အေမရိကန္ ေဒၚလာသန္း ၁၅ဝ ကုန္က်ခံ၍ TRITONE 8 MILE JUNCTION Condo စီမံကိန္းအား စတင္္


TRITONE 8 MILE JUNCTION Condo စီမံကိန္း ပံုစံငယ္အား ေတြ႔ရစဥ္ (ဓာတ္ပံု-ျမဝတီ)
    ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၀ ရက္ (ဆင္ဟြာ)

    ရန္ကုန္တုိင္း ေဒသႀကီး မရမ္းကုန္း ၿမိဳ႕နယ္ ျပည္လမ္းေပၚရွိ ၈ မိုင္လမ္းဆံု အနီး၌ အဆင့္ျမင့္ Multi complex Project ျဖစ္ေသာ TRITONE 8 MILE JUNCTION Condo စီမံကိန္းအား အေမရိကန္ ေဒၚလာသန္း ၁၅ဝ ကုန္က်ခံကာ စတင္ ေဆာက္လုပ္ေနၿပီ ျဖစ္ၿပီး၊ ၂ဝ၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္း၌ အၿပီးသတ္ ေဆာက္လုပ္ သြားမည္ဟု ၎စီမံကိန္းအား တာဝန္ယူ တည္ေဆာက္ေနသည္႔ Living Square Hanwha ကုမၸဏီမွ တာဝန္ရွိသူက ေျပာသည္။

အဆိုပါ TRITONE အဆင့္ျမင့္ ကြန္ဒို စီမံကိန္းအား အက်ယ္အဝန္းေျမ ၂ ဧကေပၚ၌ ေဆာက္လုပ္ေနျခင္း ျဖစ္ၿပီး စီမံကိန္း တစ္ခုလံုး၌ အခန္းေပါင္း ၄၂၄ ခန္း ပါဝင္မည္ ျဖစ္ကာ တာဝါသံုးလံုး ခြဲျခားထားၿပီး ေအာက္ခံ Podium ေျခာက္ထပ္ေပၚ၌ ေဆာက္လုပ္မည္ ျဖစ္ေၾကာင္း၊ ကြန္ဒို စီမံကိန္း၌ Basement ၁ မွ ၅ ထိ ယာဥ္အစီးေရ ၇၇၄ စီး ရပ္နားႏိုင္ေသာ ကားပါကင္ ထည့္သြင္း ေဆာက္လုပ္သြားမည္ ျဖစ္သည္။ ပထမအလႊာမွ ၅ လႊာ အထိကုိ ေရွာ႔ပင္းစင္တာႀကီး တစ္ခု အျဖစ္  Luxury Shopping Complex ႏွင့္အတူ ေျခာက္လႊာ၌ ေရကူးကန္မ်ား၊ အားကစား ေလ့က်င့္ခန္းမ်ား၊ Gym room၊ GX Room၊ Saunna ႏွင့္ အခန္းအတြင္း ေဂါက္သီး႐ိုက္ေဆာ့ ကစားႏိုင္သည့္ Indoor Golf Range အစရွိသည္တို႔ကို ထည့္သြင္း ေဆာက္လုပ္သြားမည္ေၾကာင္း၊ ခုနစ္ လႊာမွ စတင္၍ အေပၚဆံုး အထပ္ျမင့္အထိ ကားအခန္းမ်ားႏွင့္ လူေနအိမ္ခန္းမ်ား ထည့္သြင္း ေဆာက္လုပ္မည္ ျဖစ္ေၾကာင္းဆိုသည္။

အဆိုပါ TRITONE အဆင့္ျမင့္ ကြန္ဒို စီမံကိန္း၌ ႏိုင္ငံတကာ အဆင့္မီ ဓာတ္ေလွကား ၂၃ စင္းထည့္သြင္း ေဆာက္လုပ္သြားမည္ ျဖစ္ေၾကာင္း၊ အခန္းမ်ား၏ ဖြဲ႕စည္းပံုအရ စတုရန္းေပ ၁,၇ဝဝ မွ ၂,၃ဝဝ ၾကားထိ ထည့္သြင္း ေဆာက္လုပ္သြားမည္ ျဖစ္သည္။ တာဝါ A ၌ အထပ္ျမင့္ ၂၂ ထပ္၊ တာဝါ B ႏွင့္ တာဝါ C ၌ အထပ္ျမင့္ ၃ဝ ထပ္စီ ထည့္သြင္း ေဆာက္လုပ္သြားမည္ ျဖစ္ေၾကာင္း  သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
...........................

TRITONE 8 MILE JUNCTION Condo စီမံကိန်း ပုံစံငယ်အား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)
    ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

    ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် ပြည်လမ်းပေါ်ရှိ ၈ မိုင်လမ်းဆုံ အနီး၌ အဆင့်မြင့် Multi complex Project ဖြစ်သော TRITONE 8 MILE JUNCTION Condo စီမံကိန်းအား အမေရိကန် ဒေါ်လာသန်း ၁၅ဝ ကုန်ကျခံကာ စတင် ဆောက်လုပ်နေပြီ ဖြစ်ပြီး၊ ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်း၌ အပြီးသတ် ဆောက်လုပ် သွားမည်ဟု ၎င်းစီမံကိန်းအား တာဝန်ယူ တည်ဆောက်နေသည့် Living Square Hanwha ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ TRITONE အဆင့်မြင့် ကွန်ဒို စီမံကိန်းအား အကျယ်အဝန်းမြေ ၂ ဧကပေါ်၌ ဆောက်လုပ်နေခြင်း ဖြစ်ပြီး စီမံကိန်း တစ်ခုလုံး၌ အခန်းပေါင်း ၄၂၄ ခန်း ပါဝင်မည် ဖြစ်ကာ တာဝါသုံးလုံး ခွဲခြားထားပြီး အောက်ခံ Podium ခြောက်ထပ်ပေါ်၌ ဆောက်လုပ်မည် ဖြစ်ကြောင်း၊ ကွန်ဒို စီမံကိန်း၌ Basement ၁ မှ ၅ ထိ ယာဉ်အစီးရေ ရ၇၄ စီး ရပ်နားနိုင်သော ကားပါကင် ထည့်သွင်း ဆောက်လုပ်သွားမည် ဖြစ်သည်။ ပထမအလွှာမှ ၅ လွှာ အထိကို ရှော့ပင်းစင်တာကြီး တစ်ခု အဖြစ်  Luxury Shopping Complex နှင့်အတူ ခြောက်လွှာ၌ ရေကူးကန်များ၊ အားကစား လေ့ကျင့်ခန်းများ၊ Gym room၊ GX Room၊ Saunna နှင့် အခန်းအတွင်း ဂေါက်သီးရိုက်ဆော့ ကစားနိုင်သည့် Indoor Golf Range အစရှိသည်တို့ကို ထည့်သွင်း ဆောက်လုပ်သွားမည်ကြောင်း၊ ခုနစ် လွှာမှ စတင်၍ အပေါ်ဆုံး အထပ်မြင့်အထိ ကားအခန်းများနှင့် လူနေအိမ်ခန်းများ ထည့်သွင်း ဆောက်လုပ်မည် ဖြစ်ကြောင်းဆိုသည်။

အဆိုပါ TRITONE အဆင့်မြင့် ကွန်ဒို စီမံကိန်း၌ နိုင်ငံတကာ အဆင့်မီ ဓာတ်လှေကား ၂၃ စင်းထည့်သွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ အခန်းများ၏ ဖွဲ့စည်းပုံအရ စတုရန်းပေ ၁,၇ဝဝ မှ ၂,၃ဝဝ ကြားထိ ထည့်သွင်း ဆောက်လုပ်သွားမည် ဖြစ်သည်။ တာဝါ A ၌ အထပ်မြင့် ၂၂ ထပ်၊ တာဝါ B နှင့် တာဝါ C ၌ အထပ်မြင့် ၃ဝ ထပ်စီ ထည့်သွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း  သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)