ေက်ာက္မဲၿမိဳ႕နယ္ရိွ တအာင္းပေလာင္ TNLA/PSLF စခန္းမ်ားကို RCSS/SSA က သိမ္းပိုက္



ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ပန္မက္မီးေက်းရြာတြင္ အေျခခ်ေနထိုင္သည့္ တအာင္းအမ်ိဳးသား လႊတ္ေျမာက္ေရး တပ္မေတာ္(PSLF/TNLA ) တပ္ကို ရွမ္းျပည္ ျပန္လည္
ထူေထာင္ေရးေကာင္စီ (RCSS/SSA) အဖြဲ႕က ေဖေဖာ္၀ါရီ ၁၈ ရက္တြင္ တိုက္ခိုက္ သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ႏွစ္ဖက္အသိုင္း၀ိုင္းမ်ားထံမွ သိရသည္။

စခန္းကုန္းသိမ္း တိုက္ပြဲတြင္ အက်အဆုံးမ်ားခဲ့ၿပီး TNLA ဘက္က ထြက္ေျပးဆုတ္ခြာ သြားေၾကာင္း TNLA တံဆိပ္ပါ အေလာင္း ၁၀ ေလာင္းႏွင့္ လက္နက္ခဲယမ္းမ်ားကို သိမ္းဆည္းရမိေၾကာင္း RCSS/SSA ဘက္ကထုတ္ျပန္သည္။

အဆိုပါကိစၥရပ္ႏွင့္ ပတ္သက္၍ တအာင္းအမ်ိဳးသား လႊတ္ေျမာက္ေရး တပ္မေတာ္ (PSLF/TNLA ) မွ ေျပာေရးဆိုခြင့္ရွိသူ မိုင္အိုက္ေက်ာ္ အား The Ladies က ေမးျမန္းရာ ၎တို႕အေနျဖင့္ ေက်းရြာမ်ားတြင္ မိုဘိုင္း(ေရြ႕လ်ားတပ္) အျဖစ္သာ အေျခခ်ထားျခင္း
ျဖစ္သည္ဟု ျပန္လည္ေျဖၾကားခဲ့သည္။

“ကၽြန္ေတာ္တို႕တပ္ေတြက မိုဘိုင္းအျဖစ္ပဲရွိတာပါ။ စခန္းေတြဘာေတြမရွိဘူး ” ဟု TNLA ေျပာေရးဆိုခြင့္ရွိသူ မိုင္အိုက္ေက်ာ္က ေျပာသည္။

အမည္မေဖာ္လိုေသာ တ႐ုတ္ျမန္မာနယ္စပ္ စစ္ေရးႏိုင္ငံေရး အကဲခတ္တစ္ဦးကလည္း တအာင္းပေလာင္စခန္းမ်ား သိမ္းပိုက္ခံရသည္မွာ မွန္ကန္ၿပီး RCSS ဘက္မွ လက္နက္ႀကီး အေျမာက္အျမား အသံုးျပဳခဲ့ေသာေၾကာင့္ အစိုးရစစ္တပ္ဘက္မွ လက္နက္ႀကီးပစ္ကူမ်ား ပစ္ေပးသည္ဟု သံသယ၀င္စရာ ျဖစ္ေနေၾကာင္း သံုးသပ္ေျပာဆိုသည္။

ရွမ္းျပည္ေျမာက္ပိုင္း ေတာ့ဆန္၊ေတာင္ပလို႕၊ စာတီေဟာင္း၊ စာတီစမ္း၊ ပန္မက္မိုင္း၊ မိုင္လုံ အစရွိသည့္ ေက်ာက္မဲၿမိဳ႕နယ္ အတြင္းရွိ ေနရာမ်ားအား RCSS/SSA တပ္ဖြဲ႕မ်ားက TNLA တပ္ဖြဲ႕မ်ားထံမွာ တိုက္ခိုက္ ထိန္းခ်ဳပ္ထား လိုက္ႏိုင္ၿပီျဖစ္ေၾကာင္း RCSS/SSA တာ၀န္ရိွသူတစ္ဦးကလည္း The Ladies News သို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္း RCSS/SSA ႏွင့္ TNLAတို႕ ႏွစ္ဖက္ထိေတြ႕ တိုက္ပြဲျဖစ္ပြားမႈ မ်ားေၾကာင့္ ေက်းရြာအုပ္စု ၁၂ အုပ္စု ေဒသခံအမ်ားအျပား စစ္ေဘးဒုကၡသည္အျဖစ္ ေက်ာက္မဲၿမိဳ႕သို႕ စစ္ေဘးေရွာင္မ်ားအျဖစ္ သြားေရာက္ ေနထိုင္ေနရေၾကာင္း သိရသည္။ ယင္းအျပင္ နမ့္ခမ္းဘက္တြင္လည္း နွစ္ဖက္ တိုက္ပြဲမ်ားေၾကာင့္ အနည္းဆံုးေဒသခံ ၁,၅၀၀ ေက်ာ္ ေဘးလြတ္ရာကို ပုန္းေရွာင္ေနရၿပီး လက္ရိွအခ်ိန္တြင္
ေက်ာက္မဲၿမိဳ႕ရိွ စစ္ေဘးေရွာင္စခန္းမ်ားသို႔ ေတာ့ဆန္၊ ေညာင္ေမာင္း၊ နမ့္ခြန္၊ မင္းကုန္း၊ ပန္ဟူ၊ နမ့္ဖန္း၊ ပန္စံ(လံု)၊ စန္႔ဟိန္း၊ ကန္႔ကန္၊ ကြမ္းစလန္း၊ လြယ္ဆာ၊ ပါလိႈင္ ေက်းရြာအုပ္စု ၁၂ အုပ္စုမွ
ေဒသခံမ်ား ေရာက္ရိွ ေနထိုင္လ်က္ ရွိေၾကာင္း ေက်ာက္မဲေဒသခံမ်ား
ထံမွ သိရသည္။

ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသအျဖစ္ သတ္မွတ္ခံထားရသည့္ တအာင္းပေလာင္ ေဒသအား ျပည္နယ္အဆင့္ တိုးျမွင့္ သတ္မွတ္ေပးရန္နွင့္ လက္ရိွေဒသအျပင္ တအာင္းပေလာင္ လူမ်ဳိးအခ်ဳိ႕ ရိွေနေသာ နမ့္ခမ္း ၊ မူဆယ္ကဲ႔သို႔ ေဒသမ်ားကိုပါ ျပည္နယ္သတ္မွတ္မႈ အတြင္း ထည့္သြင္း
ေပးရန္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံတြင္ တင္ျပခဲ့ၿပီး ေနာက္ပိုင္း ရွမ္းလက္နက္ကိုင္ တပ္ဖြဲ႔ျဖစ္သည့္ RCSS/SSA ႏွင့္ တအာင္းပေလာင္ တပ္ဖြဲ႔တို႔အၾကား တိုက္ပြဲမ်ားမွာ ျပင္းထန္လာခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA မွာ ထုိင္းနယ္စပ္အေျခစိုက္ လက္နက္ကိုင္ အဖြဲ႔စည္းျဖစ္ၿပီး အစိုးရနွင့္ နိုင္ငံလံုးဆိုင္ရာ အပစ္ခတ္ရပ္စဲေရး လက္မွတ္ေရးထိုးထားကာ တအာင္းပေလာင္အဖြဲ႔မွာ ရွမ္းေျမာက္ေဒသ တ႐ုတ္နယ္စပ္ အနီးတြင္ လႈပ္ရွားေနေသာ အဖြဲ႔စည္းျဖစ္ကာ တ႐ုတ္နယ္စပ္ အဖြဲ႔စည္းမ်ား
ျဖစ္ေသာ ေကအိုင္အို ၊ ကိုးကန္႔ ၊ ၀ စေသာ တပ္ဖြဲ႔မ်ားႏွင့္ ရင္းနွီးေသာ ဆက္ဆံမႈရိွသည့္ အဖြဲ႔စည္းျဖစ္သည္။

သတင္း - ေဇာ္မင္းထြန္း
The Ladies News
https://www.facebook.com/News.TheLadies/
............


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်မက်မီးကျေးရွာတွင် အခြေချနေထိုင်သည့် တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော်(PSLF/TNLA ) တပ်ကို ရှမ်းပြည် ပြန်လည်
ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း နှစ်ဖက်အသိုင်းဝိုင်းများထံမှ သိရသည်။

စခန်းကုန်းသိမ်း တိုက်ပွဲတွင် အကျအဆုံးများခဲ့ပြီး TNLA ဘက်က ထွက်ပြေးဆုတ်ခွာ သွားကြောင်း TNLA တံဆိပ်ပါ အလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း RCSS/SSA ဘက်ကထုတ်ပြန်သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော် (PSLF/TNLA ) မှ ပြောရေးဆိုခွင့်ရှိသူ မိုင်အိုက်ကျော် အား The Ladies က မေးမြန်းရာ ၎င်းတို့အနေဖြင့် ကျေးရွာများတွင် မိုဘိုင်း(ရွေ့လျားတပ်) အဖြစ်သာ အခြေချထားခြင်း
ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်တော်တို့တပ်တွေက မိုဘိုင်းအဖြစ်ပဲရှိတာပါ။ စခန်းတွေဘာတွေမရှိဘူး ” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ မိုင်အိုက်ကျော်က ပြောသည်။

အမည်မဖော်လိုသော တရုတ်မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ်တစ်ဦးကလည်း တအာင်းပလောင်စခန်းများ သိမ်းပိုက်ခံရသည်မှာ မှန်ကန်ပြီး RCSS ဘက်မှ လက်နက်ကြီး အမြောက်အမြား အသုံးပြုခဲ့သောကြောင့် အစိုးရစစ်တပ်ဘက်မှ လက်နက်ကြီးပစ်ကူများ ပစ်ပေးသည်ဟု သံသယဝင်စရာ ဖြစ်နေကြောင်း သုံးသပ်ပြောဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း တော့ဆန်၊တောင်ပလို့၊ စာတီဟောင်း၊ စာတီစမ်း၊ ပန်မက်မိုင်း၊ မိုင်လုံ အစရှိသည့် ကျောက်မဲမြို့နယ် အတွင်းရှိ နေရာများအား RCSS/SSA တပ်ဖွဲ့များက TNLA တပ်ဖွဲ့များထံမှာ တိုက်ခိုက် ထိန်းချုပ်ထား လိုက်နိုင်ပြီဖြစ်ကြောင်း RCSS/SSA တာဝန်ရှိသူတစ်ဦးကလည်း The Ladies News သို့ ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း RCSS/SSA နှင့် TNLAတို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု များကြောင့် ကျေးရွာအုပ်စု ၁၂ အုပ်စု ဒေသခံအများအပြား စစ်ဘေးဒုက္ခသည်အဖြစ် ကျောက်မဲမြို့သို့ စစ်ဘေးရှောင်များအဖြစ် သွားရောက် နေထိုင်နေရကြောင်း သိရသည်။ ယင်းအပြင် နမ့်ခမ်းဘက်တွင်လည်း နှစ်ဖက် တိုက်ပွဲများကြောင့် အနည်းဆုံးဒေသခံ ၁,၅၀၀ ကျော် ဘေးလွတ်ရာကို ပုန်းရှောင်နေရပြီး လက်ရှိအချိန်တွင်
ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်စခန်းများသို့ တော့ဆန်၊ ညောင်မောင်း၊ နမ့်ခွန်၊ မင်းကုန်း၊ ပန်ဟူ၊ နမ့်ဖန်း၊ ပန်စံ(လုံ)၊ စန့်ဟိန်း၊ ကန့်ကန်၊ ကွမ်းစလန်း၊ လွယ်ဆာ၊ ပါလှိုင် ကျေးရွာအုပ်စု ၁၂ အုပ်စုမှ
ဒေသခံများ ရောက်ရှိ နေထိုင်လျက် ရှိကြောင်း ကျောက်မဲဒေသခံများ
ထံမှ သိရသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ခံထားရသည့် တအာင်းပလောင် ဒေသအား ပြည်နယ်အဆင့် တိုးမြှင့် သတ်မှတ်ပေးရန်နှင့် လက်ရှိဒေသအပြင် တအာင်းပလောင် လူမျိုးအချို့ ရှိနေသော နမ့်ခမ်း ၊ မူဆယ်ကဲ့သို့ ဒေသများကိုပါ ပြည်နယ်သတ်မှတ်မှု အတွင်း ထည့်သွင်း
ပေးရန် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် တင်ပြခဲ့ပြီး နောက်ပိုင်း ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် RCSS/SSA နှင့် တအာင်းပလောင် တပ်ဖွဲ့တို့အကြား တိုက်ပွဲများမှာ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA မှာ ထိုင်းနယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့စည်းဖြစ်ပြီး အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားကာ တအာင်းပလောင်အဖွဲ့မှာ ရှမ်းမြောက်ဒေသ တရုတ်နယ်စပ် အနီးတွင် လှုပ်ရှားနေသော အဖွဲ့စည်းဖြစ်ကာ တရုတ်နယ်စပ် အဖွဲ့စည်းများ
ဖြစ်သော ကေအိုင်အို ၊ ကိုးကန့် ၊ ၀ စသော တပ်ဖွဲ့များနှင့် ရင်းနှီးသော ဆက်ဆံမှုရှိသည့် အဖွဲ့စည်းဖြစ်သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)