင္ျပည္သူလူထုကေတာ့ လံုးဝမႀကိဳက္ဘူး။ ဒါေၾကာင့္ အခုလိုမ်ိဳး ေထာက္ခံပြဲကို ျပဳလုပ္ရတာပါ။ ပါတီက ခ်မွတ္ထားတဲ့ ၁/၂၀၁၆ နဲ႔ ၂/၂၀၁၆ မွာ ပါတဲ့အတိုင္း ရပ္တည္သြားမယ္။ ေတာင္းဆိုုမႈေတြကို လိုက္ေလ်ာမႈ တစ္စံုတစ္ရာ မရွိရင္ေတာ့ ေနာက္ဆက္ၿပီး ေတာင္းဆိုမႈေတြကိုပါ ဆက္လက္ လုပ္ေဆာင္သြားဖို႔ရွိပါတယ္။” ဟု ဦးဦးထြန္းလႈိင္က ေျပာသည္။

ယင္းအျပင္ ျပည္နယ္၀န္ႀကီးခ်ဴပ္ေနရာကုိ ရခုိင္အမ်ဳိးသားပါတီက ကုိယ္စားလွယ္အား ခန္႔အပ္ျခင္း မျပဳဘဲ အစုိးရအဖြဲ႔၀င္မ်ားအျဖစ္ ၀င္ေရာက္လုပ္ကုိင္မည့္ ရခုိင္အမ်ဳိးသားပါတီ ကုိယ္စားလွယ္ မည္သူကုိမဆုိ ပါတီမွ ထုတ္ပယ္သြားမည္ ျဖစ္ေၾကာင္း ဥကၠဌ ေဒါက္တာ ေအးေမာင္က ေျပာၾကားခဲ့သည္။
- See more at: http://www.mizzimaburmese.com/article/12845#sthash.TiwzzgMR.dpuf
................................
၀န်ကြီးချူပ် မလုပ်ရလျှင် အတိုက်အခံလုပ်မည်ဟု ANP၏ ကြေညာချက် မြောက်ဦးဒေသခံများက ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်

    သတင်း ပြည်တွင်း

ကျော်မင်း (စစ်တွေ)


စစ်တွေ ၊ မတ်လ ၂၇ ရက် ။             ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်နှင့် ပြည်နယ်ဝန်ကြီးချူပ်နေရာကို ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်အား ခန့်အပ်ခြင်း မပြုလျှင် အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း ANP ၏ ၁/၂၀၁၆ နှင့် ၂/၂၀၁၆ တို့ကို ထောက်ခံကြောင်း ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မြောက်ဦးဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြောက်ဦးမြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုဝေးပြီး မြောက်ဦးမြို့၊ ဦးဥတ္တမပန်းခြံတွင် ယနေ့နံနက် ၈ နာရီခန့်က လူထုထောက်ခံပွဲ ဟောပြောပွဲတစ်ခုကို  ပြုလုပ်ခဲ့ပြီး အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့လုပ်တဲ့ လူထုထောက်ခံပွဲဟာ ပါတီဗဟိုက ထုတ်ပြန်ထားတဲ့ ၁/၂၀၁၆နဲ့ ၂/၂၀၁၆ ကို ထောက်ခံကြောင်း လူထု စုဝေးပွဲတစ်ခု လုပ်တာပါ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်ပါတီက ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးဖို့အတွက်ကျနော်တို့ တောင်းဆိုပါတယ်။”  ဟု ဆန္ဒဖော်ထုတ်ပွဲ တက်ရောက်သူ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးဦးထွန်းလှိုင်က ပြောသည်။

ယခု ဆန္ဒဖော်ထုတ်မှု မတိုင်မီ ပြည်နယ်ဝန်ကြီးချူပ်နေရာကို ရခိုင်အမျိုးသားပါတီက ရရှိရေးအတွက် စစ်တွေမြို့တွင် မတ်လ ၂၃ ရက်နေ့က  ဆန္ဒဖော်ထုတ်မှု တစ်ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယင်းနောက်တွင် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် နံရံကပ် ပိုစတာ ကမ်းပိန်းများ ထပ်ဆင့် ပြုလုပ်ခဲ့သည်။

“ဖယ်ဒရယ်စနစ်ကို လက်ခံပါတယ်ဆိုပြီးတော့ နောက်ထပ်ပြီး ပြည်နယ်တိုင်းမှာ တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးနေတာကို ရခိုင်ပြည်သူလူထုကတော့ လုံးဝမကြိုက်ဘူး။ ဒါကြောင့် အခုလိုမျိုး ထောက်ခံပွဲကို ပြုလုပ်ရတာပါ။ ပါတီက ချမှတ်ထားတဲ့ ၁/၂၀၁၆ နဲ့ ၂/၂၀၁၆ မှာ ပါတဲ့အတိုင်း ရပ်တည်သွားမယ်။ တောင်းဆိုုမှုတွေကို လိုက်လျောမှု တစ်စုံတစ်ရာ မရှိရင်တော့ နောက်ဆက်ပြီး တောင်းဆိုမှုတွေကိုပါ ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်။” ဟု ဦးဦးထွန်းလှိုင်က ပြောသည်။

ယင်းအပြင် ပြည်နယ်ဝန်ကြီးချူပ်နေရာကို ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်အား ခန့်အပ်ခြင်း မပြုဘဲ အစိုးရအဖွဲ့ဝင်များအဖြစ် ၀င်ရောက်လုပ်ကိုင်မည့် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် မည်သူကိုမဆို ပါတီမှ ထုတ်ပယ်သွားမည် ဖြစ်ကြောင်း ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောကြားခဲ့သည်။
- See more at: http://www.mizzimaburmese.com/article/12845#sthash.TiwzzgMR.dpuf
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)