ANP ပါတီ၏ ထုတ္ျပန္ခ်က္မ်ားမွာ တရားမ၀င္သျဖင့္ လိုက္နာေဆာင္ရြက္မည္ မဟုတ္ေၾကာင္း ALD က ထုတ္ျပန္


ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေနရာကို ရခိုင္အမ်ဳိးသားပါတီ ANP ကိုယ္စားလွယ္ေတြထဲက မရခဲ့ဘူးဆိုရင္ အတုိက္အခံပါတီအျဖစ္ ရပ္တည္သြားမွာျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ ဇန္နဝါရီလက ထုတ္ျပန္ခဲ့သည့္ ေၾကညာခ်က္ကို ALD ပါတီဘက္က လက္မခံေၾကာင္း ဒီကေန႔ ရန္ကုန္ၿမိဳ႕ ေတာ္ဝင္ႏွင္းဆီမွာ သတင္းစာရွင္းလင္းပြဲ ေျပာၾကားခဲ့သည္။

ANP ၏ ထုတ္ျပန္ခ်က္ ျဖစ္သည့္ ၁/၂၀၁၆ ႏွင့္ ၂/၂၀၁၆ တို႔မွာ အမ်ိဳးသား စည္းလံုး ညီညြတ္ေရး ကို ျပိဳကြဲေစႏိုင္ေၾကာင္း ALD က ယေန႔သတင္းစာရွင္းလင္းပြဲျပဳလုပ္၍ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ANP ၏ အထက္ပါ ေၾကညာခ်က္မ်ားသည္ ရခိုင္အမ်ိဳးသားပါတီ အႏုိင္ရ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကုိ အစိုးရ အဖြ႔ဲအစည္းမ်ားတြင္ ပါ၀င္ခြင့္ကို အေၾကာင္းမဲ့ ဟန္႔တားရာေရာက္ျခင္း ၊ ရခိုင္ျပည္သူမ်ား ၏ အက်ိဳးစီးပြားကုိ ဆန္႔က်င္ျခင္းႏွင့္ ALD ႏွင့္ RNDP ႏွစ္ပါတီ မူလက ထားရွိခဲ့သည့္ ရည္မွန္းခ်က္မ်ားကို ပ်က္ျပားျခင္းတုိ႔ေၾကာင့္ ယခုကဲ့သုိ႔ သတင္းစာ ရွင္းလင္းပဲြျပဳလုပ္ၿပီး ျပည္သူမ်ားကို အသိေပးျခင္း ျဖစ္သည္ဟု ဆုိသည္။

ALD အေနျဖင့္ ရခိုင္အမ်ိဳးသားပါတီ ၏ မူ၀ါဒမ်ား ႏွင့္ အညီ ရခိုင္ျပည္သူတို႔ အက်ိဳးစီးပြားအတြက္ ဆက္လက္လုပ္ေဆာင္သင့္သည့္ ကိစၥဟူသမ်ွကို ရခိုင္အမ်ိဳးသားပါတီ၀င္မ်ား ႏွင့္ လက္တြဲျပီး တာ၀န္ယူ ထမ္းေဆာင္သြားမည္ ျဖစ္ေၾကာင္း ျပည္သူမ်ားသို႔ အသိေပးေၾကညာထားေၾကာင္း သိရသည္။

The Ladies News
https://www.facebook.com/News.TheLadies
......................


ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တွေထဲက မရခဲ့ဘူးဆိုရင် အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကို ALD ပါတီဘက်က လက်မခံကြောင်း ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ သတင်းစာရှင်းလင်းပွဲ ပြောကြားခဲ့သည်။

ANP ၏ ထုတ်ပြန်ချက် ဖြစ်သည့် ၁/၂၀၁၆ နှင့် ၂/၂၀၁၆ တို့မှာ အမျိုးသား စည်းလုံး ညီညွတ်ရေး ကို ပြိုကွဲစေနိုင်ကြောင်း ALD က ယနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ANP ၏ အထက်ပါ ကြေညာချက်များသည် ရခိုင်အမျိုးသားပါတီ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို အစိုးရ အဖွဲ့အစည်းများတွင် ပါ၀င်ခွင့်ကို အကြောင်းမဲ့ ဟန့်တားရာရောက်ခြင်း ၊ ရခိုင်ပြည်သူများ ၏ အကျိုးစီးပွားကို ဆန့်ကျင်ခြင်းနှင့် ALD နှင့် RNDP နှစ်ပါတီ မူလက ထားရှိခဲ့သည့် ရည်မှန်းချက်များကို ပျက်ပြားခြင်းတို့ကြောင့် ယခုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူများကို အသိပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

ALD အနေဖြင့် ရခိုင်အမျိုးသားပါတီ ၏ မူဝါဒများ နှင့် အညီ ရခိုင်ပြည်သူတို့ အကျိုးစီးပွားအတွက် ဆက်လက်လုပ်ဆောင်သင့်သည့် ကိစ္စဟူသမျှကို ရခိုင်အမျိုးသားပါတီဝင်များ နှင့် လက်တွဲပြီး တာဝန်ယူ ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ပြည်သူများသို့ အသိပေးကြေညာထားကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)