ပါတီအလုပ္အမႈေဆာင္ ၆ ဦးကုိ အေရးယူဖုိ႔ ANP ဆံုးျဖတ္(ပါတီအလုပ်အမှုဆောင် ၆ ဦးကို အရေးယူဖို့ ANP ဆုံးဖြတ်)


ရခိုင္အမ်ိဳးသားပါတီ ANP ရဲ႕ ေၾကညာခ်က္ကို ALD ပါတီဘက္က လက္မခံေၾကာင္း မတ္လ ၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ ေတာ္ဝင္ႏွင္းဆီခန္းမမွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္စဥ္။ Photo: Aung Thein Kha/RFA
ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ခြင့္ျပဳခ်က္မပါပဲ ရန္ကုန္ၿမိဳ႕မွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့တဲ့ ANP ပါတီရဲ႕ အလုပ္အမႈေဆာင္ ေကာ္မတီဝင္ ၆ ဦးကို အေရးယူသြားဖို႔ ဒီေန႔ အေရးေပၚက်င္းပတဲ့ ANP ပါ တီဗဟိုေကာ္မတီ အစည္းအေဝးက ဆံုးျဖတ္လိုက္ပါတယ္။

ဘယ္လိုပံုစံနဲ႔ အေရးယူမယ္ဆိုတာကို မနက္ျဖန္ ဆက္လက္က်င္းပမယ့္ အစည္းအေဝးမွာ ဆံုးျဖတ္သြားမွာျဖစ္ တယ္လို႔ ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ဒုဥကၠဌ ဦးဖိုးမင္းက ေျပာပါတယ္။

"ေတာ္ဝင္ႏွင္းဆီမွာ သတင္းစာရွင္းလင္းပြဲလုပ္တဲ့ ၆ ဦးကို အေရးယူဖို႔အတြက္ သေဘာတူၾကပါတယ္၊ အေရးယူမယ့္ကိစၥကေတာ့ ဗဟိုေကာ္မတီနဲ႔မဆိုင္ဘူးေလ၊ အဲ့ဒါ ပါတီ CEC နဲ႔ ဆိုင္တဲ့အတြက္ေၾကာင့္ ပါတီ CEC အေနနဲ႔ အဲ့ဒီဗဟိုေကာ္မတီေတြရဲ႕ တင္ျပခ်က္ေတြကို အကုန္လံုးမွတ္တမ္းတင္ၿပီးေတာ့ မနက္ျဖန္မွာ က်ေနာ္တို႔ပါတီ အလုပ္အမႈေဆာင္ေကာ္မတီ စစ္ေတြမွာ ျပန္ေဆြးေႏြးတဲ့အခ်ိန္မွာ ဘယ္လိုအေရးယူမယ္ ဆိုတာ အဲ့ဒီမွပဲ ဆံုးျဖတ္မွာပါ"

ဒါ့အျပင္  အစိုးရသစ္လက္ထက္မွာ ရခုိင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေနရာကို ရခုိင္အမ်ိဳးသားပါတီကသာ မရခဲ့ရင္ ဘယ္အစိုးရအဖြဲ႔မွာမွ ပါဝင္မွာမဟုတ္ပဲ အတိုက္အခံအျဖစ္နဲ႔ ရပ္တည္သြားမယ္ဆိုတာနဲ႔ ညီညြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား မဟာမိတ္အဖြဲ႔ (UNA) နဲ႔ မဟာမိတ္ဆက္ဆံေရးကို ရပ္စဲသြားမယ္ဆိုတဲ့အေၾကာင္း ပါတီကထုတ္ျပန္ထားတဲ့ ေၾကညာခ်က္ေတြအတိုင္း ဆက္လက္ရပ္တည္သြားဖို႔ကိုလည္း ဒီေန႔ ဗဟိုေကာ္မတီ အစည္းအေဝးမွာ ထပ္မံဆံုးျဖတ္ခဲ့ၾကပါတယ္။

ANP ပါတီရဲ႕ အဲ့ဒီေၾကညာခ်က္ ႏွစ္ေစာင္ဟာ တရားမဝင္တဲ့အတြက္ လက္မခံႏုိင္ေၾကာင္း ALD ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ ္ပါတီဝင္ေဟာင္းေတြျဖစ္ၾကတဲ့ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ၆ ဦးက ၿပီးခဲ့တဲ့ မတ္လ ၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ သတင္းစာရွင္းလင္းခဲ့တာပါ။

ရခိုင္အမ်ိဳးသားပါတီ (ANP) ဟာ ရခိုင္တိုင္းရင္းသားမ်ား တိုးတက္ေရးပါတီ(RNDP) နဲ႔ ရခိုင္ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (ALD) ပါတီႏွစ္ခု ေပါင္းစည္းထားတာျဖစ္ပါတယ္။ ဒီေန႔က်င္းပတဲ့ ပါတီအေရးေပၚ အစည္းအေဝးကို ပုဏၰားကၽြန္းၿမိဳ႕နယ္ ပန္းနီလာေက်းရြာမွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဗဟိုေကာ္မတီဝင္ ၄၇ ဦး တက္ေရာက္ခဲ့ၿပီးေတာ့ ALD ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ပါတီဝင္ေဟာင္းေတြကေတာ့ တစ္ဦးတစ္ေယာက္မွ အစည္းအေဝး လာမတက္ၾကဘူးလို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
......................

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ကြေညာချက်ကို ALD ပါတီဘက်က လက်မခံကြောင်း မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ Photo: Aung Thein Kha/RFA
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ခွင့်ပြုချက်မပါပဲ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ ANP ပါတီရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ၆ ဦးကို အရေးယူသွားဖို့ ဒီနေ့ အရေးပေါ်ကျင်းပတဲ့ ANP ပါ တီဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

ဘယ်လိုပုံစံနဲ့ အရေးယူမယ်ဆိုတာကို မနက်ဖြန် ဆက်လက်ကျင်းပမယ့် အစည်းအဝေးမှာ ဆုံးဖြတ်သွားမှာဖြစ် တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ဒုဥက္ကဌ ဦးဖိုးမင်းက ပြောပါတယ်။

"တော်ဝင်နှင်းဆီမှာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ၆ ဦးကို အရေးယူဖို့အတွက် သဘောတူကြပါတယ်၊ အရေးယူမယ့်ကိစ္စကတော့ ဗဟိုကော်မတီနဲ့မဆိုင်ဘူးလေ၊ အဲ့ဒါ ပါတီ CEC နဲ့ ဆိုင်တဲ့အတွက်ကြောင့် ပါတီ CEC အနေနဲ့ အဲ့ဒီဗဟိုကော်မတီတွေရဲ့ တင်ပြချက်တွေကို အကုန်လုံးမှတ်တမ်းတင်ပြီးတော့ မနက်ဖြန်မှာ ကျနော်တို့ပါတီ အလုပ်အမှုဆောင်ကော်မတီ စစ်တွေမှာ ပြန်ဆွေးနွေးတဲ့အချိန်မှာ ဘယ်လိုအရေးယူမယ် ဆိုတာ အဲ့ဒီမှပဲ ဆုံးဖြတ်မှာပါ"

ဒါ့အပြင်  အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီကသာ မရခဲ့ရင် ဘယ်အစိုးရအဖွဲ့မှာမှ ပါဝင်မှာမဟုတ်ပဲ အတိုက်အခံအဖြစ်နဲ့ ရပ်တည်သွားမယ်ဆိုတာနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့ မဟာမိတ်ဆက်ဆံရေးကို ရပ်စဲသွားမယ်ဆိုတဲ့အကြောင်း ပါတီကထုတ်ပြန်ထားတဲ့ ကြေညာချက်တွေအတိုင်း ဆက်လက်ရပ်တည်သွားဖို့ကိုလည်း ဒီနေ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ထပ်မံဆုံးဖြတ်ခဲ့ကြပါတယ်။

ANP ပါတီရဲ့ အဲ့ဒီကြေညာချက် နှစ်စောင်ဟာ တရားမဝင်တဲ့အတွက် လက်မခံနိုင်ကြောင်း ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ ်ပါတီဝင်ဟောင်းတွေဖြစ်ကြတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆ ဦးက ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းခဲ့တာပါ။

ရခိုင်အမျိုးသားပါတီ (ANP) ဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီနှစ်ခု ပေါင်းစည်းထားတာဖြစ်ပါတယ်။ ဒီနေ့ကျင်းပတဲ့ ပါတီအရေးပေါ် အစည်းအဝေးကို ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဗဟိုကော်မတီဝင် ၄၇ ဦး တက်ရောက်ခဲ့ပြီးတော့ ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေကတော့ တစ်ဦးတစ်ယောက်မှ အစည်းအဝေး လာမတက်ကြဘူးလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)