Sunday, March 6, 2016
ဒဂံုၿမိဳ႕နယ္အတြင္းရွိ ALFA Hotel (၁၀)လႊာကေန ဂ်ပန္ႏုိင္ငံသားတစ္ဦး ျပဳတ္က်ေသဆံုး
ဒဂံုၿမိဳ႕နယ္အတြင္းရွိ ဟုိတယ္တစ္ခုေပၚမွ ဂ်ပန္ႏုိင္ငံသားတစ္ဦး ျပဳတ္က်ေသဆံုး
ရန္ကုန္၊ မတ္ ၆
၆.၃.၂၀၁၆ ရက္ေန႔ ၀၆၅၀ အခ်ိန္ခန္႔တြင္ ဒဂံုၿမိဳ႕နယ္၊ ေယာမင္းႀကီးရပ္ကြက္၊ န၀ေဒးလမ္း၊ အမွတ္ (၄၁)ရွိ ALFA Hotel (၁၀)လႊာ၊ အခန္းအမွတ္(၁၀၀၃)တြင္ တည္းခိုလ်က္ရွိေသာ ဂ်ပန္ႏုိင္ငံသား Mr. KURIHARA KENTARO (၅၃)ႏွစ္သည္ အဆုိပါအခန္းအမွတ္(၁၀၀၃)ျပဴတင္းေပါက္မွ ျပဳတ္က်ခဲ့ရာ ဓါတ္ႀကိဳးႏွင့္ ဟုိတယ္ေရွ႕တြင္ရပ္ထားေသာ ကားေခါင္မုိးေပၚမွတစ္ဆင့္ ေျမျပင္ေပၚသုိ႔ ျပဳတ္က်ၿပီး ေသဆံုးသြားေၾကာင္း သတင္းရရွိသျဖင့္ အေနာက္ပုိင္းခရုိင္ ရဲတပ္ဖြဲ႕မွဴး၊ ဒဂံုၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး၊ ဒဂံုၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး၊
ဒဂံုၿမိဳ႕မရဲစခန္းမွဴးႏွင့္ ဟုိတယ္မွတာ၀န္ရွိသူမ်ားမွ စစ္ေဆးခဲ့ပါသည္။
အဆုိပါ ဂ်ပန္ႏုိင္ငံသားမွာ SOJITZ Corporation Yangon ႏွင့္ဆက္သြယ္၍ စားေသာက္ကုန္လုပ္ငန္း မ်ားေဆာင္ရြက္ရန္ ၂၈.၂.၂၀၁၆ ရက္ေန႔က ALFA Hotel သုိ႔ေရာက္ရွိခဲ့ၿပီး အခန္းအမွတ္(၁၀၀၉)တြင္ တစ္ဦးတည္း တည္းခိုေန ထုိင္ရာမွ ၅.၃.၂၀၁၆ ရက္ေန႔တြင္ ၎အခန္းမွာ အင္တာနက္ဆက္သြယ္မႈ
မေကာင္းသျဖင့္ အခန္းအမွတ္(၁၀၀၃)သုိ႔ တစ္ဦးတည္း ေျပာင္းေရႊ႕တည္းခုိ ခဲ့ေၾကာင္းသိရၿပီး ၎ေသဆံုးမႈႏွင့္ပတ္သက္၍ ဒဂံုၿမိဳ႕မရဲစခန္း ေသမႈေသခင္း အမွတ္စဥ္ ၄/၂၀၁၆ ျဖင့္ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိ
ပါသည္။
Yangon Police
https://www.facebook.com/yangonpolice/
......................
ဒဂုံမြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုပေါ်မှ ဂျပန်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံး
ရန်ကုန်၊ မတ် ၆
၆.၃.၂၀၁၆ ရက်နေ့ ၀၆၅၀ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်း၊ အမှတ် (၄၁)ရှိ ALFA Hotel (၁၀)လွှာ၊ အခန်းအမှတ်(၁၀၀၃)တွင် တည်းခိုလျက်ရှိသော ဂျပန်နိုင်ငံသား Mr. KURIHARA KENTARO (၅၃)နှစ်သည် အဆိုပါအခန်းအမှတ်(၁၀၀၃)ပြူတင်းပေါက်မှ ပြုတ်ကျခဲ့ရာ ဓါတ်ကြိုးနှင့် ဟိုတယ်ရှေ့တွင်ရပ်ထားသော ကားခေါင်မိုးပေါ်မှတစ်ဆင့် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး သေဆုံးသွားကြောင်း သတင်းရရှိသဖြင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒဂုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူး၊
ဒဂုံမြို့မရဲစခန်းမှူးနှင့် ဟိုတယ်မှတာဝန်ရှိသူများမှ စစ်ဆေးခဲ့ပါသည်။
အဆိုပါ ဂျပန်နိုင်ငံသားမှာ SOJITZ Corporation Yangon နှင့်ဆက်သွယ်၍ စားသောက်ကုန်လုပ်ငန်း များဆောင်ရွက်ရန် ၂၈.၂.၂၀၁၆ ရက်နေ့က ALFA Hotel သို့ရောက်ရှိခဲ့ပြီး အခန်းအမှတ်(၁၀၀၉)တွင် တစ်ဦးတည်း တည်းခိုနေ ထိုင်ရာမှ ၅.၃.၂၀၁၆ ရက်နေ့တွင် ၎င်းအခန်းမှာ အင်တာနက်ဆက်သွယ်မှု
မကောင်းသဖြင့် အခန်းအမှတ်(၁၀၀၃)သို့ တစ်ဦးတည်း ပြောင်းရွှေ့တည်းခို ခဲ့ကြောင်းသိရပြီး ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၆ ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။
Yangon Police
https://www.facebook.com/yangonpolice/
ဒဂံုၿမိဳ႕နယ္အတြင္းရွိ ALFA Hotel (၁၀)လႊာကေန ဂ်ပန္ႏုိင္ငံသားတစ္ဦး ျပဳတ္က်ေသဆံုး
Reviewed by MP4 YoU
on
March 06, 2016
Rating: 5

Subscribe to:
Post Comments (Atom)