UAE တွင် ပြည်သူ့ပျော်ရွှင်မှုဆိုင်ရာ ၀န်ကြီး တရားဝင် ခန့်အပ်





Ref;TIME
..................


၅ နှစ်အတွင်း UAE နိုင်ငံကို ကမ္ဘာ့အကောင်းဆုံးနိုင်ငံစာရင်းဝင် ဖြစ်လာစေရမည်ဟု ကြုံးဝါးထားသော ၀န်ကြီးချုပ် ရှိုတ်ခ်မိုဟာမက်ဘင်ရာရှစ်က အများပြည်သူ၏ လူမှုဘဝများ ပျော်ရွှင်စိတ်ချမ်းမြေ့မှုရှိစေရေးအတွက် အမျိုးသမီးတဦးအား ပြည်သူ့ပျော်ရွှင်မှုဆိုင်ရာဝန်ကြီးအဖြစ် တရားဝင် ခန့်အပ်လိုက်သည်။

 ဗြိတိန်တွင် ပညာသင်ကြားခဲ့သူ စီးပွားရေးသမားလည်းဖြစ် ၁၉၈၅ ခုနှစ်တွင် Emirates လေကြောင်းလိုင်းကို တည်ထောင်သူလည်းဖြစ်သည့် ရှိုတ်ခ်မိုဟာမက်ဘင်ရာရှစ်က ၂၀၀၆ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး အဆင့် ၆ ရှိ UAE နိုင်ငံ၏ဝန်ကြီးချုပ်ဖြစ်လာပြီး ၎င်း၏အစိုးရအဖွဲ့တွင် အမျိုးသမီး ငါးဦးပါ၀င်သည်။

 ၎င်းတို့အနက်မှ ၀န်ကြီးချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Ohood Al Roumi ဆိုသူ အမျိုးသမီးကို အထက်ပါ၀န်ကြီးနေရာ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

 သူမ၏တာဝန်မှာ အစိုးရမူဝါဒများသည် အများပြည်သူ၏လူမှုဘဝ ပျော်ရွှင်စိတ်ချမ်းမြေ့မှုနှင့်အညီ ဖြစ်စေရေး ထိန်းကျောင်းပေးရမည်ဟု ဆိုသည်။

Ref;TIME
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)